
ဒီနေ့မှာတော့ Myanmar Wedding Guide ပရိသတ်ကြီးအတွက် (၁၂)လရာသီဖွားအကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
တန်ခူးလမွေးဖွားသူများ
တန်ကူးလမွေးဖွားသူအများစုတို့သည် ပင်ကိုယ်စိတ်ဓါတ်အားဖြင့်အလွန်သဘောထားကြီးတတ်ကြပါသည်။
လွတ်လပ်ပေါ့ပါးစွာနေတတ်သည်။အမြဲတမ်းကြည်လင်အေးချမ်းစွာနေပြီး ပြုံးပျော်ရွင်မြူးစွာပြောဆိုနေတတ်သည်။
ဖြတ်ထိုးဉာဏ်ကောင်းမည်။ ဟာသဉာဏ်ရွှင်သည်။အပေါ်ယံအားဖြင့်ဘာမှအလေးမထားသလို ပေါ့ပေါ့တန်တန်၊
ဘာသိဘာသာအသွင်သဏ္ဍာန်နေတတ်ပေမယ့်အရေးကြုံသောအခါတွင် ရဲရင့်ထက်မြက်စွာလုပ်ကိုင်နိုင်စွမ်းရှိကြသည်။
အရေးကြုံသောအခါတွင် ခေါင်းဆောင်နေရာမျိုး တွင်ဝင်ရောက်ကာတာဝန်ယူလုပ်ကိုင်နိုင်စွမ်းရှိကြသည်။
ကျန်အချိန်များတွင် ကြွားဝါခြင်းကင်းလျှက် မထင်မရှားသာနေတတ်သည်။
ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူသော စရိုက်မရှိ။ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ခြင်းမရှိပညာလက်သည်းဝှက် နေတတ်ကြသည်။
သို့သော် တန်ကူးလဖွားများသည်အငြိုးအတေးကြီးသည်ရင်တွင်းမာနကြီးမားသည်။
ဒေါသထွက်လာလျှင် ကြောက်စရာကောင်းလှအောင် ခက်ထန်လာတတ်သည်။အလွန်ခေါင်းမာစွာအရွဲ့တိုက်လိုသည်။
လက်စားချေလိုသည်။ လူတစ်ယောက်အပေါ် ရန်သူဟု သတ်မှတ်လိုက်ပါက မူလကသိမ်မွေ့မှု၊ လိုက်လျောမှု၊
သဘောထားကြီးမှုတို့ ပျောက်ပျက်ကာ စိတ်ရောကိုယ်ပါအငြိုးတကြီးချေမှုန်းလေ့ရှိသည်။ မည်သည့်အခါတွင်မှခွင့်လွှတ်တော့ခြင်း
မရှိကာသေတပန်သက်တဆုံးလက်တုံ့ပြန်လေသည်။တန်ကူးလဖွားတို့သည်အမြဲတမ်း လှုပ်ရှားရုန်းကန် ကြိုးစားနေတတ်ကြသည်။
တစ်ခါတစ်ရံ တွေဝေမိုက်မဲစွာ ပြုမူတတ်ကြပြန်သည်။ ကြောက်လွယ်သော ရဲလွယ်သော သဘောရှိသည်။
တစ်ခါတစ်ရံ ဘာမှ မဟုတ်တာလေးများကို တွန့်ဆုတ်နေတတ်ကြပြီး၊ တစ်ခါတစ်ရံ ရဲဝံ့ပြတ်သားစွာ ပြုမူနေတတ်ကြပြန်သည်။
အကြံအစည်ကြီးသည်အပြောကောင်းသည်။အပေါင်းအသင်းဆန့်သည်။အသွားအလာလျှင်မြန်ဖြတ်လတ်သည်။အသီးအရွက်ကိုပိုနှစ်သက်သည်။
တန်ကူးလဖွားတို့သည် ဘဝကိုအများအားဖြင့် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းကြရသည်။
အခက်အခဲများစွာကိုလည်း ပခုံးဖြင့်ထမ်းကာ ဖြေရှင်းပေးကြရတတ်သည်။ ကိုယ်တိုင်သော်လည်းကောင်း၊
မိသားစုဝင်တို့တွင် သော်လည်းကောင်းအခက်အခဲ၊အကြပ်အတည်းဖိနှိပ်ချုပ်ချယ်မှုများကိုတစ်ချိန်ချိန်တွင်
ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးမှအောင်မြင်သော ဘဝများကိုရောက်ကြသူများဖြစ်သည်။
ဘဝအစတွင် တိုက်ပွဲကဲ့သို့ ခက်ခဲကျပ်တည်းပြီးမှနောက်ဆုံးမှာအောင်မြင်တတ်သည်။အထူးသဖြင့် စိတ်မြန်သည်။
ခေါင်းမာစွာ ငြင်းခုံလိုသည်။ ကိုယ်ကိုင်စွဲသောဝါဒကို တရာသေ ဆုပ်ကိုင်တတ်သည်။အစစခေါင်းဆောင်လိုတတ်သည်။
ဘယ်တော့မှ မလိမ်တတ်။ ဗြောင်ပြောတတ် ဗြောင်လုပ်တတ်သည်။ ပင်ကိုယ်စရိုက်အေးဆေးသလောက်
မခံချင်စိတ်ကြောင့် တဇွတ်ထိုးလုပ်ကာ ရုတ်တရက် ထိခိုက်နစ်နာတတ်သည်။
မိခင်အစ်မ၊အဖွားကဲ့သို့သော ကိုယ့်ထက်အသက်ကြီးသောအမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုအောက်တွင်
ရှင်သန်ကြရတတ်သည်။ မမြင်အပ်သော နာမ်လောကပိုင်းမှ မယ်တော်ကြီး တစ်ပါးပါး၏
စောင့်ရှောက်ခြင်းကိုလည်း ခံရတတ်သည်။ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းပြီး ကောင်းမြတ်အောင်
ပြုမူနေထိုင်ပေးပါက သူမတူအောင်အောင်မြင်ကြီးပွားတတ်ကြလေသည်လွတ်လပ်မှုကိုအလွန် မြတ်နိုး၏။
စွန့်စားရသောအလုပ်များကိုအထူးနှစ်သက်၏။ ခရီးသွားလာနေရသည်ကို သဘောကျ၏။ ဗဟုသုတရှာဖွေလိုက်စားလို၏။
ဗေဒင်လက္ခဏာစသောလောကီပညာများကို ယုံကြည်လက်ခံ၍ လက်တွေ့စမ်းသပ်ကြည့်လို၏။
ယုံကြည်ချက်နှင့် ရည်ရွယ်ချက်ကြီးမားကြသည်။ သူတစ်ပါး၏ သြဇာလွှမ်းမိုးမှုကိုအလွန်မုန်းသည်။
စွမ်းဆောင်ချက်နှင့် လုပ်ရည်ကိုင်ရည် ပြည့်ဝသော်လည်း ခေါင်းမာခြင်း၊ ကြာရှည်စွာစောင့်စားရသည်ကို
သည်းမခံနိုင်ခြင်းတို့ကြောင့်အောင်မြင်ခါနီးမှလက်လွတ်သွားရသောအခြေအနေမျိုး မကြာခဏကြုံရတတ်သည်
ထိုမျှသာမက မိမိအရွယ်ရောက်ချိန်တွင် မိဘများစီးပွားကျဆင်းသွားချိန်နှင့် တိုက်ဆိုင်သွားမှုမျိုး၊
မောင်နှမသားချင်းတို့၏ဒဏ်ကိုခံရခြင်းတို့ပါ ကြုံရတတ်သဖြင့် စီးပွားရေးတွင် စိတ်ရှည်စွာ ကြိုးစားပေးမှအောင်မြင်တတ်သည်။
အတိုက်အခံများနှင့် ကြုံသောအခါ မိုက်ရူးရဲတဇွတ်ထိုး လုပ်သဖြင့် နစ်နာတတ်သည်။အလုပ်မကြာခဏပြောင်းလုပ်ခြင်းကို
ရှောင်ပြီး တစ်ခုတည်း စွဲမြဲစွာလုပ်သွားပါကအထူးအောင်မြင်သူများဖြစ်၏။ ဘာသာရေးဦးထိပ်ပန်ဆင်ပြီးလုပ်ပါအထူးအောင်မြင်တတ်သည်
စစ်ဘက်၊ စက်မှု၊ ဆေးပညာ၊ သတင်းထောက်၊ စိုက်ပျိုးရေး၊အချက်အပြုတ်တို့တွင်အထူးကောင်းကျိုးပေး၏။
အချစ်ရေးနှင့်အိမ်ထောင်ရေး နှလုံးသားရေးတွင် စိတ်အပြောင်းအလဲမြန်သည်။ ဆုံးဖြတ်ချက်မပြတ်မသားဖြစ်တတ်သည်။
ကိုယ့်ချစ်သူနှင့် နားလည်မှုလွဲမှား သဖြင့် မကြာခဏချစ်သောက ဝေဒနာတို့ကျိတ်ပြီး ခံစားရတတ်သည်။အချစ်ရေးတွင်
ကိုယ်တိုင်က စိတ်လှုပ်ရှားမှုများစွာဖြင့် အယုအယအကြင်နာခံလိုတတ်ငြားကိုယ်တိုင်ကအေးတိအေးစက်နေတတ်သဖြင့်
အဆင်မပြေဖြစ်တတ်သည်။ထို့အပြင် ကိုယ်ထင်ရာ တဇွတ်ထိုး ဆုံးဖြတ်ပြီး တစ်ယောက်မကောင်းတစ်ယောက်ပြောင်း ဟူသော
စိတ်ဓါတ်ကြောင့်မှားယွင်းတတ်သည်။အချစ်ဦး၏ ပြစ်သွားခြင်းခံရတတ်သည်။အိမ်ထောင်ဖက်ရွေးချယ်သောအခါ တွင်
နှလုံးသားမှာဆန္ဒထက် ကိုယ့်အိမ်ထောင်ဖက်သားအပေါ်တွင် သနားစိတ်၊ သနားချစ်ဖြင့် ရွေးချယ်တတ်ကြသည်။
အိမ်ထောင်ရေးတွင် ဦးနှောက်ကို ဦးစားပေးဆုံးဖြတ်ရွေးချယ်ပါက ပို၍စိတ်ချမ်းသာကြရတတ်သည်။ ရုပ်ရည်တင့်တယ်တတ်ရုံသာမက
ဆွဲဆောင်အားကောင်းသော မျက်ဝန်း၊ စူးရှတောက်ပသော မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားတတ်ကြသည်။
အသားထက်အသီးအရွက်ကိုပို ကြိုက်၏။ ကျန်းမာရေးအတွက် ကြက်သွန်နီ၊ ချင်း၊
ငရုတ်ကောင်းတိုပကို ဓါတ်စာအဖြစ် မကြာခဏ စားသုံးသင့်ပါသည်။
သတိထားရမည့် ဘေးအန္တရယ်များမှာ မီးဘေးသတိထားရမည်။ လျှပ်စစ်မီး ရှောစ့်ဖြစ်တတ်သည်။
စက်ကရိယာတို့ ထိခိုက်တတ်သည်။ လက်နက်ခဲယမ်းမီးကျောက် ပေါက်ကွဲမှုကို သတိပြုရမည်။
သို့သော် ယေဘုယျမျှသာဖြစ်ပြီး သတိထားသွားလာဆောင်ရွက်က ဥပဒ်ကင်းမည်။
ဦးခေါင်းနှင့်ခြေထောက် တို့တွင် ထိခိုက်ဒဏ်ရာရတတ်သည်။
အရက်သေစာသောက်စားသူများမှာ ထိုဥပဒ်အန္တရယ်မျိုးအဖြစ်များပြီး မိန်းမအဖျက်ပါ ကြုံတွေ့ရတတ်သည်။
သူတစ်ပါးက ကိုယ့်ကိုအတိုက်အခံလုပ်ချင်လာတတ်သည်။ ထို့ကြောင့်အရက်သေစာကို ပိုဆင်ခြင်သင့်လေသည်။
တန်ကူးလမွေးဖွားသူများသည် ယဉ်ကျေးသိမ်မွေ့မှုကို သဘောကျသော်လည်းကိုယ်တိုင်ကမ
ူ ခြေမြန်လက်မြန်၊အပြောမြန်သည့် တဇွတ်ထိုးစိတ်တို့ကြောင့် သူများအမြင်တွင် ရိုင်းစိုင်းနေတတ်သည်။
သို့သော် သဘာဝကျသောအပြင်အဆင်ကို နှစ်သက်ပြီး ခေတ်ပေါ်ဒီဇိုင်းအဝတ်အစားတို့ကို နှစ်သက်တတ်သည်။
လူစုလူဝေးတွင် ဟေးလားဝါးလား မနေတတ်။ သွက်လက်သပ်ရပ်စွာ ဝတ်စားတတ်ကြသည်။အရောင်အားဖြင့်
ပန်းရောင်၊အနီရောင်၊ ကြက်သွေးရောင်တို့ကို သုံးစွဲသင့်သည်။အနက်ရောင်ကိုအထူးရှောင်သင့်ပါသည်။
ပတ္တမြားနှင့်စိန်ကိုအထူးဝတ်ဆင်သင့်သည်။အထူးသဖြင့် ပတ္တမြားလက်စွပ်ကို လကျာၤဘက်လက်ခလယ် တွင် ဝတ်ဆင်သင့်ပေသည်။
ကဆုန်လမွေးဖွားသူများ
ကဆုန်လ မွေးဖွားသူများသည်ပင်ကိုယ်စရိုက်အားဖြင့် တည်ကြည်အေးဆေးသူများဖြစ်သည်။
ဖြောင့်မတ်မယ်အလွန်သစ္စာရှိတယ်၊အလွန်သံယောဇဉ်ကြီးမားတတ်ကြတယ် ။အနုပညာပါရမီဓါတ်ခံကြီးမယ်
အလွန် ညှို့ဓါတ်အားကောင်းတယ် တစ်ခုမဟုတ် တစ်ခုဖြင့် လူအများ၏ချစ်ခင်ကြည်ညိုခြင်းကိုခံရတတ်တယ် ။
ဘေးလူတွေကချစ်ခင်မယ် စန်းပွင့်မယ်အလှအပ၊အသန့်အပြန့်ကြိုက်တတ်တယ်၊ စိတ်ကူးယဉ်တတ်မယ်။
အထူးသဖြင့် ဘဝတွင်ကြည်နူးလွမ်းဆွတ်ဖွယ်ရာအနေအထားများကို
များစွာကြုံခဲ့တတ်ကြပါမည်။အလွမ်းဓါတ်ခံရှိတယ်လူပေါင်းဆန့်မယ်အကောင်းကြိုက်တတ်တယ် ကောင်းပေ့ဆိုသည့်
အသုံးအဆောင်များကိုသာသုံးချင်၏တယ် ငွေအသုံးကြမ်းမယ်။ဘယ်ကိစ္စမဆို ဆန်းစစ်လေ့လာကာ
ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီးမှ စတင်လုပ်ကိုင်တတ်တယ်။
နူးညံ့သိမ်မွေ့သလောက် ဒေါသထွက်လာကာ ဘာမှ မမြင်တော့လောက်
အောင် ကမူးရှူးထိုးလုပ်တတ်တယ်။ ရဲရင့်တည်ကြည်၍ ထက်မြက်မယ်
နံနက်စောအရုဏ်ဦးအချိန်တွင်အသိညာဏ်အထူးပွင့်တတ်တယ်။
ထိုအချိန်တွင် စိတ်ကူးကောင်းတွေ ပေါ်တတ်တယ်ဆုံဖြတ်စရာကိစ္စများ
ဒီအချိန်တွေမှာလုပ်ပါကအမှားအယွင်းမရှိပဲအောင်မြင်မယ်။ ခံစားချက်ပြင်းထန်တတ်တယ် ဘာမဆို
အလေးအနက်ခံစားတတ်တယ်၊ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီးက
နောက်မတွန့်တမ်းလုပ်တတ်တဲ့ဉာဉ်ရှိတယ်စည်းကမ်းတကျစနစ်တကျလုပ်တတ်တယ် ။
အချိန်နာရီ၊ ကတိသစ္စာကိုအလွန်တန်ဖိုးထားမယ် ဖြောင့်မတ်တယ်။
ကတိပျက်က စိတ်ဆိုးတတ်တယ်။ စိတ်ဆိုးခဲသလောကိစိတ်ဆိုးလာပါကလဲ
အသားတွေတဆတ်ဆတ်တုန်လာကာမျက်ရည်ပင်ကျလာတတ်၏။
အထူးသဖြင့် မိမိအပေါ်လိမ်လည်လှည့်ဖျားလာက လုံးဝခွင့်မလွှတ်တတ်။
သစ္စာမဲ့ခြင်းကိုအလွန်ရွံ့မုန်း၏။ စကားပြောဆိုရာတွင်အေးတိအေးစက်နှင့် ချက်ကျကျပြောဆိုတတ်တယ်။
စကားလုံးများဖြင့်နာကျင်ခံခက်ဖြစ်အောင် ပြောဆိုနိုင်စွမ်းတယ်။
တစ်ခါတစ်ရံ ပြောပေါက်ဆိုပေါက် ကပ်ကပ်ဖဲ့ဖဲ့နိုင်တယ်၊သို့သော်အပေါ်ယံအားဖြင့်
မာကျောသယောင်ရှိသော်လည်းအတွင်းစိတ်ကနူးညံ့တယ်၊ ကိုယ့်အပေါ်သိမ်သိမ်မွေ့မွေ့ဆက်ဆံလာပါက
အရာရာကို ခွင့်လွှတ်နိုင်တယ်။အများအတွက်အနစ်နာခံတတ်တယ်
အများကောင်းကျိုးဆောင်ရွက်လိုမယ်လောဘမကြီးဘဲ လုပ်စရာတွေကို ဇွဲဖြင့် တွန်းတိုက်လုပ်တတ်တယ်။
အရာရာအပေါ် ရိုးရိုးရှင်းရှင်းနှင့်နေထိုင်လုပ်ကိုင်တတ်တယ်။
ရှုပ်ရှုပ်ယှက်ယှက်ဘာမှ မကြိုက်၊ သူတစ်ပါးကိစ္စ ဝင်မစွတ်ဖက်တတ်။
ထို့အတူ ကိုယ့်နေရာကို လာပတ်သက်ခြင်းမျိုးကိုလည်း မကြိုက်တတ်ပါ
သို့သော် မိသားစု သံယောဇဉ်ကြီးမားကြတယ်၊ သွေးရင်းသားရင်း၊
မိတ်ဆွေရင်းတွေအတွက်အမြဲလိုလို ပေးဆပ်နေတတ်တယ်၊အနစ်နာခံနေရတတ်တယ်
တစ်ခါတစ်ရံဆင်ချင်ကင်းစွာမာန်မာနနှင့် ပြုမူမိတတ်တယ်။ ကိုယ့်ကိုယ်ကိုအယုံလွန်ပြီး
တဇွတ်ထိုးလုပ်မိတတ်တယ်၊ ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး
မိုက်ရူးရဲလုပ်မိတတ်တယ် ၊ မည်သို့ပင်ဖြစ်စေ
ဝီရိယကြီးမယ် တိုးတက်ကြီးပွားရန်အမြဲကြံစည်နေတတ်တယ်။
လူချစ်လူခင်များမယ်၊ ကိုယ့်ကိုယ်ကို ရိုသေစွာသန့်သန့်ခန့်ခန့်နေတတ်ခြင်းတို့ကြောင့်အမည်ကျော်ကြားအောင်မြင်ချမ်းသာသူများ
ဖြစ်တတ်ပါသည်။ ဘဝကို သူတစ်ပါးတို့ထက်ပို၍တန်ဖိုးထားသူများဖြစ်မည် ဇွဲကောင်းကောင်းနှင့်ကြိုးစားတတ်တယ်။
အပင်ပန်းခံ၍ကြိုးစားကြ၏ စီးပွားလာဘ်မြင်ပြီးငွေရှာကောင်းတယ်၊ငွသုံးကြမ်းမယ်၊ မိတ်ကောင်းပေါမယ်၊
လုပ်ငန်းမရွေး လုပ်ဆောင်တတ်တယ်၊ဘဝတွင်သူတစ်ပါးက နှိမ်၍ဆက်ဆံခံရခြင်းကို မခံချင်စိတ်ဖြင့်ကြိုးစားတတ်တယ်။
ဘဝတွင်ထူးခြားစွာပြည့်စုံကြွယ်ဝတတ်ပါသည်။ကတိသစ္စာတည်ကြည်ခြင်းကြောင့်
လဲစီးပွားဖက်တို့၏ ယုံကြည်ခြင်းကို
ခံရတတ်တယ်၊ဘဝတွင်ဒုတိယအရွယ်နှင့်တတိအရွယ်တွင်စီးပွားပြည့်စုံတတ်၏။
အကြံညာဏ်ကောင်းများ ပေါ်ထွက်လာတတ်သလို
လက်တွေ့အကောင်အထည်ဖေါ်မိ၍လဲကြီးပွားချမ်းသာတတ်ပါတယ်၊
စီးပွားတက်ချိန်တွင်အပျော်အပါးဖက်မိတတ်ပါသည် ။
ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုသာလုပ်ပါ
သူတစ်ပါးလက်အောက်ခံမလုပ်သင့်ပါ။ ကိုယ့်စိတ်ကူးနှင့်သာ ရဲရဲလုပ်ပါ။
မည်သည့်အလုပ်မဆို စွဲစွဲမြဲမြဲလုပ်ပါ။
အလုပ်အမျိုးမျိုးပြောင်းလုပ်ခြင်းကိုရှောင်ပါ။အထူးသဖြင့် စီးပွားရေးတွင်အားနာခြင်း၊အာမခံခြင်း၊ ဆွေမျိုးများနှင့်
ဆက်စပ်လုပ်ကိုင်ခြင်းတို့ကိုအထူးရှောင်ပါ။ စာပေလုပ်ငန်းဖြင့်အထူးကောင်းကျိုးပေး၏။
အနုပညာလုပ်ငန်း၊ စာရေးဆရာ၊ နတ္ခတ်ဗေဒင်ပညာရှင်၊
ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်လုပ်ငန်းများကို
