Yun Waddy Lwin Moe ရဲ့အကောင်းမြင်ခြင်းအနုပညာ
moda.com.mm
|
2019-08-17




သူမရဲ့အဝိုင်းအဝန်း မှာရော သူမရဲ့ ကိုယ်ပိုင် ဖြစ်တည်မှု၊ ရွေးချယ်မှု၊ ရပ်တည်မှုတွေမှာပါအကောင်းမြင်ပြီး ခိုင်လုံတဲ့အကြောင်းပြချက်တွေ ရှိနေတဲ့ ယွန်းဝတီလွင်မိုး

“ဖန်ခွက်တစ်ခွက်ကို လူ့တစ်ယောက်က ပေါက်ခွဲလိုက်တဲ့ ဖြစ်ရပ်မှာ ဖန်ခွက်ရဲ့ ထိရှကွဲအက်လွယ်တဲ့ ဖြစ်တည်မှုရှိလို့ ကွဲတာကအမှားလား။ ခွဲတဲ့လူ့ကြောင့် ကွဲတာကအမှားလား။အဲဒီအဖြေကိုသာအကောင်းဆုံး ရှာဖွေနိုင်ရင်အခုမေးတဲ့ မေးခွန်းကိုလည်းအဖြေရှာနိုင်မယ်လို့ထင်တယ်။” ဒီနေ့တွေမှာ ဆူညံပွက်လောရိုက်နေ့တဲ့ မတရားမှုတွေမှာ ခံရနိုင်တဲ့သူတွေ၊အထူးသဖြင့် မိန်းကလေးတွေကပဲအနေအထိုင်၊အဝတ်အစား ဆင်ခြင်ရမှာလား၊ ကျူးလွန်သူတွေအနေနဲ့ ဘယ်တော့မှ မပြုလုပ်မိအောင်အသိပညာပေးရမှာလား ဆိုတဲ့မေးခွန်းကိုအထက်ပါ စကားတွေအတိုင်း သူမ တုန့်ပြန်ခဲ့ပါတယ်။ သူမကတော့ သမီးတစ်ယောက်၊အမေတစ်ယောက်၊အစ်မတစ်ယောက်၊အမျိုးသမီးတစ်ယောက်၊ ခေးလို့ ချစ်စနိုးခေါ်ပြီး ပရိသတ်တွေ သဲသဲလှုပ် ချစ်ကြတဲ့အနုပညာရှင် ယွန်းဝတီလွင်မိုး ဖြစ်ပါတယ်။ သူမရဲ့အဝိုင်းအဝန်း မှာရော သူမရဲ့ ကိုယ်ပိုင် ဖြစ်တည်မှု၊ ရွေးချယ်မှု၊ ရပ်တည်မှုတွေမှာပါအကောင်းမြင်ပြီး ခိုင်လုံတဲ့အကြောင်းပြချက်တွေ ရှိနေတဲ့ ယွန်းဝတီလွင်မိုးကို ဒီလရဲ့ MODA Cover Starအဖြစ်ရွေးချယ်ပြီး တွေ့ဆုံ မေးမြန်းဖြစ်ခဲ့တော့တယ်။


