Lotayamm

တခြားမျိုးဆက်တွေထက် millennialများ အရက်ပိုသောက်ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြ
shwemom.com
|
2019-09-09

Mind Body Green ဆိုတဲ့ website မှ millennial တွေနဲ့ကြောက်ခမန်းလိလိအရက်သောက်ခြင်းပြဿနာဆိုတဲ့ နာမည်နဲ့ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ရပါတယ်။ သူ့ဖော်ပြချက်အရတော့ millennial တွေဟာ တခြားသောမျိုးဆက်တွေထက် အရက်သောက်နှုန်း၊ အရက်စွဲနှုန်း ပိုများနေကြောင်း လေ့လာချက်တွေတော်တော်များများအရ သိခဲ့ရတယ်ဆိုပဲ။

ဟုတ်လည်းဟုတ်မှာပါ။ ၂၁ ရာစုမှာ အရွယ်ရောက်နေကြပြီဖြစ်တဲ့ millennial အများစုဟာ အပြိုင်အဆိုင်တွေများလာတယ်၊ စီးပွားရေးတွေ ကြပ်တည်းလာတဲ့ခေတ်မှာ လူကြီးတာဝန်တွေကို စယူရတယ်၊ အမျိုးစုံသောပျက်ဆီးပြောင်းခြင်းတွေကိုလည်း တိုက်ရိုက်ဖြစ်စေ တစ်ဆင့်ခံဖြစ်စေ ရိုက်ခတ်တာတွေ ခံနေခဲ့တာကြောင့် တခြားသောမျိုးဆက်တွေထက် အဂက်ပိုသောက်နိုင်ချေများနေတယ်လို့လည်း ယူဆရပါတယ်။ ဒီတော့ millennial တွေဟာ တခြားမျိုးဆက်တွေထက် အရက်ပိုသောက်တယ်ဆိုတာ ဘယ်လိုမျိုးကိုပြောတာလဲ၊ ဘယ်လိုအခြေအနေမျိုးတွေမှာလဲဆိုတာ တစ်ချက်လောက် ကြည့်လိုက်ရအောင်ပါနော်။


(၁) အရက်သောက်ဖို့ တသီးတသန့် အကြောင်းပြချက်ရယ်လို့မရှိဘဲနဲ့လည်း သောက်ကြပါတယ်


komokvm/shutterstock

အမေရိကမှာတော့ အရက်စွဲသူတို့ရဲ့ ၃၁% လောက်ဟာ millennial တွေပါတဲ့။ အဲဒီအထဲက တစ်ဝက်လောက်ကတော့ အရက်ကို ပျော်လို့သောက်တယ်၊ ကြိုက်လို့သောက်တယ်ရယ်လို့မရှိဘဲနဲ့ ဒီအတိုင်းအရက်ကို သောက်ကြေတာပါတဲ့။ ဒါပေမဲ့တစ်ဖက်မှာတော့ ASPD လို့ခေါ်တဲ့ anti-social personality disorder ခံစားနေသသူတွေလိမျိုးတွေကတော့ စိုးရိမ်စိတ်လွန်ကဲမှုတွေ၊ စိတ်ခံစားချက်ပြောင်းလဲမြန်တာတွေနဲ့ ကတင်ကယယင်ဖြစ်မှုတွေကို ထိန်းသိမ်းဖို့အတွက် သောာက်ကြတယ်လို့ ဆိုကြပြန်ပါတယ်။


(၂) စိတ်ဖိဆီးမှု


Prostock-studio/shutterstock

လူတွေရဲ့ပျမ်းမျှစိတ်ဖိဆီးမှုဟာ ၅.၄ ပဲရှိတတ်ကြပေမယ့် millennial တွေအားလုံးနီးပါးရဲ့ stress level ကတော့ ၅.၅ တောင်ရှိနေကြပါတယ်တဲ့။ အရက်သောာက်ကြတဲ့ millennial တွေရဲ့ ၂၅% ဟာ သူတို့ဖြေရှင်းနေရတဲ့ ငွေကြေးပြဿနာတွေ၊ မပြည့်စုံ့မှုတွေကြောင့် စိတ်ဖိဆီးမ့တွေဖြစ်ကာ အရက်သောက်ရတာပါလို့ ထွက်ဆိုခဲ့ကြပါတယ်တဲ့။


(၃) ဘီယာထက် အရက်ကို ပိုနှစ်ခြိုက်ကြသူများ


Bogdan Sonjachnyj/Shutterstock

၂၀၁၄ ခုနှစ်ရဲ့ လေ့လာချက်တစ်ခုအရ ၉၅% သော millennial တွေဟာ သူတို့ရဲ့ကျန်းမာရေးကို သိပ်အလေးထားလာခဲ့ကြပါပြီတဲ့။ မူးတာတစ်ခုခု သောက်ချင်ရင်တောင် ဘီယာမသောက်ဘဲ ဗော့ကာတို့၊ တကီလာတို့လို ကျန်းမာရေးနဲ့ညီညွတ်စေတယ်လို့ နာမည်ရထားတဲ့ အရက်အကောင်းစားတွေကိုသာ သောက်သုံးလေ့ရှိတတ်ကြပါတယ်။


(၄) ဝိုင်သောက်ရတာစွဲလမ်းကြတဲ့ millennial များ

ကြည့်ရတာ ဘီယာတစ်မျိုးကလွဲပြီး ကျန်တဲ့ alcohol တွေနှစ်ခြိုက်တဲ့ပုံပါ။ ၂၀၁၅ ခုနှစ်ရဲ့လေ့လာချက်တစ်ခုအရ millennial တွေချည်းသောက်ကြတဲ့ ဝိုင်ပမာဏဟာ ဖာပေါင်း ၁၅၉.၆ သန်းလောက်ရှိပါမယ်တဲ့။ တစ်နှစ်ထဲမှာတောင်နော်။ ဝိုင်သောက်တဲ့အချိန်တွေကလည်း ၅၀% လောက်က Facebook သုံးရင်း၊ ၃၀% က YouTube, Instagram နဲ့ Twitter တို့သုံးရင်းနဲ့ပါတဲ့။


Jacob Lund/shutterstock


Penny





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..