
ပန်းလေးတွေကတစ်ဆင့်ပြောသည့်ချစ်စကား
ကျူးလစ်အနီရောင်နဲ့ပန်းရောင် ကျူးလစ်ပန်းတွေက “အချစ်တွေမပြယ်ဘဲ လတ်ဆတ်နေဆဲ”ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။
တူရကီလူမျိုးတွေရဲ့ ဒဏ္ဍာရီမှာတော့ ကျူးလစ်ပန်းတွေက ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာကိုရည်ညွှန်းနေတယ်”လို့ဖော်ပြထားပါတယ်။
သစ်ခွ ကျက်သရေရှိတယ်၊အမြဲတည်တံ့နေမယ့်ချစ်ခြင်းမေတ္တာတွေပေးမယ်၊ လှပတယ်၊ ခိုင်မာတယ်
အစရှိတဲ့ ကိုယ့်ရဲ့ချစ်မေတ္တာတွေကို ကိုယ်စားပြုနေပါတယ်။
နေကြာ ဒီပန်းတွေကတော့ ကိုယ်ချစ်တဲ့သူကိုပေးချင်တဲ့ နွေးထွေးမှု၊ ပျော်ရွှင်မှု၊ ချစ်ခင်ရင်းနှီးမှုနဲ့
အဆုံးတိုင်တည်မြဲမယ့် ချစ်မေတ္တာစတာတွေကို ကိုယ်စားပြုနေပါတယ်။
ဒေစီပန်း ဒေစီပန်းတွေကအပြစ်ကင်းစင်မှုနဲ့ ပျော်ရွှင်မှုတွေကို ရည်ညွှန်းပြီး
အနီရောင်ဒေစီပန်းတွေဟာချိုမြိန်တဲ့ချစ်မေတ္တာကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်။
တစ်ပြိုင်တည်းမှာပဲဒေစီပန်းလေးတွေဟာ သင့်ချစ်သူဆီကို “ကိုယ်မင်းကိုချစ်တယ်၊
ချစ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်တယ်၊ မင်းကကိုယ့်ကိုပျော်ရွှင်စေတယ်”
စတဲ့အမှာစကားတွေကိုလည်းပို့ဆောင်ပေးနေပါတယ်။
ကြာပန်း ချစ်သူကိုအဖြူရောင်ကြာပန်းပေးတဲ့အခါချစ်သူရဲ့အပြစ်ကင်းစင်တဲ့
အလှကိုကြီးကျယ်ခမ်းနားမှုနဲ့ တင်စားတဲ့ သဘောသက်ရောက်သွားပါတယ်။
ကာနေးရှင်းပန်း ပန်းရောင်ကာနေးရှင်းပန်းတွေက မိခင်တစ်ဦးရဲ့အနှိုင်းမဲ့ချစ်မေတ္တာကိုကိုယ်စားပြုပါတယ်။
ချစ်သူကိုပန်းရောင်ကာနေးရှင်းပန်းလေးတွေပေးတဲ့အခါ သူဆိုးနွဲ့သမျှ ကျေနပ်ကြည်ဖြူစွာ
လက်ခံရင်းချစ်သွားမယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။
Myanmar Wedding Guides