သင့်မွေးလကို ကိုယ်စားပြုတဲ့ပန်းတွေနဲ့ သင့်အကြောင်း
shwemom.com
|
2019-09-09

လူတိုင်းက ကို့ရာသီခွင်နဲ့ မွေးလကိုယ်စားပြုတာတွေကိုသိကြတယ်။ နောက်ပြီး ပန်းတွေကလည်း မွေးလတွေကနေကိုယ့်ရဲ့အကြောင်းကိုပြောပေးနိုင်ပါတယ်။ ကဲ ကိုယ်ဟာ ဘယ်ပန်းကို ကိုယ်စားပြုပြီး၊ သူတို့ကပြောတဲ့သင့်အကြောင်းကို shared.com က ဒီလိုမျိုးအဓိပ္ပာယ်ဖွင့်ဆိုပေးထားလေရဲ့…။

ဇန်နဝါရီ- ဇော်မွှားပန်းနဲ့ နှင်းခေါင်းလောင်းပန်း


ဇော်မွှားပန်းနဲ့နှင်းခေါင်းလောင်းပန်းတွေက ဇန်နဝါရီလကို ကိုယ်စားပြုတဲ့ပန်းတွေပါ။အထူးသဖြင့် ဇော်မွှားပန်းပါ။ သူတို့တိုဟာ ချစ်ခြင်း၊ဆွဲဆောင်မှုနဲ့ ထုူးခြားတဲ့အရည်အချင်းတွေရှိပါတယ်။ သင်ဟာဇန်နဝါရီလ မွေဖွားသူဆိုရင် စစ်မှန်ပြီး လက်တွေ့ကျတဲ့လူတစ်ယောက်၊ လူတိုင်းက သင့်ကိုသစ္စာရှိတဲ့သူလို့ထင်မှတ်ကြပါတယ်။အထူးသဖြင့်သင့်မိသားစုနဲ့သူငယ်ချင်းတွေအပေါ် တကယ်ကောင်းမွန်တဲ့လူတစ်ယောက်ပါ။ ပန်းရဲ့အရောင်အလိုက်အဓိပ္ပာယ်ကွာခြားပါတယ်။ ပန်းရောင်ဇော်မွှားပန်းက ခင်မင်မှု၊အနီရောင်ကအချစ်နဲ့အဖြူရောင်ဇော်မွှားပန်းကတော့ ဖြူစင်တဲ့ချစ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ သင်တစ်စုံတစ်ယောက်ကိုမပေးသင့်တဲ့ပန်းကတော့အဝါရောင်ဇော်မွှားပန်းပါ။ ဘာကြောင့်လဲဆို သူကငြင်းပယ်ခြင်းနဲ့မနှစ်မြို့ခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်။


yoshi0511/Shutterstock


ဖေဖော်ဝါရီလ- နီလာပန်းနဲ့ primroseပန်း


ဖေဖော်ဝါရီလအတွက်ပန်းတွေက နီလာပန်းနဲ့ primroseပန်းတွေပါ။နီလာပန်းက လှပရုံသာမကဘဲ ရိုးသားပြီး သစ္စာရှိခြင်းနဲ့အပြစ်ကင်းခြင်းကိုဆောင်ပါတယ်။သင်ဟာဖေဖော်ဝါရီလမွေးဖွားသူဆိုရင် သစ္စာရှိတဲ့သူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ရတာကိုကြိုက်နှစ်သက်ပြီးအတွေးတွေကို ထုတ်ဖော်မပြတတ်တဲ့ ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။


မတ်လ- ဒက်ဖိုဒဲလ်ခေါ်အဝါရောင်ပန်း


သူ့ကတော့ မတ်လ ကိုယ်စားပြုတဲ့ပန်းပါ။အသစ်တစ်ဖန်မွေးဖွားခြင်းနဲ့မညီမျှတဲ့ချစ်ခြင်းကို ဖော်ဆောင်ပါတယ်။သင်ဟာ ဒက်ဖိုဒဲလ်ပန်းကို ကိုယ်စားပြုတယ်ဆိုရင် ဘဝကိုအေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေရတာ၊ တီထွင်ဖန်တီးရတာတွေကို ကြိုက်နှစ်သက်ပြီး၊အပြုံးဆိုတာ သင့်အတွက်အခြေခံတဲ့ သဘာဝတရားလို့ဆိုရမှာပါ။


tonkid/Shutterstock


ဧပြီ – (ဒေစီပန်း)