Melbourne နဲ့ Yangon ရဲ့ Lifestyle တွေမှာ ဘာတွေကွာခြားလဲ။ ဘယ်မှာနေရတာကြိုက်လဲ။

သိသိသာသာ ကွာခြားတာက ရာသီဥတု။ Melbourne မှာအရမ်းအေးပြီး ခြောက်ခြောက်ကပ်ကပ်ကြီးဖြစ်တယ်။ Yangon မှာက Humidity များပြီးတော့ပူတယ်။ ပြီးတော့ လူတွေကွာတယ်။ ဟိုမှာရှိတဲ့ လူတွေက ဘာမဆို Positiveအရမ်းဖြစ်တယ်။ Professional ဆန်တယ်။ ရန်ကုန်ကျတော့ မြို့လေးက ကျဉ်းကျဉ်းလေးဆိုတော့အားလုံးကအချင်းချင်း သိနေကြတယ်။ Small world လေးလိုဖြစ်ပြီးအကုန်လုံးက မိသားစုလိုဖြစ်တယ်။ ဘယ်မှာ နေရတာကြိုက်လဲဆိုတော့ တစ်ခုတစ်မျိုးပေါ့နော်။ ဒီမှာက မိသားစုလည်း ရှိပြီးသား၊ သူငယ်ချင်းတွေအသိမိတ်ဆွေတွေလည်း ရှိတော့ ပိုသင့်တောင့်သက်သာ ဖြစ်တယ်။ ဟိုမှာက နေစရိတ်က ဈေးကြီးပေမယ့် နေထိုင်တဲ့သူတွေကိုအစစအရာရာအဆင်ပြေအောင်လုပ်ပေးထားတော့ Convenience ပိုဖြစ်တယ်။ ပြီးတော့ ကိုယ့်ဟာကိုယ်အစစအရာရာအကုန်လုပ်ရတယ်ဆိုတော့ ပိုရုန်းကန် ရတာပေါ့နော်။


အခုလောလောဆယ် ခေးက သရုပ်ဆောင်၊မော်ဒယ်။ နောက်ပိုင်းမှာရော Career ပြောင်းသွားဖို့ရှိလား။

ကိုယ်ပိုင် ကုမ္ပဏီတစ်ခုထောင်ဖို့ ရည်ရွယ်ထားတယ်။ ကိုယ့်နာမည်နဲ့ ကိုယ့် Label နဲ့ လုပ်ငန်းတစ်ခုပေါ့နော်။အဲဒါက ကိုယ်အတွေ့အကြုံရှိတဲ့ မိတ်ကပ်ပဲဖြစ်ဖြစ်၊ ဖက်ရှင်ပဲဖြစ်ဖြစ် တစ်ခုခုထုတ်ပါမယ်။


ခေးရဲ့ စတိုင် ဘယ်လိုမျိုးလဲ။

Comfortable ဖြစ်တဲ့ စတိုင်ပါ။ ရိုးရိုးရှင်းရှင်းလေးတွေ ကြိုက်တယ်။ Comfort ဖြစ်တဲ့ စတိုင်ကိုမှ Elegant ဖြစ်တဲ့ ဟန်လေးရောထားတာမျိုးပေါ့။


သဘောကျတဲ့ ဖက်ရှင်၊အရောင် နဲ့ Accessories ဆိုရင်ရော။

ကိုယ့် Personality နဲ့လိုက်တဲ့ ပုံစံမျိုးကိုကြိုက်တယ်။ ကိုယ့်ကို Classic ဖြစ်စေတဲ့ ဝတ်စုံမျိုးပေါ့။ ခေးက Brand တွေမဟုတ်လည်း ကိုယ့်ပုံစံ၊ ကိုယ် Mood နဲ့အတူ Positiveအသွင်ပြင်တစ်ခုပေါ်ပြီး ကိုယ်နဲ့ တသားတည်းကျနေတဲ့ Outfit မျိုးကို သဘောကျတယ်။ သူ့ကို ကြည့်လိုက်တာနဲ့အရမ်းကြီးနေရခက်နေတယ်ဆိုတဲ့အတွေးမျိုးကို မဖြစ်စေဘဲ သူ့ဝတ်စုံက သူ့ကို Confident ဖြစ်စေပြီး Comfort ဖြစ်စေတဲ့ ဝတ်စုံမျိုးကိုသဘောကျတယ်။ Rose Gold ကတော့အကြိုက်ဆုံးအရောင်ပါ။ Accessories ထဲဆိုရင် Jewelry ကိုကြိုက်တယ်။အခုချိန်မှာ ကိုယ်ကအလုပ်လုပ်တဲ့အရွယ်လည်း ရောက်လာပြီး Jewelry လေးတွေလည်း စစုနေပြီဆိုတော့ လက်စွပ်တို့ ၊ ဆွဲကြိုးတို့ကိုကြိုက်တယ်။ နာရီကတော့ သိပ်ဝတ်လေ့မရှိပေမယ့် လက်ကောက်လေးတွေတော့ ဝတ်ဖြစ်ပါတယ်။


