သင့်ကိုယ်သင်အချစ်ရေးမှာကံမကောင်းတဲ့သူလို့ထင်နေရင် ဒီအချက်လေးတွေလုပ်ကြည့်ပါ
shwemom.com
|
2019-09-08

သင့်ကိုယ်သင်အချစ်ရေးမှာ ကံမကောင်းတဲ့လူတစ်ယောက်လို့ ထင်နေတာလား။အသက်အရွယ်တစ်ခု ရောက်လာခဲ့တဲ့အချိန်အထိ ချစ်သူတစ်ယောက်မှ မရ၊ ကိုယ်က ကြိုက်တဲ့သူတွေကလည်း ကိုယ့်ကိုပြန်မကြိုက်နဲ့ စိတ်ဓာတ်ကျစရာတွေများ ဖြစ်နေလား။ ဒီလိုဆိုရင်တော့အောက်မှာ ဖော်ပြထားတဲ့အချက်လေးတွေကို သင် ကြိုးစားပြီး လုပ်ကြည့်လိုက်ပါ။အရင်ကထက်အခြေအနေတွေ ပိုကောင်းလာမယ်ဆိုတာအာမခံပါတယ်နော်…။

(၁)။ ကိုယ့်ကိုယ်ကိုယ်ကြည့်ကောင်းအောင်နေပါ

သင်ကအဝတ်အစားကို ဖိုသီဖတ်သီနေတတ်သူ တစ်ယောက်၊ ဖြစ်သလို ဝတ်တတ်သူတစ်ယောက်ဆိုရင်အဲဒီအကျင့်ကြီးကို ဖျောက်ပစ်လိုက်ပါ။အိမ်မှာနေတော့လည်း ဒီအင်္ကျီပဲ၊အပြင်ထွက်တော့လည်း ဒီအင်္ကျီပဲဆိုရင် သင့်အကြောင်း သိတဲ့သူတွေမှန်သမျှက သင့်ကိုကြိုက်ပါတော့မလား။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်အပြင်အဆင်လေး ဂရုစိုက်၊ သပ်သပ်ရပ်ရပ် ဝတ်စားတတ်တဲ့အကျင့်လေး ပြုလုပ်ပေးပါ။


Dean Drobot/Shutterstock

(၂)။ တွေ့သမျှလူတိုင်းကို စိတ်မဝင်စားပါနဲ့

သင့်မှာ ရည်းစားမရှိသေးလို့ တွေ့သမျှလူတိုင်းကို စိတ်ဝင်စားလို့ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးက တကယ်ပဲဆိုးပါတယ်။ သင်က တွေ့သမျှလူတိုင်းကို လိုက်ပြီးကြိုက်နေတဲ့သူလို့ တစ်ယောက်ယောက်က ဖွလိုက်ပြီဆိုတာနဲ့ သင့်ဘဝကြီးက မြောင်းထဲရောက်သွားပါပြီ။ သင့်အနေနဲ့ သင်နဲ့သင့်တော်မယ်ထင်တဲ့တစ်ယောက်ကိုရွေးပြီး၊ ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာကိုပဲ လေ့လာနေသင့်ပါတယ်။ တွေ့သမျှလူတိုင်းကို သင့်ရည်းစားဖြစ်လာနိုင်တယ်လို့ မတွေးလိုက်စမ်းပါနဲ့။

(၃)။ ကိုယ့်အသွင်အပြင်ကို ဂရုစိုက်ပါ

သင်က ပိန်လွန်းနေတဲ့သူလား၊ ဝလွန်းနေတဲ့သူလား၊ ဒါမှမဟုတ် သင့်ရဲ့ဆံပင်ပုံစံက ပုံတုံးကြီး၊ မျက်နှှာမှာလည်း ဝက်ခြံတွေအပြည့်နဲ့အဲဒီလိုလား။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုချစ်တဲ့သူတစ်ယောက် လိုချင်တယ်ဆိုရင်အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် သူတို့ချစ်အောင်နေတတ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကြည့်ကောင်းစေဖို့ ကြိုးစားမယ်၊ ကိုယ့်ရဲ့ဆံပင်ပုံစံ၊ ကြည့်ကောင်းတဲ့မျက်နှာပုံစံ စသဖြင့် ပြောင်းလဲဖို့ ကြိုးစားမယ် ဒီလိုမှပဲ သင်ဟာ တစ်ဦးတစ်ယောက်ရဲ့ စိတ်ဝင်စားခြင်းကို ခံရမှာပေါ့။


Dean Drobot/Shutterstock

(၄)။ ပိုက်ဆံစုပါ

သင်ကအချိန်တော်တော်များများမှာ ပိုက်ဆံမရှိပဲ ဘိုင်ကျသူတစ်ယောက်ဖြစ်နေခြင်းကလည်း ရည်းစားမရစေတဲ့အကြောင်းရင်းတစ်ခုပါ။ သင့်အနေနဲ့ ပိုက်ဆံကို ဖောဖောသီသီမသုံးနိုင်ဘူးဆိုရင်တောင် တစ်ကိုယ်ရည်အတွက်တော့ လောက်ငအောင် လုပ်နိုင်ဖို့လိုမှာဖြစ်သလို လိုအပ်ရင် သုံးနိုင်ဖို့အတွက် စုထား၊ ဆောင်းထားဖို့လည်း လိုပါတယ်။ ဒီလိုမှပဲ သင်ချစ်တဲ့သူနဲ့ ကြုံလာရင် ပိုက်ဆံသုံးနိုင်မှာဖြစ်ပြီး ကိုယ်ချစ်တဲ့သူကိုတွေ့နေပေမယ့် ပိုက်ဆံမရှိလို့အားငယ်နေရ၊ မပြောရဲပဲဖြစ်နေရတဲ့ဘဝကနေ လွတ်မြောက်သွားနိုင်မှာပါ။


Minerva Studio/Shutterstock

(၅)။ ကိုယ်ကချစ်တဲ့သူကိုမရှာပါနဲ့

ကိုယ်ကချစ်တဲ့သူကိုချည်းရှာနေပြီး သူတို့က ကိုယ့်ကိုပြန်မချစ်တဲ့အခါ ဒီတစ်သက်တော့ ရည်းစားမရတော့ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ကိုယ်ကချစ်တဲ့သူမှ ကိုယ့်ချစ်သူဖြစ်နိုင်တာမဟုတ်ဘူးဆိုတာကိုလည်း သိထားပါဦး။ ကိုယ့်ကိုချစ်တဲ့သူကလည်း ကိုယ့်ချစ်သူ ဖြစ်လာနိုင်တာပဲလေ။ ဒီတော့ ကိုယ်က ချစ်တဲ့သူကိုချည်းရှာမနေပဲ ကိုယ့်ကိုချစ်နေတဲ့သူတွေကိုလည်း သတိထားမိအောင်လုပ်လိုက်ပါဦးနော်။

Linn




Some text some message..