လုပ်ကိုင်၍ ကြီးပွားနိုင်၏။ ထို့အပြင် စစ်ဘက်၊ သူနာပြု ပန်းအလှစိုက်ပျိုးရောင်းချခြင်းတို့ဖြင့်
အကျိုးအထူးပေးမည်အထူးသဖြင့်အနုပညာလုပ်ငန်း၊
အလှအပဆိုင်ရာလုပ်ငန်းတို့ဖြင့်အထူးအောင်မြင်တတ်ပါသည်။
အချစ်ရေးအိမ်ထောင်ရေး နှလုံးသားခံစားမှုပြင်းထန်တယ် ကဗျာဆန်တယ်
အထူးသဖြင့်အလွမ်းတေးသီချင်း၊ ကဗျာစာပေတို့ကို နှစ်သက်၏။
သံယောဇဉ်ကြီး၏။အထူးသဖြင့်အလွမ်းသမားများဖြစ်တယ်။ ဘဝတွင်
သံယောဇဉ်ကြီးမားသူတို့ကို ခွဲခွာပြီး လွမ်းနေတတ်ကြရ၏။
ပထမပိုင်းတွင် ချစ်ကံခေပြီး နောက်ပိုင်းမှကောင်းတတ်၏။တစ်ရွာသူတစ်နယ်သားတို့နှင့်
ချစ်ကြိုးသွယ်မိတတ်၏။အရူးအမူးချစ်တတ်ကြ၏။
တသသလွမ်းဆွေးနေတတ်ကြရ၏။
သို့သော်အိမ်ထောင်ပြုပြီးသောအချိန်တွင် စိတ်ချမ်းသာကြရတတ်ပါသည်။
ဘဝတွင်တစိမ့်စိမ့်ပြန်တွေးပြီး တသသ ကြည်နူးမဆုံး၊
လွမ်းမဆုံးအဖြစ်အပျက်လေးများစွာ ကြုံကြရတတ်သူများဖြစ်ပါတယ်။
အချစ်ရေးတွင် ကြားလူအနှောက်အယှက်အမြဲကြုံရတတ်၏။
ထို့အတူအိမ်ထောင်ရေးတွင်လည်း သွေးဆောင်ဖြားယောင်းခြင်းခံရတတ်၏။ ဒီလမွေးဖွားသူတို့သည်
သစ္စာကြီးမားသူများဖြစ်၍အိမ်ထောင်သာယာတတ်ပါသည်။ ကိုယ်ကိုယ်တိုင်ရုပ်ဆင်းတင့်တယ်၍
သပ်ရပ်ခန့်ငြားသူဖြစ်သလိုအသားလတ်လတ်နှင့်လှပပြေပြစ်သူနှင့် ဖူးစာဆုံရတတ်ပါတယ်
မျက်နှာတွင် ထင်ရှားသောမှဲ့အမှတ်အသားပါသူနှင့် ဖူးစာဆုံတတ်တယ်။
အိမ်ထောင်ဖက်အပေါ်တွင်အစစ ကိုယ်ကအနစ်နာခံ၍အနွံတာခံ၍ ပေါင်းဖော်ရတတ်၏။
အထူးသတိပေးလိုသည်မှာ ချစ်သူထားချိန်တွင်လည်းကောင်း၊
အိမ်ထောင်ပြုချိန်တွင်လည်းကောင်း၊ခေါင်းအေးအေးနှင့် စဉ်းစားပြီးမှ
လက်ခံဆုံးဖြတ်ပါ။အထူးသဖြင့် မိန်းကလေးများ
တဇွတ်ထိုးဆုံးဖြတ်ကာအရှက်တကွဲအကျိုးနည်းဖြစ်တတ်သည်။
အထူးသတိထားပါ။ ဘာပဲဖြစ်ဖြစ်အစပိုင်းညံ့ပြီး နောက်ပိုင်းတွင်
ကောင်းကျိုးခံစားရပါမည်။
ကဆုန်လမွေးဖွားသူများသည် စိတ်ထက်၍ ဇွဲကောင်းသူများဖြစ်ပြီး
လူအပင်ပန်းခံနိုင်သော်လည်း ခန္ဓာကိုယ်တွင် မကြာခဏ
ဝေဒနာဖြစ်တတ်၏။အဓိကအားဖြင့်အဆစ်အမြစ်များ
မကြာခဏနာကျင်ကိုက်ခဲတတ်သည်။ လေထိုး၊ လေအောင့်၊
ဝမ်းနာရောပါတို့လည်း မကြာခဏဖြစ်တတ်တယ် လည်ချောင်းနာ၊အသံဝင်၊
ရင်ကြပ်ရောဂါများမှာအနည်းဆုံး တစ်နှစ် တစ်ကြိမ်မျှဖြစ်တတ်တယ် တော်ရုံတန်ရုံ ရောဂါလောက်ဖြင့်
ဆရာဝန်ပြခြင်း၊ ဆေးစားခြင်းမပြုဘဲ ဝေဒနာကို
ကြိတ်မှိတ်ခံစားနေတတ်သည်။ ထို့ကြောင့်ပင် မလိုလားအပ်ဘဲ
ရောဂါကြီးမားသွားတတ်သည်အမျိုးသမီးများ
သားအိမ်အားနည်းတတ်သည်။အမျိုးသားများ ဆီးကျောက်တည်ခြင်း၊
ဆီးကျိတ်ရောင်ခြင်းဖြစ်တတ်သည်။
ဘာမှမလုပ်ဘဲ ငြိမ်နေလျှင် ကျန်းမာရေးညံ့တတ်၏။အငြိမ်မနေဘဲအလုပ်များကို ဇယ်ဆက်သလို
ဆက်တိုက်လုပ်နေက၊ လှုပ်ရှားနေက ပိူ၍ကျန်းမာတတ်သည်။အသေးအဖွဲဇက်ကြောတက်၊
ခေါင်းမူး၊ခေါင်းကိုက်ရောဂါများဖြစ်တတ်တယ်။အသီးအရွက်များများစားပေးပါ။
ကဆုန်လဖွားအမျိုးသမီးများသည် ရင်သားတွင်အနာဖြစ်ခြင်းမျိုး
ဖြစ်တတ်သဖြင့် ဂရုပြုသင့်သည် ။
သတိပြုစရာ ဘေးဥပဒ်အန္တရာယ်များကတော့
မျက်နှာတွင် ရုတ်တရက်ထိခိုက်ဒဏ်ရာရတတ်သည်။ တောင်ပြိုခြင်း၊ မြေပြိုခြင်းစသော
သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရတတ်၏။ စက်မှုလက်မှုုလုပ်ငန်းလုပ်သူများမှ
ာ မတော်တဆထိခိုက်မှုများဖြစ်တတ်သည်။အထူးသဖြင့်လက်နက်ပေါက်ကွဲခြင်း ဖြစ်တတ်၍
သတိပြုသင့်သည်။ သို့သော်အသက်အိုးအိမ်ထိခိုက်လောက်အောင်ဘေးအန္တရာယ်မရှိတတ်ပါ။ဒီလအတွင်းမွေးဖွားသူများ
ဦးနှောက်သွေးကြောထိခိုက်ခြင်း ရုတ်တရက်ဖြစ်တတ်သောကြောင့်
သတိထားသင့်ပါ၏။ ထို့ပြင် သူတစ်ပါးအတွက်အနစ်နာခံရသော
ဇာတာပါ၏အဓိကဆင်ခြင် သတိပြုသင့်ပါသည်။ဘဝတွင် ဒုတိယအရွယ်နှင့်တတိယအရွယ်တို့တွင်အထူးကောင်းစားတတ်၏။
အမွေရသလိုမျိုးရုတ်တရက်ကြီးပွားပြီးအောင်မြင်မှုရတတ်၏အကြီးအမှုးနေရာကို
ရတတ်သည်။အလှူအတန်းများစွာပြုရတတ်တယ်
ကဆုန်လမွေးဖွားသူတို့သည် သံယောဇဉ်ကြီး၍အနစ်နာခံရသော
ဘဝပိုင်ရှင်များဖြစ်တတ်ပါတယ်။ ပေးဆပ်မှု၊အနစ်နာခံမှုနှောင်ကြိုးတည်းခံရမှု၊
ဖိနှိပ်ချုပ်ချယ်မှုတို့ကိုအမြဲခံရတတ်ပါတယ်။
ဆွေမျိုးများနှင့် ဝေးဝေးနေသင့်၏။ သီးသန့်ခွဲထွက်သင့်၏။ သို့သော်
မည်သည့်နေရာတွင် နေသည်ဖြစ်စေ ကိုယ်ကျိုးကို
မငဲ့ဘဲ စေတနာအဓိကထား၍ လုပ်ဆောင်က
သူမတူအောင်ကြီးပွားတတ်၏။
စွမ်းအားထည့်၍လုပ်ဆောင်က သူတစ်ပါးထက် ထူးကဲစွာ
အောင်မြင်တတ်၏။ သို့သော် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်နည်းက
မယုံမရဲစိတ်ဖြင့် လုပ်တတ်သဖြင့် နစ်နာတတ်၏။ ဒါ့ကြာင့်
သံယောဇဉ်ကြီးခြင်း၊အလွန်အမင်းအနစ်နာခံခြင်း၊
မယုံမရဲလုပ်ခြင်းတို့ကိုရှောင်ပါ။ စိတ်မြန်ခြင်း၊ စိတ်ကြီးခြင်း၊
စကားပြောကြမ်းခြင်းကိုရှောင်ပါ။ ပင်ကိုယ်ရုပ်ရည်၊
ပင်ကိုယ်ဟန်အမူအရာအထူးကောင်းသလောက် ကိုယ့်ကိုကိုယ်
ထင်ရှားအောင်မနေတတ်မဝတ်တတ်၊မလုပ်တတ်ဘဲရှိနေတတ်ကြတယ်၊
ထူးခြားသော ဆွဲဆောင်မှုရှိသူများဖြစ်ကြပါသည်။အေးဆေးတည်ငြိမ်စွာ
သွားလာနေထိုင်ပါလက်ဝတ်ရတနာတို့ကို ရှိတိုင်းမဝတ်သင့်ပါအကောင်းဆုံးအဆောင်မှာ
(မြ) ကျောက်ဖြစ်ပါသည်။
နယုန်လမွေးဖွားသူများ
နယုန်လတွင်မွေးဖွားသူများသည် ဘာမဆိုစိတ်ဝင်စားတတ်၏။ မိတ်ဖွဲ့ကောင်း၏အပေါင်းအသင်းအလွန်မက်မည်။
အပေါင်းအဖော်နှင့်နေရမှပျော်တတ်တယ်။စိတ်ထိခိုက်လွယ်ပြီးလိုချင်တာအငမ်းမရဖြစ်တတ်တယ်။
တဇွတ်ထိုးလုပ်တတ်တယ်၊ စိတ်နှစ်ခွရှိမယ်၊ဘယ်ကိစ္စမဆို စိတ်ဒွိဟနှင့်
ဆုံးဖြတ်ရခက်နေတတ်တယ်။သို့သော်အသိဉာဏ်ထက်မြက်ကြမယ်။
ယောက်ျားပီသသော စိတ်ဓါတ်ရှိမယ်။အမျိုးသမီးများမှာလည်း ထက်မြက်ကြမယ်။
ယောကျာၤးဆန်မယ်။ မလိမ်တတ် မညာတတ်။ ဘယ်အခက်အခဲမျိုးကိုမှ နောက်မဆုတ်တတ်။
လွတ်လပ်မှုကိုမြတ်နိုးတယ်။ စည်းကမ်းဘောင်တို့ကိုလုံးဝမကြိုက်အထုူးလွတ်လပ်လိုစိတ်ရှိမယ်။
ငွေကိုပြင်းထန်စွာရှာတတ်တယ်။ လောင်းကစားဘက်ရောက်သွားတတ်တယ်။ သူဋ္ဌေးဖြစ် ခွေးဖြစ်ကြံတတ်၏။ သုံးစရာရှိက
သုံးပစ်တတ်၏။ ကုန်သွားကလည်း မနှမြောတတ်။ ရွှေတစ်နေ့ငွေတစ်နေ့ဖြစ်နေမယ် ။ လောဘကြီးတတ်တယ်။
အတွေးအခေါ်ဉာဏ်ထက်သလောက်အစွန်းရောက်တတ်တယ်။
အပြုသမားဖြစ်လျှင်လည်း သူများထက်ပို၍ထူးခြားစွာအများကောင်းကျိုးဆောင်ရွက်တတ်တယ်။
အပြုသမားမဖြစ်ကအဖျက်သမားကြီးဖြစ်တတ်မယ်။
လောင်းကစားမှုကိုအထုံဝါသနာအစွဲကြီးစွာ ပါလာတတ်ပြီး
တစ်ချီကောင်းပွပေါက်ကြံတတ်တယ်။ဆင်ခြင်ကရှောင်နိုင်မယ်။ သစ်လွင်တောက်ပမှု၊ သန့်ရှင်းသန့်ရပ်မှုကို နှစ်သက်မယ်
သူတစ်ပါးအပေါ်အယုံအကြည်နည်းပါးပြီး။အမြဲတမ်း စရိုက်နှစ်မျိုးဖြစ်နေတတ်မည်။
ဘာသာရေးတွင် ပါရမီထူးတတ်ပြီးအနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းသော ပါရမီထူးရှိမယ်။
စိတ်မြန်၊ ကိုယ်မြန်ရှိတယ်။ သူတစ်ပါးမတွေးသောရှုထောင့်မှ ထူးခြားထက်မြက်စွာ တွေးတတ်ပြီး ချက်ချင်းထလုပ်တတ်တယ်။
အပေါ်ယံသိမ်မွေ့သလောက်အတွင်းစိတ်မာကြောခိုင်ခန့်မာတတ်တယ်။ မဟုတ်မခံမာနကြီးမယ် သူတစ်ပါးတို့အတွက်
ပြဿ နာအခက်အခဲများရင်ဆိုင်ရခြင်းမျိုး မကြာခဏ ကြုံတတ်တယ်။ စိတ်မြန်ကိုယ်မြန်လုပ်ခြင်းကိုအမြဲရှောင်ပါ။
နယုန်လမွေးဖွားသူတို့သည်အဖော်အပေါင်းကိုနှစ်သက်သော်ငြားသူတစ်ပါးတို့အပေါ်တွင်သံသယစိတ်၊ မယုံကြည်သောစိတ်ကြောင့်
တစ်ကိုယ်တည်းအထီးကျန်စွာနေရတတ်တယ် ။အလုပ်တစ်ခု မပြီးစီးမီနောက်ထပ်တစ်ခုကိုပြောင့်လုပ်တတ်တယ်။
သူတစ်ပါးအပေါ်အလွယ်တကူ မယုံတတ်သော်လည်း ယုံမိပြီဆိုကထိုသူပြောသမျှအမှားကိုပင်
အမှန်ထင်ကာ ယုံတတ်တယ်။ ကိစ္စတစ်ခုဖြစ်လာကအနီးကပ်လူပြောသမျှ ယုံမိတတ်တယ်။ဘဝတွင် ကိုယ်ကျိုးသက်သက် မကြည့်၊
စိတ်လိုက်မာန်ပါထင်ရာစိုင်းတတ်ခြင်း၊အများအတွက် ဆောင်ရွက်နိုင်ခြင်းတို့သည်သူများထက်ပိုထူးတတ်တယ် ။
အချစ်ရေးအိမ်ထောင်ရေးအလှအပမက်မအပျော်အပါးမက်၏။
အချစ်ရေးတွင်အရူးအမူးချစ်တတ်ကြ၏။အပြောင်းအလဲမြန်တတ်ကြ၏။အချစ်ရေးတွင် လိမ္မာပါးနပ်စွာဖြင့်
အချစ်ဇာတ်လမ်းများ ဖန်တီးတတ်ကြ၏။ ထို့ကြောင့်အချစ်ရေးအိမ်ထောင်ရေးသာယာပြီးမှမထင်မှတ်ဘဲကွဲတတ်ကြရတတ်ပါတယ်။
အများစုသည်တကယ်ချစ်မိကဘာမှ မမြင်လောင်အောင် ချစ်တတ်ကြမယ်။အနုပညာဝါသနာကြီးပြီး
ဘဝကို စိတ်ကူးယဉ်ဆန်စွာ လှုပ်ရှားတတ်တယ်။
နယုန်လမွေးဖွားသူများသည်ပတ်ဝန်းကျင်ကို ဆွဲဆောင်နိုင်ဖို့အမြဲကြိုးစားနေတတ်ကြ၏။
ထုံးတမ်းစဉ်လာတို့ကိုသိပ်လက်မခံကြ။ လွပ်လပ်စွာ၊ ပျော်ရွှင်စွာ
နေထိုင်လိုကြမည် ခေတ်မီသောအတွေးအခေါ်တို့နှင့် ခေတ်မီစွာကျင့်သုံးတတ်တယ်။
ချစ်လိုက် မုန်းလိုက်နှင့် နားလည်ရအလွန်ခက်၏။စကားတတ်ပြီး လျှို့ဝှက်သိပ်သည်းစွာ ပြောဆိုတတ်၏။
တစ်ခါတစ်ရံအုံ့ပုန်းချစ်နှင့် ချစ်နေတတ်တယ်အမျိုးသားကော၊အမျိုးသမီးများပါအိမ်ထောင်ပြုပြီးမှ ခြေငြိမ်တတ်၏။
ထူးခြားချက်မှာ ဘဝအစကတည်းကအကြောင်းကြောင်းကြောင့်အထီးကျန်ဆန်သော ခံစားမှုရှိနေခဲ့တတ်ကြ၏။
သို့သော် ဘဝအစကတည်းက ပြည့်စုံမှု၊ကြွယ်ဝမှုတို့ ဖြစ်နေတတ်ကြ၏။ ဘဝတူလူတန်းစားထဲတွင်ပြည့်စုံသူများဖြစ်တတ်ကြ၏
ဉာဏ်ထက်ခြင်း၊ ဇွဲကောင်းခြင်းတို့နှင့်အတူ သာမန်သူတို့ထက်ပို၍ စွမ်းရည်ပြည့်ဝနေတတ်၏။
သူတစ်ပါးတို့ထက်နှစ်ဆပို၍စွမ်းဆောင်နိုင်ကြ၏။ စိတ်ဒွိဟဖြစ်ခြင်း၊အလုပ်အမျိုးမျိုးပြောင်းလုပ်ခြင်း၊အလုပ်နှစ်ခု ပြိုင်တူလုပ်ခြင်း
ဆင်ခြင်ပါသူတစ်ပါးအပေါ် သံသယကြီးသလောက် ယုံမိလျှင်ပုံအပ်ခြင်းရှောင်သင့်ပါတယ်။
ကိုယ့်ဒူးကိုယ်ချွန်အောင်မြင်မည်။ လူမျိုးခြားတို့နှင့်ဆက်စပ်ပြီးအောင်မြင်တတ်၏။
ဘဝတွင် ခက်ခဲစွာ ရုန်းကန်ယူရမည်ဟူသော လွဲမှားသည့်အတွေးများကို ဖယ်ထားပါ။ လွတ်လပ်ပေါ့ပါးစွာ
ယုံကြည်စိတ်ဖြင့်လုပ်ရင်း လွယ်ကူစွာအောင်မြင်တတ်ပါတယ်။
လက်လွယ်ခြင်းလက်ဖွာခြင်းရှောင်ပါ။ လောင်းကစားနှင့်ဖြတ်လမ်းစီးပွားမှန်သမျှရှောင်ပါ။အလုပ်နှစ်ခု တွဲလုပ်ရမည်။
ပိုင်ပိုင်နိုင်နိုင် ရွေးချယ်ပြီးမှလုပ်ပါ။ ငွေရှာ၍လွယ်မည်။
ဖက်စပ်လုပ်ငန်းကောင်းကျိုးပေးမည်။ လုပ်ငန်းတစ်ခု
မပြီးပြတ်မီအခြားလုပ်ငန်းတစ်ခုလုပ်ရန်အခြေအနေမျိုး မကြာခဏကြုံမည်။
သတိပြုပါ။ ဘဝတွင်အတက်အကျများစွာ ကြုံတတ်၏။ ကုမ္ပဏီအလုပ်၊မန်နေဂျာအလုပ်၊
ဖက်စပ်လုပ်ငန်းအဝတ်အထည်လုပ်ငန်း၊တေးသံသွင်းဆိုင်၊အနုပညာလုပ်ငန်းများ၊ စာပေ၊
ဂျာနယ်၊သတင်းထောက်အလုပ်များအထူးကောင်းကျိုးပေးတတ်၏။အထူးမှာအတတ်ပညာတစ်ခု ထူးခွျှန်ကာ နိုင်ငံခြားအထိ
ရောက်ရှိတိုးတက်သွားတတ်၏။ ဘာမဆိုပြတ်သားစွာရွေးချယ်သင့်ပါတယ်။လိုက်နာသင့်သောသူ၏
အကြံဉာဏ်ကို မာနကင်းစွာအကြံယူလိုက်နာသင့်၏။ မနာလိုမှု၊ ဝေဖန်မှုများ
အမြဲသည်းခံပါ။ခေါင်းမမာပဲ တည်ကြည်စွာကြိုးစားပါ။အထူးအောင်မြင်သွားပါမယ်။ဝါသနာပါ၍
ဆေးပညာလိုက်စားခဲ့ပါက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိပ်ပါရဂူကြီးများဖြစ်တတ်ပါတယ်။
စာရေးဆရာဘက်တွင်အချစ်ရသစာပေဖြင့်အထူးအောင်မြင်နိုင်တယ်။ မည်သို့ပင်ဖြစ်စေမည်သည့်လုပ်ငန်းပဲ လုပ်လုပ် လွယ်ကူစွာဖြင့်
စီးပွားဖြစ်ထွန်းသူများသာဖြစ်တတ်ပါတယ်။ငွေကံပွင့်သူများဟု ဆိုရမည်။
ကျန်းမာရေးအနေအထားများက
အထူးသတိပြုသင့်သည်မှာ ဘာရောဂါမှမဖြစ်သေးဘဲ
အထူးစိုးရိမ်နေတတ်ခြင်းပင်ဖြစ်၏။ သို့သော် တစ်ခါတစ်ရံတွင်
ထင်သလိုပြုမူနေထိုင်ခြင်းအပျော်အပါးလောင်းကစားဘက်တွင်များခြင်းတို့ကြောင့် ကျန်းမာရေးထိခိုက်တတ်တယ်။
အထူးသဖြင့်အတွေးလွန်သဖြင့်အိပ်မပျော်သောရောဂါ ရတတ်၏။
ဝမ်းဗိုက်နှင့်အူလမ်းကြောင်းတွင် ရောဂါရတတ်၏။ သွေးလုံးလေလုံးရောဂါ ရတတ်၏။
လည်ပင်းအကျိတ်ရောဂါနှင့်ဦးနှောက်အာရုကြောရောံဂါတို့ဖြစ်တတ်၏။ သို့သော်နယုန်လမွေးဖွားသူတို့သည်
ရောဂါကြီးကြီးမားမား ဖြစ်ခဲပါသည်။ ကျန်းမာရေးအတွက်အသက်ရူလေ့ကျင့်ခန်း(အာနာပါနကိုအမြဲတမ်း ပြုလုပ်နေထိုင်ပါ။
နယုန်လမွေးဖွားသူတို့သည်အများအားဖြင့် စိတ်အတက်အကျမြန်မယ်တစ်ချီကောင်း ပွပေါက်ကြံတတ်သည်။
ယုံကြည်ရာ စွတ်လုပ်တတ်၏။ထို့ကြောင့်ဘဝသည်လည်းအတက်အကျမြန်၏။
ရွှေတစ်နေ့ငွေတစ်နေ့ဖြစ်နေတတ်ပါသည်။
အိမ်ထောင်ရေးတွင်လည်း သာယာနေပြီးမှ ရုတ်တရက် ပြိုကွဲသွားတတ်၏။