မိတ်ကပ်ဆို ဘယ်လိုပုံစံမျိုးကိုသဘောကျလဲ။

မိတ်ကပ် လုံးဝ မပါသလိုမျိုး ပြင်ထားတဲ့ မိတ်ကပ်စတိုင်ကို ကြိုက်တယ်။ Very Neutral ၊ Gym ကစားပြီးရင် သွေးတွေနွေးပြီး ပါးကလေး ပန်းရောင်သန်းသွားတဲ့ ပုံစံမျိုးလေးတွေ၊ Nudeအရောင်လေးတွေက ခေး ကြိုက်တဲ့အရောင်တွေပေါ့။ Crazy Color လေးတွေကိုတော့ သိပ်မသုံးဖြစ်ဘူး။


Cosmetics Product တွေအများကြီးထဲမှာမှ မဖြစ်မနေ ရွေးရမယ်ဆို ဘာကိုရွေးမလဲ။

Mascara ကိုပဲရွေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက စကားပြောရင် နှုတ်ခမ်းတို့ တခြားမျက်နှာအစိတ်အပိုင်းတွေကို ကြည့်ပြီး စကားပြောကြတာ မဟုတ်ဘူးလေ။ မျက်လုံးအချင်းချင်းကြည့်ပြီး စကားပြောကြတာ။အဲဒါကြောင့် လူတစ်ယောက်ရဲ့ မျက်လုံးတွေကအရမ်းကိုအရေးကြီးတယ်လို့ ထင်ပါတယ်။ Mascara မသုံးဖြစ်ရင်တောင်၊ မျက်တောင်လေးတွေတော့ ကော့တယ်။


သဘောကျတဲ့ ရုပ်ရှင်၊ စာအုပ် နဲ့ သီချင်း တွေအကြောင်းလည်း ပြောပြပါဦး။

သင်ခန်းစာ တစ်ခုခု ယူလို့ရမယ့် ရုပ်ရှင်မျိုးကို ကြိုက်တယ်။ စာအုပ်ဆိုတာ ကိုယ့် Imagination နဲ့ ဆိုင်တယ်ပေါ့နော်။အဲဒီတော့အခု လက်ရှိကမ္ဘာကနေ နောက်ကမ္ဘာတစ်ခုထဲကို ခဏတဖြုတ်ကူးဝင်သွားသလိုမျိုးအရမ်းကို Adventure ဖြစ်တဲ့ ဇာတ်လမ်းတွေ၊ Fantasy တွေကို ကြိုက်တယ်။ သီချင်းတွေကတော့ ကိုယ့်လက်ရှိ Mood နဲ့ ခံစားချက်တွေအပေါ်မူတည်တယ်ဆိုတော့အကုန်လုံးကို နားထောင်ဖြစ်တယ်။


ခေးရဲ့ Personality ကို ဘယ်လိုမျိုး ဖော်ပြချင်လဲ။

ခေးက ခေးချစ်ရတဲ့သူတွေနဲ့ ခေးကိုချစ်တဲ့သူတွေကြား နေရာတာကို လိုလားတယ်။ Positive ဖြစ်တဲ့ Personality ကိုကြိုက်တယ်။ ခေးဘေးနားမှာရှိတဲ့လူတွေကိုလည်း ခေးက ပျော်အောင်ထားချင်တယ်။


ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအနုပညာရှင်မျိုးလို သတ်မှတ်ထားလဲ။

အနုပညာရှင်တစ်ယောက်ဆိုတာထက် ခေးကအခု မိဘတစ်ယောက်ဖြစ်သွားပြီ။ သမီးတစ်ယောက်၊အစ်မတစ်ယောက်၊အမျိုးသမီးတစ်ယောက်လို့ သတ်မှတ်ထားတယ်။အနုပညာလောကထဲက မောင်နှမတွေကိုလည်း မိသားစုလို သဘောထားတယ်။


