” Borken family မှကြီးပြင်လာရတဲ့သူဖြစ်ကြောင်း ဖွင့်ဟလာတဲ့ မေသက်ခိုင် “
celegabar.com
|
2019-08-31



တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချောလေး မေသက်ခိုင်ကတော့ မျက်နှာဖောင်းဖောင်းလေး နဲ့ ချိုမြိန် လှတဲ့အပြုံလေးတွေကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ထူးခြားပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဖြူစင်တဲ့စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိ ထားသူလေးပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ မေသက်ခိုင်တစ်ယောက်က borken family မှကြီးပြင်လာရတဲ့သူဖြစ်ပြီး




သူလို့ဘဝတူပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်ကြာင်းကို “Broken family က သားသမီးတွေကို စာနာပါ၊ မိဘကသေသွားတာမဟုတ်ပါဘူး။အမေရောအဖေရော ရှိနေရဲ့သားနဲ့ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်နေတဲ့အချိန်မှာ သားသမီးတွေမှာ ခံစားချက်ရှိကြပါတယ်။သားသမီးတွေရဲ့ဘဝမှာ ဘယ်လောက်ပဲပြည့်စုံအောင်ထားနေပါစေ။လိုအပ်ချက်ဆိုတဲ့စိတ်ကြီးကအမြဲစိုးမိုးနေတာပါ။သူများမိသားစုတွေပျော်ရွှင်နေတာမြင်ရင်အမြဲအားကျပြီး ကြည့်နေခဲ့ရတာပါ။အမေနဲ့အဆင်ပြေသလိုအဖေနဲ့လည်းအဆင်ပြေချင်ပါတယ်၊အဖေနဲ့အဆင်ပြေသလိုပဲအမေနဲ့လည်းအဆင်ပြေချင်ပါတယ်။တစ်ဖက်က တစ်ဖက်ကို မကောင်းပြောတာမျိုးကိုလည်းမကြိုက်တဲ့
အမေရောအဖေရောကို ချစ်ပြီး ဘယ်ဖက်ကိုမှအပြောမခံအထိမခံနိုင်ပဲ ကြားထဲမှာရောက်နေရပြီး ကာကွယ်နေတဲ့သားသမီးတွေပါ၊ မိစုံဖစုံနဲ့ နေခွင့်မရတာ ကိုယ့်ဘဝရဲ့ဝဋ်ကြွေးဆိုတာ နားလည်ထားတာမို့ တစ်ယောက်ထဲကြိတ်ငိုတတ်တဲ့သားသမီးတွေပါ။





မိဘက ဂရုမစိုက်ဘူး မချစ်ဘူးလို့ ထင်လာတဲ့အချိန်မျိုးမှာ ဂျစ်ကန်ပြသနာရှာစိတ်ထင်ရာစိုင်းတတ်တဲ့အချစ်ခံချင်ကြတဲ့ မေတ္တာလိုချင်ကြတဲ့သားသမီးတွေပါ။ မိဘတွေကနည်းနည်းဂရုစိုက်တာနဲ့ ပျော်ရွှင်နေကြတဲ့သားသမီးတွေပါ၊ဘာမှမဆိုင်ပေမဲ့ မိထွေးကြောင့် ပထွေးကြောင့်ဆိုပြီး ကိုယ့်အပေါ်ကောင်းနေရင်တောင်အကောင်းမမြင်နိုင်ခဲ့တဲ့ စိတ်ထဲမှာအမြဲဒဏ်ရာရနေသူတွေပါ။ကံတရားကိုနားလည်လာတဲ့အချိန်မှာအဖေနှစ်ယောက်အမေနှစ်ယောက်ရှိတာ ကံကောင်းတာပဲလို့ ကိုယ့်စိတ်ကိုပြောင်းလဲလက်ခံထားသူတွေပါ။ ကျွန်မ borken family က လာတာပါ၊ လူကြီးတွေရဲ့ စိတ်ခံစားချက်တွေ မပြေလည်ခြင်းတွေကြားမှာသားသမီးရဲ့စိတ်ခံစားချက်ဆိုတာကို ထည့်မတွက်ပေးတဲ့အတ္တတွေကြားမှာ ကိုယ့်စိတ်နဲ့ကိုယ်မွန်းကြပ်ပြီး ကိုယ့်စိတ်ကို ကိုယ်တိုင်ပြန်သတ်နေတဲ့ သားသမီးတွေထဲကတစ်ယောက်ပါပဲ။မွေးမလာသင့်တဲ့ လူဖြစ်မလာသင့်တဲ့ လူတွေထဲကတစ်ယောက်ပါ ” လို့ သူမရဲ့လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားကို ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။