အပြောင်းအလဲမြန်ပြီးဆန်းသစ်မှုကို လိုလားမည်။ ခေါင်းမာစွာတဇွတ်ထိုးလုပ်တတ်တယ်
သူတစ်ပါးအတွက်လည်း စွန့်လွှတ်ရဲတယ်။ ကိုယ်တိုင်လည်း စွန့်လွှတ်ရဲ၏။ ကြိုက်သည်ဖြစ်စေ
မကြိုက်သည်ဖြစ်စေမှန်ရာကိုပြောတတ်၊ လုပ်တတ်လွန်းသဖြင့်အကျိုးစီးပွား ထိခိုက်တတ်၏။
ငွေကြေးအထူးကံကောင်းတတ်တယ် မထင်မှတ်သောအမွေအနှစ်၊ ထီပေါက်စသော ပွပေါက်များကြုံပြီ
း ထိပ်သို့ရောက်သွားတတ်၏။အသင်းအဖွဲ့၊ ကုမ္ပဏီတို့တွင်နေရာကောင်းရသွားပြီးကြီးပွားသွားတတ်တယ် ။
မိဘဆွေမျိုးအထောက်အပံ့ရမှုနည်းတတ်ပြီး ကိုယ်ထူးကိုယ်ချွန်ရပ်တည်အောင်မြင်တတ်ကြသည်။ ဆွေမျိုးများထက်
သူတစိမ်း၊ လူမျိုးခြားကောင်းကျိုးခံစားရပြီး ကြီးပွားတတ်၏။ဘဝတွင် သူတစ်ပါးတို့၏ မနာလိုမှု၊ ဝေဖန်မှု၊
တိုက်ခိုက်မှုတို့ကို မကြာခဏခံရတတ်တယ်ချီးမွမ်းမှုထက်
ကဲ့ရဲ့မှုပြုလိုသူများသာမကြာခဏခံရမည်။ နယုန်လမွေးဖွားသူတို့သည်
အပေါင်းအဖော်မက်မောသော်လည်း အခြေအနေအရ တစ်ယောက်တည်းနေရသောအခါမျိုးတွင်လည်း
ပင်ပန်းစွာ ရုန်းကန်၍ တိုက်ခိုက်ပြောဆို၍ ရင်ဆိုင်မည်ဆိုသောရန်လိုစိတ်ပယ်ပါ။အေးအေးဆေးဆေးပဲဟု
သဘောထား၍လုပ်ပါမယုံသင်္ကာစိတ်၊ စိတ်အားငယ်စိတ်တို့ကို ပယ်ပါ။ ဘယ်ကိစ္စမဆို
ရဲရဲဝံ့ဝံ့နှင့်အေးဆေးတည်ငြိမ်စွာ ပြောဆိုဖြေရှင်းပါ။ လုပ်ကိုင်ပြုမူပါ။
အထူးသဖြင့်အဖြူရောင်၊ ငွေရောင်၊အဝါနုရောင်၊
ဆင်စွယ်ရောင်တို့ကိုအထူးဆောင်ပါ။အနက်၊အညို ရှောင်ပါ။ စိန်ကို
ပလက်တီနနှင့်ကွင်းပြီး လက်စွပ်ဝတ်ပါ။အမျိုးသမီး၊
အမျိုးသားအားလုံး ပလက်တီနမ်နှင့်ဖြစ်စေ၊ ရွှေနှင့်ဖြစ်စေ စိန်ကို
လက်စွပ်ကွင်းပြီး လက်ခလယ်တွင် ဝတ်ဆင်ထားပါ။အမျိုးသားများ
ကြောင်ကျောက်ကို ရွှေနှင့်ကွင်းပြီး လက်ညှိုးတွင် ဝတ်ဆင်ထားပါ။
နှင်းဆီပန်းကိုအထူးဆောင်နိုင်၏။ နှင်းဆီပန်းအဝါ၊အဖြူလာဘ်ကောင်းပါမည်။
ဝါဆိုလမွေးဖွားသူများ
ဝါဆိုလအတွင်း ဖွားမြင်သူများသည် ပင်ကိုယ်သဘာဝအားဖြင့် သြဇာအာဏာရှိသူများဖြစ်မည်။
မိသားစုနှင့်ပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်ကြမည်။အရည်အချင်း ပြည့်ဝပြီးစူးစမ်းဆင်ခြင်ဉာဏ်ပြင်းထန်မယ်။
အသက်ကြီးပိုင်းတွင် ဘာသာတရားကိုလွန်စွာ ကိုင်းရှိုင်းသွားတတ်ကြမည်။ ဉာဏ်အလွန်ထက်၏။
တစ်ခါတရံ၌ဖြစ်လာမည့်ကိစ္စတို့ကို ကြိုသိနေတတ်သော ဉာဏ်စွမ်းပါရမီထူးရှိ၏။
ကိုယ့်ကိုကိုယ်အားကိုး၏။ မိရိုးဖလာအစဉ်အဆက် လုပ်ခဲ့သောအလုပ်များကို ဆန့်ကျင်တတ်၏။
အသံသြဇာကောင်းပြီးအပြောအဆိုကောင်း၏။အစစ ဦးဆောင်ဖြစ်မည်။
အမျိုးဘာသာအကျိုး၊အများကောင်းကျိုး လိုလားပြီး ဆောင်ရွက်တတ်သည်။သို့သော်ခေါင်းမာမယ်အာဃာတကြီးမယ်။
နာကျည်းမုန်းတီးမိက ကလဲ့စားချေရမှကျေနပ်တတ်တယ်။ စိတ်ဓါတ်အားကောင်းသော်လည်း လူအားပျော့၏။
စိတ်တန်ခိုးစွမ်းအားကြီးမားသော်လည်း ကိုယ့်အစွမ်းအစ ကိုယ်မသိ။ စိတ်ဓါတ်ကျလွယ်၏။
ဘဝတွင်အပြောင်းအလဲများစွာကြုံခဲ့မည်။ ဘဝတစ်လျှောက်လုံးအငြိမ်မနေ လှုပ်ရှားသွားလာနေရတတ်တယ်။
စိတ်ထား နူးညံ့သိမ်မွေ့မယ်။ ပင်ကိုယ်စိတ်ဓါတ်အေးဆေးတည်ငြိမ်သလောက် မကြာခဏ
တွေဝေမိုက်မဲစွာပြုလုပ်တတ်တယ်။အေးဆေးတည်ငြိမ်စွာ နေထိုင်လိုသလောက် စိတ်မတည်ငြိမ်ဘဲ လှုပ်ရှားပြောင်းလဲနေတတ်တယ်။
ဆုံးဖြတ်ချက်နောက်ကျတတ်၍အခွင့်အရေးများစွာဆုံးရှုံးသွားတတ်ခြင်းမကြာခဏကြုံတတ်တယ်။
အလွန်အာရုံများမယ်။ စပ်စုမယ်အထိမခံရွှေပန်းကန်များဖြစ်တယ်။
ဂီတအနုပညာကိုမြတ်နိုးမယ်။ သွက်လက်ထက်မြက်မယ်။ စကားများပြီးအပျော်အပါးကြိုက်၏။
အုပ်စုဖွဲ့နေရခြင်းကိုကြိုက်၏။ မိသားစုအသိုင်းအဝိုင်းကိုအလွန်ခင်တွယ်တတ်ကြ၏။
ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်၏။ တရားမျှတမှုကိုကြိုက်နှစ်သက်သော်လည်း
အောင်မြင်ကြီးပွားလိုသော ဆန္ဒနှင့်ကြိုတင်ပူပန်စိုးရိမ်မှု သောကစိတ်တို့ပြင်းထန်၏။
တစ်ခါတရံ တစ်ဖက်သတ်ဆန်ဆန် ပြုမူမိတတ်ကြ၏။အပေါ်ယံအားဖြင့်ဖြစ်သလိုနေတတ်
ပြောတတ်သော်လည်း တိုးတက်ကြီးပွားမှုကိုပြင်းပြင်းထန်ထန်အလိုရှိ၏။
အလွန်ကြိုးစားမယ် ဘဝအစတွင် ခက်ခဲကြမ်းတမ်းပြီး သက်လတ်ပိုင်းတွင်ကြီးပွားတတ်သည်
လူများအပေါ်သြဇာပေးနိုင်တယ်။အလုပ်ကို တစ်ခုမပြီးမီ နောက်တစ်ခုစမိသဖြင့်အောင်မြင်မှုထိခိုက်တတ်၏။
ဘဝမျိုးစုံ ကျင်လည်ရမည် ။ ဖြစ်ကတတ်ဆန်းနေထိုင်ရခြင်းမျိုးကိုလည်း ကြုံရတတ်၏။ထိုက်တန်သော
စည်းစိမ်ဥစ္စာတို့ပြည့်စုံလာသောအခါ လူယုံများကြောင့်လည်းကောင်း၊အတွင်းပစ္စည်းများ လူမသိဘဲလှိုက်စားကုန်သွားတတ်တယ်။
လူမသိသူမသိဘဲကြိတ်ခံရတတ်တယ်။ ဆုံးဖြတ်ချက် တစ်ချက်မှားသဖြင့်အဖတ်ဆယ်မရအောင်
နစ်နာခြင်းမျိုး ကြုံရတတ်၏။ တစ်ချို့ကိစ္စများတွင် စည်းကမ်းတကျကပ်စီးနှဲသလိုဖြစ်နေတတ်သည်။
တစ်ခါတရံအဖိုးတန်ပစ္စည်းများကိုပင်ပေးကမ်းစွန့်ကြဲပစ်တတ်ကြ၏။ လူသေသော်လည်း
နာမည်မသေစေရဟုနှလုံးပိုက်သူများဖြစ်၏။ မှန်သည်ထင်က တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုသလို လုပ်တတ်၏။
ကိုယ်သံယောဇဉ်ကြီးသူများအတွက်အလွန်အနစ်နာခံတတ်ပါတယ်။သနားတတ်တယ်။ သစ္စာရှိတယ်။
မဟုတ်မခံချင်စိတ်၊ သတ္တိဗျတ္တိနှင့် ပြည့်စုံမည်။အထူးသဖြင့်ဘိုးတော် မယ်တော်ပုဂ္ဂိုလ်ပိုင်းမှ
အစောင့်အရှောက် ကြီးမားစွာရှိတတ်၏။အိပ်မက်ထူးများရှိတတ်၏။
ဘာသာရေးကို စိုက်လိုက်မတ်တတ် ကျင့်လှမ်းသွားခြင်းဖြင့်လောကီအကျိုးစီးပွားပါပြည့်စုံလာတတ်လေ၏။
ဝါဆိုလမွေးဖွားသူများသည်အချစ်ကြီးသူများဖြစ်၏။ သို့သော်ချစ်ကံခေသူများ ဖြစ်တတ်ကြ၏။
မေတ္တာရေးတွင်အပေးသမားများဖြစ်၏။အလွန်ချစ်တတ်သောနှလုံးသားပိုင်ရှင်များဖြစ်ပါတယ်
စိတ်ကူးယဉ်ဆန်ပြီး သိမ်မွေ့စွာချစ်တတ်၏။
သို့သော် ကိုယ်ကိုယ်တိုင်ကလည်း တွေဝေစွာ စိတ်ဒွိဟဖြစ်တတ်ကြ၏။ ကိုယ်က နှလုံးသားထက်
ဦးနှောက်ကို ဦးစားပေးကာပြည့်စုံသောဘဝထူထောင်နိုင်ဖို့ ကြိုးစားလိုတတ်ကြ၏။ တွက်ချက် သုံးသပ်ပြီးမှ ကြိုးစားလို၏။
ပြည့်စုံသောဘဝကို ထူထောင်လို၏။အကယ်၍စွန့်စားရမည်ဆိုလျှင်လည်းအရာရာကို စွန့်လွှတ်၍ ချစ်သူနှင့် လက်တွဲရန်
ဝန်မလေးတတ်ကြပါချစ်စိတ်ပြင်းထန်မည်အချစ်ရေးတွင်ကြေကွဲဝမ်းနည်းစရာကြုံတတ်၏။
မိမိချစ်သူကမိဘစကားနားထောင်တာဖြစ်စေ၊ မိမိထက်သာသည်ကိုရွေးချယ်ကာသည်ဖြစ်စေ စွန့်ခွာသွားတတ်၏။
အချစ်ရဆုံးသူကိုလက်လွတ်ရတတ်ပါတယ်။အလွန်လွမ်းစရာကောကင်းသောနှလုံးသားဇာတ်လမ်းဟောင်းများ ရှိခဲ့တတ်ပါလိမ့်မည်။
သို့သော် တကယ်အိမ်ထောင်ပြုပြီးသောအခါထိုကိစ္စအားလုံးကိုအပြီးမေ့နိုင်စွမ်းကြ၏။အိမ်ထောင်ရေး ကံကောင်းတတ်ကြပါသည်။
ကိုယ့်အပေါ် နားလည်ပေးသောအိမ်ထောင်ဖက်ကို ရရှိတတ်၏။ကိုယ်ကလည်းအိမ်ထောင်ဖက်အပေါ်အထူးခင်တွယ်တတ်၏။
ညှာတာတတ် လိုက်လျောတတ်မည်အခြားသူတို့ထက်ပို၍ မိသားစုအပေါ်ခင်တွယ်တတ်ကြပါသည်။
အထူးသတိပေးလိုသည်မှာ ဝါဆိုလမွေးဖွားသူတို့သည် တော်သလင်းလဖွား၊ တပေါင်းလဖွား၊
ပြာသိုလဖွားတို့နှင့်အိမ်ထောင်ဖက် ရွေးချယ် လက်တွဲသင့်ပါသည်။အလုပ်အကိုင်နှင့်စီးပွားရေးအနေအထားများတွင်အရာရာကို စူးစမ်းပြီးမှ လုပ်ကိုင်တတ်ကြတယ်။
အစဉ်အလာ လမ်းရိုးအတိုင်း လုပ်ကိုင်ရခြင်းကိုမနှစ်သက်တတ်ကြပါ။ထို့အပြင်အလုပ်အကိုင်ကိုလည်း
တစ်ခုမပြီးခင် နောက်တစ်ခုပြောင်းလုပ်ချင်မယ်။အတတ်ပညာများကိုလည်း တစ်ပိုင်းတစ်စတွေများတတ်တယ်။ တစ်ခုတည်းဇောက်ချလုပ်ကိုင်တတ်သင့်လှ၏။
စပ်တူလုပ်ကိုင်ခြင်းကိုအထူးရှောင်ကြဉ်သင့်လှပေ၏။ ကိုယ်ပိုင်လုပ်ငန်းကိုယ့်စိတ်ကူးနှင့်ကိုယ် လုပ်ကိုင်ရသော လုပ်ငန်းများကိုရွေးချယ်လုပ်ကိုင်သင့်ပါသည်။
အထူးသဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားလာလှုပ်ရှားကာအာရုံသစ်များကို လေ့လာကာ လုပ်ကိုင်ရသော
ကိုယ်ပိုင်လွပ်လပ်စွာ တွေးခေါ် ဆောင်ရွက်နိုင်သည့်အလုပ်ကို လုပ်ကိုင်ပါ။ ဘာပဲလုပ်လုပ် တခမ်းတနား လုပ်ချင်တတ်ကြတယ်။
စာအုပ်စာတမ်းအကြံဉာဏ်ကောင်းများ ရှာဖွေလိုက်နာတတ်၏။ ငွေရှိလာသောအခါအလှူရက်ရောတယ်။
ဝါသနာပါ၍ ယုံကြည်ရာကိုသာလုပ်ကိုင်တတ်ကြတယ်။အပင်ပန်းခံနိုင်တတ်ကြမည်။
သို့သော် ကိုယ်လုပ်သောအလုပ်တွင်စိတ်ကူးယဉ်မှုများပါနေ၍ ထင်သလောက်မပေါက်ဘဲဖြစ်နေတတ်သည်ကို သတိပြုရန်လိုသည်။
မည်သည့်အလုပ်မဆိုအကျိုးကိုမကြည့်ဘဲ ယုံကြည်ချက်ဖြင့်လုပ်ကိုင်တတ်ကြတယ်။
အလုပ်နှစ်မျိုးတွဲလုပ်ရတတ်တယ်။ သူတစ်ပါးအတွက်ကြားဝင်ခံခြင်းမျိုးပါ ကြုံရတတ်၏။
ပင်ကိုယ်ဗီဇတွင်အလွန်ထက်မြက်သောဉာဏ်ရည်ရှိပြီး စိတ်ကူးကောင်းမည်။အလွန်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်စွမ်းရှိတယ်။
အချိန်တိုတိုအတွင်းအစစ လေ့လာသုံးသပ်ပြီး ပိုင်နိုင်စွာ ဦးဆောင်လုပ်ကိုင်နိုင်စွမ်းရှိမည်။
သို့သော် သူတစ်ပါးတွေနှင့်ဘေးတိုက်ကန့်လန့် မလုပ်မိဖို့တော့လိုပါတယ်။
ပင်ကိုယ်ပါရမီထူးသူဖြစ်၍ဘေးလူတွေကအံ့သြလောက်အောင် ရိုးရှင်းထိမိစွာလုပ်ကိုင်ပြနိုင်စွမ်းရှိ၏။
တစ်ခုတည်းကိုသာ ပိုင်နိုင်စွာ ရွေးချယ်ပြီး ဇွဲရှိရှိလုပ်ကိုင်သွားပါက ထိပ်ဆုံးကို ရောက်သွားတတ်ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းဖြင့်ငွေကြေးဥစ္စာများစွာ ပိုင်ဆိုင်တတ်လေ၏။ စာရေးဆရာအလုပ်ဖြင့်အလွန်ကောင်းကျိုးပေးတတ်၏။
စာအုပ်ထုပ်ဝေရေး၊ စစ်ဘက်၊ ငါးမွေးမြူရေး၊ စားသောက်ဆိုင်၊ သတင်းထောက်ဂျာနယ်လစ်အလုပ်တို့အထူးကောင်းကျိုးပေးတတ်ပါတယ်။
မည်သည့်အလုပ်ကို ရွးချယ်သည်ဖြစ်စေ ဘာသာရေး ဦးထိပ်ပန်ဆင်ပေးပါလေ။ မုချဖြစ်ထွန်းပါလိမ့်မည်။
ဝါဆိုလမွေးဖွားသူများသည် စိတ်ဓါတ်ပြင်းထန်စွာပြုမူလုပ်ကိုင်နေထိုင်ခြင်းကြောင့် အားအင်ကုန်ခန်းသလိုမျိုး
မလှုပ်ရှားချင်၊နုံးခွေနေသော ရောဂါမဟုတ်သည့် ရောဂါကို ခံစားရတတ်၏။
အမှန်အားဖြင့် ပင်ကိုယ် ကျန်းမာရေးဓါတ်ခံအား၊ သက်လုံကောင်းသူများဖြစ်ကြပါတယ်။
ကျန်းမာရေးနှင့်ဆိုင်သော ဗဟုသုတလည်းရှိတယ်။ သူတစ်ပါးအားအကြံဉာဏ်ပေးခြင်း၊ ဆေးဝါးဓါတ်စာ ညွှန်ကြားခြင်းဖြင့် ကူညီတတ်တယ်။
ကိုယ်တိုင်ကမူ နေချင်သလိုနေ၊စားချင်သလို စား၏။ပေပေတေတေနေ၏။
သူတစ်ပါးစကား နားမထောင်ကိုယ်သိသလိုလည်း မလိုက်နာထို့ကြောင့် ကျန်းမာရေး ထိခိုက်တတ်၏။
အရေပြား ယားယံတတ်၏။ သက်လတ်ပိုင်းတွင် ဆီးချို၊သွေးတိုး ရောဂါတို့ ရတတ်၏။
ဆေးကုသရန်၊ ဆရာဝန်ပြရန်အလွန်ဝန်လေးတတ်ကြတယ်။
မကြာခဏ ကိုယ်လက်ထုံချင်ကိုက်ခဲတတ်ကြ၏။အနာစိမ်းပေါက်တတ်တယ်အထူးမှာ ကင်ဆာနှင့်သွေးတိုးသတိပြုသင့်၏။
ကျန်းမာရေးညံ့သောအခါမျိုးတွင်ကျောက်စိမ်းဆောင်ထားသင့်၏။
ဝါဆိုလမွေးဖွားသူတို့သည် သဘာဝဘေးအန္တရာယ်အားဖြင့် ရေဘေးအန္တရာယ်မျိုး ရင်ဆိုင်တတ်ရ၏။
ရေသောက်သောအခါမှာပင်အခန့်မသင့်ဘဲ ရေသီးခြင်းဖြစ်တတ်ပါတယ်။
ရေလမ်းခရီးသတိပြုဆင်ခြင်သင့်ပါသည်ဝါဆိုလဖွားသူအများစုသည်ရေနှင့် ပတ်သက်၍အထူးသတိထားသင့်၏။
နေအိမ်တွင်ရေကူးကန်ထားခြင်းကိုပင် ဆင်ခြင်သင့်လှ၏။ဘဝတွင်အတက်အကျအပြောင်းအလဲအလွန်မြန်၏။
တစ်ခါတရံ တည်ငြိမ်အေးချမ်းစွာတည်ရှိနေသလောက် တစ်ခါတရံတွင်အရှိန်အဟုန်ပြင်းစွာလျှောက်လှမ်းနေရတတ်သည်။
တစ်ခါတစ်ရံမေတ္တာတရားဖြင့်အေးချမ်းစွာရှိနေသလောက် တစ်ခါတစ်ရံတွင် စစ်မြေပြင်မှ သူရဲကောင်းတစ်ဦးပမာရင်ဆိုင်ဖြေရှင်းနေရတတ်ပါတယ်
ဘဝအစပိုင်းတွင်အဖိအနှိပ်များ ခံခဲ့ရတတ်တယ်။ နှလုံးသားရေးတွင်လည်းအချစ်ဦး၊ ရည်းစားဦးတို့၏ ချိုးနှိမ်စွန့်ပစ်မှုတို့ဖြင့်နာကျင်ခဲ့ရတတ်တယ်။
ဘဝကိုတိုက်ပွဲတစ်ခုပမာရင်ဆိုင်ရုန်းကန်ရတတ်ပါတယ်။
ကိုယ်တိုင်ကလည်းနှမြောတွန့်တိုခြင်း၊အလှူရက်ရောခြင်းနူးညံ့သိမ်မွေ့ခြင်း၊ ကြမ်းတမ်းခက်ထန်ခြင်း စသည့်အစွန်းတရားများရောပြွမ်းနေတတ်၏
ကံကောင်းလာပြီဆိုမိုးပေါ်ကကျသလို ကောင်းတတ်ကြ၏။
သိကြားမင်းမသလိုကောင်းလာတတ်သည်။ လှပသောစိတ်ကူး၊ထူးခြားသောညာဏ်ရည်တို့ဖြင့် ရိုးရိုးနှင့် ထိမိအောင်နေတတ်၊
ဝတ်တတ်ပြောတတ်လုပ်တတ်သဖြင့် တိုးတက်တတ်ကြမည်။ သီလရှိခြင်း၊သစ္စာရှိခြင်း၊ ပွင့်လင်းခြင်း၊
မဟုတ်မခံသတ္တိ၊ ဗျတ္တိရှိခြင်းတို့ကအောင်မြင်မှုဆီသို့ တွန်းပို့ပေးသောစွမ်းရည်များဖြစ်၏။