သားသမီး ဖြစ်ရတာနဲ့ ၊ မိဘဖြစ်ရတာ ဘာတွေကွာလဲ။ ဘယ်ဘဝကို ပိုကြိုက်လဲ။

သားသမီးအဖြစ် ရှင်သန်ရတာက လွယ်လွန်းသလို မိဘကို ဒုက္ခပေးဖို့လည်း လွယ်တယ်။ မိဘဖြစ်ရတာက ခက်တယ်။ ဒါပေမယ့် သားသမီးကို စောင့်ရှောက်ကြည့်ရှုရတဲ့ ခံစားချက်က သိပ်ကို ကြည်နူးဖို့ကောင်းပြီး ဘယ်တော့ ပျောက်ပျက်သွားမှာ မဟုတ်တဲ့ ခံစားချက်မျိုးဖြစ်တယ်။ တစ်ဘဝလုံး ရင်ဆိုင်ရမယ့် ခံစားချက်မျိုးပေါ့။ ရွေးချယ်ခွင့်ရခဲ့မယ်ဆိုရင် မိဘဖြစ်ရတဲ့ ခံစားချက်မျိုးကိုပဲ ရွေးချယ်ချင်တယ်။ ကလေးတစ်ယောက်ရှိလာပြီဆို ကလေးကို စိတ်ပူတဲ့စိတ်၊ ချစ်ရတဲ့စိတ် ၊ ကလေး နေထိုင်မကောင်းရင် ပူပန်ပြီး ဝမ်းနည်းရတဲ့စိတ်အဲဒါတွေက တခြားလူတစ်ယောက်အမြင်မှာဆိုရင် Negative feeling နဲ့အတွေ့အကြုံတွေဖြစ်ပေမယ့် မိဘတစ်ယောက် ဖြစ်နေတဲ့ ခေးကတော့အဲဒီ ခံစားချက်တွေကို သဘောကျတယ်။


သားလေးကို ဘယ်လိုလူမျိုးဖြစ်စေချင်လဲ။

သားလေးကို ပညာတတ်ကြီး ဖြစ်စေချင်တယ်။ ကိုယ်ချင်းစာစိတ် ရှိတဲ့သူ၊ ကြင်နာတတ်တဲ့သူ၊ မှန်ကန်တဲ့ လမ်းကိုလည်း ရွေးချယ်တတ်တဲ့သူ ဖြစ်စေချင်ပါတယ်။


သူကြီးလာရင် ဘယ်လို Professional မျိုးရွေးချယ်ဖို့ မျော်လင့်လဲ။

အခုကအရာရာတိုင်းမှာ သူတို့နဲ့ သက်ဆိုင်ရာအလုပ်တွေရှိတယ်လေ။ ကိုယ်စိတ်ဝင်စားရာ လိုင်းတိုင်းမှာ Profession Job တွေက ရှိတဲ့အတွက် ကိုယ်ကတော့ မင်းသားကြီး ဖြစ်စေချင်တယ်လည်း မဟုတ်ဘူး။ လုပ်ငန်းရှင်ကြီး ဖြစ်စေချင်တယ်လည်း မဟုတ်ဘူး။ လူအများစုကိုအကျိုးရှိစေမယ့်အလုပ်၊ ကိုယ့်တိုင်စိတ်ချမ်းသာပြီး၊ မိဘလည်း စိတ်ချမ်းသာမယ့်အလုပ်မျိုး လုပ်တဲ့ သူဖြစ်စေချင်တယ်။