ဒေစီပန်းတွေဟာ ဂန္တဝင်ဆန်တဲ့ပန်းတစ်မျိုးပါ။ သင်ဒေစီပန်းကိုသာ တစ်ယောက်ယောက်ဆီကလက်ဆောင်ရခဲ့ရင် ပျော်ရွှင်လိုက်ပါ။သင့်ကို ယုံကြည်ချက်ရှိသူတစ်ယောက်လို့ရည်ရွယ်ပေးတာမို့ဖြစ်ပါတယ်။ နောက်ပြီး သင်ဟာအပြစ်ကင်းရိုးသားပြီးအမြဲတက်ကြွနေသူတစ်ယောက်၊ သင့်အနားမှာရှိတဲ့သူတိုင်းကိုပျော်ရွှင်မှုပေးမယ့်သူမျိုးဖြစ်ပါတယ်။


မေလ – (လီလီပန်း)


လီလီပန်းတွေဟာအရမ်းလှပပြီး ၊ သူတိ့ုဟာ ပျော်ရွှင်ခြင်းတွေပြန်လည်ယူဆောင်ပေးတဲ့ပန်းတွေဖြစ်ပါတယ်။ မေလမှာမွေးဖွားပြီး လီလီပန်းကိုယ်စားပြုတဲ့သင်ဟာပျော်ရွှင်ပြီး၊ ဘဝကိုလက်တွေ့ဆန်ဆန်နေတတ်တဲ့သူမျိုးဖြစ်ပါတယ်။ ခက်ခဲတဲ့အခြေအနေတွေကိုအကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်သူတစ်ယောက်ပါ။


ဇွန် – (နှင်းဆီ)


နှင်းဆီပန်းဟာ ဇွန်လမှာ မွေးဖွားသူတွေကိုကိုယ်စားပြုပါတယ်။ ချစ်ခြင်းမေတ္တာနဲ့စိတ်အားထက်သန်မှု၊ယုံကြည်ချက်ရှိမှုတွေကိုဖော်ဆောင်တဲ့ပန်းဖြစ်ပါတယ်။ဒါကြောင့်သင်ဟာ ဇွန်မွေးဖွားသူဆိုရင် ရဲရင့်သူြဖြစ်ပြီးအခြေအနေသစ်တွေကိုလည်းညှိနှိုင်းလုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။နှင်းဆီမှာ မတူညီတဲ့အရောင်တွေရှိသလိုကွာခြားမှုတွေလည်းရှိပါတယ်။ နှင်းဆီပနိးရောင်ဟာ ပျော်ရွှင်ခြင်း၊ နှင်းဆီအနီက ချစ်ခြင်း၊ နှင်းဆီဖြူကအသစ်တဖန်ပြန်လည်စတင်ခြင်းနဲ့လိမ္မော်ရောင်က လိုချင်ဆန္ဒကိုရည်ညွှန်းပါတယ်။


ဇူလိုင် – (စာကလေးပန်း)


ဇူလိုင်လမွေးဖွားသူတွေကိုကိုယ်စားပြုတဲ့စာကလေးပန်းတွေက တမူထူးခြားတဲ့ပုံပန်းသဏ္ဍာန်ရှိပါတယ်။ဒီပန်းတွေဟာ ပွင့်လင်းမှုနဲ့အကောင်းမြင်မှုတွေကိုဖော်ဆောင်တယ်။ တကယ်လို့သင်ဟာအဲ့ဒီပန်းကိုယ်စားပြုသူဆိုရင် ပျော်ရွှင်ပြီးချစ်ခင်တတ်တယ်။သင့်ရဲ့နွေးထွေးဖော်ရွေမှုတွေကြောင့် ဘေးလူကိုစိတ်ချမ်းသာစေနိုင်တဲ့သူပါ။


nissia/Shutterstock


သြဂုတ် – (သစ္စာပန်း)


