
အတွဲတိုင်းမှာ ရှိကိုရှိတတ်တဲ့ပြဿနာကတော့ သံသယဝင် သဝန်တိုပြီး မယုံမကြည်ဖြစ်တတ်ကြတာပါပဲ …ဒီကိစ္စကြီးကသိပ်ကိုဆိုးဝါးလွန်းပါတယ်။ ဘယ်လောက်ပဲချစ်တယ်လို့ဆိုပါတဲ့အတွဲတွေတောင်ဒီလိုအယုံကြည်မရှိခဲ့လို့ပျက်စီးခဲ့ရတာတွေများကြီးရှိနေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ရွေးချယ်ထားတဲ့ကိုယ့်ချစ်သူအပေါ်မလိုအပ်တဲ့သံသယတွေမထားပါနဲ့။အမြင်ပေါ်အများကြီးမူတည်ပါတယ်။သူ့အပေါ်မှာ ကိုယ်ကအကောင်းဆိုတာ မမြင်ပေးနိုင်သ၍သူ့ရဲ့အပြုမူတိုင်းဟာသံသယဝင်စရာကောင်းနေမှာပါ။ချစ်သူရည်းစားကြား ယုံကြည်မှုတွေပယ်ပျောက်ပြီး နားလည်မှုလွဲကာ သံသယတွေများလာတဲ့အခါ သံသယဝင်တဲ့သူအဖို့လည်းစိတ်ပင်ပန်းရပါတယ်၊ ဒေါသစိတ်တွေ မောဟစိတွေနဲ့စိတ်ပင်ပန်းရသလို မလုပ်ပဲနဲ့အထင်ခံရတဲ့သူအဖို့ကလည်းစိတ်ထဲသိမ်ငယ်လာကာ ငါဘာလုပ်လုပ်သူ့အတွက်အပိုပဲ ငါကတကယ်ကို သူ့အတွက်အသုံးမဝင်အရေးမပါတာပါပဲဆိုတဲ့စိတ်မျိုးတွေဝင်လာတတ်ကြပါတယ်။
ဒီလိုနှစ်ဦးနှစ်ဖက်လုံးအတွက်မကောင်းတဲ့သံသယစိတ်မျိုးမထားပဲ ကိုယ်သိချင်တာ ကို ကိုယ်တိုင်ပွင့်ပွင့်လင်းလင်းမေးပြီးတစ်ဦးရဲ့စိတ်သဘောထားကိုတစ်ဦးနားလည်သဘောပေါက်အောင်လုပ်ဆောင်ရင်ရပါပြီ။နောက်တစ်ခုက သိပ်ပြီးသံသယတွေမလိုပဲထားတဲ့အခါအမှန်တိုင်းပြောချင်တာတွေရင်ဖွင့်ချင်တာတွေရှိတာတောင် စိတ်တိုမှာဆိုးလို့သံသယဝင်မှာဆိုးလို့ဆိုပြီး လျို့ဝှက်ထားရင်ကနေမလိုအပ်ပဲပြဿနာသေးသေးလေးတွေကနေအကြီကြီးဖြစ်လာနိုင်ပါတယ်။ဒါကြောင့်တစ်ယောက်ပေါ်တစ်ယောက်ပွင့်ပွင့်လင်းလင်းနဲ့နားလည်မှုရှိအောင်နေဖို့ကအဓိကပါပဲ…ဒါဆိုရင်သံသယတွေ စိတ်ဒဏ်ရာရစရာတွေသိမ်ငယ်စရာကိစ္စတွေဆိုတာရှိလာတော့မှာတောင်မဟုတ်ပါဘူး….
Unicode
အတွဲတိုင်းမှာ ရှိကိုရှိတတ်တဲ့ပြဿနာကတော့ သံသယဝင် သဝန်တိုပြီး မယုံမကြည်ဖြစ်တတ်ကြတာပါပဲ …ဒီကိစ္စကြီးကသိပ်ကိုဆိုးဝါးလွန်းပါတယ်။ ဘယ်လောက်ပဲချစ်တယ်လို့ဆိုပါတဲ့အတွဲတွေတောင်ဒီလိုအယုံကြည်မရှိခဲ့လို့ပျက်စီးခဲ့ရတာတွေများကြီးရှိနေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ရွေးချယ်ထားတဲ့ကိုယ့်ချစ်သူအပေါ်မလိုအပ်တဲ့သံသယတွေမထားပါနဲ့။ အမြင်ပေါ်အများကြီးမူတည်ပါတယ်။သူ့အပေါ်မှာ ကိုယ်ကအကောင်းဆိုတာ မမြင်ပေးနိုင်သ၍သူ့ရဲ့အပြုမူတိုင်းဟာသံသယဝင်စရာကောင်းနေမှာပါ။ချစ်သူရည်းစားကြား ယုံကြည်မှုတွေပယ်ပျောက်ပြီး နားလည်မှုလွဲကာ သံသယတွေများလာတဲ့အခါ သံသယဝင်တဲ့သူအဖို့လည်းစိတ်ပင်ပန်းရပါတယ်၊ ဒေါသစိတ်တွေ မောဟစိတွေနဲ့စိတ်ပင်ပန်းရသလို မလုပ်ပဲနဲ့အထင်ခံရတဲ့သူအဖို့ကလည်းစိတ်ထဲသိမ်ငယ်လာကာ ငါဘာလုပ်လုပ်သူ့အတွက်အပိုပဲ ငါကတကယ်ကို သူ့အတွက်အသုံးမဝင်အရေးမပါတာပါပဲဆိုတဲ့စိတ်မျိုးတွေဝင်လာတတ်ကြပါတယ်။ ဒီလိုနှစ်ဦးနှစ်ဖက်လုံးအတွက်မကောင်းတဲ့သံသယစိတ်မျိုးမထားပဲ ကိုယ်သိချင်တာ ကို ကိုယ်တိုင်ပွင့်ပွင့်လင်းလင်းမေးပြီးတစ်ဦးရဲ့စိတ်သဘောထားကိုတစ်ဦးနားလည်သဘောပေါက်အောင်လုပ်ဆောင်ရင်ရပါပြီ။
နောက်တစ်ခုက သိပ်ပြီးသံသယတွေမလိုပဲထားတဲ့အခါ အမှန်တိုင်းပြောချင်တာတွေရင်ဖွင့်ချင်တာတွေရှိတာတောင် စိတ်တိုမှာဆိုးလို့သံသယဝင်မှာဆိုးလို့ဆိုပြီး လျို့ဝှက်ထားရင်ကနေမလိုအပ်ပဲပြဿနာသေးသေးလေးတွေကနေ အကြီကြီးဖြစ်လာနိုင်ပါတယ်။ဒါကြောင့်တစ်ယောက်ပေါ်တစ်ယောက်ပွင့်ပွင့်လင်းလင်းနဲ့နားလည်မှုရှိအောင်နေဖို့ကအဓိကပါပဲ…ဒါဆိုရင်သံသယတွေ စိတ်ဒဏ်ရာရစရာတွေသိမ်ငယ်စရာကိစ္စတွေဆိုတာရှိလာတော့မှာတောင်မဟုတ်ပါဘူး….