ပန်းချီဆွဲတာက ခေးအတွက် ဘယ်လောက်အထိအရေးပါလဲ။

အနုပညာဖန်တီးမှုတစ်ခု ဖြစ်တဲ့ ပန်းချီက ကိုယ့် Feeling ၊ Emotion နဲ့ ဘယ်လိုအဆက်စပ်ရှိလဲ ဆိုတာတွေကို ဖော်ပြနိုင်တယ်။ ပန်းချီတစ်ခုကို တွေ့လိုက်ပြီဆိုရင်အဲဒီပန်းချီဆရာရဲ့ Emotion ၊ Handwriting ၊အယူအဆ တွေကို စိတ်ဝင်စားတယ်။ ပန်းချီဆွဲဖို့ ဆိုတာကအချိန်ပေးမှရတာ ငါအားမှ ပန်းချီဆွဲမယ်ဆိုတာက လုံးဝ မဖြစ်နိုင်ဘူး။ ခေး ကြိုးစားကြည့်ဖူးတဲ့ ဘယ်တော့မှ မရဘူး။ ဒီတစ်ပတ်လုံးကို ပန်ချီဆွဲမယ် ဆိုပြီးအချိန်ပေးမှသာ ဆွဲဖြစ်မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ပန်ချီဆွဲနေရင်အနှောက်အယှက်ရှိလို့ မရဘူး။ တိတ်ဆိတ်နေမှ ရတာပါ။အဓိကကတော့ ပန်းချီဆွဲဖို့ဆိုရင်အချိန်ပေးရမယ်၊ ဆိပ်ငြိမ်ပြီးအေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့လိုပါတယ်။


ဘယ်လိုပုံစံမျိုးတွေကို ဆွဲရတာကြိုက်လဲ။

ခေးက လူပုံ Portrait ထက်စာရင် သဘာဝထဲက တခြားရှင်သန်နေတဲ့အရာလေးတွေကို ဆွဲရတာကြိုက်ပါတယ်။ ပန်းပွင့်လေးတွေ၊ သစ်သီးလေးတွေ၊အပင်တွေ၊ တိရိစ္ဆာန်လေးတွေ၊ Scenery လေးတွေဆွဲရတာကြိုက်တယ်။


ဘာဖြစ်လို့အဲဒါတွေကို ဆွဲဖြစ်တာလဲ။

အမေကလည်း ငယ်ငယ်ကတည်းက ပန်းချီဆွဲတယ်။အဖေကလည်း နည်းနည်းပါးဆွဲသလို ဓာတ်ပုံလည်း ရိုက်တယ်လေ။အဲလိုဆိုတော့ ခေးလည်း သူတို့ဆီက တဆင့် စိတ်ဝင်စားပြီး ဆွဲချင်သွားတယ်။အထက်တန်းကျောင်းတက်တော့ ပန်ချီသင်တန်းတွေ တက်ခဲ့တယ်။ နိုင်ငံခြား ကျောင်းသွားတက်တော့လည်း ပန်ချီးအတန်းကို ယူခဲ့တော့အချိန်ပေးပြီး ဆွဲဖြစ်သွားတယ်။ ခေးကအသက်ဝင်တဲ့အရာဆို ပိုပြီး စိတ်ဝင်တစား ဆွဲချင်တယ်။ ပန်းချီတစ်ခု ဆွဲဖို့ဆို မျက်စိက စွဲလမ်းမှရတာ။အဲဒီလို စိမ်းစိုတဲ့အရာတွေ၊ သဘာဝထဲက ရှင်သန်မှုတွေကို ပိုစွဲလမ်းတယ်။


သဘောကျတဲ့အမျိုးသမီးအနုပညာရှင်တွေရှိလား။

Chrissy Teigen ကိုကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ကြီးပေမယ့်အမှန်တရားကိုအမြဲပွင့်ပွင့်လင်းလင်း ပြောတယ်။ မိသားစုကို ချစ်ခင်တတ်တယ်။ သူ့ပုံတွေကို ကြည့်လိုက်ရင် ပျော်စရာကောင်းတဲ့ Family Life နဲ့ Honest ဖြစ်တဲ့ Lifestyle လေးရှိလို့ ကြိုက်ပါတယ်။


အနုပညာဖန်တီးမှုနဲ့ နယ်ပယ်မှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ဘယ်လိုမြင်လဲ။

