စိတ်ခံစားလွယ်တဲ့သူမှန်း သိသာစေတဲ့အချက်(၅)ချက်
shwemom.com
|
2019-09-08

ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေ၊အပေါင်းအသင်းတွေထဲမှာ စိတ်ခံစားလွယ်တဲ့သူတွေ မကြာခဏတွေ့ဖူးမှာပါ။ တစ်ခါတစ်လေဆို ကိုယ်တိုင်ကတောင် စိတ်ခံစားလွယ်သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတတ်သေးတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ သတိမထားမိပေမယ့် နံဘေးမှာရှိတဲ့သူတွေက ကိုယ်ဟာစိတ်ခံစားလွယ်သူတစ်ယောက်လို့ ပြောတဲ့အခါအံ့သြရတာမျိုးလည်း ကြုံဖူးမှာပါ။

စိတ်ခံစားလွယ်တဲ့သူတွေဟာ ဘယ်လိုပုံစံမျိုးတွေလဲ။ ဘယ်လိုအချက်တွေနဲ့ နှိုင်းယှဉ်ပြီး ဆုံးဖြတ်ကြတာလဲ။အောက်မှာ ဖတ်ကြည့်လို့ရပါတယ်။

(၁)။ စကားလုံးတွေကို လိုက်ပြီးခံစားနေတယ်

မထင်မှတ်ပဲ ပြောလိုက်မိတဲ့ စကားလုံးလေးတွေကအစ လိုက်ပြီးခံစားနေတတ်တဲ့သူတွေဟာ စိတ်ခံစားလွယ်တဲ့သူတွေထဲမှာ ပါ ပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို စ နောက်ပြီး ပြောတဲ့ စကားတွေကိုအတည်လို့ထင်နေမယ်၊ ကိုယ့်ကိုစော်ကားတာလို့ထင်နေမယ်၊ ဟာသအဖြစ်ပြောတာလို့ မတွေးနိုင်ပဲအမူအရာတွေပြောင်းသွားမယ်။ ဒီလိုနဲ့ ကိုယ့်အရှေ့မှာ တခြားသူတွေက စကားပြောဆင်ခြင်ရတဲ့အထိ ဖြစ်လာမယ်။ ဒီလိုမျိုး စကားလုံးတွေကို လိုက်ပြီးခံစားနေတတ်သူတွေက စိတ်ခံစားလွယ်တဲ့သူတစ်ယောက် ဖြစ်လာဖို့ လုံးဝကို သေချာတာပါပဲ။


Lestertair/Shutterstock

(၂)။ ထစ်ကနဲဆိုမျက်ရည်ကျတယ်

လူကြီးတွေက ကိုယ့်ကိုဆူလိုက်ပြီဆိုတာနဲ့ ကွယ်ရာမှာ မျက်ရည်ကျတတ်တာ၊ ချစ်သူအချင်းချင်း စကားများလိုက်ပြီဆိုတာနဲ့ မျက်ရည်ကျတာ၊ ကျောင်းမှာ စာမရလို့ မျက်ရည်ကျတာ၊အလုပ်မှာပင်ပန်းလို့ မျက်ရည်ကျတာ စသဖြင့် ထစ်ကနဲဆို မျက်ရည်ကျသူတွေကလည်း စိတ်ခံစားလွယ်တဲ့စာရင်းထဲမှာ ရှိနေပါတယ်။ သူတို့အတွက်တော့ ဘာကိုမဆို ခံစားတတ်လွန်းလို့ မျက်ရည်ကျဖို့အဆင်သင့်ဖြစ်နေတတ်တယ်။ တစ်ခါတစ်လေအိပ်မက်ဆိုးတွေမက်ရင်တောင် မျက်ရည်ကျနေရတတ်တာမျိုး ဖြစ်တဲ့အထိ စိတ်ခံစားလွယ်သူတွေပေ့ါ။


Lestertair/Shutterstock

(၃)။အယုံလွယ်တယ်

တခြားသူတွေက ဘာပြောပြောအယုံလွယ်တဲ့သူတွေကလည်း စိတ်ခံစားလွယ်တဲ့သူတွေပါ။ သူတို့မှာ ကိုယ်ပိုင်စဉ်းစားတာမျိုးရှိရဲ့လားလို့တောင် ထင်ကြရတဲ့အထိအယုံလွယ်ကြတယ်။အဲဒါက လူတွေအပေါ် ယုံကြည်မှု လွန်ကဲလွန်းတာကြောင့်ပါ။ သူတို့က ခံစားလွယ်သူတွေဖြစ်ကြတဲ့အတွက် တခြားသူတွေ ဆင်တဲ့ဇာတ်လမ်းတွေကိုအမှန်အမှား မစဉ်းစားနိုင်ကြပဲ လွယ်လွယ်လေးနဲ့ ယုံပစ်လိုက်ကြတာမျိုး။

(၄)။ ဟန်မဆောင်တတ်ဘူး

စိတ်ခံစားလွယ်တဲ့သူတွေက ဟန်မဆောင်တတ်ကြပါဘူး။ သူတို့က လုံးဝကို ပွင့်လင်းကြသူတွေလို့ သူတို့ကိုယ်သူတို့ ခံယူထားကြတယ်။ ဝမ်းသာစရာရှိရင် ဝမ်းသာမယ်၊ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းမယ်၊ ဘယ်လိုခံစားမှုမျိုးမဆို သူတို့ရဲ့ မျက်နှာအမူအရာမှာ ချက်ချင်းပေါ်လာတတ်တယ်။အကြောင်းရင်းကတော့ သူတို့ဟာ ခံစားလွယ်တဲ့သူတွေပီပီ ခံစားမှုကို ထိန်းသိမ်းထားတဲ့နေရာမှာလည်းအရမ်းကို ညံ့လွန်းတာကြောင့်ပါပဲ။


goodluz/Shutterstock

(၅)။ သူငယ်ချင်းတွေကိုအရမ်းခင်တွယ်တယ်

တစ်ခုခုဖြစ်ပြီဆိုတာနဲ့ သူငယ်ချင်းတွေကို လိုက်ရှာတတ်၊ ဖုန်းဆက်တတ်၊ ရင်ဖွင့်တတ်သူတွေကလည်း စိတ်ခံစားလွယ်သူတွေပါ။ သူတို့က စိတ်ခံစားလွယ်သူတွေဖြစ်ကြောင်းကို မြိုသိပ်မထားတတ်ကြဘူး။ သူတို့နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို သူတို့ ဘယ်လိုလူဖြစ်တယ်ဆိုတာ ပြောပြထားတတ်ကြပြီးအရမ်းကို ခင်တွယ်တတ်ကြတယ်။

Linn




Some text some message..