လူမှုကွန်ရက်တွေက သူနာပြုတွေရဲ့စွမ်းဆောင်ရည်ကို ထိခိုက်စေ
yoyarlay.com
|
2019-09-09



လူမှုကွန်ရက်တွေက သုံးစွဲသူတွေအတွက် ကောင်းကျိုးကော ဆိုးကျိုးပါပေးနေတဲ့အကြောင်းဖော်ပြထားတဲ့ သုတေသနတွေနဲ့ လေ့လာစူးစမ်းမှုများစွာကို ဖတ်ဖူးကြမယ်ထင်ပါတယ်။

အခုလည်း လူမှုကွန်ရက်ကိုအလွန်အကျွံစွဲလန်းနေတဲ့သူုနာပြ ုတွေအနေနဲ့ သတ်မှတ်တာဝန်တွေအပေါ်အာရုံစူးစိုက်နိုင်စွမ်းနည်းလာပြီး လုပ်ငန်းစွမ်းဆောင်ရည်တွေလည်း လျော့ကျလာတာကို လေ့လာမှုတစ်ခုမှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုရဲ့ရလဒ်ကို ကမ္ဘာ့နိုင်ငံ (၅၃) နိုင်ငံမှာရှိတဲ့ သူနာပြုတွေရဲ့အွန်လိုင်းစစ်တမ်းဖြေဆိုမှုက ရရှိလာတဲ့အချက်အလက်တွေအပေါ်မှာအခြေခံတွက်ချက်ပြီး ထုတ်ပြန်ခဲ့တာပါ။

ဒီလေ့လာမှုဟာ ဆေးရုံစီမံခန့်ခွဲရေး၊ ဆရာဝန်တွေနဲ့ သူနာပြုတွေအတွက်အရေးပါတဲ့ဆက်စပ်ပတ်သက်မှုတချို့ရှိနေပြီး ဆေးရုံစီမံခန့်ခွဲရေးဌာနအနေနဲ့ သူနာပြုတွေရဲ့ လူမှုကွန်ရက်သုံးစွဲမှုကိုကန့်သတ်တာ၊ တစ်ကိုယ်ရည်စီမံခန့်ခွဲမှုသင်တန်းတွေပို့ချပေးတာ၊ ဖုန်းမြည်သံ နဲ့အချက်ပေးသံတွေနဲ့ ကင်းဝေးရာ ဝန်းကျင်တစ်ခုဖန်တီးပေးတာမျိုးတွေကို လုပ်ဆောင်ပေးသင့်ကြောင်း လေ့လာသူတွေက တိုက်တွန်းအကြံပြုထားပါတယ်။

TH (ရိုးရာလေး)




Some text some message..