အရင်ခေတ်ကဆိုအဲလိုဖန်တီးမှုအနုပညာနယ်ပယ်မှာအမျိုးသမီးတွေရဲ့အနုပညာ ဆိုပြီး ခွဲထုတ်ထားလေ့ရှိတယ်။အခုခေတ်ကတော့အဲလို မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ Feminism ၊ LGBT စသဖြင့် Gender Issueအကြောင်းတွေပြောနေတဲ့ ခေတ်မှာအဲလို ခွဲခြားပြောနေဖို့ မလိုတော့ဘူးလို့ ခေးထင်တယ်။အခုချိန်မှာတော့ မိန်းကလေးအများစုလုပ်တဲ့အလုပ်တွေမှာလဲ ယောက်ျားလေးတွေအတွက် နေရာရှိနေသလို ယောက်ျားလေးအများစုလုပ်ကြတဲ့ နေရာတွေမှာ မိန်းကလေးတွေလည်း ရှိလာပြီဆိုတော့ သီးသန့်ကြီး ခွဲထုတ်ပြစရာ မလိုဘူးလို့ ထင်ပါတယ်။


အနုပညာရှင်အမျိုးသမီးနဲ့အမျိုးသားတွေရဲ့ ကွာခြားချက်က ဘာများဖြစ်မလဲ။

အခုခေတ်ကြီးမှာအဲဒီလို ကွာခြားချက်တွေကို ပြောဖို့ဆို သိပ်ကိုခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့အခုခေတ်လူ့အဖွဲ့စည်းကြီးက ကွာခြားချက်ဆိုတာမျိုးတွေကို ထုတ်ဖော်ပြီး မပြောကြတော့ဘူးလေ။အဲဒါတွေကလည်း ကိုယ်ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ စံတွေ၊ စည်းကမ်းတွေ၊အမြင်တွေနဲ့ပဲ ဆိုင်ပါတယ်။


နောက်ဆုံး မေးခွန်းအနေနဲ့ ဒီနိုင်ငံမှာ Rape Crime တွေကို လျှော့ချဖို့ ပြောတဲ့အခါမှာ ခံရနိုင်တဲ့သူတွေ၊အထူးသဖြင့် မိန်းကလေးတွေကိုပဲအနေအထိုင်၊အဝတ်အစား ဆင်ခြင်သင့်တယ်၊အုပ်ထိန်းသူတွေအနေနဲ့ သတိထားစောင့်ရှောက် သင့်တယ်လိုပဲ ပြောကြတယ်။ မကျူးလွန်သင့်ကြောင်း၊အဲဒီဖြစ်ရပ်မျိုးကျူးလွန်မိရင်အရှက်ရသင့်ကြောင်း၊အပြစ်ကြီးမားပြီး လူမဆန်တဲ့အကြောင်းတွေကိုအသိပညာပေးဖို့ကိုမပြောကြဘူး။အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖန်ခွက်တစ်ခွက်ကို လူ့တစ်ယောက်က ပေါက်ခွဲလိုက်တဲ့ ဖြစ်ရပ်မှာ ဖန်ခွက်ရဲ့ ထိရှကွဲအက်လွယ်တဲ့ ဖြစ်တည်မှုရှိလို့ ကွဲတာကအမှားလား။ ခွဲတဲ့လူ့ကြောင့် ကွဲတာကအမှားလား။အဲဒီအဖြေကိုသာအကောင်းဆုံး ရှာဖွေနိုင်ရင်အခုမေးတဲ့ မေးခွန်းကိုလည်းအဖြေရှာနိုင်မယ်လို့ထင်တယ်။ သေချာတာကတော့ ခေးအတွက် လုပ်တဲ့သူကအမှားပဲ။အခုခေတ်လို တိုးတက်လာတဲ့ ခေတ်မှာ ယောက်ျားလေးတွေက လုပ်ချင်တာလုပ်ပြီး မိန်းကလေးတွေကအိမ်တွင်းပုန်း၊ တင်းကျပ်တဲ့ စည်းကမ်းနဲ့အန္တရယ်ဆိုတာကြီးကို ရှောင်နေရမယ့် ခေတ်မဟုတ်တော့ဘူးလေ။ ခေးတို့ မိန်းကလေးတွေလည်း တခြားသူငါလို လွပ်လပ်စွာ နေထိုင်ပိုင်ခွင့်ရှိတာပဲ။ သေသေချာချာ စဉ်းစားဆင်ခြင်တတ်ပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ဆိုရင် ဒီအဖြေမှန်ကို ဖြေနိုင်မှာအသေချာပါပဲ။





Some text some message..