၆ ဂဏန်းသမားအကြောင်း
weddingguide.com.mm
|
2019-09-09

ဒီနေ့မှာတော့ Myanmar Wedding Guide ပရိသတ်ကြီးအတွက် (၆) ဂဏာန်းသမားများအကြောင်းဖော်ပြပေးလိုက်ပါတယ်နော်။



အင်္ဂလိပ်လ ဘယ်လ မဆို ၆-ရက် ၁၅-ရက် ၂၄-ရက် တစ်ရက်ရက် မှာ မွေးရင် (၆) ဂဏန်းသမားလို့ ခေါ်နိုင်တယ်။



၆- ဂဏန်း သမားရဲ့ မျက်နှာသွင်ပြင်ဟာ ဆွဲဆောင်နိုင်တဲ့ မျက်နှာမျိုး ဖြစ်တတ်တယ်။


ဘ၀ မှာအချစ်ရေးကြောင့်အိမ်ထောင်ရေးကြောင့် လွမ်းဆွေး ရတာတွေ တွေ့ရတတ်တယ်။


အလှအပ ကို နှစ်သက် တတ် တယ်။



တေးဂီတ ပန်းချီ ပန်းပု စတာတွေကို နှစ်သက် တတ်တယ်။ လေးစားတတ်တယ်။


အထူးသဖြင့်အနုပညာကို ခံစားတတ်တဲ့ သဘောရှိတယ်။



သင့်တင့်တဲ့အရောင်တွေကတော့အပြာရောင်အမျိုးမျိုး ဟာအသင့်တော် ဆုံးပဲ။


သင့်မြတ်တဲ့ ကျောက်မျက်ရတနာ ကတော့ မြ ဟာအသင့်မြတ်ဆုံးပါပဲ။



၆-ဂဏန်း သမားတွေအဖြစ်အများဆုံး ရောဂါကတော့ ခေါင်းမူးရောဂါ ၊ နှာခေါင်းသွေးလျှံတဲ့ ရောဂါ ၊အဆုတ် နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။


၆-ဏန်းသမားအတွက်အကောင်းဆုံး ဓာတ်စာ ကတော့ ပဲသီးတောင့် ပဲ။



၆-ဂဏန်း သမားအတွက်အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိရင် (၆၊ ၁၅၊ ၂၄) ရက်တွေဟာ


ပထမတန်းစား ကောင်းတယ်။ (၉၊ ၁၈၊၂၇) ရက်တွေဟာ ဒုတိယတန်းစား ကောင်းတယ်။



(၃ ၊ ၁၂ ၊ ၂၁) ရက်တွေဟာ တတိယ တန်းစားအကျိုးပေးတယ်။

Source:Sayar Zayar Htoo

Myanmar Wedding Guide



Some text some message..