သင်တို့ စဉ်းတောင်စဉ်းစားမိမှာမဟုတ်တဲ့ ပေါက်ပေါက်ရှာရှာ ဖန်တီးတီထွင်မှုများ
shwemom.com
|
2019-09-09

ဟိုးအရင်တုန်းက သမိုင်းကြောင်းမှာ ရှေ့က ပါရမီရှင်တွေဟာ သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းနဲ့ လူတွေအတွက်အသုံးဝင်စေမယ့်အရာတွေကို တီထွင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ ပုံနှိပ်စက်ကို တီထွင်တာ၊ လျှပ်စစ်မီးကို တီထွင်တာ၊ ဒိုင်းနမိုက်ကို တီထွင်တာ၊အင်တာနက်ကို တီထွင်တာ စသဖြင့်ပါပဲ။ သူတို့ရဲ့ တီထွင်ဖန်တီးမှုများဟာ ကမ္ဘာကို ပြောင်းလဲစေရုံတင်သာမက ကျနော်တို့ရဲ့ နေ့စဉ်ဘဝကိုလည်း ပိုမိုအဆင်ပြေလာစေခဲ့ပါတယ်။


အခုတစ်ခေါက်ကတော့အဲဒီလို တီထွင်မှုတွေထဲမှာ ထူးထူးခြားခြားတီထွင်မှုတွေလို့ ပြောလို့ရတဲ့အရာတွေကို နောက်လူတွေက တီထွင်လာခဲ့ပါတယ်။ ဆက် ဖတ်ကြည့်ပါဦ။


မျက်ရည်များကို သုတ်ပေးမယ့် နားဆွဲ


@unnecessaryinventions/Instagram

ဒီ နားဆွဲလေးကတော့ မကြာခဏ ငိုတတ်သူ၊ မျက်ရည်လွယ်သူတွေအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ နားဆွဲရဲ့အောက်မှာ တစ်သျှုးတွေထည့်ပေးထားပြီး မျက်ရည်ကျလာတဲ့အခါ နားဆွဲထဲက တစ်သျှုးကို ဆွဲယူပြီး မျက်ရည်သုတ်လိုက်ရုံပါပဲတဲ့။ နားဆွဲအတွက် တစ်သျှုးလိပ်ကိုလည်း သီးသန့့်ရောင်းပေးသွားမှာပါတဲ့။အသည်းကွဲနေတဲ့ သင့် သူငယ်ချင်းတွေအတွက်အကောင်းဆုံးလက်ဆောင်ဖြစ်မှာပါ။

 


Steering wheel မှာ တပ်တဲ့ ဖန်ခွက်


@unnecessaryinventions/Instagram


ကားမောင်းနေရင်း တန်းလန်းနဲ့ပဲ ကော်ဖီသောက်တာတို့၊အချိုရည်သောက်တတ်တဲ့သူတွေအတွက် ဖြေရှင်းပေးထားတဲ့ တီထွင်မှုပါပဲ။ တစ်ခါတစ်ရံ ကားမောင်းသူဟာ ကားမောင်းနေရင်းနဲ့ ယာဉ်ကြောရှင်းတဲ့အခါမှာဖြစ်စေ၊ လမ်းပိတ်လို့ ကားမရွေ့တဲ့အခါမှာဖြစ်စေအချိုရည်ဘူး။ ဒါမှမဟုတ် ကော်ဖီကို သောက်လေ့သောက်ထရှိကြပါသတဲ့။အဲဒီလို သောက်လက်စ ကော်ဖီဘူး၊အချိုရည်ဘူးတွေကို ထားဖို့ ကားလက်ကိုင်မှာ ခွက်တစ်ခွက်အဖြစ် တီထွင်ဖန်တီးပေးထားတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ကားလက်ကိုင်လည်းအလဟဿမဖြစ်တော့ပါဘူးတဲ့။


မုန့်ထည့်တဲ့လက်ပတ်


@unnecessaryinventions/Instagram

ဒီတစ်ခု ဖန်တီးမှုလေးကတော့ မုန့်ထည့်တဲ့လက်ပတ်ပါတဲ့။ မနက်ခင်းအိပ်ရာထနောက်ကျလို့ ရုံးချိန်မီအောင်ပြေးရလို့ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ရုံထဲမှာ မုန့်စားဖို့ပဲဖြစ်ဖြစ် ဒီလို လက်ပတ်လေးဆောင်ထားရင် တော်တော်အဆင်ပြေမှာပါပဲ။ လက်ပတ်အပေါ်မှာ ခွက်ပုံစံတစ်ခု ရှိနေပြီး မုန့်တွေကို ခွက်ထဲထည့်ကာ စားလို့ရအောင် တီထွင်ထားတဲ့အရာလည်း ဖြစ်ပါတယ်။ ဇွန်ကလေးနဲ့အသာအယာ ခတ်ပြီး လက်ကလေးကို မြောက်ကာ စားနေရုံပါပဲ။