ငယ်ကဆင်းရဲ၏ဖခင်နှင့်ဝေးခဲ့ရတတ်၏။ဘဝတွင်တောတောင်ဥယျာဉ်ပန်းခြံတို့၌ တစ်ယောက်တည်း မကြာခဏအနားယူလျှက်
ခေါင်းအေးအေးဖြင့် စဉ်းစားလုပ်ဆောင်သွားသင့်၏။ဘဝတွင် ငွေရလာသောအခါ စုဆောင်းရ ခက်ခဲတတ်၏။
အထူးစည်းစနစ်တကျစုဆောင်းသင့်၏။အားလုံးတို့အတွက် ဘဝသက်တမ်းတစ်လျှောက်ကံကောင်းစေရန်၊
လာဘ်ရွှင်စေရန်၊ ရာထူးတိုးစေရန်၊စိတ်ချမ်းသာစေရန်၊အထူးကောင်းကျိုးပေးသော
အရောင်များမှာအစိမ်းနုရောင်၊ လိမ္မော်ရောင်၊အဖြူရောင်၊ နို့နှစ်ရောင်တို့ဖြစ်၏။
အရောင်နုများကိုအထူးသုံးသင့်၏။ တစ်ခါတစ်ရံမှသာ ဖဲစကဲ့သို့အရောင်တလက်ထသော ငွေရောင်၊
ဖက်ဖူးရောင်တို့ကိုဝတ်ဆင်သုံးစွဲခြင်းဖြင့်အထူးအောင်မြင်တိုးတက်ပါလိမ့်မည်။
နှလုံးသားရေးကိစ္စတွင်အထူးကြုံသောအခါ ဖက်ဖူးရောင်နှင့်ပန်းနုရောင်ကိုသုံးစွဲပါ။
စာမေးပွဲကိစ္စ၊အင်တာဗျူးကိစ္စတို့ကြုံသောအခါအပြာနု၊အစိမ်းနုနှင့် နို့နှစ်ရောင်ကိုသုံးပါအလွန်ထူးခြာစွာအောင်မြင်လိမ့်မည်
ပုလဲကိုအမြဲဆောင်ထားသင့်၏လာဘ်ရွှင်ခြင်း၊ ငွေဝင်ခြင်း၊ငွေမြဲခြင်းတို့ဖြစ်တတ်၏။
ဂန္ဓာပန်းအဖြူ၊ ကြာပန်းအဖြူ၊ ကြာပန်းအနီ၊နှင်းဆီပန်း ပန်းရောင်နှင့် စံပယ်ပန်းတို့ကိုအလှထိုးခြင်း၊ဘုရားပန်းကပ်လှူခြင်းပြုပါ။
ကံပွင့် လာဘ်ပွင့်၍ စိတ်ချမ်းသာစေတတ်ပါသည်။
အရေးတကြီးကိစ္စကြုံက ၎င်းင်းတို့ကို ဆောင်၍ဖြစ်စေ၊ ဘုရားစင်တွင်လှူ၍ဖြစ်စေ ဆောင်ရွက်ကအထူးအောင်မြင်တတ်၏။
ဘဝကို လမ်းဘေးရောက်နေသောအခြေအနေမျိုးမှ ပြန်လည် ထူထောင်ကာ ကြိုးစားပြီးတိုးတက်လာရတတ်၏။
ဝါဆိုလမွေးဖွားသူတို့သည် သူမတူအောင်ဆွဲဆောင်မှုရှိတတ်၏ဟန်ပန်အမူအရာ ပင်ကိုဓါတ်ခံညှို့အားကောင်း၏။
ရိုးရိုးရှင်းရှင်းနှင့်အေးဆေးတည်ကြည်စွာ ကြိုးစားပေးဖို့လိုပါတယ်သြဇာအာဏာပြည့်ဝသော ဟန်ပန်အမူအရာ
ရုပ်သွင်တို့ကပင်ဘဝအောင်မြင်မှုအတွက်အထောက်အပံ့ဖြစ်တတ်၏။
သို့သော်ဘဝတွင် ကံကြမ္မာအလှည့်အပြောင်း၊အကြောင်းမသင့်၍နစ်နာချိန်၊ ကျရှုံးချိန်တို့တွင်အကူအညီရခဲ၏။
မကူညီသည့်အပြင်ဘဝတက်လမ်းကို နှောက်ယှက်သူ၊ ပိတ်ပင်သူများပင် ကြုံတတ်၏။
ဝါဆိုလဖွားတို့၏ဘဝသည်အလွန်အထီးကျန်ဆန်တတ်၏။ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပေးမှ မြင့်မားသော ဘဝကို ရရှိတတ်၏
အောင်မြင်ကျော်ကြား၏။ မိတ်ဆွေကောင်းအလွန်ရှား၏။ ကိုယ့်အနီးအပါးတွင် လာခိုသူများသာ များတတ်၏။
ကိုယ်ကအားကိုး၍မရ။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပါ။
ဝါဆိုလဖွားတို့သည် ပထမပိုင်းတွင် ဘာမှမယုံတတ် လုပ်မှရသည်ုဟူသောရုပ်ဝါဒကိုသာ လက်ခံတတ်၏။
ဘဝအလှည့်အပြောင်းကြုံပြီးမှဘာသာရေးကိုအထူးသက်ဝင်ယုံကြည်ကာအထူးလေ့လာအားထုတ်တတ်၏။
ဘာသာရေးကြောင့်အောင်မြင်တတ်ပါသည်။
(၁)အငြိုးအတေးထားပြီး ကလဲ့စားချေတတ်သောအစွန်းရောက်စိတ်ကို ပယ်ပါ။
(၂)ကိုယ်ကိုယ်တိုင်ရရှိသော စိတ်ကူးကောင်းအကြံကောင်းများကိုအကျိုးမဲ့ရှောက်ပြောခြင်းမပြုဘဲ လက်တွေ့အကောင်အထည်ဖော်ပါ။
(၃)မိတ်ဆွေ၊ ဆွေမျိုးတို့အပေါ်အနွံတာခံပြီးပေါင်းသင်းပါ။ ကင်းကွာမနေပါစေနှင့်။
(၄) ဘာသာရေးအထူးဖက်တွယ်ပါ။ ထို့အတူ မမြင်အပ်သော နာမ်လောကပိုင်းနှင့် စပ်ယှဉ်၍ သဘာဝကျကျ လက်ခံကာ မေတ္တာ ဘာဝနာပွားများပါ။
ဝါခေါင်လမွေးဖွားသူများ
ဝါခေါင်လမွေးဖွားသူများသည် ဂုဏ်ကျက်သရေရှိသူများဖြစ်ပြီးအစစအရာရာခေါင်းဆောင်လိုစိတ်ရှိတယ်။အစစ စွန့်ဦးတီထွင်ကြံဆနိုင်သော
အစွမ်းသတ္တိနှင့် ပြည့်စုံတယ်။ စိတ်အားထက်သန်သူများ ဖြစ်ကြမယ်။
မိမိကိုယ်ကိုအလွန်အထင်ကြီးတတ်ကြတယ်မည်သည့်ကိစ္စမဆိုလိုသည်ထက်ပို၍ ပြောလို၊ လုပ်လို၊ သုံးစွဲလိုတတ်ကြ၏။
ပညာရှိသုခမိန်ဖြစ်တတ်တယ်။ ရဲရင့်ထက်မြက်ပြီးတည်ကြည်၏။
ယောက်ျားပီသတယ်။အမျိုးသမီးများသည်လည်းယေက်ျားဆန်ဆန် ထက်မြက်တတ်ကြတယ်။
သစ္စာရှိတတ်ကြတယ်ကတိသစ္စာကိုအလွန်တန်ဖိုးထားတတ်ကြတယ်။ထက်မြက်ရုံသာမကစိတ်ဓါတ်ပြင်းထန်သူများဖြစ်တယ်။
သူတစ်ပါးက မိမိအား မြောက်စားခြင်း၊နေရာပေးခြင်း၊ ဆရာတင်ခြင်း၊ ဦးစားပေးခြင်း ဖြစ်လာပါကအချိန်ကုန်ငွေကုန်ခံ၍
ကိုယ်ကျိုးစွန့်၍အားပါးတရ လုပ်တတ်၏။
အမုန်းခံစရာရှိကအမုန်းခံ၍အားကြိုးမာန်တက် ဆောင်ရွက်ပေးတတ်၏။
ကိုယ့်ကိုမြှောက်ပင့်မှန်းသိသိနှင့်ပင် သာယာနေတတ်၏။ ဟန်နှင့် ပန်နှင့်နေတတ်၏။
အသေးအဖွဲကိစ္စများကို ငွေမည်မျှပင်ရပါစေ စိတ်မဝင်စား။
စမတ်ကျကျနှင့်လူအထင်ကြီးမည့်ကိစ္စများကိုဆိုလျှင်ငွေရနည်းသည်ဖြစ်စေ လုပ်ကိုင်လိုတယ်။
အားနည်းချက်မှာ ဘာပဲလုပ်လုပ် မလိုအပ်ဘဲအကျယ်ချဲ့ခြင်း၊အချိန်ဆွဲခြင်း၊ ဇီဇာကြောင်ခြင်း၊ သူတစ်ပါးအကြံလက်မခံခြင်း၊
သူတစ်ပါးအကြံဉာဏ်ယူရတာကိုအောက်ကျသည်၊သိက္ခာကျသည်ဟု မာနတင်းကာအကြံကောင်းများ
လက်လွတ်ခံခြင်းတို့ပင်ဖြစ်တတ်တယ် သို့သော်အမြင်ထူးခြားတယ်။ ဘယ်တော့မှ နောက်မတွန့်တတ်။
လူဖြောင့်စိတ်တိုများဖြစ်မည် စိတ်မြန်သည်။အားမနာတတ်။
မခံချင်စိတ်ကြီးမားသဖြင့် ခက်ထန်သည်။ မှန်သည်ထင်က မည်သူ့ကိုမှသည်းမခံတတ်ရာသက်ပန်တစ်ခုတည်းသောတရားသေဝါဒကို
စွဲကိုင်ထားတတ်တယ်သူများတကာနှင့်အမြင်မတူတတ်ကိုယ်ကိုင်စွဲသော ဝါဒအတိုင်းခံယူလျှောက်လှမ်းတတ်တယ်ငြင်းခုံစရာရှိက
အခိုင်အမာငြင်းခုံတတ်တယ် ဆန့်ကျင်စရာရှိက ရဲရဲဆန့်ကျင်တတ်တယ်ဥပဒေစည်းကမ်းများကိုအသစ်ပြုပြင်ပြောင်းလဲပစ်လိုသူများဖြစ်ကြမယ်
အခွင့်အရေးကိုလည်း မရရအောင်ယူတတ်ကြတယ်။ မှန်သည်ထင်က ပြောရဲ၊ လုပ်ရဲသောသတ္တိရှိမယ်
သူတစ်ပါးကို ရန်လိုသောစိတ်မရှိ ကိုယ့်အပေါ် လျှို့ဝှက်ရန်သူများ
ရှိနေတတ်ကြတယ် စီးပွားရေးဘက်တွင်အားနည်းတတ်ကြတယ်စိတ်ထိခိုက်လွယ်မယ်။
တစ်ယောက်တည်းကြိတ်ပြီးမွန်းကြပ်နေအောင်ခံစားရခြင်းမျိုး မကြာခဏကြုံရတတ်သည် သူတစ်ပါးကိုအားပေးစကား
မပြောတတ်သလိုကိုယ်တိုင်ခံစားစရာရှိက ဖြေမဆည်နိုင်အောင်ခံစားချက်ကြီးတတ်တယ်။
ဘဝတွင် ကျွမ်းကျင်မှုတွေများပြီးရွေးချယ်ရခက်နေသောအနေအထားတို့များစွာ ကြုံရတတ်ပါတယ်
ဟိုစပ်စပ်ဒီစပ်စပ်နေရာတကာဝါသနာပါမယ် ဂမ္ဘီရပါရမီရင့်သန်မည်။ စည်းကမ်းဘောင်အတွင်းနေမှကောင်းစားပါမည်။
တစ်ခုခုစည်းဖောက်မိက သူတစ်ပါးထက် ဘဝနာတတ်ပါတယ်
ဥပဒေနှင့်မကင်းသောအလုပ်တို့ လုပ်မိပါက သူများထက်ပိုထိနာတတ်ပါတယ်
ကြိုးစားရချိန်တွင်အားမာန်အပြည့်ရှိသလောက်အောင်မြင်သွားချိန်တွင် စိတ်ပျံ့လွင့်ပြီးအပျော်အပါးဘက်လိုက်သွားတတ်တယ်
ဘဝသက်တာတွင်ငွေကိုအားတိုက်ပြီးကိုယ်စွမ်းညာဏ်စွမ်းနှင့်ကြိုးစားပြီးရှာရတတ်သည်။
စိတ်သဘောထားကောင်းမွန်ခြင်း၊အကင်းပါးခြင်း၊ လိမ္မာပါးနပ်စွာပြောဆိုပြုလုပ်တတ်ခြင်း၊ စာပေဗဟုသုတအသိညာဏ်နှင့်ပြည့်စုံခြင်းတို့ကြောင့်
ဘဝတွင် လူတစ်လုံးသူတစ်လုံးဖြစ်အောင်ကြီးမြင့်တတ်ကြမည်။
ဝါခေါင်လမွေးဖွားသူတို့သည်အချစ်ကြီးသူများဖြစ်တယ်ပင်ကိုယ်စိတ်ဓါတ်ရဲရင့်ထက်မြက်သလောက် နှလုံးသားရေးတွင်အရှုံးပေး၍
ချစ်တတ်ကြတယ်။ ဘဝကိုအချစ်ဖြင့်တည်ဆောက်လိုကြသည်။
မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ထင်မိထင်ရာတမ်းတမ်းစွဲချစ်မိတတ်ကြမည်
ဘဝတွင်ဝါခေါင်လဖွားအများစုသည် လူပျိုကြီး၊အပျိုကြီးများဖြစ်တတ်ကြတာများပါမည်။
အိမ်ထောင်ပြုသောအခါ သစ္စာကြီးမားသူများဖြစ်တယ်။
မိမိချစ်သူအပေါ်အိမ်ထောင်ဘက်အပေါ်အထူးသစ္စာထားတတ်တယ်မိမိချစ်သူ၊ မိမိအိမ်ထောင်ဖက်အတွက်
စိတ်ချမ်းသာအောင်မည်သို့ဆောင်ရွက်ပေးရမည်ကိုအမြဲကြံဆနေတတ်ကြသည်အိမ်ထောင်ဖက်မှာအမျိုးသား၊အမျိုးသမီးအားလုံး
မိဘစီမံသောအိမ်ထောင်ရေးကို လက်ခံသင့်ပါတယ်။
ကိုယ့်သဘောနှင့်ကိုယ် ဆုံးဖြတ်ကအိမ်ထောင်ရေးသောကကြုံရတတ်တယ်။
ထို့အပြင်ချစ်တတ်သောစရိုက်ကိုပြသင့်ပါတယ်အိမ်ထောင်ဖက်အပေါ်တွင်ဖြစ်စေ၊ကိုယ့်ချစ်သူအပေါ်တွင်ဖြစ်စေ ကိုယ့်ဘက်ကအမြင်သက်သက်ဖြင့်
သုံးသပ်ခြင်း၊ ဆုံးဖြတ်ခြင်းမပြုဘဲ နားလည်မှုထားပေးကစိတ်ချမ်းသာမှုရရှိတတ်ကြပါမည် မည်သည့်ကိစ္စမဆိုမာနသိက္ခာမကြည့်ဘဲ
အကျိုးရလာဒ်ဖြင့် ချင့်ချိန်ပြီးလုပ်မှ စီးပွားဖြစ်တတ်မည်။
အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်း၊ ပန်းချီအနုပညာ၊ စစ်ဘက်၊ တည်ဆောက်ရေးလုပ်ငန်းဖိနပ်လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းများဖြင့်အထူးကောင်းကျိုးပေးမည်။
ဝါခေါင်လမွေးဖွားသူများသည် ကျန်းမာရေးတွင် ရောဂါကြီးများစွာမဖြစ်တတ်ပါ။အသေးအဖွဲမျှသာ ဖြစ်တတ်ပါသည်။
ကျန်းမာသန်စွမ်းတတ်ကြပါသည်။ သို့သော် မိမိကိုယ်ကိုယ်ဟိုရောဂါရှိသလိုလို၊ သည်ရောဂါရှိသလိုလိုနှင့်ထင်ယောင်ထင်မှားဖြစ်တတ်ကြ၏။
ထူးထူးဆန်းဆန်းခံစားရသည်ဟုလည်းသံသယစွဲနှင့်ရောဂါအမည်တပ်တတ်ကြတယ် စိတ်ရောဂါတစ်မျိုးဟုသာဆိုရပေမည်။
အထူးသတိပြုရန်မှာဘယ်အကြောင်းနှင့်မှ စိတ်ဆင်းရဲမခံကြပါနှင့်စိတ်ပင်ပန်းမှုကြောင့် နှလုံးရောဂါနှင့် သွေးတိုးရောဂါ ဖြစ်တတ်ပါမည်။
မျက်စေ့မှုံတတ်ကြ၏အသေးအဖွဲအားဖြင့် ခေါင်းကိုက် ဇက်ကြောတက်အာရုံကြောရောဂါတို့သာ မကြာခဏဖြစ်တတ်ကြမယ်။
အစာအိမ်ခွဲစိတ်ရခြင်းမျိုးကြုံရတတ်သည်။
ဝါခေါင်လမွေးဖွားသူတို့သည် မီး၊အပူလောင်၊ လျှပ်စစ်ရှော့ခ်ဖြစ်ခြင်းတို့ကိုအထူးသတိထားပါ။
မီးဘေးအန္တရာယ်ကိုအစစကြိုတင်သတိရှိသင့်ပါသည်။
လျှပ်စစ်မီးနှင့်စပ်ယှဉ်သောနေရာတို့တွင်အသးအဖွဲမှစလျှက် သတိပြုသင့်ပါသည်။
လျှပ်စစ်လျှော့ဖြစ်တတ်တယ်အပူလောင်တတ်ပါသည်။
ငွေကြေးဥစ္စာ မထင်မှတ်ဘဲရရှိပြီး ဘဝအမြင့်သို့တက်လှမ်းသွားနိုင်ကြမည်။
အများအပေါ် ဦးဆောင်နိုင်စွမ်း ရှိမည် ကိုယ်လုပ်မှအကောင်းထင်တတ်ခြင်းအာဏာပြမိတတ်ခြင်းတို့ကြောင့် ဘဝတွင် ထိခိုက်နစ်နာတတ်ပါတယ်။
စာပေဗဟုသုတများပြီးအသိဉာဏ်ရှိမည်။ မည်သူ့ကိုမှအောက်မကျို့ဘဲရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်တယ်။
အထက်လူကြီးတို့ကအထင်လွဲတတ်တယ်။
ဝါခေါင်လမွေးဖွားသူတို့သည်ရဲဝံ့စွန့်စားသူများဖြစ်၏။ နိုင်ငံရပ်ခြားသို့ သွားရတတ်၏။
သူတစ်ပါးအတွက် ကြားမှအနစ်နာခံမိ၍ ဘဝတွင် ထိခိုက်နစ်နာတတ်သည်။
ရရှိသောအောင်မြင်မှုနှင့် ပစ္စည်းဥစ္စာတို့ကို တန်ကြေးမထားတတ်၍နစ်နာတတ်တယ်ဘဝတိုးတက်အောင်မြင်စေရန်အရက်သေစာနှင့် စီးကရက်ကိုအထူးရှောင်ပါ။
သူတစ်ပါးအိမ်ယာကိုအထူးရှောင်ပါအပျော်အပါးလျှော့ပါ။ ၎င်းသုံးချက်ကိုသာအဓိကဆင်ခြင်ပါကစည်းကမ်းကြီးခြင်း၊ သန့်သန့်ခန့်ခန့်နေတတ်ခြင်း၊
စနစ်တကျလုပ်တတ်ခြင်းတို့ကြောင့် ဘဝတွင်အောင်မြင်မည်။
စိတ်ထက်ခြင်း၊စိတ်ခိုင်ခြင်း၊ ဝီရိယကြီးခြင်းတို့ကအောင်မြင်မှုကိုပံ့ပိုးပေးလိမ့်မည်။
ရဲရဲတောက် ကျောက်အနီကို လက်စွပ်ကွင်း၍ ဝတ်ထားပါ။
တော်သလင်းလမွေးဖွားသူများ
တော်သလင်းလတွင်မွေးဖွားသူများ ပင်ကိုယ်သဘာဝအားဖြင့်အတွေးအခေါ်ဉာဏ်ပညာထက်မြက်သော်လည်း
စိတ်မငြိမ်စိတ်မြန်လွန်းတတ်တယ်စိတ်ခံစားချက် ပြင်းထန်သူများဖြစ်သည်။
အစစအရာရာစဉ်းစားပြီးပြုမူ၊ နေထိုင်လုပ်ကိုင်တတ်ကြသည်။
ဘဝတွင်လူချစ်လူခင်များသည်အနုပညာဝါသနာကြီးသည်။
မိတ်ဆွေအပေါင်းအသင်းတို့ကို ခင်မင်တွယ်တာတတ်သည်။
လွတ်လပ်မှုကိုအလွန်ကြိုက်သည်။ စည်းကမ်းဘောင်တွေကိုအလွန်မုန်းသည်။ ဘယ်တော့မှ မလိမ်တတ်၊ မညာတတ်သူများဖြစ်သည်။
စိတ်ထိခိုက်လွယ်သည်။ တဇွတ်ထိုးလုပ်ချင်တတ်သည်။
ဘယ်အခက်အခဲကိုမှ နောက်မဆုတ်၊ နောက်မတွန့်တတ်။ မြင့်မြတ်သောနှလုံးသားပိုင်ရှင်များဖြစ်သည်။
သို့သော်နှလုံးသားခံစားချက်ကိုဦးစားပေးလွန်းသည်။ ငွေကြေးမှအစအခွင့်အလမ်းကိုမကြည့်စိတ်ခံစားချက်ကိုသာအဓိကထား၍ ဆုံးဖြတ်ဆောင်ရွက်တတ်သည်။
ကိုယ်ယုံကြည်ရာကို ရဲရဲဆုံးဖြတ်လုပ်ကိုင်တတ်သည်။
သည်းခံနိုင်စွမ်းရှိသည်။ သို့သော် စိတ်ဆန္ဒစောသည်။
ကြာရှည်စောင့်ဆိုင်းလုပ်ကိုင်နေခြင်းမျိုးကိုစိတ်မရှည်ကြသူများဖြစ်သည်။တော်သလင်းလမွေးဖွားသူတို့သည် ဉာဏ်ပညာအမြင့်မားဆုံး၊
အထူးချွန်ဆုံးသူများဖြစ်သည်။ (၁၂)ရာသီဖွားတို့တွင် ဉာဏ်ပညာတွင်ထိပ်ဆုံးကဖြစ်သည်။
ဖြတ်ထိုးဉာဏ်အလွန်ကောင်းသည်အပြင်ပန်းဘာသိဘာသာနေတတ်ကြပြီးအလွန်အကွက်မြင်သည်။
ထိုးထွင်းဉာဏ်ကောင်းသည်။ ဘာသာစကားနှင့်စာပေအသိပညာတို့တွင်အတိတ်ဘ၀ ပါရမီထူးသူများဖြစ်သည်။