သြဂုတ်လမွေးဖွားသူတွေအတွက်ကိုယ်စားပြုတဲ့ပန်းပါ။သင်ဟာ ဒီပန်းကိုကိုယ်စားပြုတယ်ဆိုရင်တော့ တည်ကြည်ပြီး၊ သမာဓိရှိသူ၊ ဉာဏ်ကောင်းပြီး ရည်ရွယ်ချက်ကိုအောင်မြင်အောင်လုပ်ဆောင်နိုင်သူဖြစ်ပြီး၊အလုပ်ခွင်မှာ မကြာခနဦးဆောင်လေ့ရှိသူဖြစ်ပါတယ်။


စက်တင်ဘာ – (မေမြို့ပန်း)


မေမြို့ပန်းဟာ ချစ်ခြင်းနဲ့အကောင်းမြင်ခြင်း၊ စိတ်ရှည်ခြင်းနဲ့ယဉ်ကျေးသိမ်မွေ့ခြင်းကိုကိုယ်စားပြုပါတယ်။ သင်ဟာ စက်တင်ဘာလမွေးဖွားသူဆိုရင်အနည်းငယ်ဇီဇာကြောင်ပါလိမ့်မယ်။ဘာလို့လဲဆိုရင် သင်ကအနည်းငယ်စိတ်လှုပ်ရှားလွယ်သူပါ။ ဒါပေမယ့် သူ့စိတ်ကိုသင် ကောင်းကောင်းနားလည်တဲ့အတွက် ဆက်ဆံရေးကောင်းမွန်သူတစ်ဦးဖြစ်ပါတယ်။


အောက်တိုဘာ – (ထပ်တစ်ရာပန်း)


အောက်တိုဘာလ လို ဆောင်းဦးကာလာနဲ့ ထပ်တစ်ရာပန်းဟာအင်မတန်လိုက်ဖက်ပါတယ်။ သူဟာ ယုံကြည်မှုှရှိခြင်းနဲ့ချမ်းသာခြင်းကို ဖော်ဆောင်ပါတယ်။ တကယ်လို့ သင်ဟာ ဒီပန်းကိုကိုယ်စားပြုတဲ့အောက်တိုဘာလမှာမွေးဖွားသူဆိုရင် နွေးထွေးဖော်ရွေပြီး၊ ပေါင်းသင်းရလွယ်ကူသူဖြစ်ပါတယ်။


နိုဝင်ဘာလ – (ဂန္ဓာမာပန်း)


ဂန္ဓာမာပန်းဟာလည်း နောက်ထပ်ဂန္တဝင်ဆန်တဲ့ပန်းတစ်မျိုးပါ။ တကယ်လို့သင်ဟာ ဂန္ဓာမာပန်းကို ကိုယ်စားပြုတယ်ဆိုရင် ရိုးသားပြီး သနားကြင်နာတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဂန္ဓာမာပန်းတွေမှာလည်းအရောင်အလိုက်အဓိပ္ပာယ်ရှိပြီးအနီရောင်ကအချစ်၊အဖြူရောင်က ဖြူစင်တဲ့ချစ်ခြင်းနဲ့အဝါရောင်ကအနည်းငယ်သာချစ်တယ်လို့ ဆိုလိုပါတယ်။


ဒီဇင်ဘာလ – (ဟော်လီပန်း)


ဒီဇင်ဘာလမွေးဖွားသူတွေဟာ ဟော်လီပန်းနဲ့အင်မတန်လိုက်ဖက်ညီပါတယ်။ သူဟာ ကာကွယ်စောင့်ရှောက်ခြင်းကိုကိုယ်စားပြုပါတယ်။သင်ဟာ ဒီဇင်ဘာလမှာ မွေးဖွားသူဆိုရင်အားငယ်သူ၊အားနွဲ့သူတွေဘက်ကအမြဲ ကာကွယ်ပေးတတ်သူဖြစ်ပါတယ်။

Khaing

 




Some text some message..