
ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ ကိုယ်ကျိတ်ပြီး Crush နေတဲ့သူနဲ့ ဘယ်လိုခံစားချက်တွေကွာသလဲ။ တချို့ကတော့အတူတူပဲလို့ ထင်ကြပါတယ်။ တကယ်ချစ်တဲ့သူဆိုရလည်းချစ်တယ်၊ Crush နေတဲ့သူဆိုရင်လည်း ချစ်တယ်လေ။ ယူတာကတော့ ဘယ်သူပဲဖြစ်ဖြစ် (တကယ်ချစ်တဲ့သူပဲဖြစ်ဖြစ် / Crush နေတဲ့သူပဲဖြစ်ဖြစ်) ရရင်ယူမှာပဲမို့လား။
ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ ကိုယ်တကယ်ချစ်ရတဲ့သူတွေအတွက် ခံစားချက်သက်သက်၊ ကိုယ့်ရဲ့ Crushအတွက်က ခံစားချက် သက်သက်ရှိပါတယ်နော်။အဲဒီ ခံစားချက်တွေက ဘယ်လိုတွေကွာခြားလဲ။ ဖတ်ကြည့်လိုက်ရအောင်…။
(၁)။ ပိုင်ဆိုင်လိုစိတ်ရှိတယ်/မပိုင်ဆိိုင်ရလည်းဘာမှမဖြစ်ဘူး
ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တကယ်ချစ်တဲ့သူဆိုရင်တော့ ပိုင်ဆိုင်ချင်စိတ်ရှိကြမှာပဲလေ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ပိုင်ဆိုင်ဖို့ ကြိုးစားကြမှာပဲ။ ဒါပေမယ့် ကိုယ်က ကျိတ်ပြီး Crush နေတဲ့သူတွေကိုကျ မပိုင်ဆိုင်ရရင်လည်း ဘာမှမဖြစ်ဘူးလို့ ခံစားရမှာပါ။ ကိုယ်က သူ့ကို ဒီအတိုင်း ကြိုက်တာပဲလေ။ ပိုင်ဆိုင်ချင်တာ ဘာညာလည်းမရှိဘူး။

bokan/Shutterstock
(၂)။ သူနဲ့ပတ်သက်သမျှခံစားတယ်/တစ်ခါတစ်လေကြုံရင်ဝင်ခံစားတယ်
ကိုယ်ချစ်တဲ့သူဝမ်းနည်းနေရင် ကိုယ်လည်းဝမ်းနည်းမယ်၊ ကိုယ်ချစ်တဲ့သူပျော်နေရင် ကိုယ်လည်းပျော်နေမယ်။အဲဒီလိုမို့လား။ ကိုယ်က ချစ်မိနေမှတော့ သူနဲ့ပတ်သက်တဲ့ ခံစားချက်မှန်သမျှကိုအားလုံးလိုက်ပြီး ခံစားမိနေတော့တာ။ ဒါပေမယ့် Crush ကျတော့အဲဒီလိုမဟုတ်ပြန်ဘူး။ တစ်ခါတစ်လေ သူမပျော်ဘူးဆိုတာ သိရင် “အော်..ဟုတ်လား…သနားပါတယ်”အဲဒီလောက်ပဲ။ ကိုယ့်စိတ်နဲ့နှစ်ပြီး ခံစားတာမျိုးမဟုတ်ဘူးနော်။ ဘယ်လိုပြောမလဲ “ခံစားချက် ပေါ့ပေါ့ကြီး” ပေါ့။
(၃)။ သဝန်တိုတယ်/ဘာမှန်းမသိခံစားရတယ်
ကိုယ်ချစ်တဲ့သူက တခြားကောင်လေးတွေ၊ ကောင်မလေးတွေကို လိုက်ကြည့်ရင်၊ သူတို့နဲ့အတူတူ တစ်နေရာကို သွားနေရင် သဝန်တွေတို၊ ဒေါသတွေထွက်ပြီး ပြဿနာတွေ ဖြစ်ကြရတယ်မို့လား။ ဒါပေမယ့် ကိုယ့်ရဲ့ Crush က တခြားကောင်လေးတွေ၊ ကောင်မလေးတွေနဲ့အလားတူအခြေအနေတွေ ဖြစ်နေပြီဆိုရင် ကိုယ့်စိတ်ထဲမှာ နှမျောသလိုကလွဲလို့ သိပ်ပြီးထူးထူးဆန်းဆန်း မခံစားရပါဘူး။ “အော်…သူတော့ ပါသွားရှာပြီ” ဒီလောက်ပဲ။ တစ်ခါတစ်လေကျရင်အဲဒီခံစားမှုက ဘာဆိုတာတောင်အဓိပ္ပာယ်တပ်လို့မရတဲ့အထိ ဘာမှန်းမသိပဲ ခံစားရတာ။