ထက်မြက်သော ဉာဏ်ပညာကိုစနစ်တကျကြိုးစားအသုံးချသွားပါက ဘဝတွင်ထိပ်ဆုံးသို့ရောက်နိုင်စွမ်းအောင် တော်ကြ၊ ထက်ကြသူများဖြစ်သည်။
ကိုယ့်အစွမ်းအစကိုသိဖို့၊ ကြိုးစားဖို့တော့လိုတယ်။
ရိုးရိုးနှင့်တည်တည်ကြည်ကြည်ပြောဆိုလုပ်ကိုင်တတ်ကြသည်။
ထိုအသွင်သဏ္ဍာန်ကပင်ထူးခြားနေတတ်သည်ငွေရှာတတ်သည်၊ ငွေရှာကောင်းသည်။
ထို့အပြင်ငွေအသုံးအစွဲစည်းကမ်းကောင်းသည်။ လောင်းကစားကိုဝါသနာသိပ်မပါတတ်ကြပါ။
သို့သော်စွန့်စားဝံ့စွန့်စားရဲတတ်ကြသည်ဆုံးဖြတ်ပြီးကပုံအောပြီးလုပ်ဝံ့ကြသည်။
ငွေကိုအထူးချွေတာသုံးစွဲတတ်ကြသည်အလုပ်တွင်လည်းစည်းစနစ်ကောင်းကြသည်။
သူတစ်ပါးစိတ်မဝင်စားသောအလုပ်တို့ကို စိတ်ဝင်စားတတ်ကြသည်။ ရိုးသားသူများကိုကူညီတတ်ကြပြီးသဒ္ဓါတရားကောင်းတယ်။
စိတ်ဆိုးမပါိကခွင့်မလွှတ်တတ်ကြ။ ဟန်ဆောင်ခြင်းကိုအလွန်မုန်းသည်။
ဉာဏ်ပညာထက်မြက်ပြီး သိလွယ်တတ်လွယ်တတ်ကြသည်။ စာဖတ်၊ စာကျက်ရာတွင်မြန်သည်။
သဘောပေါက်လွယ်သည်။ မှတ်ဉာဏ်ကောင်းမည်။
စိတ်ဝင်စားရာကိုစွတ်လုပ်တတ်ကြသည်။ ဘဝတွင် စနစ်တကျကြိုးစားသွားကထိပ်ဆုံးသို့ရောက်တတ်သည်။
အချို့ကိစ္စများတွင် စိတ်ထက်စိတ်ကြီးပြီးမဟုတ်မခံမာနရှိသည်။အပြောအဆိုချိုသာသည်။
ဘာမဆိုကိုယ်တိုင်လုပ်ရမှ ကျေနပ်ကြသည် စိတ်ကြီးသဖြင့်ခက်ထန်သလိုထင်ရသည်။
စည်းစနစ်ကြီးသဖြင့်အပေါင်းရခက်သလိုဖြစ်တတ်သည်။ တပည့်ကောင်းမရတတ်။
ကိုယ်သင်ပြမြှင့်တင်ပေး၍ ထိပ်ရောက်သွားသူများရှိပြီးကိုယ်ကိုပြန်မကြည့်တတ်ပါ။ စေတနာများများထားကစေတနာစော်ကားခံရတတ်သည်။
စိတ်ငြိမ်စွာထားပြီး ကြိုးစားကာကိုယ်တိုင်ထိပ်ဆုံးနေရာကို ရယူသင့်ပေသည်အချစ်ကြီးသူများဖြစ်ကြတယ်။
နှလုံးသားသိမ်မွေ့ပြီးအချစ်ကြီးပြီးအချစ်ကိုဦးစားပေးတတ်ကြသည်။တစ်ဦးတစ်ယောက်ကို လွယ်လွယ်နှင့်မိတ်မဖွဲ့တတ်သလို
သံယောဇဉ်တွယ်မိရင်လဲစွဲနေတတ်တယ်။
တော်သလင်းလမွေးဖွားသူတို့သည်အလွန်စန်းပွင့်တတ်ကြတယ်။
အိမ်ထောင်ရေးတွင်လည်းအများအားဖြင့်ကံကောင်းတတ်ကြတယ်။ ချစ်မေတ္တာကိုပွင့်လင်းစွာမပြတတ်ပါ။
အချစ်ကြီးသလောက် သိုသိပ်နေတတ်၏။ ထို့ကြောင့်အိမ်ထောင်ရေး၌ပြဿ နာလေးတွေကြုံရတတ်ကြရမယ်။
အရှက်အကြောက်ကြီးခြင်း၊သိက္ခာထိန်းခြင်းတို့ကြောင့် ကိုယ့်အိမ်ထောင်ဖက်ကကိုယ့်မေတ္တာသံယောဇဉ်ကို သံသယဝင်ခြင်းခံရတတ်မယ်။
ကိုယ့်အိမ်ထောင်ဖက်အပေါ် စည်းကမ်းဘောင်များဖြင့်စနစ်တကျချုပ်ကိုင်လိုကြမယ် ကိုယ့်အိမ်ထောင်ဖက်အပေါ်စိတ်တိုင်းမကျဖြစ်နေတတ်တယ်။
ကိုယ့်အသိုင်းအဝိုင်းကလည်းကိုယ့်အပေါ်သဘောမကျကြောင်း၊ စိတ်တိုင်းမကျကြောင်းတို့ကိုမကြာခဏအပြစ်ဖွဲ့ပြောခြင်းခံနေရတတ်၏။
သို့သော်အိမ်ထောင်ဖက်ကပါးစပ်ဖြင့်မည်မျှပြောစေကာမူ စိတ်ထဲကကျိတ်ပြီးကိုယ့်ကိုသဘောကျနေတတ်တယ်။
ကိုယ့်အိမ်ထောင်ဖက်ကကိုယ့်အပေါ်အနိုင်ယူသြဇာပေးနေသည်ဟုလည်း ထင်နေတတ်တယ်။
အထူးသတိပြုရန်မှာကိုယ့်အိမ်ထောင်ဖက်အပေါ်သည်းခံလိုက်လျောဖို့ မေ့နေတတ်ပြီးအမြဲလိုလိုအရွဲ့တိုက်နေမိတတ်၏။
စိတ်လိုက်မာန်ပါ ပြုမူမိတတ်တယ် သားသမီးကံကောင်းတတ်ကြမည်။
သားသမီးတို့အပေါ်အထူးအလိုလိုက်တတ်တယ်အိမ်ထောင်ပြုရာတွင် တပိုတွဲလဖွားတို့ကိုအထူးရှောင်ပါ။
အိမ်ထောင်ရေးအဆင်ပြေချောမွေ့ပါလိမ့်မည်။
ကျန်းမာရေးညံ့လျှင်ခဏသာဖြစ်၏။အပင်ပန်းခံမှုကြောင့်ကျန်းမာရေးညံ့တတ်၏။ ဗိုက်နာ၊ လေနာ၊ ရင်နာ၊ နှလုံးတုန်ရင်ခုန်၊
ဆီးရောဂါ၊ ခေါင်းကိုက်၊ ဇက်ကြောထိုးရောဂါတို့အသေးအဖွဲမျှဖြစ်တတ်တယ်အမျိုးသမီးများမီးယပ်သတိပြုဆင်ခြင်ပါ မကြာခဏ
အနားယူပြီးနှစ်ခြိုက်စွာအိပ်ပါ။ ကျန်းမာရေးအထူးကောင်းပါမယ်။
ကျန်အချိန်တို့တွင် စိုးရိမ်ရန်မရှိပါ။
ရေလမ်းခရီးသွားလာရာတွင် ဆင်ခြင်သတိရှိသင့်ပေသည်။
တော်သလင်းလမွေးဖွားသူတို့သည် ငွေရှာကောင်းမယ်။ ဖြတ်ထိုးဉာဏ်ကောင်းပြီး စွန့်စားရဲတယ်အကြံကြီးမယ်။
ထို့ကြောင့်ဆင်းရဲကအောက်ဆုံး၊ ချမ်းသာက ထိပ်ဆုံးဖြစ်တတ်တယ်။
သို့သော်ငွေကိုမကြည့်ဘဲ ဝါသနာယုံကြည်ချက်တို့ကိုသာကြည့်တတ်တဲ့သူတွေပါဆန္ဒစောပြီး ခေါင်းမာမယ် စွတ်လုပ်တတ်တယ်။
လက်အောက်ငယ်သားကောင်းကျိုးမပေး။ ကိုယ်ကလည်းအငြိုးအတေးထားအရွဲ့တိုက်လိုတယ်။ မထင်က မည်သူ့ကိုမျှမခေါ်၊မာနကြီးမယ်။
ထို့ကြောင့်အလုပ်အကိုင်နှင့် စီးပွားရေးတွင် နစ်နာတတ်ရပ်ဝေးတွင်စီးပွားရှာရင်းအခြေချရတတ်တယ်။
အမွေရသလို၊ထီပေါက်သလို ပွပေါက်တိုးပြီး ကြီးပွားတတ်တယ်ငွေရှာကောင်းသလောက်ငွေသုံးစည်းကမ်းကောင်းတယ်။
ငွေကိုအထူးချွေတာစုဆောင်းတတ်မယ်အလုပ်လုပ်ရာတွင်စည်းကမ်းကောင်းသလောက် မနားမနေ တွန်းလုပ်တတ်တယ်။
အောင်မြင်မှုများစွာ ရတတ်၏။အလုပ်အကိုင်ကြီများသာလုပ်ချင်တတ်မယ်ပန်းချီ၊ ပန်းပု၊ ဒီဇိုင်းပညာ၊ စတိုးဆိုင်၊ ရတနာလုပ်ငန်း၊
စာရင်းအင်းလုပ်ငန်းတို့ဖြင့် ကောင်းကျိုးပေးတတ်၏။ ရွှေမရှား၊ ငွေမရှား နေရတတ်သည်။
သဘင်အနုပညာဖြင့်အကျိုးပေးတယ် ကိုယ်ပိုင်လုပ်ငန်းဖြင့်ကြီးပွားမည်။
သင်တို့သည်အပြောင်းအလဲများစွာကြုံတတ်ကြ၏။ မာနကြီး၍အခွင့်အရေးများလက်လွတ်တတ်မယ်။
မိဘဆွေမျိုးတို့အကူအညီမရတတ်။ဒုတိယအရွယ်နှင့် တတိယအရွယ်တွင် ကောင်းစားပြီးကြီးပွားတတ်ပါသည်။
အိုဇာတာအလွန်ကောင်းမယ်။အိုးပိုင်၊အိမ်ပိုင်၊တိုက်ပိုင်နှင့် နေရတတ်ပါတယ်။ ဘဝတွင် ငွေကြေးပြည့်စုံကြွယ်ဝမယ်။
တော်သလင်းလမွေးဖွားသူတို့သည် ဘဝတွင်လောကအမြင်ကိုဒဿ နဆန်ဆန်ရှုမြင်တတ်ကြတယ် တရားကျတတ်ပြီးသူတစ်ပါးကိုလည်းဆုံးမတတ်တယ်။
သို့သော်အငြိုးအတေးကြီးခြင်း၊စိတ်ကြီးခြင်း၊တဇွတ်ထိုးစိတ်ရှိခြင်းစာအုပ်ကြီးသမားဆန်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်းအပြောချိုသလောက်
စိတ်ခက်ထန်ခြင်းတို့ကိုသတိဖြင့်ထိန်းပါ ဟန်ပန်တင့်တယ်ကြ၏။ ဥပဓိခန့်၏။အလွန်ရှင်းလင်းသောအလှပိုင်ရှင်များဖြစ်ပါတယ်။
အထူးသဖြင့်ချပ်ချပ်ရပ်ရပ်နှင့် ရိုးရှင်းစွာဝတ်ဆင်ပါပွယောင်းယောင်း၊ဘိုသီဘတ်သီမနေသင့်။ မျက်နှာကိုတည်တည်ကြီးမထားပါနဲ့ကျော့ကျော့မော့မော့နေပါ။
အနက်ရောင်အထူးရှောင်ပါ။ ဆင်စွယ်ရောင်၊အဝါရောင်၊ နံ့သာရောင်ဝတ်ဆင်ပါအထူးသဖြင့် ကျောက်စိမ်းကို ဆောင်ထားပါ။
(၅)ဂဏန်းကိုအဓိကသုံးစွဲသင့်သည်။
ထီကိုမပြတ်ကံစမ်းသင့်ပေသည်။
သီတင်းကျွတ်လမွေးဖွားသူများ
သီတင်းကျွတ်လအတွင်းမွေးဖွားသူများသည်စိတ်ခံစားမှုကိုအထူးဦးစားပေးသူများဖြစ်တတ်ကြမည်။
တစ်ခုမဟုတ်တစ်ခု ညှို့ဓါတ်အားကောင်းတတ်ကြတယ်။
ဘေးလူတွေကချစ်ခင်ကြည်ညိုကြမယ်ခင်မင်မှုနှင့်ချစ်မေတ္တာသံယောဇဉ်ကိုအလေးအနက်ထားမယ်။
အလွန်သိမ်မွေ့သောနှလုံးသားပိုင်ရှင်များဖြစ်ကြပြီး ဒေါသဖြစ်ပါကလဲ ဘာမျှမမြင်တတ်ကြတော့ချေ။
ငွေအသုံးကြမ်းသူများလည်းဖြစ်တတ်ကြတယ်။သီတင်းကျွတ်လမွေးဖွားသူတို့သည် စိတ်နုတတ်သည်။
စိတ်ထိခိုက်လွယ်သည်။အပြင်ပန်း ဘာမှမဖြစ်သလိုဟန်ဆောင်ထားသော်လည်းစိတ်ထဲကထိခိုက်ခံစားရတာစိတ်ကောက်မိတာမျိုးမသိမသာဖြစ်တတ်တယ်။
၎င်းင်းစရိုက်ကိုလည်း လူမသိအောင်ဖုံးကွယ်ထားလိုတတ်တယ်ထို့အပြင်အယုံလွယ်တတ်မယ်။
အပျော်အပါးတွင်ဝါသနာထုံကြီးမယ်။မည်သည့်ကိစ္စမဆိုအစွဲအလမ်းကြီးမားတတ်ကြတယ်။
အိမ်ထောင်ပြုပြီးသောအခါတွင်လည်းကိုယ့်အိမ်ထောင်ဖက်အပေါ် ချစ်ခင်ယုယစွာအလိုလိုက်တတ်ကြတယ်။
ရိုးရိုးအေးအေးနေထိုင်ကာ မိမိကိုပါရမီဖြည့်ပေးသောအိမ်ထောင်ဖက်နှင့်အိမ်ထောင်ပြုရတတ်ပါတယ်။
အိမ်ထောင်ဖက်၏ ကံကြောင့် ကြီးပွားချမ်းသာတတ်ပါတယ်။
အိမ်ထောင်ရေးသုခကိုရရှိတတ်ကြမည်။
ကျန်းမာရေးနှင့်ပတ်သက်၍ ခါးနေရာတစ်ဝိုက်အလွန်ပျော့သည်။
အမြဲတမ်းခါးနှင့်ပတ်သက်၍ဂရုစိုက်ရမည်ခါးကိုက်ခါးနာခါးညောင်းဝေဒနာများ မကြာခဏဖြစ်တတ်တယ်။
အစာအိမ်အူလမ်းကြောင်းနှင့် ပတ်သက်၍အစာမကြေခြင်း၊
အစာအိမ်အချဉ်ပေါက်ခြင်းဖြစ်တတ်၍အစားအသောက်အမြဲသတိရှိပါ။
ဝမ်းကို ဂရုစိုက်ပါ။ ဝမ်းချုပ်၊ ဝမ်းပျက်၊ ဝမ်းကိုက်တို့ဖြစ်တတ်ပြီးလည်ချောင်း၊ နှာစေး၊အာသီးရောင်ခြင်းတို့လည်းဖြစ်တတ်၍
အအေးမခံသင့်လေအေးစက် သိပ်မသုံးသင့်ပါ။အထူးသဖြင့်အမျိုးသမီးများ ရင်သားတွင်အနာဖြစ်တတ်၏။
မြေပြို၊ တွင်းပြို၊ တောင်ပြိုအန္တရာယ်များကိုသတိထားသင့်ပါသည်။
သီတင်းကျွတ်လမွေးဖွားသူတို့သည်ဘာသာရေးပါရမီစွမ်းအားကြီးရုံသာမကအနာရဂါတ်တွင်ဖြစ်ပျက်စရာတို့ကိုကြိုတင်သိမြင်နိုင်စွမ်းထက်မြက်နေတယ်။
အိပ်မက်ထူး၊ နိမိတ်ထူးများ ပေးတတ်သဖြင့် ယုံကြည်ရာဂါထာမန္တန်တို့ကိုသာ ရွတ်ဆိုပွားများနေသင့်ပါတယ်။
သီတင်းကျွတ်လမွေးဖွားသူတို့သည် ဘဝကို တည်ငြိမ်အေးချမ်းစွာနှင့်အောင်မြင်မှုရအောင်အမြဲတမ်းကြိုးစားနေတတ် ကြံစည်နေတတ်ကြတယ်။
မျှော်မှန်းချက်ကြီးမားတတ်ကြမယ်။ စိတ်ကူးယဉ်နေတတ်ကြသဖြင့်လက်တွေ့အကောင်အထည်မဖော်မိဘဲလေထဲတွင်တိုက်အိမ်ဆောက်သလို ဖြစ်တတ်ကြတယ်။
ဘာသာရေးခေါင်းဆောင်များလည်း ဖြစ်တတ်ကြတယ်။လူအများပေါ်တွင် နည်းအမျိုးမျိုးနှင့်ဆွဲဆောင်နိုင်စွမ်းရှိတတ်ကြမယ်။
အနုပညာတွင်အထူးပါရမီရင့်သန်တတ်တယ်။
တည်ကြည်ဖြောင့်မတ်မယ်။ ငွေကြေးမျက်နှာကို လုံးဝမကြည့်။
လက်ရှိအနေအထားလေးအပေါ်တွင် ကျေနပ်နေတတ်တယ်။
မည်သည့်အလုပ်မဆို ပြုလုပ်ရာတွင်အစပိုင်း၌အလွန်ခက်နေတတ်တယ် မည်သည့်ကိစ္စမဆိုခေတ္တမြင်ရုံ၊
လေ့လာရုံဖြင့်သိလွယ်တတ်လွယ်မယ်၊ ကွက်ကျော်မြင်တတ်တယ်။
အနီးစပ်ဆုံးအနေအထားအထိအဆုံးသတ်အဖြေကိုသုံးသပ်နိုင်ခြင်း၊အလုပ်လုပ်ရာတွင်အစ၊အလယ်၊
အဆုံးအနေအထားတို့ကို သုံးသပ်ကိုင်တွယ်လုပ်ဆောင်မှုအလွန်ထက်မြက်ခြင်းတို့ကြောင့်အောင်မြင်မှုအထွဋ်အထိပ်ကိုရရှိတတ်ကြမည်။
သီတင်းကျွတ်လမွေးဖွားသူတို့သည် စေတနာ၏တူသောအကျိုးပေးခြင်းကိုမကြာခဏ မျက်ဝါးထင်ထင်တွေ့ကြုံရတတ်မယ်။
ကောင်းတာလုပ်လျှင်ကောင်းတာအကျိုးပေးတတ်သည်ဟူသော စကားကိုအမြဲနှလုံးသွင်းသင့်ပါတယ်။
အခက်အခဲကြုံတိုင်းကူညီမည့်သူများပေါ်လာတတ်တယ်။ဘဝတွင်တရာရေးဌာန၊အုပ်ချုပ်ရေးဌာန၊ ကုန်သည်လုပ်ငန်း၊ နိုင်ငံရပ်ခြားနှင့်
ဆက်စပ်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ဆက်သွယ်ရေး၊ပို့ဆောင်ရေးလုပ်ငန်း တို့ဖြင့် ကောင်းကျိုးပေးမယ်။
သီတင်းကျွတ်လမွေးဖွားသူတို့သည် ဘဝကိုမှန်သည်ထင်သည့်ဘက်ကနောက်မဆုတ်တမ်း လုပ်တတ်တယ်။
တက်ကြွနိုးကြားစွာ လုပ်တတ်ပြီးမျှတစွာတွေးခေါ်မှုလည်းရှိမည်။ နှုတ်မူရေးရာ ထက်မြက်မယ်။
စေတနာကောင်းရှိသော်လည်း တဇွတ်ထိုးလုပ်တတ်တယ်။ ကိုယ့်ယုံကြည်မှုကိုယ့်အကျိုးစီးပွားကို ထိခိုက်လာက ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်မယ်။
သီးသန့်နေလိုစိတ် ပြင်းထန်တယ်။ ပတ်ဝန်းကျင်ကို ခင်မင်တတ်မယ်။
ခင်ရာဆွေမျိုးဟုသဘောထားတယ်။ တည်ကြည်ဖြောင့်မတ်မယ်။
အမွေအနှစ်ကိစ္စတို့တွင်ပြဿနာကြုံရတတ်တယ်။
ရတနာသုံးပါးနှင့် မိဘ၊ ဆရာတု့ိအား ရိုသေကိုင်းရှိုင်းသော်လည်းမိစ္ဆာအယူကိုပါယူမိတတ်၏။
သတိရှိပါဘဝတွင် မည်သို့သောအခက်အခဲကြုံသည်ဖြစ်စေ ကောင်းမွန်သန့်စင်စွာအသက်မွေးဝမ်းကျောင်းပြုရတတ်ပြီးမင်းစိုးရာဇာချီးမြှောက်ခံရတတ်တယ်။
စိတ်အပြောင်းအလဲမြန်သဖြင့်အလုပ်အပြောင်းအလဲလဲများတတ်တယ် မွေးဖွားရာဒေသမှ ဝေးရာသို့ ထွက်ခွာကြိုးစားလေအောင်မြင်လေဖြစ်တတ်၏။
သီတင်းကျွတ်လမွေးဖွားသူတို့သည် ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစားပြီးဘဝကိအထွဋ်အထိပ်ရောက်သွားတတ်ကြမည်။
အစပိုင်းတွင်ခက်ခဲပြီးမှအလွန်အောင်မြင်သွားတတ်တယ် ဘဝတွင်အစွဲအလန်းကြီးသော
စိတ်ကိုအားမာန်အဖြစ်ပြောင်းလဲသုံးစွဲပါတစ်နပ်စားဉာဏ်ဖြင့်ကြံခြင်းမရှိပါ။အလွန်စရိုက်ကောင်းတယ်။
ဦးစီးဦးဆောင်နေရာတွင်အမြဲတမ်း နေရာပေးခြင်းခံရတတ်၏။
မှန်ကန်ခြင်းတိကျခြင်းတည်ကြည်ခြင်းကြိုတင်ခန့်မှန်းမှုတွင်ကျွမ်းကျင်ခြင်း စွမ်းရည်တို့နှင့်ပြည့်စုံသည်။
အထူးသဖြင့် နှင်းဆီပန်းပွင့် လှလှပိုစတာပုံများအလုပ်ခန်းအိမ်ခန်းတွင်
ချိတ်ဆွဲထားခြင်းဖြင့် လာဘ်အလွန်ရွှင်တတ်၏။
တန်ဆောင်မုန်းလမွေးဖွားသူများ
တန်ဆောင်မုန်းလအတွင်းမွေးဖွားသူများသည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြမယ်ဖြောင့်မတ်သော စိတ်ထားရှိတတ်ကြတယ်။
စိတ်၌ ခံစားချက်ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်တယ်ကိုယ်တိုင်အပင်ပန်းခံ ရုန်းကန်ရခြင်းများလည်း များစွာရှိ၏။
