“ကိုကို သဲကို ဘာလို့ချစ်တာလဲ ?” မိန်းကလေးတိုင်းက ကိုယ့်ချစ်သူကိုယ့်ကို ဘာလို့ချစ်တာလဲဆိုတဲ့ မေးခ ွန်းကို မေးနေတတ်ကြပါတယ်။ ဒါကလည်းမိန်းက လေးသဘာ၀ ပါ။ သူတို့ကိုဘယ်လိုချစ်ကြောင်း ဘာတွေကြောင့်ချစ်ကြောင်းပြောပြတာကို ခေါင်းလေးမော့ပြီးနားထောင်ချင်တတ်ကြတာပါ။ သင်ဆိုရင်ရော မေးလာရင်ဘယ်လိုဖြေမလဲ?
၁။ မင်းအပြုံးက ကိုယ့်ကို ရင်ခုန်လှုပ်ရှားစေတာကြောင့်
သူမအပြုံးက မိမိပတ်ဝန်းကျင်က လွှဲချော်မှုတွေကို ဘယ်လိုပြုပြင်ပေးကြောင်း သူမကို ပြောပြပါ။ မင်းပြုံးလိုက်တိုင်း မိမိသီးခြားကမ္ဘာလေးဟာ မျှော်လင့်ချက်ရှိပြီးအစစအရာရာအဆင်ပြေသလို ခံစားရကြောင်း ပြောပြပါ။ သူမဝမ်းသာဂုဏ်ယူပါလိမ့်မယ်။
၂။အချိန်တိုင်းချစ်စရာကောင်းအောင် စီမံနိုင်ပုံ
မင်းမျက်နှာမြင်တိုင်း ကိုယ့်နှလုံးသားကနေ ပြောဆိုတာ တစ်ခုတည်းပဲ ရှိတယ်။အဲဒါက မင်းဘယ်လောက်ချစ်စရာကောင်းလိုက်လဲ ဆိုတာပါပဲ။ မင်းအလှကို တစ်ဝက်လောက်တောင် မီနိုင်တဲ့သူ တစ်ယောက်မှ မတွေ့မိဘူး။ ဒါ့ကြောင့် မင်းနဲ့စတွေ့ခဲ့ချိန်ကစလို့ တစ်ချက်မှာ စိတ်မပျက်ခဲ့တာပဲ။
၃။ မင်းမျက်လုံးက ကိုယ့်နှလုံးသားကို စကားပြောနေလို့
ပထမဆုံးတွေ့တဲ့အချိန်မှာ ကိုယ် မင်းမျက်လုံးတွေ စူးစိုက်ကြည့်နေခဲ့ပြီး ကြည်နူးမှုတစ်မျိုး ရရှိခဲ့တယ်။ ကိုယ့်နှလုံးကို ဖူးစာရှင်ဟာ သူမပဲလို့ ပြောပြနေတဲ့ ကြည်နူးမှုမျိုး။ မင်းယုံတာ၊ မယုံတာ ကိုယ်မသိဘူး။ ဒါပေမယ့်အဲဒီမျက်လုံးအစုံက ကိုယ့်အတွက် ဆွဲဆောင်ကြည်နူးစေနိုင်တာတော့အမှန်ပဲ။
၄။ မင်းရယ်မောနေပုံကြောင့်
ပျော်မြူးရယ်မောနေတဲ့ လူတွေကို မြင်ဖူးတွေ့ဖူးပေမယ့် မင်းရယ်မောနေပုံက ကိုယ့်ကိုအားရကျေနပ်မှုရစေပါတယ်။ မင်းရဲ့အပူအပင်ကင်းမဲ့ပြီး တက်တက်ကြွကြွရှိနေပုံက ကိုယ့်ကို ပိုမိုကောင်းမွန်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့ မိမိစိတ်ကို လှုံ့ဆော်ပေးပါတယ်။
၅။ မင်းရဲ့ စာနာတတ်တဲ့စိတ်ထားရှိမှုကြောင့်
မင်းရဲ့နှလုံးသားဟာ ရွှေနဲ့ထုဆစ်ထားတာပါ။ ဒ့ါကြောင့် မင်း လူတိုင်းအပေါ် သနားတတ်တယ်။ ဒါဟာ လူတိုင်းမှာ မရှိတဲ့အရာပါ။ ဒါ့ကြောင့် ကိုယ် မင်းကို နတ်သမီးလို့ တင်စားခေါ်ဝေါ်လိုက်တာပါ။
၆။ မင်းရဲ့အတူတူရှိနေရရင်ပြည့်စုံတယ်လို့ခံစားရလို့
မိန်းကလေးတစ်ယောက်ကသူနဲ့နေရတာကို ကြည်နူးတယ်လို့ပြောရင်အတိုင်းမသိဝမ်းသာတတ်ပါတယ်။ သူမဘယ်လောက်လှတယ်ဆိုတာထက်သူမဘယ်လောက်အေးချမ်းတယ် သူမနဲ့ နေရရင်ဘယ်လို ကြည်နူးရတယ်ဆိုတာကို ပြောပေးလိုက်ပါ။ သင့်ကိုနှစ်ဆပိုချစ်သွားနိုင်ပါတယ်။
