
မကြာခင်က သက်ကြီးပိုင်းဆွေမျိုးတစ်ယောက်နဲ့အတူခရီးသွားရင်း သူ့ရဲ့အကြောင်းတွေကိုမေးမြန်းရာကနေ သူ့ရဲ့ပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်ရေးကြောင်းကိုသိခဲ့ရပါတယ်။ကားပေါ်မှာ သူနဲ့တစ်ယောက်အကြောင်း တစ်ယောက်ပြောရာကနေ သူ့ဆီကသိချင်တဲ့အချက်တစ်ခုကိုတွေးမိပြီးမေးလိုက်ပါတယ်။ ဦးလေးရဲ့အမျိုးသမီးနဲ့အခုလိုဆုံတွေ့ပေါင်းဖက်ရတာကြောင့် ကိုယ့်ကိုယ်ကိုယ်ကံကောင်းတဲ့လူလို့ထင်ပါသလား။အဲဒီအမျိုးသမီးနဲ့မတွေ့ဆုံခဲ့ပဲ သင့်တော်မယ့်နောက်တစ်ယောက်ကိုတွေ့မယ်လို့ထင်လားဆိုပြီးမေးလိုက်ပါတယ်။အဲဒီအချိန်မှာ ဦးလေးဟာအတော်ကြာစဉ်းစားပြီးနောက် ငါတို့ဟာ သူလိုကိုယ်လိုတွေပါပဲ။ဘယ်သူမှထူးခြားပြီးကွဲမထွက်နေပါဘူး။ ကိုယ်နဲ့လိုက်ဖက်တဲ့လူတွေအများကြီးရှိနေပါတယ်။အဲဒီထဲကမှ ကိုယ်နဲ့အဆင်ပြေနိုင်မယ့်သူမျိုးကိုလက်ထပ်ကြတာဖြစ်တယ်လို့ ဦးလေးကပြန်ပြောခဲ့ပါတယ်။အဲလိုပြန်ပြောခဲ့တဲ့ ဦးလေးလိုလူမျိုးရှိမှာမဟုတ်ပါဘူး။သူ့ကိုတော့ ထူးဆန်းတဲ့လူတစ်ယောက်အဖြစ် စိတ်ထဲမှာထင်မိလိုက်ပါတယ်။ဒါပေမယ့် သူပြောတာလည်းမှန်ကောင်း မှန်ပါလိမ့်မယ်။
စာရေးဆရာနဲ့အတွေးအခေါ်ပညာရှင် Alain de Botton က The New York Times သတင်းစာမှာ
ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါတယ်။လူရွေးမှားပြီး မင်္ဂလာဆောင်မယ် ဆိုရင်တောင်အဆင်ပြေပါတယ်။ ဒီစကားကအမှန်ဖြစ်နိုင်ပါ့မလားလို့ သူ့ရဲ့ဆောင်းပါးထဲမှာရေးသားထားပါတယ်။

ra2studio/Shutterstock
(၁)။အချစ်ဆိုတာ ပြုစုပျိုးထောင်ရတာမျိုးပါ။အလိုအလျောက်ပေါက်ဖွားလာတာမဟုတ်ပါဘူး။
လူတစ်ယောက်ကိုဘယ်လိုချစ်ရမယ်ဆိုတဲ့အိုင်ဒီယာမျိုး ဘယ်သူမှမသိပါဘူး။ကိုယ့်ရဲ့စိတ်ခံစားချက်အတွေးထဲမှာ တော့ လူတစ်ယောက်ကိုချစ်တာနဲ့ ဦးနှောက်နဲ့မတွေးတော့ဘူး နှလုံးသားရဲ့နောက်ကိုလိုက်ပြီး ဒါဟာကိုယ်နဲ့လိုက်ဖက်မယ့်လူတစ်ယောက်အဖြစ်သတ်မှတ်လိုက်ကြတာဖြစ်တယ်လို့ de Botton ကပြောပါတယ်။
(၂)။ လူတစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်မှုရှိ၊မရှိဆိုတာ ကြိုတင်မသိနိုင်ပါဘူး။
တစ်စုံတစ်ယောက်ကိုရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင် ကိုယ်နဲ့လိုက်ဖက်မှုရှိမရှိဆိုတာကို မသိနိုင်တာကတော့ နောက်ထပ်ပြဿနာတစ်ခုပဲဖြစ်ပါတယ်။အဲဒါကိုသိနိုင်ဖို့ dating apps ကိုသုံးပြီး ကိုယ့်ရဲ့ပင်ကိုအရည်အသွေး တွေကိုဖြေမယ်၊အဲဒီလိုပဲ တစ်ခြားသူတွေကလည်းအဲဒီ apps ကိုလာသုံးမယ်ဆိုရင် တစ်ယောက်အကြောင်း တစ်ယောက်သိနိုင်ပြီး ကိုယ်လိုချင်တဲ့ လိုက်ဖက်မှုရှိတဲ့လူတစ်ဦးကိုရှာဖွေတွေ့ရှိနိုင်မှာဖြစ်တယ်လို့ Botton ကပြောပါတယ်။

ra2studio/Shutterstock
(၃)။ ကိုယ်နဲ့သင့်တော်မယ့်သူနဲ့ ကိုယ်ရွေးချယ်လိုက်တဲ့လူ
လူတွေအားလုံးဟာ ကိုယ်နဲ့သင့်တော်တဲ့သူကိုမရှာဖွေပဲ နှလုံးသားရဲ့စေစားရာစိတ်ခံစားချက်ကိုလိုက်ပြီး ရွေးချယ်ရှာဖွေတတ်ကြပါတယ်လို့ de Botton ပြောခဲ့ပါတယ်။
ကိုယ်ရဲ့စိတ်ခံစားချက်ကိုလိုက်ပြီးရွေးချယ်လိုက်တဲ့သူတွေမှာ လူကောင်းနဲ့လူဆိုးရောထွေးနေတတ်တဲ့အတွက်ကြောင့် ချစ်နေတဲ့အချိန်မှာတော့ ပျော်ရွင်နိုင်သလို နောင်တစ်ချိန်မှာလည်းမုန်းကောင်းမုန်း သွားနိုင်ပါတယ်။ဒါ့ကြောင့် ဘယ်အရာကိုမှ ပုံသေ တသမတ်ထဲတွက်လို့မရပါဘူး။

fizkes/Shutterstock
(၄)။ ဆရာကောင်းတွေဖြစ်လာတယ်။
ကိုယ်ရွေးချယ်လိုက်တဲ့လူတစ်ယောက်နဲ့လက်ထပ်ဖြစ်ခဲ့ရင် သူ့ရဲ့ကောင်းခြင်း၊ဆိုးခြင်းကို သင်လက်ခံရတော့မှာပါ။ဒါ့ကြောင်လိုအပ်နေတဲ့အရာတွေကိုဘယ်လိုဖြည့်ပေးရမလဲ၊ ဘာတွေကိုဆင်ခြင်ပြီး စိတ်ချမ်းချမ်းသာသာနဲ့ဖြတ်သန်းရမလဲဆိုတာကိုတော့ ကိုယ်ရဲ့သင်ကြားပြသမှု၊လမ်းညွှန်မှုတွေနဲ့သာ သက်ဆိုင်ပါတယ်။
Thae