တစ်နယ်စီ၊တစ်မြို့စီကလူတွေကို ချစ်သူမတော်သင့်တဲ့အကြောင်းရင်း(၅)ခု
shwemom.com
|
2019-09-08

အနေဝေးတဲ့ချစ်သူတွေ (LDRS) တွေနဲ့ပတ်သက်ပြီး ပြောကြတာတွေကအများကြီးပါ။အတူမရှိနိုင်ကြတဲ့ ချစ်သူတွေဟာအတူရှိတဲ့ချစ်သူတွေလောက် ချစ်သူသက်တမ်းမကြာကြဘူး၊အနေဝေးတဲ့ချစ်သူတွေအကြား ယုံကြည်မှုဟာ မြန်မြန်ပျောက်ကွယ်သွားတယ်..စသဖြင့် ဆိုးကွက်တွေအများကြီးရှိနေတယ်ပေါ့။ ဒီနေ့ခေတ်လိုအချိန်မျိုးမှာတော့ တစ်နယ်စီ၊ တစ်မြို့စီကလူတွေကို ချစ်သူမတော်သင့်တဲ့အကြောင်းရင်းတွေအများကြီး ရှိလာခဲ့ပါပြီ။အဲဒါတွေက ဘာတွေလဲ…ဘာကြောင့်လဲဆိုတော့….။

(၁)။အဆက်အသွယ်နည်းနည်းပြတ်သွားတာနဲ့အဆင်မပြေကြတော့တာ

အနေဝေးတဲ့ချစ်သူတွေရဲ့အဓိက ပြဿနာက တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်အပြတ်မခံနိုင်တော့တာပါပဲ။အဆက်အသွယ်လေးနည်းနည်းပြတ်သွားနဲ့ သံသယတွေဝင်၊ ဘယ်သူနဲ့ဘာတွေလုပ်နေလဲ ဆိုတာတွေ ထင် ကုန်ကြပြီးအဆင်မပြေဖြစ်ကုန်ကြရတာပါ။အကြောင်းကိစ္စတစ်ခုကြောင့်အဆက်အသွယ်မလုပ်မိတာလေးကိုတောင် နားလည်မပေးနိုင်တော့တဲ့အထိအဆင်မပြေဖြစ်တတ်ကြပါတယ်။အကြောင်းရင်းကတော့ သူတို့ရဲ့ချစ်သူကိုအဆုံးရှုံးမခံချင်ကြတာကြောင့်ဖြစ်ပြီး ကိုယ့်ကိုမဆက်သွယ်ပဲ ဘယ်သူနဲ့ဘာတွေလုပ်နေမလဲလို့ တွေးပူနေကြတာကြောင့်ပါ။


NiE PROJECT/Shutterstock

(၂)။ သံသယစိတ်တွေနဲ့ချစ်နေရတာ

သူက ကိုယ့်ကိုချစ်တယ် လို့ပြောလို့သာ ကိုယ်တို့က ချစ်သူအဖြစ်ရှိနေရတာ။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာလည်းမဟုတ်။ တခြားစုံတွဲတွေလို မကြာခဏတွေ့၊ လျှောက်သွားပြီး ပျော်နေရတာလည်းမဟုတ်။ ဒီတော့ ကိုယ့်မှာ ချစ်တယ်ဆိုတဲ့ စကားကို ကြားနေရတာကလွဲပြီး သူကိုယ့်ကို ချစ်တယ်ဆိုတာ မခံစားရပဲဖြစ်နေတော့တာပါ။ ဒီတော့ ကိုယ့်စိတ်ထဲမှာ သူ ကိုယ့်ကို တကယ်ချစ်ရဲ့လားလို့ သံသယစိတ်တွေအမြဲရှိနေတတ်ပြီး သူ့ရဲ့အချစ်အပေါ် မယုံမကြည်ဖြစ်လာမိတော့တာပါပဲ။


NiE PROJECT/Shutterstock

(၃)။ သူ့အပြင်နောက်တစ်ယောက်တွဲဖို့စဉ်းစားနေမိတာ

တစ်ခါတစ်လေ သူ့ဖက်က ကိုယ့်ကို သစ္စာမဖောက်ပဲချစ်နေတယ်ဆိုရင်တောင် ကိုယ့်ဖက်က သူ့အပြင် နောက်တစ်ယောက်တွဲဖို့ စဉ်းစားမိတာလေးတွေရှိတတ်ပါတယ်။အကြောင်းကတော့ သူက ကိုယ့်အတွက် လက်တွေ့မကျလို့ပါပဲ။ နောက်ထပ်အကြောင်းရင်းတစ်ခုက ကိုယ်နောက်တစ်ယောက်တွဲရင် သူမသိနိုင်ဘူးလို့ ထင်နေတာကြောင့်ပါ။ ဒီလိုနဲ့ နှစ်ယောက်ကြားထဲကအချစ်ဟာ ပြဿနာတွေနဲ့ ကြုံလာရပြီး မကြာခင် လမ်းခွဲသွားရတာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။

(၄)။အကူအညီလိုနေချိန်မှာအနားမှာမရှိပေးနိုင်လို့အားငယ်ရတာ

ကိုယ်က တစ်ယောက်ယောက်ဆီကအကူအညီလိုနေတဲ့အချိန် ၊ တစ်ယောက်တည်းအဆင်မပြေဖြစ်နေတဲ့အချိန် ၊ ကိုယ့်ဘေးမှာ တစ်ယောက်ယောက်ရှိနေပြီးအားပေးစေချင်တဲ့အချိန်တွေမှာ သူကအနားမှာမရှိနိုင်တာကလည်း တကယ့်ကိုအားငယ်စရာပါ။အဲဒီလိုမျိုး မကြာခဏ ဖြစ်လာပြီဆိုရင် ကိုယ့်စိတ်ထဲမှာ သူဟာ ကိုယ်လိုအပ်တဲ့အချိန်တိုင်း တကယ်ရှိနေတဲ့သူလား ၊ ကိုယ့်အတွက် တကယ်ရှိနေမယ့်သူ ဟုတ်ရဲ့လား ဆိုတာ သံသယ ဖြစ်လာမှာသေချာပါတယ်။


TeodorLazarev/Shutterstock

(၅)။ ပိုချစ်ဖို့ထက် လမ်းခွဲဖို့ကိုပဲ စဉ်းစားနေမိတာ

အနေဝေးတဲ့ချစ်သူတွေဟာ တဖြည်းဖြည်းနဲ့ ပိုချစ်လာတာတို့၊ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်ပဲဖြစ်နေတာတို့က တကယ့်ကိုရှားရှားပါးပါး ပါ။ သူတို့စိတ်ထဲမှာအဲဒီလိုပိုချစ်တဲ့ခံစားမှုထက် လမ်းခွဲချင်တဲ့ခံစားမှုတွေက ပိုများနေတတ်ပါတယ်။အကြောင်းကတော့အနာဂတ်မှာ နှစ်ယောက်အတူရှိနေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ပုံဖော်ကြည့်လို့မရတာကြောင့်ပါပဲ။အတူရှိမနေတဲ့အချိန်တွေ ပိုများလာတာနဲ့အမျှအချစ်ဆိုတာက သူတို့အတွက် လက်တွေ့မကျပဲဖြစ်လာတတ်ပြီးအဲဒီအချစ်ပုံစံကြီးကို စိတ်ကုန်သွားတတ်ကြတယ်။

Linn




Some text some message..