၇။ နောက်ဆုံးက တော့မင်းဖြစ်နေလို့ကို ချစ်တာ
ဒီစကားက သူတို့ နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကိုရောက်နိုင်ပါတယ်(ရင်ထဲကပါတဲ့စစ်မှန်တဲ့ခံစားချက်) တော့ဖြစ်ဖို့လိုတာပေါ့နော်။ ဘာအဆောင်အယောင်မှမပါပဲ မင်းဖြစ်နေလို့မင်းကိုသာလျှင်ချစ်တာပါဆိုတဲ့အ ဖြေက သူမရဲ့စိတ်ကို သိပ်အေးချမ်းသွားစေနိုင်ပါတယ်။ဒါကြောင့်သင်ချစ်ရတဲ့မိန်းကလေးကို ချစ်တဲ့အခါသူ့ဖြစ်တည်မှုလေးကိုပါချစ်ပါ။
Unicode
“ကိုကို သဲကို ဘာလို့ချစ်တာလဲ ?” မိန်းကလေးတိုင်းက ကိုယ့်ချစ်သူကိုယ့်ကို ဘာလို့ချစ်တာလဲဆိုတဲ့ မေးခ ွန်းကို မေးနေတတ်ကြပါတယ်။ ဒါကလည်းမိန်းက လေးသဘာဝ ပါ။ သူတို့ကိုဘယ်လိုချစ်ကြောင်း ဘာတွေကြောင့်ချစ်ကြောင်းပြောပြတာကို ခေါင်းလေးမော့ပြီးနားထောင်ချင်တတ်ကြတာပါ။ သင်ဆိုရင်ရော မေးလာရင်ဘယ်လိုဖြေမလဲ?
၁။ မင်းအပြုံးက ကိုယ့်ကို ရင်ခုန်လှုပ်ရှားစေတာကြောင့်
သူမအပြုံးက မိမိပတ်ဝန်းကျင်က လွှဲချော်မှုတွေကို ဘယ်လိုပြုပြင်ပေးကြောင်း သူမကို ပြောပြပါ။ မင်းပြုံးလိုက်တိုင်း မိမိသီးခြားကမ္ဘာလေးဟာ မျှော်လင့်ချက်ရှိပြီး အစစအရာရာ အဆင်ပြေသလို ခံစားရကြောင်း ပြောပြပါ။ သူမဝမ်းသာဂုဏ်ယူပါလိမ့်မယ်။
၂။ အချိန်တိုင်းချစ်စရာကောင်းအောင် စီမံနိုင်ပုံ
မင်းမျက်နှာမြင်တိုင်း ကိုယ့်နှလုံးသားကနေ ပြောဆိုတာ တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက မင်းဘယ်လောက်ချစ်စရာကောင်းလိုက်လဲ ဆိုတာပါပဲ။ မင်းအလှကို တစ်ဝက်လောက်တောင် မီနိုင်တဲ့သူ တစ်ယောက်မှ မတွေ့မိဘူး။ ဒါ့ကြောင့် မင်းနဲ့စတွေ့ခဲ့ချိန်ကစလို့ တစ်ချက်မှာ စိတ်မပျက်ခဲ့တာပဲ။
၃။ မင်းမျက်လုံးက ကိုယ့်နှလုံးသားကို စကားပြောနေလို့
ပထမဆုံးတွေ့တဲ့အချိန်မှာ ကိုယ် မင်းမျက်လုံးတွေ စူးစိုက်ကြည့်နေခဲ့ပြီး ကြည်နူးမှုတစ်မျိုး ရရှိခဲ့တယ်။ ကိုယ့်နှလုံးကို ဖူးစာရှင်ဟာ သူမပဲလို့ ပြောပြနေတဲ့ ကြည်နူးမှုမျိုး။ မင်းယုံတာ၊ မယုံတာ ကိုယ်မသိဘူး။ ဒါပေမယ့် အဲဒီမျက်လုံးအစုံက ကိုယ့်အတွက် ဆွဲဆောင်ကြည်နူးစေနိုင်တာတော့ အမှန်ပဲ။
၄။ မင်းရယ်မောနေပုံကြောင့်
ပျော်မြူးရယ်မောနေတဲ့ လူတွေကို မြင်ဖူးတွေ့ဖူးပေမယ့် မင်းရယ်မောနေပုံက ကိုယ့်ကို အားရကျေနပ်မှုရစေပါတယ်။ မင်းရဲ့ အပူအပင်ကင်းမဲ့ပြီး တက်တက်ကြွကြွရှိနေပုံက ကိုယ့်ကို ပိုမိုကောင်းမွန်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့ မိမိစိတ်ကို လှုံ့ဆော်ပေးပါတယ်။