Antonio Guillem/Shutterstock
(၄)။ လိုသမျှဖြည့်ဆည်းပေးချင်တယ်/အခါအခွင့်ကြုံရင်ကူညီချင်တယ်
ကိုယ်ချစ်တဲ့သူ လိုသမျှကို ဘာမဆို ဖြည့်ဆည်းပေးချင်တယ်။ စပြီး ချစ်သူဖြစ်ကြပြီဆိုကတည်းက ကိုယ့်ဘဝတစ်ခုလုံးကို သူ့ဆီပေးလိုက်တာပဲ။ သူဘာပဲလိုလိုအနားမှာရှိနေပြီး ဖြည့်ဆည်းပေးချင်နေတော့တာ။ Crush ကိုကျတော့အဲဒီလိုမဟုတ်ပြန်ဘူး။ တစ်ခါတစ်လေ သူလိုနေတာနဲ့ ကိုယ်လုပ်ပေးနိုင်တာနဲ့အံကိုက်ပဲဆိုရင် လုပ်ပေးလိုက်ချင်တယ်။ ဒါပေမယ့်အဲလိုလုပ်ပေးလို့ ကောင်းပါ့မလား၊ မကောင်းဘူးလားတွေ စဉ်းစားနေရတာနဲ့တင် မလုပ်ပေးဖြစ်တာမျိုး။ တစ်ခုခုလုပ်ပေးချင်ပေမယ့် ဘာမှဖြစ်မလာတာမျိုးပေါ့။
(၅)။ ရင်ထဲမှာအမြဲရှိနေတယ်/တစ်ခါတစ်လေဆိုသတိတောင်မရဘူး
ကိုယ့်ရင်ထဲမှာအမြဲရှိနေတဲ့သူက ကိုယ့်ချစ်သူလား/ Crush လားဆိုတာ မေးစရာတောင်လိုမယ်မထင်ပါဘူး။ ကိုယ့်ချစ်သူကသာ ကိုယ့်ရင်ထဲမှာအမြဲရှိနေသူဖြစ်ပြီး Crush ဆိုတာကတော့ တစ်ခါတစ်လေ လမ်းကြုံမှပဲ သတိရမိတာမျိုးပါ။ ကိုယ့်ချစ်သူနဲ့ နေ့တိုင်းဖုန်းဆက်မယ်၊ မက်ဆေ့ချ်တွေပို့မယ်၊ ညစာအတူစားမယ်၊ လျှောက်လည်မယ်စတာတွေ လုပ်လို့ရပေမယ့် Crushအတွက်တော့အဲဒါတွေက စိတ်ကူးထဲမှာပဲ ရှိနေတာလေ။ ဒီတော့ လက်တွေ့ကျကျ ချစ်လို့ရတဲ့ ချစ်သူကိုပဲ ရင်ထဲမှာအမြဲထားမိတယ်ဆိုတာ (၁၀၀) ရာခိုင်နှုန်းသေချာတယ်မို့လား။

Kozub Vasyl/Shutterstock
Linn