ဘဝအစတွင် ခက်ခဲကြမ်းတမ်းမယ်ခက်ခဲသည်ဆိုရာတွင်မောင်နှမသားချင်းအတူတူမှာပင် ကိုယ်က ပိုပြီး ခက်ခဲပင်ပန်းမယ်။
အနစ်နာခံကြိုးစားရမယ်။ သို့သော်အဖက်ဖက်မှအခက်အခဲများကိုဇွဲနှင့်စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန်ထက်ပိုအောင်မြင်မည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်ဘဝတွင်မိမိအပေါ်နားလည်ပေးသူနည်းတတ်တယ်။
တစ်ကိုယ်တည်းကျိတ်ပြီးခံစားရသောဒဏ်ချက်များတို့ကို ပြင်းထန်စွာ ခံစားရင်းအငြိုးအတေးစိတ်များထွက်ပေါ်လာရတယ်။
မိမိအပေါ် လွှမ်းမိုးခြင်းကိုလုံးဝလက်မခံနိုင် သို့သော်သူတို့ဘဝတွင်အဘွားအမေ၊အစ်မ၊အဒေါ်စသောအမျိုးသမီးကြီးတို့၏
သြဇာလွှမ်းမိုးမှုကို (ကောင်းသောသဘောဖြင့်ဖြစ်စေ၊ ဆိုးသောသဘောဖြင့်ဖြစ်စေ)သက်ရောက်မှုရှိနေတတ်တယ်။
စိတ်အား၊ လူအားကောင်းတယ် ဘဝတွင်ကြီးမြင့်ထင်ပေါ်ချင်တတ်တယ်။ ဘဝ၏အောင်မြင်မှုကို တိုက်ပွဲပမာ တိုက်ယူလိုကြတယ်။
အပင်ပန်းခံပြီးကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစားယူကြမယ်။ဘဝအစတွင်ကျပ်တည်းသလောက်နောက်ဆုံးတွင်အောင်မြင်ကြမယ်။
အချိန်ကိုလည်းစောင့်ဆိုင်းလုပ်ကိုင်တတ်ကြတယ်။ဦးဆောင်နေရာထိပ်ဆုံးသို့ ရည်မှန်း၍ လုပ်တတ်တယ်။
စိတ်မြန်ဒေါသဖြစ်လွယ်တယ်။အချို့ကိစ္စတို့တွင် ငါသိငါတတ်သဘောဖြင့်တဇွတ်ထိုးလုပ်မိတတ်ကြတယ်။
အငြင်းလည်းသန်မယ်ကိုယ်ယုံကြည်ရာကိုခေါင်းမာစွာကိုင်စွဲထားတတ်တယ်။
အထူးသဖြင့်အမျိုးသားများအမျိုးသမီးနှင့်ပတ်သက်ပြီးပျက်စီးနစ်နာတတ်တယ်ဂရုပြုပါ။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အပြောချို၏။ တစ်ခါတစ်ရံမာနကြီးတတ်၏။
စိတ်ထဲမထင်လျှင် ဘယ်လူကြီးလူကောင်းကိုပင်ဖြစ်စေ မခေါ်ဘဲဥပေက္ခာပြုနေနိုင်သူများပါ။ စီးပွားဥစ္စာ ချမ်းသာတတ်တယ်။
ရုပ်သန့်ပြီးလူ့သဘာဝကိုသဘောပေါက်ကာပရိယာယ်သဘောများလည်း တတ်ကျွမ်းတယ်။
အခြွေအရံများမယ်အဝတ်ကောင်းအစားကောင်းများဝတ်ရမည်။ မိဘနှင့်ဝေးကွာနေရတတ်တယ်။
အချို့ပညာရပ်တို့တွင်တစ်ပိုင်းတစ်စဖြင့်ရပ်ထားရတယ်။တစ်ခါတစ်ရံ မိဘဆရာသမားအကြီးအကဲတို့စကားကိုနားမထောင်ဘဲနေတတ်တယ်။
အထက်လူကြီး၊မင်းအစိုးရတို့၏ ချီးမြှင့်မှုကိုခံရကာဘဝတွင်ကြီးပွားအောင်မြင်တတ်ကြပါတယ်။
မမြင်အပ်သော မြင့်မြတ်သည့် နာမ်လောကမှပုဂ္ဂိုလ်ထူးတို့၏ ပါရမီပဋ္ဌာန်းဆက်ဖြင့်စောင့်ရှောက်မှုကိုလည်း သိသာစွာခံရတတ်မည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အသိရခက်အကဲခတ်ရခက်တဲ့သူတွေပါ
ပတ်ဝန်းကျင်အမြင်အရ တစ်မျိုး၊ ကိုယ့်ခံစားမှုကတစ်သွယ်ဖြစ်နေတတ်ကြတယ်ကိုယ်ကလည်
း ကိုယ့်ခံစားချက်ကိုအသိရခက်အောင်မျိုသိပ်နိုင်စွမ်းရှိတဲ့သူတွေပါသပ်ရပ်သန့်ပြန့်ခန့်ည်စွာနေတတ်သဖြင့်
အများနှင့်မတူ ထင်ရှား၏။ စန်းပွင့်မျက်နှာပွင့်မယ်။
ဆန့်ကျင်ဘက်လိင်တို့၏အထူးစိတ်ဝင်စားခံရတတ်တယ်နှလုံးသားရေးရာတွင်ချစ်မိပြီဆိုကဘဝကိုပင်ပုံအပ်ရန်ဝန်မလေးသူများ ဖြစ်ကြမယ် ။
ချစ်သူအပေါ်အလိုလိုက်တတ်တယ်။
စိတ်ရောကိုယ်ပါ ချစ်ခင်တတ်မယ်။အပြန်အလှန် နားလည်မှုရှိမည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အလွန်ထူးခြားသောဘဝပိုင်ရှင်များဖြစ်ပြီးဘဝအကွေ့အပြောင်းများစွာကြုံရတတ်တယ်။
အေးတိအေးစက်နှင့်ပြန်မပြောနားမထောင်ကိုယ်ထင်ရာတဇွတ်ထိုးလုပ်တတ်တဲဉာဉ်ရှိမယ် စကားကတိကို တန်ဖိုးထားမယ်။
အလုပ်တစ်ခုမလုပ်မီအပြန်ပြန်အလှန်လှန် စဉ်းစားမယ်။ မလုပ်မီ နောက်တွန့်နေတတ်တယ်။
စလုပ်ပြီဆိုသည်နှင့်ကျော်လွှားနိုင်ပြီးထိပ်ဆုံးသို့ရောက်တတ်တယ်။ဘာမဆို သိုသိုသိပ်သိပ်လုပ်တတ်တယ် ။
အများနှင့်မတူသော ရှုထောင့်မှတွေး၍ လုပ်တတ်မယ်။
အများနှင့်တွဲ၍ လုပ်သည်ထက် ကိုယ်တစ်ဦးတည်းလုပ်ကပိုအောင်မြင်တတ်တယ်။
စိတ်ကူးဉာဏ်အလွန်ကောင်းတယ်။
အခြားသူတို့နှင့် ပြေလည်အောင် နေတတ်ပြီး ကူညီတတ်သောစရိုက်ကြောင့် မိတ်ကောင်း ဆွေကောင်းရရှိမယ်။
သမားရိုးကျလမ်းဟောင်းအတိုင်းလုပ်ခြင်းထက်အရာရာကိုကိုယ်တိုင်လမ်းသစ်ထွင်ပြီး လုပ်က ပိုပြီးအောင်မြင်မယ်။
ရေရှည်လုပ်ငန်းထက်ပေါ်ပင်လုပ်ငန်းများကပို၍ကောင်းကျိုးပေးမယ်။ဝန်ထမ်းလုပ်ပါကစာရင်းအင်းဘက်တွင်မလုပ်သင့်ပါ။
အလုပ်လုပ်ရာတွင်အကျိုးအမြတ်ဖြစ်အောင်တွက်ချက်ပြီးလုပ်တတ်သော်လည်းတကယ်လုပ်သောအခါ စိတ်ချမ်းသာမှုကို ရှေ့တန်းတင်၍
စိတ်အေးလက်အေးလုပ်တတ်တယ်။ဘာပဲလုပ်လုပ် ဆုံးဖြတ်ပြီးကမြန်မြန်လုပ်ပါ။အချိန်ဆွဲမိကအလုပ်မဖြစ်တတ်ပါ။
ဆန်းသစ်မှု၊ တီထွင်မှု၊ စွန့်စားမှု၊ ဥပဒေပညာ၊ခွဲစိတ်ကုသမှုသတင်းထောက်လှမ်းမှု၊ စူးစမ်းမှုတို့တွင် ဝါသနာပါပြီးပါရမီထူးမယ်။
လောကီပညာမှစ၍ ဗေဒင်၊ နက္ခတ်၊ မှော်ပညာ၊နတ်ပိုင်းဆိုင်ရာဓါတ်ပိုင်းဆိုင်ရာကိစ္စတို့ပါဝါသနာပါမယ်သို့သော်လူသိမခံဘဲ လေ့လာလိုက်စားတတ်တယ်။
ဘာသာရေးတွင်လည်းထူးချွန်မယ်စာရေးဆရာပန်းချီဆရာထောက်လှမ်းရေးကျောက်မျက်ရတနာ၊တွင်းထွက်ပစ္စည်းမျိုးစုံနှင့် လျှပ်စစ်ပစ္စည်း၊
ပန်းတိမ်အလုပ်၊ ဖိနပ်လုပ်ငန်းစိုက်ပျိုးရေးအလုပ်တို့တွင် ကောင်းကျိုးပေးမည်။
ဘာပဲလုပ်လုပ် ကောင်းမွန်သောအလုပ်တို့ကိုသာလုပ်သင့်၏။ ပင်ကိုယ်ဗီဇတွင်ပင် ကြီးပွားစေတတ်သော ပါရမီပါပြီ
းဘာသာတရားကို ဦးထိပ်ပန်ဆင်ပြီး သမ္မာအာဇီဝကျကျ လုပ်သွားကစီးပွားဖြစ်ထွန်းတတ်ပါသည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်မီးဘေးလက်နက်ပေါက်ကွဲမှုဘေးလျှပ်စစ်မီးရှော့ခ်ဖြစ်ခြင်းတို့ကြုံတတ်တယ်
အနည်းဆုံးအပူလောင်ခြင်းမျိုးမကြာခဏကြုံတတ်တယ်။ဘုရားဂုဏ်တော် (၉) ပါးကိုအမြဲပွားတမ်းပွားများနေသင့်ပါသည်။
ကျန်းမာရေး ရောဂါဖြစ်ခဲတတ်တယ် ဖြစ်ခဲ့လျှင်လည်းအဖျားကြီးသောရောဂါကူးစက်သော ရောဂါများဖြစ်တတ်တယ်။
ထို့အပြင် ခန္ဓာကို၏လျှို့ဝှက်အင်္ဂါအစိတ်အပိုင်းတို့တွင်အနာရောဂါဖြစ်ခြင်း၊ ကျောက်ကပ်အစာအိမ်နှင့်ဆီးရောဂါတို့ဖြစ်တတ်မည်။
သို့သော်အန္တရာယ်ကြီးမားစွာ မဖြစ်တတ်ပါ။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည် ထူးခြားသော ဘဝပိုင်ရှင်များ ဖြစ်တယ်အထူးသဖြင့်ကိုယ်ကမှန်သည်ဟု
ဆုံးဖြတ်ထားသည့်အပေါ်တွင် ခိုင်မြဲစွာ ရပ်တည်၍လုပ်တတ်ရာ ကောင်းသော လမ်းကြောင်းပေါ် ရပ်တည်မိကထိပ်ဆုံးရောက်အောင် ဖြစ်ထွန်းသွားတတ်တယ်။
မကောင်းသောလမ်းပေါ်ရောက်သွားကလည်းအဝီစိရောက်အောင်မိုက်တတ်တယ်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည် ကိုယ့်စိတ်ထဲတွင်မကြိုက်ပါကဘယ်လိုပုဂ္ဂိုလ်ကြီးကိုမှဂရုမစိုက်တတ်တဲ့ဉာဉ်ရှိတယ်။
ပင်ကိုယ်သဘောထားအလွန်ကောင်းပြီးသူတစ်ပါးထက်ပို၍ သည်းခံခွင့်လွှတ်တတ်မယ်။
ခွင့်လွှတ်နိုင်စွမ်းဘောင်ကျော်လာကလည်းအမျက်ကြီးကာရက်စက်စွာတုံ့ပြန်တတ်တယ်။
ကိုယ်ပိုင်အကြံဖြင့်ထိပ်ဆုံးရောက်မယ်။ သူတစ်ပါးတွေကလည်းကိုယ့်ကိုကိုယ်လိုက်ပြီးတုပတတ်ကြ၏။
အပေါင်းအသင်းမက်တတ်တယ်သို့သော်အစွဲမထားတတ်။အချစ်ရေး၊အိမ်ထောင်ရေးအားနည်းတယ်ရှုပ်ထွေးမည်။
အိမ်ထောင်တစ်ဆက်တည်းထူထောင်ပါကထိပ်ဆုံးရောက်အောင်ကြီးပွားတတ်တယ် ။
တစ်ပါးသူတို့ကလည်းကိုယ့်အပေါ်အခွင့်အရေးယူကာ ဒုက္ခပေးတာခံရတတ်တယ်။
ဆွေမျိုးရင်းထက် သူစိမ်းတို့က ပိုကောင်းတတ်မယ်။ ဘဝတွင်အခြေခံမှစပြီးအမြင့်ဆုံးရောက်အောင်ကြိုးစားနိုင်စွမ်းရှိမည်။
အခက်အခဲရှိသူများကိုပင် ကိုယ်ကျိုးမငဲ့ဘဲ ကူညီပေးချင်တတ်သည် ။
နှလုံးသားကို ဦးစားပေးသဖြင့်ခံစားချက် ပြင်းထန်တဲ့သူတွေပါ လူမျိုးခြားဘာသာခြားကိုရှောင်ကြဉ်သင့်ပါတယ်။
စီးပွားရေးတွင်အစပိုင်း၌အမျိုးမျိုးပြောင်းပြီးလုပ်ကိုင်ပြီးမှ မမျှော်လင့်ဘဲ
မိတ်ဆွေကောင်းတွေ့ကာမထင်မှတ်သောအထောက်အကူများရရှိမည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အတိုက်အခံအလွန်များမည်။ ကိုယ်ကလည်းမဟုတ်မခံစိတ် သတ္တိဗျတ္တိနှင့်
အတိုက်အခံလုပ်တတ်တယ်အနက်ရောင်ရှောင်ပါ၊ဆောင်ရန်အနီရောင်အနီရင့်အကောင်းဆုံးဖြစ်၏။
ပတ္တမြားလက်စွပ်ဝတ်ဆင်ပါအကြံသစ်တွေကို လက်တွေ့လုပ်ဆောင်ပါ။ ရဲရဲလုပ်ပါ။မုချအောင်မြင်ပါလိမ့်မည်။
နတ်တော်လမွေးဖွားသူများ
နတ္တာ်လအတွင်း မွေးဖွားသူများ သည်အတွေးအခေါ်ကောင်းသူများစိတ်ဓါတ်ပြင်းထန်သူများဖြစ်ပြီး လျင်မြန်သွက်လက်၍ထက်မြက်ကြမယ်။
ဘယ်အလုပ်ကိုမဆို ရဲရင့်စွာ ပြုလုပ်တတ်ကြတယ်။ဟန်ဆောင်မှုကင်းပြီးတည်ကြည်မယ်။
ကိုယ့်ကိုယ်ကိုနှိမ့်ချတတ်တယ်၊တရားတော်ကိုအလွန်ယုံကြည်လေးစားတတ်တယ်။
သမားရိုးကျဆန်ဆန်အရိုးခံပြုမူနေထိုင်တတ်တယ်။ရှေ့ရေးကိုကြိုတင်မြော်မြင်နိုင်စွမ်းရှိမယ်။
စိတ်ဓါတ်အလွန်ခိုင်မာထက်သန်မယ်။တစ်ခါတစ်ရံအငြိမ်မနေနိုင်လာက်အောင်စိုးရိမ်မှုကြီးနေတတ်တယ်
မေတ္တာဂရုဏာတရားနှင့်ပြည့်စုံသလောက်စိတ်ကြီးပြီးဒေါသကြီးတတ်ပြန်၏။စိတ်ရင်းစေတနာကောင်းစွာတစ်ဖက်သားတို့အားအမြဲကူညီနေတတ်တယ်။
သို့သော်နှုတ်ကြမ်းတမ်းသောကြောင့်အချို့သူများနှင့် ရန်သူသဖွယ်ဖြစ်သွားရတတ်တယ်။
မည်သူ့ကိုမဆို စိတ်ရိုးသဘောရိုးနှင့် ခင်မင်စွာဆက်ဆံလိုမယ်။ မည်သူ့ကိုမဆို ကိုယ့်စိတ်နှင့်နှိုင်းပြီးစိတ်ရောကိုယ်ပါပေါင်းတတ်တယ်။
ကြီးပွားချမ်းသာလိုစိတ်ကြီးမားပြီးရည်မှန်းချက်မြင့်မားတယ်။အရာရာကိုအလေးအနက်ထားပြီးလုပ်ကိုင်တတ်တယ်။
အရေးကြုံလာက သတ္တိအလွန်ကောင်းပြီး ဗြောင်လုပ်၊ဗြောင်ပြောတတ်၏။ ကိုယ့်ဘက်ကမှန်သည်ထင်ကမည်သည့်ကိစ္စမဆိုလုပ်ရဲကိုင်ရဲသောအကျင့်ရှိတတ်တယ်။
ဟန်ဆောင်မှုကိုအလွန်မုန်းတတ်တယ်။တစ်ခါတစ်ရံတဇွတ်ထိုးလုပ်တတ်တယ်။
စီးပွားရှာရာတွင်လောဘကြီးပြီးငွေကိုအထူးချွေတာသုံးစွဲတတ်သလောက်စိတ်ထဲထင်ကလောင်းကစားဆန်ဆန်ပုံအော၍စွန့်စားပြီးလုပ်တတ်တယ်။
ကုန်သွားလျှင်လည်း မနှမြောတတ်။ လွပ်လပ်စွာနေထိုင်ရခြင်းလုပ်ကိုင်ရခြင်းကိုအလွန်မက်မော၏
ငွေကြေးဥစ္စာများစွာပိုင်ဆိုင်ရတတ်တယ်။အမည်သတင်းကျော်စောတတ်၏။
အထူးသတိထားရန်မှာဤလဖွားတို့သည်စိတ်ဓါတ်ပြင်းထန်သလောက် စိတ်ဓါတ်ခက်ထန်ကြမ်းတမ်းသဖြင့်
ဒေါသကြီးသောအခါ သူတစ်ပါးကို ထိခိုက်၊ နာကျင်အောင်လုပ်ဖို့၊ဒုက္ခရောက်အောင်လုပ်ဖို့ ဝန်မလေးတတ်ကြချေ။
ဒေါသကိုအထူးထိန်းဖို့လိုပါတယ်။ထက်မြက်သလောက်လိမ္မာပါးနပ်မှုရှိမယ်။
သူတစ်ပါးမတွေးသောရှုထောင့်မှ တွေးတတ်မြင်တတ်တယ်။အထူးမှာဒီလမွေးဖွားသူတို့သည်အနာဂါတ်ကိုကြိုတင်သိနိုင်စွမ်းသောပါရမီဓါတ်ခံရှိပြီ
းအိပ်မက်ထူးအတိတ်ထူးနိမိတ်ထူးတို့ဖြင့်အနာဂတ်ကိုကြိုတင်သိနိုင်စွမ်းရှိကြမယ်။
သမာဓိထူထောင်ပေးပါကအထူးထက်မြက်တတ်ကြပါမယ်။ ကိုယ်ပိုင်အတွေးကိုယ်ပိုင်စိတ်ကူးအတိုင်း လုပ်သဖြင့် သူတစ်ပါးတု့ိထက်
နှာတစ်ဖျားသာသော ဘဝကို ရရှိသွားတတ်၏။ပင်ကိုယ်စိတ်ရင်းတွင်အလွန်ကြင်နာ သနားတတ်ပြီး
သူတစ်ပါးတို့ကိုကူညီရန်ဒုက္ခရောက်သူတို့ကို ကယ်တင်ရန် လူ့လောကသို့ရောက်လာသူများဖြစ်တတ်ကြတယ်။
သူတစ်ပါးအခက်အခဲကို မြင်တွေ့ရ မကူညီဘဲမနေနိုင်ချေ၊ကိုယ့်တွင်ရှိသည်တို့ကိုလည်း မျှဝေပေးတတ်တယ်။
တစ်ခါတစ်ရံ ကိုယ်တိုင်စားရန်၊ သုံးရန်မရှိသည်ကိုပင်အငတ်ခံပြီးပေးကမ်းကူညီကာပျော်ရွှင်နေတတ်တယ်။
သူတစ်ပါးတို့အတွက် ဒုက္ခခံပြီးကူညီပေးဆပ်နေတတ်တယ်။လူ့ဘဝကို ပျော်ရွှင်စွာ၊ ငြိမ်းချမ်းစွာနေထိုင်လိုမယ်၊
အမှန်တရားကိုအထူးမြတ်နိုးစွာ တန်ဖိုးထားတယ်။ဆန့်ကျင်စရာရှိကလည်း ဆန့်ကျင်ရဲတယ်အငြင်းသန်မယ်။
ဟာသနှော၍ပျော်စေပျက်စေပြောဆိုတတ်ပြီး ဇဝနဉာဏ်ကြီးမားတယ်။
ကတ်သီးကတ်သတ် ရှာရှာဖွေဖွေနှင့် ထိမိစွာချက်ကျစွာပြောတတ်ဆိုတတ်၏။
စိတ်ဓါတ်အလွန်ပြင်းထန်မယ်။အရာရာကိုလွန်လွန်ကဲကဲလုပ်တတ် တယ်။တစ်ခုခုဆုံးဖြတ်ပြီးကနာရီမဆိုင်း၊မိနစ်မဆိုင်းလုပ်တတ်၏။
လွန်ကဲမှု၊ လောကြီးမှု၊စိတ်မြန်မှုတို့ကြောင့် ဘဝတွင် မကြာခဏအမှားကိုရင်ဆိုင်တွေ့ရတတ်တယ်။
အမှားကို ဝန်ခံရဲ၏။အမှားမြင်ကအမှန်ပြင်တတ်တယ်။ တဲ့တိုးပြောတတ်လွန်းပြီးဘယ်အရာကိုမှ စိတ်ထဲမြုံမထားဘဲ ပွင့်လင်းစွာ ဗြောင်ပြောတတ်လွန်း၍
လူမုန်းများမယ်။သူတစ်ပါးကြိုက်သည်၊ မကြိုက်သည်မသိ ရိုးဖြောင့်စွာပြောဆိုတတ်၏။
အမှန်အတိုင်း ပြောဆိုလုပ်ကိုင်တတ်ပြီးလိမ်ညာမှုကိုအလွန်မုန်း၏။ဘဝတွင်မဟုတ်မခံ မာနစိတ်ကြီးမားမယ်။