Source: May Thet Khine
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်




” Borken family မှကြီးပြင်လာရတဲ့သူဖြစ်ကြောင်း ဖွင့်ဟလာတဲ့ မေသက်ခိုင် ”

တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အားပေးမှုကိုအခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချောလေး မေသက်ခိုင်ကတော့ မျက်နှာဖောင်းဖောင်းလေး နဲ့ ချိုမြိန် လှတဲ့ အပြုံလေးတွေကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ထူးခြားပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဖြူစင်တဲ့စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိ ထားသူလေးပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ မေသက်ခိုင်တစ်ယောက်က borken family မှကြီးပြင်လာရတဲ့သူဖြစ်ပြီး


သူလို့ဘဝတူပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်ကြာင်းကို “Broken family က သားသမီးတွေကို စာနာပါ၊ မိဘကသေသွားတာမဟုတ်ပါဘူး။အမေရော အဖေရော ရှိနေရဲ့သားနဲ့ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်နေတဲ့အချိန်မှာ သားသမီးတွေမှာ ခံစားချက်ရှိကြပါတယ်။သားသမီးတွေရဲ့ဘဝမှာ ဘယ်လောက်ပဲပြည့်စုံအောင်ထားနေပါစေ။လိုအပ်ချက်ဆိုတဲ့စိတ်ကြီးက အမြဲစိုးမိုးနေတာပါ။သူများမိသားစုတွေပျော်ရွှင်နေတာမြင်ရင် အမြဲအားကျပြီး ကြည့်နေခဲ့ရတာပါ။အမေနဲ့အဆင်ပြေသလို အဖေနဲ့လည်းအဆင်ပြေချင်ပါတယ်၊အဖေနဲ့အဆင်ပြေသလိုပဲ အမေနဲ့လည်းအဆင်ပြေချင်ပါတယ်။တစ်ဖက်က တစ်ဖက်ကို မကောင်းပြောတာမျိုးကိုလည်းမကြိုက်တဲ့
အမေရော အဖေရောကို ချစ်ပြီး ဘယ်ဖက်ကိုမှအပြောမခံ အထိမခံနိုင်ပဲ ကြားထဲမှာရောက်နေရပြီး ကာကွယ်နေတဲ့သားသမီးတွေပါ၊ မိစုံဖစုံနဲ့ နေခွင့်မရတာ ကိုယ့်ဘဝရဲ့ဝဋ်ကြွေးဆိုတာ နားလည်ထားတာမို့ တစ်ယောက်ထဲကြိတ်ငိုတတ်တဲ့သားသမီးတွေပါ။

မိဘက ဂရုမစိုက်ဘူး မချစ်ဘူးလို့ ထင်လာတဲ့အချိန်မျိုးမှာ ဂျစ်ကန်ပြသနာရှာစိတ်ထင်ရာစိုင်းတတ်တဲ့ အချစ်ခံချင်ကြတဲ့ မေတ္တာလိုချင်ကြတဲ့သားသမီးတွေပါ။ မိဘတွေကနည်းနည်းဂရုစိုက်တာနဲ့ ပျော်ရွှင်နေကြတဲ့သားသမီးတွေပါ၊ဘာမှမဆိုင်ပေမဲ့ မိထွေးကြောင့် ပထွေးကြောင့်ဆိုပြီး ကိုယ့်အပေါ်ကောင်းနေရင်တောင် အကောင်းမမြင်နိုင်ခဲ့တဲ့ စိတ်ထဲမှာအမြဲဒဏ်ရာရနေသူတွေပါ။ကံတရားကိုနားလည်လာတဲ့အချိန်မှာ အဖေနှစ်ယောက် အမေနှစ်ယောက်ရှိတာ ကံကောင်းတာပဲလို့ ကိုယ့်စိတ်ကိုပြောင်းလဲလက်ခံထားသူတွေပါ။ ကျွန်မ borken family က လာတာပါ၊ လူကြီးတွေရဲ့ စိတ်ခံစားချက်တွေ မပြေလည်ခြင်းတွေကြားမှာသားသမီးရဲ့စိတ်ခံစားချက်ဆိုတာကို ထည့်မတွက်ပေးတဲ့အတ္တတွေကြားမှာ ကိုယ့်စိတ်နဲ့ကိုယ်မွန်းကြပ်ပြီး ကိုယ့်စိတ်ကို ကိုယ်တိုင်ပြန်သတ်နေတဲ့ သားသမီးတွေထဲကတစ်ယောက်ပါပဲ။မွေးမလာသင့်တဲ့ လူဖြစ်မလာသင့်တဲ့ လူတွေထဲကတစ်ယောက်ပါ ” လို့ သူမရဲ့လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားကို ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။




Some text some message..