
အချစ်တစ်ခုမှာ လူတစ်ယောက်ကိုဘယ်လောက်ထိစိတ်ချမ်းသာစေနိုင်လည်းဆိုတာအချိန်ကြာလာတာနဲ့အမျှ သိလာရမှာပါ။
စစချင်းမှာတော့ ချစ်ခင်မြတ်နိုးမှုတွေ၊ ယုံကြည်ခြင်းတွေနဲ့အချစ်တစ်ခုကိုအစပြုခဲ့ကြမှာပါ။
အချစ်ရေးမှာအချိန်ကြာလာတာနဲ့အမျှအထစ်အငေ့ါလေးတွေရှိလာတယ်။
လူတစ်ယောက်ကိုချစ်ရင် သူဘာအပြစ်ပဲလုပ်လုပ်ခွင့်လွှတ်ပေးရမယ်လို့ယုံကြည်ထားတဲ့မင်းက
ချစ်သူကိုလိုတာထက်ပိုပြီးခွင့်လွှတ်ပေးခဲ့တတ်တယ်။ ဒါပေမဲ့ လူတိုင်းကရွှေရောင်နှလုံးသားနဲ့မှမထိုက်တန်ကြတာ။
သစ္စာဖောက်ခံရတဲ့အချိန်မှာတောင် သူပြင်လာမှာပါဆိုတဲ့အတွေးကိုပြင်လိုက်ပါ။
ချစ်သူရှိရဲ့နဲ့နောက်တစ်ယောက်အကြောင်းစဉ်းစားတာဟာအရမ်းကိုအဆိပ်ဖြစ်စေတဲ့အချက်ပါပဲ၊
အနိုင်ကျင့်ခံလိုက်ရတဲ့အခါချစ်လို့ဆိုးတာပါဆိုတဲ့သည်းခံစိတ်ကိုပြင်လိုက်ပါ။
တကယ်ချစ်တဲ့သူဆိုတာ ကိုယ့်ချစ်သူစိတ်ဆင်းရဲစေမယ့်ကိစ္စတွေကို လုပ်မှာမဟုတ်ပါဘူး။
တစ်ပတ်မှာတစ်ရက်လောက်သာပျော်ရွှင်မှုရပြီး ခြောက်ရက်လောက်ကဝမ်းနည်းမှုတွေကိုရရှိနေတဲ့ဆိုရင်တော့
အဆိပ်သင့်နေပါပြီ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ကအချစ်ရေးတစ်ခုမှာအမြဲတစေဆိုတာတော့မကောင်းပါဘူး။
ချစ်စရာကောင်းပြီးကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်က ချစ်ခြင်းအစစ်တွေနဲ့ထိုက်တန်ပါတယ်။
ချစ်ခြင်းအစစ်တွေရောက်ရှိလာဖို့မလိုအပ်တဲ့သူတွေကို ဖယ်ထုတ်လိုက်ပါ။
အချစ်ဆိုတာပေးဆပ်ခြင်းဆိုရင်တော့ နှစ်ဦးနှစ်ဖက်ညီတူမျှတူပေးဆပ်ခြင်းရပါမယ်။
ဒါကြောင့်အဆိပ်သင့်တဲ့အချစ်ဖြစ်နေရင်အခုထဲကလက်လွှတ်လိုက်ပါတော့…
Myanmar Wedding Guide