မာနကိုလုံးဝအထိမခံတတ်၊မွေးမြေကိုစွန့်ခွာ၍ရပ်ဝေးတွင်အောင်မြင်ကြီးပွားတတ်ကြမည်။
နတ္တော်လမွေးဖွားသူတို့သည် စီးပွားရေးတွင်အောင်မြင်သလောက်အချစ်ရေးအိမ်ထောင်ရေးမိသားစုကိစ္စတို့တွင်
စိတ်ရှုပ်ရတတ်၏အချစ်ရေးတွင်စိတ်ဝေခွဲမရဖြစ်စရာတွေကြုံတတ်တယ်။
ခုတွေ့ခုကြိုက်ခုယူသဘောမျိုးဖြင့် ဘေးလူဘယ်သူတားတား ဂရုမစိုက်ဘဲဇွတ်လုပ်တတ်ပြီးအချစ်ကိုယုံ၍ပုံအပ်တတ်တယ်
နောင်တစ်ချိန်အချိန်လွန်မှနောင်တရတတ်ကြပါတယ်။အချစ်ရေးအိမ်ထောင်ရေးတို့တွင် ခေါင်းအေးအေးထားပြီးမှဆုံးဖြတ်သင့်ပါတယ်။
အလွန်နူးညံ့သောနှလုံးသားကို ပိုင်ဆိုင်ကြပြီးအချစ်ရေးတွင်သနားလွယ်ယုံကြည်လွယ်စိတ်ညွတ်လွယ်သူများဖြစ်ကြမည်။
နတ္တော်လမွေးဖွားသူများသည်မိတ်ဆွေဖွဲ့ကောင်းသူများ ဖြစ်သည်။
မိတ်ဆွေတို့၏အကူအညီအထောက်အပံ့တို့ကိုရယူကာမိမိတို့၏လုပ်ငန်းများကိုအောင်မြင်အောင်လုပ်နိုင်စွမ်းရှိကြသည်။
ဘယ်အလုပ်မဆိုစိတ်ဝင်တစားလုပ်တတ်တယ်။ဘယ်လိုအခက်အခဲမဆိုနောက်မဆုတ်တမ်း လုပ်တတ်တယ်။
လုပ်မိသောအလုပ်ကိုတဇွတ်ထိုးလုပ်တတ်တယ်။ငွေကို ပြင်းထန်စွာရှာတတ်ပြီးသူဋ္ဌေးဖြစ်ခွေးဖြစ်ကြံတတ်ကြတယ်။
အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်ကိုင်နိုင်စွမ်းရှိကြတယ်။တာဝန်ကိုရိုသေခြင်းအပေါ်ဂုဏ်ယူတတ်ကြမယ်။
ရည်မှန်းချက် ကြီးမား၍မဖြစ်မနေကြိုးစားလုပ်တတ်တယ်။သို့သော်အလုပ်လုပ်ရာတွင် နှစ်မျိုးတွဲ၍လုပ်ရတတ်တယ်။
တစ်ချီကောင်းပွပေါက်ကြံရင်းလောင်းကစားဘက်ရောက်သွားတတ်တယ်၊
သတိပြုပါလေ၊စီးပွားရေးကိုလောင်းကစားဆန်ဆန်လုပ်ရင်းပွပေါက်ကြုံပြီး ကြီးပွားလိမ့်မည်။
ကူးသန်းရောင်းဝယ်မှုကျွမ်းကျင်မယ်။စိတ်ကူးရသလို ထလုပ်တတ်တယ်။အလုပ်လုပ်ရာတွင်
မည်သူ့မျက်နှာကိုမျှမထောက်ဘဲ ပြောစရာရှိကပြောင်ပြောတတ်တဲ့ဉာဉ်ရှိမည်။
နတ္တော်လမွေးဖွားသူတို့သည်စီးပွားရေးလုပ်ခြင်းထက်အတတ်ပညာရှင်အဖြစ်အသက်မွေးဝမ်းကြောင်းပြုကပိုပြီးအောင်မြင်တတ်ပါတယ်။
စိတ်မြန်ကိုယ်မြန်လုပ်တတ်ခြင်းနှင့်လုပ်ငန်းကြီးများကိုကြံစည်လုပ်ကိုင်တတ်သဖြင့်သူတစ်ပါးတို့ဂုဏ်ယူငေးမောအားကျရလောက်အောင်ဖြစ်သွားတတ်၏။
တာဝန်ယူရဲသောစွမ်းရည်ရှိပြီးအချိန်အခါနှင့်အခြေအနေကိုကြည့်ပြီးကျင့်သုံးလုပ်ကိုင်တတ်တယ်။
ငွေကံကြေးကံအလွန်ကောင်းကြပါမယ်။အမဲသားရှောင်ကြဉ် ပေးကအထူးစီးပွား ဖြစ်ထွန်းတတ်ပါတယ်။
ပွဲစားလုပ်ငန်း၊သတ္တုပစ္စည်းများတူးဖော်ခြင်း၊ ရောင်းဝယ်ခြင်းစက်ပစ္စည်း၊ ယာဉ်ရထားကားတို့တည်ထောင်ခြင်း၊
ရှေ့နေအလုပ်၊အုပ်ချုပ်ရေးအလုပ်၊ စက်ပြင်အလုပ်၊အင်ဂျင်နီယာ၊ ဆရာဝန်အလုပ်တို့အထူးကောင်းကျိုးပေးပါမည်။
နတ္တော်လမွေးဖွားသူများသည် သွေးတိုးရောဂါနှလုံးရောဂါအဆစ်အမြစ်တို့ကိုက်ခဲသောရောဂါများဖြစ်တတ်ပါတယ်။
ဘဝတွင်မထင်မှတ်သောအပြောင်းအလဲများစွာကြုံတတ်တယ်အတက်အကျများစွာလဲ ကြုံတတ်တယ်။
တစ်နေ့ရွှေတစ်နေ့ငွေသမားများ ဖြစ်ကြမယ်အထူးသဖြင့်မွေးရပ်မြေမှ ခွာ၍ပြည်ပအထိရောက်ရှိအောင်မြင်ပြီး နာမည်ကြီးတတ်တယ်။
ကိုယ်ချင်းစာတရားနှင့်သူတစ်ပါးတို့ကိုကူညီတတ်ပြီးသူတစ်ပါးကိစ္စတို့ကို တာဝန်ယူဖြေရှင်းပေးနိုင်စွမ်းရှိမယ်။
လွပ်လပ်မှုကိုမြတ်နိုးသလောက် စိတ်မြန်ကိုယ်မြန်လုပ်တတ်သဖြင့် မထင်မှတ်သောအပြောင်းအလဲများစွာကြုံတတ်တယ်။
စွန့်စွန့်စားစားလုပ်ကိုင်ကြိုးစားတတ်ပါသည်။နတ္တော်လမွေးဖွားသူတို့သည်ထက်မြက်သူများဖြစ်သလိုတစ်ချို့ကိစ္စများတွင်တွေဝေနေတတ်တယ်။
သနားကြင်နာတတ်သူ၊ ကူညီတတ်သူဖြစ်သလိုတစ်ခါတစ်ရံ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်တတ်သဖြင့်ဘဝတွင်လည်းအသွင်သဏ္ဍာန်နှစ်မျိုးစရိုက်နှစ်မျိုးဖြစ်နေတတ်သည်။
နတ္တော်လမွေးဖွားသူတို့သည် ငွေကို ပြင်းထန်စွာရှာပြီး နာမည်ကြီးရန်၊ ဇိမ်ခံရန်ဂုဏ်လုပ်ရန်မရည်ရွယ်ဘဲ
အများကိုကူညီရန်လှူဒါန်းရန်အတွက်သာ ရည်ရွယ်တတ်တယ် မဟုတ်မခံ မာနစိတ်ကြီးသလောက် လူအများကို
သနားကြင်နာစွာ ကူညီတတ်ကြတယ်အလွန်အဓိပ္ပါယ်ရှိသော ဘဝပိုင်ရှင်များ ဖြစ်ပါမည်။
ပြာသိုလမွေးဖွားသူများ
ပြာသိုလမွေးဖွားသူတို့သည် လောကဓံတရားကိုအထူးခံရသူများဖြစ်တတ်တယ်။
လောကဓံတရားကိုလဲအထူးခံနိုင်သူများလည်းဖြစ်တယ်ဘဝတွင်အပြောင်းအလဲအမျိုးမျိုးကြုံရသူများလည်းဖြစ်ပြီ
းအပြောင်းအလဲမြန်မယ်အတွေးအခေါ်နက်နက်နဲနဲတွေးတတ်တယ်လွပ်လပ်စွာနေထိုင်လိုကြမယ်လွပ်လပ်မှုကိုမြတ်နိုးသော်လည်း
ကိုယ့်အတွေးနှင့်ကိုယ်ပြန်ပြီးနှောင်ဖွဲ့ကာလွပ်လပ်မှုကိုဆုံးရှုံးသူများဖြစ်တတ်ပြီးခေါင်းမာမယ်မည်သည့်ကိစ္စကိုမျှ
လူပြောသူပြောနှင့်မယုံကြည်ကြပါ ပြာသိုလမွေးဖွားသူတို့သည်လက်တွေ့ဘဝတွင်သူတစ်ပါးတို့အတွက်ဖြစ်စေ၊
မိသားစုအတွက်ဖြစ်စေဘဝကိုမြှုပ်နှံကာအနစ်နာခံကြရသူများဖြစ်နေတတ်တယ်။
ကိုယ့်အောင်မြင်မှုထက်သူတစ်ပါး၏အောင်မြင်မှုအတွက်တွန်းတင်ပေးကာကူညီပေးနေတတ်တယ်။
ကံကံ၏အကျိုးကိုအလွန်ယုံမယ်ဘာသာရေးတွင်အယူအစွဲကြီးမယ်ဘာသာရေးတွင်အယူသီးသောဘက်သို့ပင်ရောက်သွားတတ်တယ်။
ကိုယ်ကျိုးမဖက်ဘဲလုပ်ကိုင်တတ်တယ်သူတစ်ပါး တို့အတွက် ကြားမှ ဓါးစာခံဖြစ်တတ်တယ်စိတ်ရင်းဖြောင့်သလောက် ခေါင်းမာတတ်တယ်။
ကိုယ့်ခံစားချက်ကိုမြိုသိပ်ထားတတ်ကြမယ်တစ်ခါတစ်ရံလူ့ဂွစာများအဖြစ်အမြင်ခံရတတ်မယ်။
ကိုယ့်ယုံကြည်ချက်ခံယူချက်ကိုထိပါးလာကငြင်းခုံရန်ဝန်မလေးသူများဖြစ်တတ်ကြမယ်။
ငြင်းခုံရာတွင်လည်းအငြင်းသန်မယ်သူတစ်ပါးတို့၏အငြိုးအတေးကို ခံရတတ်တယ်။
ကိုယ်တိုင်ကလည်းမခံချင်စိတ်ဖြင့်လက်စားချေလိုသောသဘာဝရှိမယ်။
ဘဝတွင်ချမ်းသာကထိပ်ဆုံးဆင်းရဲကအောက်ဆုံးအထိရောက်တတ်သူများဖြစ်တတ်ပါတယ်။
မည်သည့်နေရာတွင်မဆိုကိုယ်မရှိတော့မှချီးမွမ်းခံရသောကံဇာတာပါကိုယ်သေပြီးမှတသသချီးမွမ်းခံရသောဇာတာရှင်မျိုးဖြစ်တတ်တယ်။
ကိုယ်တိုင်ကဖြစ်သလိုနေတတ်သော်လည်းသန့်ရှင်းမှုကိုကြိုက်မယ်ဆုံးဖြတ်ချက်ချပြီးမှမကြာခဏပြောင်းလဲတတ်သောသဘောရှိမယ်။
သူတစ်ပါးတို့ကိုချီးမွမ်းစကားပြောလိုတတ်တယ်ဂမ္ဘီရပညာတို့နှင့်လည်းဆက်စပ်မှုရှိ၏ရှေးဟောင်းပစ္စည်းအဆောင်ကောင်းကောင်းရရှိတတ်ပါတယ်။
အချစ်ရေးတွင်စိတ်ကူးယဉ်တတ်ကြမယ်အပြင်ပန်းတွင်ဖြစ်ကတတ်ဆန်းနေထိုင်ကြသော်လည်းနှလုံးသားခံစားမှုတွင်အလွန်နူးညံ့သူများဖြစ်သလို
အလွန်သဝန်တိုသူများလည်းဖြစ်တတ်တယ်။ ချစ်သူ၏အလိုလိုက်ဦးစားပေးမှုကိုလည်းအလွန်ခံယူလိုတတ်ကြပေမဲ့လက်တွေ့တွင်
အစစအရာရာကိုယ်ကသာအနစ်နာခံနေရမယ်သူတစ်ပါးတို့ ပစ်ပယ်သွားသောအထီးကျန်သမားများကိုသနားချစ်ဖြင့်ချစ်တတ်ကြတယ်။
အချစ်ရေးတွင်အနစ်နာခံမည်အနွံတာခံမည်ဟူသောစိတ်အမြဲရှိမယ်။
အိမ်ထောင်ပြုသောအခါတွင်ကြင်နာတတ်သောအိမ်ထောင်ဖက်နှင့်လက်တွဲရတတ်တယ်။
သို့သော်ထိုကဲ့သို့ရိုးသားသူနှင့်လက်တွဲရသည်ကိုပင်နုံသည်အသည်ဟုထင်မြင်မိတတ်တယ်။
အိမ်ထောင်ဖက်အပေါ်ကိုယ်ကချုပ်ကိုင်မိတတ်မယ်သဝန်တိုစိတ်ကြီးမားတတ်ကြတယ်။
အိမ်ထောင်ရေးနှင့်ဆွေမျိုးသားချင်းအရေးကြားတွင်မွန်းကြပ်နေအောင်ခံစားရတတ်ကြပါတယ်။
စိတ်ရင်းကောင်းသလောက်မဟုတ်မခံမာနစိတကြီးခြင်းခံစားချက်ပြင်းထန်ခြင်
းအရွဲ့တိုက်လိုခြင်းခေါင်းမာခြင်းတို့ကြောင့်နှလုံးသားတွင်မွန်းကြပ်သောဝေဒနာတို့ကိုအမြဲလိုလိုခံစားရတတ်မယ်။
ဆိုလိုသည်မှာစိတ်ကောင်းရှိသလောက်ချစ်မေတ္တာကြီးမားသလောက်ကိုယ့်မေတ္တာစေတနာအမှန်ကိုလူတွေနားလည်အောင်နေမပြတတ်၍အထင်အမြင်လွဲခံရတတ်တယ်။
ပြာသိုလမွေးဖွားသူတို့သည် လောကဓံလှိုင်းတံပိုးဒဏ်ကိုခံနိုင်ရည်ရှိသူများဖြစ်မယ်။
ပင်ကိုယ်စိတ်ရင်း မြင့်မြတ်၍ ကရုဏာတရားနှင့်ပြည့်ဝကြမယ်။
သို့သော် ခံစားချက်ပြင်းထန်ပြီး မဟုတ်မခံချင်စိတ်နှင့်လက်စားချေလိုစိတ် ပြင်းထန်ကြမယ်။
ထိုစရိုက်ကအလုပ်အကိုင်နှင့်စီးပွားရေးကိုထိခိုက်စေတတ်ပါတယ်ကိုယ်ပိုင်အတွေးအခေါ်ကောင်းမယ်။
ကိုယ်ကြံစည်ထားသည့်အတိုင်းပြင်းထန်စွာလုပ်ကိုင်တတ်တယ်။
နှုတ်စောင့်စည်းပြီးပါးနပ်လိမ္မာ၍ဆုံးဖြတ်ချက်ခိုင်မာမယထငွေကြေးကိုချွေတာခြင်းမရှိတတ်အလုပ်တစ်ခုကိုလုပ်လျှင်
ဝီရိယထား၍ရေဆုံးရေဖျားလုပ်တတ်မယ်တာဝန်တိကျကျေပွန်မယ်ကိုယ့်ကိုယ်ကိုအလွန်ယုံကြည်စိတ်ရှိပြီ
းကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းမယ်ခေါင်းဆောင်နိုင်စွမ်းရှိမယ်ဘာပဲလုပ်လုပ်တစ်ခုတည်း စွဲမြဲစွာလုပ်ကိုင်လိုတယ်။
ငွေရှာရာတွင် ငွေရှာဖွေနိုင်စွမ်း ရှိပြီး ငွေရလွယ်၏။သို့သော် မထင်လျှင် မထင်သလိုသုံးတတ်တယ်
ဘာမဆိုကိုယ့်စိတ်တိုင်းကျလုပ်တတ်၍စပ်တူလုပ်ငန်းများှင့်ကောင်းကျိုးမပေးသဟဇာတလည်းမဖြစ်ချေ
စီးပွားရေးတွင်မည်သူ့အပေါ်မှအကောက်မကြံတတ်ကြေချေသို့သော်တစ်ဖက်ကညစ်လာလျှင်
နှှစ်ဆပြန်တွယ်ရမှကျေနပ်သူတွေပါလုပ်စရာရှိလျှင်အားမနာတတ်ပါစီးပွားဥစ္စာကိုသိပ်ဂရုမစိုက်တတ်
ဂရုစိုက်ရှာဖွေလျှင်လည်းချမ်းသာကြွယ်ဝသူများဖြစ်မယ်အေးအေးဆေးဆေးနေထိုင်ရင်းပင်ချမ်းသာခွင့်ရသူများဖြစ်တတ်တယ်။
ပြာသိုလမွေးဖွားသူတို့သည် စက်မှုလုပ်ငန်း၊အနုပညာလုပ်ငန်း၊အနုပညာလုပ်ငန်းအလှဖန်တီးရှင်များအဆောက်အဦးများနှင့်
ဆရာဝန်အလုပ်တို့တွင်ကောင်းကျိုးပေးမယ်ငွေတိုးချေးခြင်းလုံးဝမပြုသင့်ပါ။
အစာအိမ်အူမကြီးတို့နှင့်ပတ်သက်သော ရောဂါများ၊ ခေါင်းကိုက်ရောဂါ၊သွေးဆိပ်တက်ရောဂါထုံကျင်ကိုက်ခဲသောရောဂါ တို့ဖြစ်တတ်မယ်။
လိပ်ခေါင်းရောဂါလိုမျိုးလည်း ဖြစ်တတ်တယ်ထို့အပြင်ပယောဂလိုမျိုးသူတစ်ပါးပြုစားခံရသည့်ရောဂါတွေ ရတတ်ပါတယ်။
ပြာသိုလမွေးဖွားသူတို့သည်စကားပြောပွင့်လင်းပြီးအားနာတတ်သောအကျင့်မရှိတတ်ပြောစရာရှိကပြောရဲဆိုရဲမယ်ဇွဲကောင်းတယ်။
လက်စားချေလိုတတ်မယ်ကံဇာတာညံ့လျှင်အလွန်ညံ့တတ်သလိုကောင်းစရာရှိကအလွန်ကောင်းမယ်။
ပတ်ဝန်းကျင်ကိုလည်းသိပ်ဂရုမစိုက်တတ်ချေလူကလည်း တစ်ဖက်စွန်းရောက်တတ်သလိုကံကြမ္မာကလည်းတစ်ဖက်စွန်းရောက်တတ်တယ်။
တစ်ခါတစ်ရံလောကကြီးကိုအကြောင်းမဲ့အရွဲ့တိုက်နေတတ်တဲ့ဉာဉ်ရှိမယ်လောကကြီးကိုမကျေမနပ် ဖြစ်နေတတ်တယ်။
ဂမ္ဘီရပညာတို့နှင့် နီးစပ်မယ်ထက်မြက်ပြီးအငြင်းသန်မယ်အနစ်နာခံစရာရှိကသူမတူအောင်အနစ်နာခံတတ်တယ်။
ဘုရားဆင်းတုတော်များကိုးကွယ်ထားရတတ်တယ်ရှေးဟောင်းပစ္စည်းဆောင်ထားကစီးပွားဖြစ်တတ်တယ်။
ရှေးဟောင်းဆင်းတုတော်ကိုးကွယ်ထားသင့်ပါတယ်အဆောင်ကောင်းရတတ်တယ် ကံကိုမျက်စိမှိတ်ယုံတတ်တယ်။
တစ်ခါတစ်ရံလူ့ဂွစာများဖြစ်တတ်တယ်အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နေကကြီးပွားမယ်။
ထင်ရာစွတ်လုပ်နေကအားလုံးကုန်သွားတတ်တယ်အထူးသတိပြုရန်မှာအမျိုးသားတို့ ဇနီးမယားကို
အယုံလွန်သဖြင့် ဘေးတွေ့တတ်ပါတယ်သတိထားပါ။
မည်သည့်ကိစ္စမဆိုအေးဆေးတည်ငြိမ်စွာဆုံးဖြတ်လုပ်ကိုင်ရင်းအောင်မြင်သောဘဝကိုရရှိတတ်ကြသည်။
တပို့တွဲလမွေးဖွားသူများ
တပိုတွဲလမွေးဖွားသူတို့သည်ပင်ကိုယ်စိတ်ဓါတ်ဖြူစင်မြင့့်မြတ်သူများဖြစ်ပြီးညာဏ်ပညာအလွန်ထက်မြက်သူများဖြစ်ပြီး
အတွက်အချက်ပညာတို့တွင်ပါရဂူမြောက်အောင်ထူးချွန်တတ်ကြမယ်မည်သည့်ကိစ္စမဆို ယုတ္တိကျကျကကျိုးကြောင်းတိကျစွာ
တွေးခေါ်ယူဆနိုင်စွမ်း ရှိကြမယ် ဖြတ်ထိုးဉာဏ်အလွန်ကောင်းမယ်။
အနေအထိုင်စကားနည်းပြီးသီးသီးသန့်သန့်နှင့်အေးအေးချမ်းချမ်းနေလိုမယ်သူတစ်ပါးကိုအနှောက်အယှက်လုံးဝမပေးတတ်ပါ။
ကိုယ်တာဝန်ယူထားသောကိစ္စများကိုအပြီးဆောင်ရွက်တတ်ကြတယ် မည်သည့်ကိစ္စမဆိုအပင်ပန်းခံပြီးလုပ်တတ်တယ်။
စည်းစနစ်နှင့်သုံးစွဲသဖြင့်နှမြောတွန့်တိုလိုအထင်ခံကြရတတ်တယ်အအိပ်မက်ပျင်းရိစိတ်ဝင်လာပါကဘာမှမလုပ်ဘဲ
နေတတ်တယ်အလှအပအထူးကြိုက်တတ်တယ်အလှအပမြင်သမျှ သဘောကျတတ်တဲ့ဉာဉ်ရှိမယ်။
ပင်ကိုယ်စိတ်ဓါတ် တည်ကြည်တယ် ထက်မြက်ပြီး သစ္စာရှိတယ်။
ဘဝတွင်အပြောင်းအလဲများစွာကြုံရတတ်တယ်ဘဝတွင်အမြဲတမ်းလှုပ်ရှားရှင်သန်နေရမည်။
အနစ်နာခံ၊အပင်ပန်းခံ၊အနွံတာခံပြီးကြိုးစားကြရတတ်တယ် ကိုယ်တိုင်ကလည်းမလုပ်ဘဲနေလျှင်သာငြိမ်နေတတ်ပြီး
လုပ်ပြီဆိုက သူများထက်သွက်လက်ထက်မြက်မယ်စိတ်ထားဖြောင့်သလောက်ကားပြောရာတွင် မထင်လျှင် မထင်သလို