ပေါင်မုန့်ထည့်တဲ့အိတ်


@unnecessaryinventions/Instagram


Baguette လို့ ခေါ်တဲ့ ရှည်ရှည်မျောမျော ပေါင်မုန့်ကို ဆိုင်ကနေ ဝယ်ပီး လက်နဲ့ ကိုင်မသွားချင်သူတွေအတွက် နောက်ကျောမှာ လွယ်ဖို့အိတ်တစ်အိတ်ကို တီထွင်ဖန်တီးလိုက်ပါပြီ။အိတ်ထဲထည့်ပြီး ပေါင်မုန့်ကို သယ်သွားရင် ပေါင်မုန့်ဟာ ဆိုင်က ဝယ်လာတဲ့အတိုင်း ပူပူလေးပဲ ဖြစ်နေဦးမယ်တဲ့။ နောက်ပြီး ဘယ်သူမှလည်း ကိုယ့် ပေါင်မုန့်ကို လာပြီး ဓားပြတိုက်လို့လည်း မရတော့ပါဘူးတဲ့။အိတ်က ကိုယ်ခန္ဓာကို ပတ်ပြီး လွယ်ရတာဆိုတော့အဝေးကနေ ကြည့်ရင် ဆာမူရိုင်းတစ်ယောက် ဓားတစ်လက်ကို ဝယ်လာတဲ့အတိုင်းပါပဲ။အနီးနားရောက်မှေ ပေါင်မုန့်အချောင်းကြီးဖြစ်နေမယ့်အိတ်တစ်အိတ်ပါပဲ။


ခြေအိတ် Locker


@unnecessaryinventions/Instagram


အပြင်က ပြန်လာတဲ့အခါဖြစ်စေ၊ ညအိပ်ရာဝင်ခါနီးအခါဖြစ်စေ ဖိနပ်ချွတ်လိုက်တိုင်းအမှတ်တမဲ့ ကျန်ခဲ့တာက ခြေအိတ်တွေပါပဲ။ ခြေအိတ်တွေကအရွယ်ကလည်း သေးတော့ မကြာခဏ ပျောက်လေ့ပျောက်ထရှိကြပါတယ်။ တစ်ခါတစ်ရံ ဘယ်ဘက်ခြေအိတ်ပဲ တွေ့ပြီး ညာဘက်ခြေအိတ်က ပျောက်နေတာမျိုး၊ ညာဘက်ခြေအိတ်ကိုပဲ တွေ့ပြီး ဘယ်ခြေအိတ်က ဘယ်နားမသိရောက်နေတာမျိုးတွေပါပဲ။အခုတော့အဲဒီလိုပြဿနာမျိုးကို ဖြေရှင်းပေးဖို့ Locker လေးကို တီထွင်လိုက်တဲ့ တီထွင်မှုပါ။ ခြေအိတ် Locker လို့ နာမည်ပေးထားတဲ့အတိုင်း ခြေအိတ်တွေအတွက် သိမ်းဆည်းပေးထားမယ့် Locker လေးပဲဖြစ်ပါတယ်။အရွယ်အစားကလည်း ခြေအိတ်အရွယ်လောက်ပဲ ရှိတော့ သေးသေးလေးပါပဲ။ ခြေအိတ် ခဏ ခဏ ပျောက်တတ်တဲ့သူတွေအတွက်အဲဒီ Locker လေးကိုပါ လက်ဆောင်ဝယ်ပေးသင့်ပါတယ်။

 


Lego ခြေအိတ်


@unnecessaryinventions/Instagram

Legoအရုပ်ပေါက်စလေးတွေကို နင်းမိရင် ခြေထောက်သက်သာစေဖို့အတွက်တီထွင်ထားတဲ့ Lego ခြေအိတ်ပါတဲ့။ ခြေအိတ်ရဲ့အောက်ခြေမှာ Legoအရုပ်ဆက်တဲ့ဟာလေးတွေကို နင်းမိရင် ခြေအိတ်နဲ့တစ်ခါတည်း စွပ်မိသွားအောင် ဖန်တီးထားတာပါတဲ့။ ကလေးတွေ ဆော့ပြီး ကျန်ခဲ့တဲ့ Legoအရုပ်ပေါက်စလေးတွေကို နင်းမိတဲ့ လူတွေက စပြီးတွေးမိလို့ ထင်ပါတယ်။ ရှာရှာကြံကြံတီထွင်မှုပါပဲ။


အထာကျကျ စာရိုက်မယ်


@unnecessaryinventions/Instagram


ဟိုးတစ်ချိန်က တယ်လီဖုန်းတွေမှာ ဂဏန်းတွေကို လှည့်ပြီးမှ ဖုန်းခေါ်လို့ရတဲ့ ဖုန်းတွေကို သိကြဦးမှာပါ။အခုဖန်တီးမှုကတော့အဲဒီလို ဂဏန်းတွေလှည့်ပြီး ခေါ်လို့ရတဲ့ ပုံစံတူတစ်ခုပါပဲ။ သူကျတော့ စာရိုက်ဖို့အတွက်အက္ခရာ A-Z ပါဝင်ပြီး မိမိရိုက်ချင်တဲ့ စာလုံးပေါ်ကို လှည့်ကာ စာရိုက်လို့ရပါတယ်တဲ့။အဆိုပါ ပစ္စည်းလေးနဲ့ ဖုန်းကို ချိတ်ဆက်ပြီးမှ စာရိုက်လို့ရမှာလည်း ဖြစ်ပါတယ်။

 


Ye Yint Kyaw




Some text some message..