ကိုယ့်ထက်ငယ်တဲ့ မောင်လေးတွေနဲ့ဒိတ်တော့မယ်ဆို ဒါလေးတွေသိထားသင့်…
trend.com.mm
|
2019-08-23

ခုတလော ကိုယ်တွေအားကျရတဲ့ ကိုရီးယားအနုပညာစုံတွဲတွေ ကွာရှင်းနေကြတာ မြင်ရတယ်။
သေချာပြန်ကြည့်လိုက်တော့ ကိုယ့်ထက်ငယ်တဲ့အမျိုးသားနဲ့အိမ်ထောင်ပြုထားတဲ့ သူတွေပဲ
ဖြစ်နေပြန်တယ်။



ဒီလိုပြောလို့ ကိုယ့်ထက်ငယ်တဲ့ မောင်လေးတွေကို ယူထားတဲ့ မမတွေအနေနဲ့ ထားခဲ့ခံရမယ်လို့
ဆိုလိုတာမဟုတ်ပါဘူးရှင်။ တစ်ယောက်တစ်မျိုးစီဆိုတော့အဖြစ်ပျက်တွေက တူချင်မှ တူမှာပါ။


အသက်ရွယ်ကွာလာတာနဲ့အမျှအတွေးမြင်တွေကလည်း မတူညီနိုင်ပါဘူး။ ညှိလို့မရတဲ့ ပြဿနာ
တွေဆိုတာ ရှိစမြဲပါ။ ကိုယ်နဲ့အသက်ရွယ်တူကောင်လေးနဲ့ တွဲလည်း type တွေဟာ ကွက်တိ
တူနေတာမျိုး မရနိုင်ဘူး။


တကယ်လို့ပေါ့.. သင်ဟာ သင့်ထက်အသက်ငယ်တဲ့ ယောကျ်ားလေးနဲ့ ဒိတ်ဖို့ ဇာတ်လမ်းအစပြု
နေပြီဆိုရင် ဒါလေးတွေ လိုရမယ်ရ သိထားသင့်ပါတယ်။



စိတ်ကစားနိုင်


အသက်ငယ်နေတဲ့အတွက် စိတ်ကစားတယ်ဆိုတာ မဆန်းပါဘူး။ သူဟာ ကိုယ့်ကို စိတ်ကစားပြီး
လာပတ်သတ်တာလား ၊အတည်လားဆိုတာ သေချာစောင့်ကြည့်သင့်တယ်။ တစ်ချို့မောင်လေး
တွေကြတော့လည်း ငယ်သာငယ်ပေမယ့်အင်မတန်တည်ငြိမ်ကြပါတယ်။အသက်ကြီးပြီး
အချိန်မစီးတာတွေတောင် ရှိသေးတာပဲ။ တစ်ထစ်ချတော့ ပြောလို့မရပေမယ့်
မောင်လေးတွေဟာ စိတ်ကစားတတ်တာ ပိုများတာကြောင့် သူ့စိတ်ကို သေချာလေ့လာနော်။


အတိတ်နည်းသူတွေဖြစ်…


အတိတ်နည်းသူတွေဆိုတာ မောင်လေးတွေဟာ ငယ်သေးတဲ့အတွက် ကောင်မလေးတွေ
အများကြီး မထားနိုင်သေးပါဘူး။ ကိုကိုတွေဆိုအတွေ့ကြုံပိုများတဲ့အတွက် ဆရာကြီး ဒီဇိုင်းဖမ်း
ချင်ကြတယ်။ မောင်လေးတွေဆို ချော့တစ်ခါ ၊ ဆူတစ်လှည့်နဲ့ ကိုယ့်စကားနားထောင်ပေးသေး
တယ်။ ဒါပေမယ့်လည်း ခေါင်းမာတဲ့လူ ၊ စရိုက်ပါလာတဲ့လူဆို သင်ဘယ်လောက်ပဲ ပြုပြင်ပါစေ..
ခက်ခဲပါလိမ့်မယ်။


အခဲျွခံရမယ်…


အင်း… ကိုယ့်ထက်ငယ်တဲ့ ကောင်လေးနဲ့တွဲမယ်ဆိုအချွဲဒဏ်တော့ ခံရပါလိမ့်မယ်။ တစ်ချို့က
လည်း မချွဲတတ်ဘူး။ တကယ်ချွဲတတ်တဲ့ ကောင်လေးတွေဆို သင်အရည်ပျော်နေရပါလိမ့်မယ်။
အဲ့ဒီအူတူတူအပြောလေးတွေက သင့်ရဲ့ဒေါသတွေကို ပြေပျောက်စေပါလိမ့်မယ်။
သူတို့ရဲ့မာယာထဲမှာတော့ ခဏခဏ လမ်းမပျောက်မိစေနဲ့ပေါ့။ သတိလေးကပ်ပြီး
ဆူသင့် ဆူလိုက်ပါ..


တကယ်ချစ်တတ်ပြီဆိုရင် ..


မောင်လေးတွေဟာ သူတို့တကယ်ချစ်ပြီဆို သည်းသည်းလှုပ်ပါပဲ။အစပိုင်းမှာ သည်းသည်းလှုပ်
ပြီး နောက်ပိုင်းအဖျားရှူးတာမျိုးမဟုတ်ပဲအစ ၊ လယ် ၊ဆုံး သင့်ကို သူ့အချစ်တွေနဲ့ ပျော်ရွှင်အောင်
ထားပေးမှာပါ။ သူတို့တကယ်ချစ်တတ်ပြီဆို သင်အေးချမ်းရပါလိမ့်မယ်။အလိုက်သိလွန်းလို့
သူငယ်ချင်းတွေကြားထဲမှာ သင်ဟာအားကျခံရဆုံး လူသားတောင်ဖြစ်နိုင်ပါတယ်…


သဝန်တို ၊ တဇောတ်ကန်းနိုင် ..


ငယ်တယ် ၊ ကြီးတယ် ရယ်လို့တော့ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုုယ့်ချစ်သူကို သဝန်တိုကြတာ
ပါပဲ။ ငယ်တော့ သဝန်တိုစိတ် ပိုကြီးတတ်တယ်။အသက်ကြီးတဲ့လူတွေလို နားလည်ပေးနိုင်ဖို့
သူ့အတွက် ခက်ခဲပါလိမ့်မယ်။ သဝန်တိုပြီး တဇောက်ကန်းတွေ လုပ်တတ်လို့ သင့်အနေနဲ့
အနည်းငယ်တော့ စိတ်ညစ်ရပါလိမ့်မယ်။



အသက်ကြီးတဲ့သူပဲ တွဲတွဲ ၊အသက်ငယ်တဲ့သူပဲ တွဲတွဲအကောင်း ၊အဆိုးကတော့ ဒွန့်တွဲနေမှာပါ။
ပြည့်စုံလွန်းနေတဲ့လူဆိုတာ မရှိပါဘူး။ ဒီလိုပဲ နားလည်မှုတွေနဲ့ ပြဿနာတွေ ညှိယူပြီး
အေးချမ်းစွာ ရှေ့ဆက်နေကြတဲ့အတွဲတွေမှအများကြီးရယ်…




Some text some message..