ကျွတ်ဆတ်ဆတ်ပြောချင်တတ်ကြတယ်ရည်မှန်းချက် မြင့်မားစွာထားပြီး စိတ်ပါလက်ပါကြိုးစားပါကထိပ်တန်းရောက်အောင်အောင်မြင်သွားတတ်တယ်။
သတိထားရမှာကသူတစ်ပါးကိုယုံလမယ်ခြင်းပုံအပ်တတ်ခြင်းခေါင်းမာစွာဆုံးဖြတ်တတ်ခြင်းတို့ကြောင့်
နာမည်ပျက်ခြင်းရှိရင်းစွဲအောင်မြင်မှုကိုထိခိုက်တတ်ခြင်းစည်းစိမည်ဥစ္စာများပျက်စီးသွားခြင်းလည်းဖြစ်တတ်ကြ၍အထူးသတိပြုနေထိုင်လုပ်ကိုင်ပါ။
တပိုတွဲလမွေးဖွားသူတို့သည်ဓါးသွးကျောက်သဖွယ်သူတစ်ပါးတို့အတွက်အနစ်နာခံပြီးကူညီချင်မယ်။
သူတစ်ပါးအတွက်ဆိုလျှင်ကိုယ်ကျိုးစီးပွားအပျက်ခံပြီး ကူညီတတ်ကြတယ်။
မိတ်ဆွေမဖြစ်ခင်သာ ဘာသိဘာသာ နေတတ်ပြီး မိတ်ဆွေဖြစ်သွားပါကတစ်ခါတွေ့တစ်သက်မမေ့နိုင်လောက်အောင်မိတ်ဆွေပီသသူများဖြစ်ပြီး
အနစ်နာခံသူများဖြစ်တယ်သူတစ်ပါးအတွက်ကြားဝင်ခံရခြင်းမျိုးလည်း ကြုံတတ်ကြမယ်။
ကိုယ်နှင့်ဝေးမှချီးကျူးခံရတတ်တယ်သေပြီးမှချီးမွမ်းခံရတတ်သောဇာတာရှင်များဖြစ်တယ်။
ဘာသာရေးပါရမီရင့်သန်သူများဖြစ်သည်သို့သော်ဘာသာရေးတွင်အယူသည်းမယ်။
အချို့ကိစ္စများတွင်အများနှင့်အမြင်မတူသဖြင့်လူ့ခွစာများအမြင်ခံနေရမယ်။
အကြံကောင်းအတိုင်းကြိုးစားကပစ္စည်းဥစ္စာချမ်းသာပြီးအမည်ကျော်စောတတ်မယ်။
လူမျိုးခြားနိုင်ငံခြားကိစ္စတို့အထူးကောင်းကျိုးပေးမည်။
တပိုတွဲလမွေးဖွားသူတို့သည်အချစ်နှင့်ပတ်သက်၍အလွန်ခံစားချက်ပြင်းထန်ပြီးအချစ်ကိုအလွန်တန်ဖိုးထားတတ်ကြမယ်။
အချစ်ကံခေတတ်ကြတယ်အချစ်အတွက် တစ်ဖက်သတ်ပေးဆပ်နေကြရသူများဖြစ်တယ်။
ကိုယ်ကချစ်သလောက်တစ်ဖက်သတ်ပေးဆပ်နေကြရသူများဖြစ်မယ် ကိုယ်ကချစ်သလောက် ကိုယ့်အပေါ်
တုံ့ပြန်မေတ္တာအားနည်းသောအနေအထားကိုသာ ကြုံတတ်ကြရတယ်။
အုံ့ပုန်းအချစ်သမားများသာဖြစ်တတ်ကြတယ်အချစ်ရေးတွင်အသည်းကွဲရတတ်တယ်။
အကယ်၍ကိုယ့်ချစ်သူနှင့်လက်တွဲရသောအခါတွင်လည်းကိုယ်ကအယူအစွဲကြီးခြင်းအယူသည်းခြင်း၊ ခေါင်းမာခြင်းတို့ကြောင့် ပြဿနာ
မကြာခဏဖြစ်တတ်တယ်။အချစ်ရေးတွင်သဝန်တိုတတ်တယ်။
ချစ်သူတို့သည်ဘဝအတွက်ကိုယ့်ကိုလှေကားထစ်သဖွယ်အသုံးပြုကာနင်းတက်သွားကြမယ်ပြီးကိုယ့်ကိုမေ့ပစ်တတ်ကြမယ်။
အိမ်ထောင်ရေးတွင်ကံကောင်းပါမည်အနည်းအကျဉ်းစကားများရုံမှအပ ကြီးမားသောပြဿနာမရှိတတ်ပါ။
အထူးသာယာသောအိမ်ထောင်ရေး ဖန်တီးနိုင်ပါမည်။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပြီးကြီးပွားမည့်သူများဖြစ်ကြမယ်။
အမြဲတမ်းပြောင်းလဲလှုပ်ရှားကာ ရှင်သန်နေရသောအလုပ်များကိုလုပ်ကိုင်ရတတ်၏။
ပုံသေဖြစ်သောအလုပ်တို့နှင့်မကိုက်ညီပါအချက်အလက် စုဆောင်းမှု ကောင်းခြင်း၊အတွက်အချက်တော်ခြင်းတို့ကြောင့်
သူတစ်ပါးတို့ထက်ပို၍ထူးချွန်သူများဖြစ်မယ်အထူးသဖြင့်စာရေးဆရာအလုပ်တွင်ထူးချွန်သူများဖြစ်တတ်တယ်။
အလုပ်တစ်ခုခုကိုလုပ်ရာတွင် စိတ်မဝင်စားသောအလုပ်ပင်ဖြစ်စေ လုပ်ပြီဆိုသည်နှင့်အမှားအယွင်းကင်းအောင်လုပ်နိုင်တတ်ကြမယ်။
ပင်ကိုယ်သဘာဝကိုကအလုပ်လုပ်ရာတွင် သူတစ်ပါးတို့ထက်ပို၍ထက်မြက်သူများဖြစ်မယ်။
မည်သည့်အလုပ်မဆို စိတ်ပါလက်ပါလုပ်ကိုင်ကအလွန်ကြီးပွားတတ်တယ်အကြံဉာဏ်ကောင်းများ ရှိသော်ငြား
ကိုယ်တိုင်မသုံးမိဘဲ ရှိတတ်တယ်စကားပြောများခြင်း၊ နှုတ်ဖွာခြင်းတို့ကြောင့် ကိုယ့်ရဲ့အကြံဉာဏ်ကောင်းများသည်
သူတစ်ပါးတို့ထံသို့ရောက်ကာသူတစ်ပါးတို့တွင်အလွန်အောင်မြင်သွားတတ်ကြမယ်။
ကိုယ်တိုင်ကအထင်သေး၍စွန့်ပစ်ထားသောအကြံဉာဏ်တို့ကြောင့်သူတစ်ပါးတို့ကကြီးပွားသွားတတ်တယ်။
ဘဝတွင်အနှောက်အယှက်များအတိုက်အခံများများစွာကြုံရတတ်တယ်သူတစ်ပါးတို့အတွက်ငဲ့ကွက်ရင်းနစ်နာတတ်တယ်။
ကိုယ့်အကျိုးစီးပွားကိုအပျက်ခံပြီးသူတစ်ပါးကိုကူညီမိတတ်လို့ကျေးဇူးကန်းခံရခြင်းမနာလိုခံရခြင်း၊ ချောက်တွန်းခံရခြင်းတို့
ကြုံရတတ်ပါတယ်သတိပြုပါ။
ဒုတိယအရွယ်တွင်အိုးပိုင်အိမ်ပိုင်နှင့်နေနိုင်နိုင်မည်အလုပ်(၃) မျိုးပြောင်းပြီးမှ တည်ငြိမ်တတ်၏။
သို့မဟုတ်နေရာ(၃)နေရာခန့်ပြောင်းပြီးမှတည်ငြိမ်တတ်မယ်မိသားစုသံယောဇဉ် ကြီးမားသူများဖြစ်တယ်။
သို့သော် မွေးရပ်မြေမှဝေးရာတွင် ကြီးပွားချမ်းသာပြီးအောင်မြင်တတ်ကြပါတယ်ရတနာပစ္စည်းများစွာကိုလည်းစုဆောင်းမိတတ်တယ်။
အနုပညာ၊ စာပေများကိုနှစ်သက်မယ်အထူးသတိပြုရန်မှာဘဝတွင်အောင်မြင်မှုရရှိပြီးမှနာမည်ပျက်ခြင်း
ချမ်းသာကြွယ်ဝပြီးမှပစ္စည်းများ ဆုံးရှုံးသွားခြင်းတို့ ဖြစ်တတ်ပါတယ် စာပေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်
းမြေအရောင်းအဝယ်လုပ်ငန်းဆရာဝန်လုပ်ငန်းစက်ပစ္စည်းတို့ဖြင့်ကြီးပွားချမ်းသာအကျိုးပေးတတ်ပါသည်။
တပိုတွဲလမွေးဖွားသူတို့သည်အများအားဖြင့်အဆစ်အမြစ်ကိုက်ခဲခြင်းအမြဲရှိမယ်။
အခန့်မသင့်လျှင်လေးဘက်နာအထိဖြစ်တတ်တယ်။
ထို့အပြင်ဝမ်းပျက်ခြင်းဝမ်းကိုက်ခြင်းအစာအိမ်ရောဂါ၊အသည်းနှင့်ဆိုင်သော ရောဂါ၊သွေးကြောနှင့်ဆိုင်သော ရောဂါ၊ ထုံကျင်ကိုက်ခဲသောရေါဂါတို့
သတိပြုပါအမျိုးသားများဆီးကြိတ်နှင့်ဆိုင်သောရောဂါဖြစ်တတ်ပါသည်။
တပိုတွဲလမွေးဖွားသူတို့သည် တစ်မူထူးခြားသောဘဝပိုင်ရှင်များဖြစ်ကြတယ်။
အေးဆေးတည်ကြည်မယ်မာနကြီးမယ်မိရိုးဖလာအတွေးအခေါ်အယူအဆများကိုစွန့်လွှတ်ကာအယူအဆသစ်များထူထောင်တတ်ကြမယ်။
သူတစ်ပါးအတွက်အနစ်နာခံတတ်ကြတယ်ချမ်းသာကထပ်ဆုံးဆင်းရဲကအောက်ဆုံးဖြစ်တတ်ကြတယ်။
ဘဝအပြောင်းအလဲမြန်သူများဖြစ်လို့လောင်းကစားကိစ္စများရှောင်သင့်ပါတယ်တစ်စုံတစ်ဦးကိုယုံ၍ ပုံအောပြီး ငွေရှာခြင်းကြောင့်စီးပွားပျက်ကျရှုံးခြင်းကြုံတတ်တယ်။
တပို့တွဲလမွေးဖွားသူတို့သည်ထူးခြားသောကိုယ်ပိုင်ဟန်နှင့်ဆွဲဆောင်မှုရှိတတ်တယ်သံလိုက်ဓါတ်အားကောင်းပြီး
ဆန့်ကျင်ဘက်အပေါ်ဆွဲဆောင်အားကောင်းကြမယ်တစ်ခါတရံအတွေးသမားအငေးသမားအပြောသမားများဖြစ်နေတတ်ပြီး
အမှားအမှန်ကိုခွဲခြားနားမလည်ဘဲဖြစ်တတ်ကြတယ်။ပုလဲနက်၊ စိန်နက်၊ မဟူရာကျောက်၊ ရေသံကျောက်တို့ကို ဆောင်ထားပါ။
ကိုယ်တိုင်အကြံကောင်းများကိုအကောင်အထည်ဖော်လုပ်ပါကိုယ်ယုံကြည်ရာအလုပ်တစ်ခုကိုလုပ်မည်ဟုဆုံးဖြတ်ပြီး
ကအားကုန်ကြိုးစားပေးခြင်းဖြင့်ထိပ်တန်းရောက်အောင်ကြီးပွားအောင်မြင်ပါမည်။
တပေါင်းလမွေးဖွားသူများ
တပေါင်းလမွေးဖွားသူတို့သည် ရာသီ (၁၂)ပါးတွင်ချမ်းသာသုခနှင့်အပြည့်ဝဆုံးသောသူများဖြစ်တတ်ကြပါသည်။
ထူးခြားသော စရိုက်နှစ်မျိုးကို တစ်ပြိုင်တည်းပါနေသူများဖြစ်တတ်ကြတယ်အလွန်သနားကြင်နာတတ်ကြမယ်။
ရိုးသားမယခအေးဆေးတည်ငြိမ်ပြီးအရှက်အကြောက်ကြီးမယ်။
အခွင့်အာဏာပကာသနတို့ကိုမက်မောဘဲလွတ်လပ်ပေါ့ပါးစွာနေထိုင်လိုမယ်အယုံလွယ်တတ်တယ်။
သူတစ်ပါးကိုကူညီလိုမယ်အားနည်းသူတို့ဘက်မှရပ်တည်လိုတယ်နူးညံ့သိမ်မွေ့မယ်။
ညာဏ်ထက်ပြီးအမြော်အမြင်ကြီးမယ်မဖြစ်မနေကြီးပွားအောင်မြင်လိုစိတ်ရှိမယ်စိတ်ထက်စိတ်ကြီးပြီး
စိတ်မြန်လက်မြန်လုပ်တတ်တယ်စကားပြောဆိုမှုစာပေရေးသားမှုတို့တွင်အလွန်ထက်မြက်မယ်။
တစ်ခါတစ်ရံသတ္တိနည်းကာ သွေးကြောင်နေတတ်တယ်။
မကြာခဏ ခေါင်းဆောင်နေရာကိုအလိုလိုရောက်နေတတ်တယ်တစ်ကိုယ်တည်းအေးအေးဆေးဆေးနေချင်တတ်တယ်။
အပေါင်းအသင်းများများမထားတတ်ပါနာမ်ဝါဒကိုအထူးသက်ဝင် ယုံကြည်ကြမယ်။
ဘာသာရေးကို ပြင်းထန်စွာယုံကြည်သက်ဝင်ကြမယ်အများအားဖြင့် စိတ်တည်ငြိမ်စွာဖြင့်
တရားအလုပ်ကို လက်တွေ့ကျကျ ကျင့်လှမ်းသူများ ဖြစ်တတ်ကြတယ်။
ထုံးတမ်းအစဉ်အလာ ဓလေ့များကိုယုံကြည်လိုက်နာတတ်ကြတယ်အရာရာတိုင်းကို ကြိုတင်သုံးသပ်၍
ကြိုတင်အဖြေထုတ်ရာတွင် ပါရမီထူးကဲပြီးအမြင်ပြတ်သားမယ်။
ဉာဏ်ထက်ပြီး စိတ်ကူးကောင်းမယ်။ တစ်ခါတစ်ရံအယူသီးလွန်းကြပြီးခေါင်းမာ တတ်ကြတယ်။
အထူးသဖြင့်ဘာသာရေးတွင်အလွန်တိကျစွာ ကျင့်သုံးတတ်ကြမည်။
အခြားကိစ္စတို့တွင်စည်းကမ်းကောင်းလွန်းတတ်ကြတယ်အတ္တပရမျှတစွာကျင့်သုံးတတ်ကြမယ်။
သစ္စာရှိမယ်အလွန်စိတ်ဆိုးခဲပြီးစိတ်ဆိုးမိပါကအငြိုးအတေးကြီးပြီးသြဇာပေးကောင်းမယ်။
လူအများအပေါ်အုပ်ချုပ်လိုမယ်ဘယ်တော့မှ မရောင့်ရဲဘဲထင်ပေါ်အောင်အောင်မြင်အောင် ကြိုးစားတတ်ကြမယ်။
အချို့ကိစ္စများတွင် လူကြီးလူကျယ် လုပ်ချင်မယ်စည်းကမ်းရိုသေတိကျတယ်။
ပရိယာယ် ဝေဝှစ်များဖြင့် လုပ်ကိုင်နိုင်စွမ်းရှိမယ်။
တစ်ခါတစ်ရံညာဏ်နီညာဏ်နက်များဖြင့်ကိုယ်ဖြစ်ချင်တာကိုဖြစ်အောင်လုပ်တတ်တယ်။
အထက်လူကြီး၊ မင်းစိုးရာဇာတို့ကိုအမှီပြုပြီးကြီးပွားအောင်မြင်တတ်တယ်။
ကိုယ့်အစွမ်းအစကိုယုံကြည်စွာ ကြိုးစားသွားပါကထိပ်တန်းရောက်တာများပါမယ် ချစ်မိက သူမတူ၊ မုန်းမိက လှည့်မကြည့်ဆိုသော
လူစားမျိုးဖြစ်တယ်။အချစ်ရေးတွင် မေတ္တာတရားကိုတန်ဖိုးထားတတ်တယ်ရင်ထဲမှအချစ်ကို ဖွင့်ပြောရန်အလွန်သတ္တိနည်းကြမယ်။
ထို့အတူရွေးချယ်ရခက်ခဲသောအနေအထားများအမြဲလိုလိုကြုံတတ်တယ်။
ချစ်သူနှစ်ယောက်ကို တစ်ပြိုင်တည်း ထားမိတတ်တယ်။အချစ်ရေးတွင် ချစ်သူကို ဦးစားပေးသလိုလိုနှင့်အတ္တဆန်မိတတ်ကြမည်သတိထားပါ။
ချစ်သူတို့၏အထင်လွဲမှုများကိုလည်းအထူးခံရမယ်။ကိုယ်ကလည်းချစ်သူအပေါ်အနိုင်ယူလိုတတ်တယ်။
အိမ်ထောင်ပြုသောအခါအနှောက်အယှက်များကိုကျော်လွှားပြီးမှအိမ်ထောင်ပြုရတတ်တယ်။
အိမ်ထောင်ပြုပြီးကအထူးကြီးပွားတတ်တယ်အိမ်ထောင်နှစ်ဆက်ဖြစ်တတ်တယ်။
တပေါင်းလမွေးဖွားသူတို့သည် ကျန်းမာရေးအညံ့ကြုံတိုင်းရောဂါရှာဖွေရန်ခက်ခဲတတ်ကြလို့အနာတစ်ခြား ဆေးတစ်ခြားဖြစ်တတ်တယ်။
ဝေဒနာဖြစ်ကကြာရှည်ခံစားရတတ်မယ်ငှက်ဖျားရောဂါနားဝေဒနာအာရုံကြောအကြောရောဂါအရေပြားရောဂါတို့ဖြစ်တတ်ကြမည်။
အလုပ်အကိုင်နှင့် ပါတ်သက်လာရင်ဇွဲနှင့်သတ္တိအလွန်ကောင်းသူများဖြစ်ကြ၍ညာဏ်ရည်ထက်မြက်ကြပြီအလုပ်တစ်ခုကိုကြိုတင်
တွက်ချက်မှုတွင်အထူးကျွမ်းကျင်ကြမယ်တိုးတက်မှုကိုအမြဲရှာဖွေနေသူများဖြစ်တယ်ကိုယ်ကနောက်လိုက်ဖြစ်သောအခါတွင်
စည်းကမ်းလိုက်နာ တတ်ကြသကဲ့သို့ကိုယ်ကခေါင်းဆောင်နေရာရောက်နေသောအခါတွင်လည်းစည်းကမ်းတင်းကြပ်တတ်ကြတယ်။
ထိပ်ဆုံးနေရာသို့မရောက်ရောက်အောင် ကြိုးစားတတ်ကြမည်။
တပေါင်းမွေးဖွားသူတို့သည်စကားပြောလဲကောင်းပြီးခေါင်းဆောင်မှုစီမံကွပ်ကဲမှု၊အုပ်ချုပ်မှုကောင်းကြမယ်။
အလုပ်နှစ်ခုဒွန်တွဲပြီးလုပ်ကြရတတ်တယ်အလုပ်လုပ်ရာတွင်အခက်အခဲများအတိုက်အခံများကြုံလေတိုးတက်လေပါပဲ။
နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့သွားရ နေထိုင်ရတတ်တယ် ခရီးသွားခြင်းဖြင့်စီးပွားဖြစ်တတ်မယ်။
မွေးရပ်မြေကိုစွန့်ခွာလေအောင်မြင်လေဖြစ်မည်။
ကိုယ်ပိုင်အစွမ်းအစနှင့်အောင်မြင်မည်ချမ်းသာကြွယ်ဝည်ငွေကံအလွန်ကောင်းမည်ငွေအသုံးအစွဲ ကျစ်လစ်ပြီး စည်းစိမ်ဥစ္စာနှင့်
ပြည့်စုံမည့်သူများဖြစ်သည်။ ရတနာပစ္စည်းများမကြာခဏရတတ်ပါတယ်။
ဘဝတွင်စက်ဘီးဆိုင်ကယ်မှအစမော်တော်ကားအထိအကောင်းစားယာဉ်တို့ကို ပိုင်ဆိုင်တတ်ပါမယ်။
ထီလည်းမကြာခဏပေါက်တတ်တယ် ထီကံအလွန်ကောင်းပါတယ်။
လောင်းကစားနှင့်အရက်ကိုရှောင်ပါ။ လူမျိုးခြားတို့နှင့်ကောင်းကျိုးပေးမယ်စာရေးသောအလုပ် ထီးလုပ်ငန်း၊
ထီလုပ်ငန်းစားသောက်ဆိုင်ငါးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စစ်ဖက် သင်္ဘောသား၊ သင်္ဘောကပ္ပတိန်၊
သုတေသနအလုပ်တို့ဖြင့်အထူးကြီးပွားအောင်မြင်တတ်တယ် ငယ်စဉ်ဘဝတွင်အတက်အကျများမယ်။
ငယ်ဘဝတွင်ကျန်းမာရေးစီးပွားရေး၊ လူမှုရေးတို့၌အားနည်းတတ်ပြီးဘဝတွင်အပြောင်းအလဲအမျိုးမျိုးကြုံကာ
ကြီးမှချမ်းသာတတ်တယ်မိမိတို့၏အကြံအစည်များကို လျှို့ဝှက်စွာကြံစည်လုပ်ကိုင်တတ်တဲ့ဉာဉ်ရှိတယ်။
ဘဝတိုးတက်မှုအတွက်အပျော်အပါးကိစ္စများကိုလည်းရှောင်ရှားနိုင်တတ်တယ်ကိုယ့်ဒူးကိုယ်ချွန်ပြီးကြီးပွားတတ်တယ်။
ရပ်ဝေးတွင်အောင်မြင်တတ်ကြမယ်ဝိဇ္ဇာမယလောကီပညာရပ်တို့ကိုအလွန်အကျွံလိုက်စားခြင်းရှောင်သင့်ပါတယ်။
ကြီးပွားချမ်းသာရန် ရွှေရောင်ပစ္စည်းတစ်ခုကိုအမြဲဆောင်ထားပါရတနာပစ္စည်းများထဲတွင်
ဂေါ်မုတ်ကျောက်ကိုရွှေဖြင့်လက်စွပ်ကွင်းကာလက်ယာဘက်တွင်ဝတ်ဆင်ထားပါ။
(၃၊ ၆၊ ၉) ဂဏန်းများအမြဲကောင်းကျိုးပေး၏(၅)ဂဏန်းကိုအထူးရှောင်ပါ ဘာကိစ္စမဆို၊
ဘယ်လိုအခြေအနေမျိုးမဆို တစ်ခုခုကို ပြတ်သားစွာ ရွေးချယ်ပြီး
ရဲဝင့်စွာ လုပ်ကိုင်သွားခြင်းဖြင့်အောင်မြင်ပါမည်။
Myanmar Wedding Guide