သင့်ချစ်သူက သင့်ကိုလွှမ်းမိုးဖို့ကြိုးစားနေလားဆိုတာ ဒီအချက်တွေကနေသိနိုင်တယ်
shwemom.com
|
2019-09-10

တချို့ Relationship တွေက နှစ်ဦးနှစ်ဖက် နားလည်မှုတွေရှိကြပေမယ့် တချို့ကတော့အဲဒီလိုမဟုတ်ပါဘူး။အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် တော်တယ်၊ ပိုက်ဆံရှိတယ်၊ ဂုဏ်ရှိတယ်လို့ ထင်ကြသူတွေက သူတို့ရဲ့ ချစ်သူတွေကို လွှမ်းမိုးဖို့ ကြိုးစားကြလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဘဝရဲ့အချိန်တော်တော်များများမှာ သူများကို လွှမ်းမိုးခဲ့ကြသူတွေလေ။ သူတို့ပြောတာပဲနားထောင်စေချင်တယ်၊ သူတို့သဘောကျတာကိုပဲ လုပ်စေချင်တယ်..စသဖြင့် သူတို့နဲ့ နီးစပ်သူတွေအပေါ်အဲဒီလို ဆန္ဒမျိုးတွေ ရှိတတ်ကြတာပါ။ တချို့ကျတော့လည်း ဘာမှကိုမရှိပဲနဲ့ ဆရာကြီးလုပ်ချင်၊ လွှမ်းမိုးချင်ကြတာမျိုးလည်းရှိတယ်။

ကဲ…သင့်ချစ်သူက သင့်အပေါ် ဒီအချက်တွေလုပ်နေပြီဆိုရင် သင့်ကိုလွှမ်းမိုးဖို့ကြိုးစားနေပြီဆိုတာ သိထားပါတော့….။

(၁)။ သင့်ရဲ့လက်ရှိပုံစံကို စိတ်တိုင်းမကျဘူး

သင့်ရဲ့လက်ရှိပုံစံက ဘယ်လောက်ပဲအဆင်ပြေနေတယ်ပြောပြော သူကအဲဒီပုံစံကို စိတ်တိုင်းမကျပဲဖြစ်နေတတ်တယ်။ သင်အဝတ်အစားဝတ်တဲ့ပုံစံ၊ စကားပြောတဲ့ပုံစံ၊ သင့်ရဲ့နေပုံထိုင်ပုံ စတာတွေကို သူ စိတ်တိုင်းမကျပဲ ဖြစ်နေတတ်တယ်။ သူ စိတ်တိုင်းမကျကြောင်းကိုလည်း သင်သိအောင်အမြဲပြောဖို့ ကြိုးစားနေလေ့ရှိတယ်။


studioloco/Shutterstock

(၂)။ “ဟုတ်ရောဟုတ်ရဲ့လား”လို့အမြဲမေးတယ်

သင်ပြောလိုက်တဲ့ စကားတွေကို လွယ်လွယ်လေးနဲ့ မယုံကြည်ပေးနိုင်ပဲဖြစ်နေတာမျိုးပါ။ သင်က သေချာသိထားလို့ ပြောလိုက်တာမျိုးကိုတောင်မှ သူက “ဟုတ်ရော ဟုတ်ရဲ့လား” လို့အမြဲပြန်မေးနေတတ်တာမျိုး။အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့ယုံကြည်မှုက လျော့နည်းသွားမှာဖြစ်ပြီး ကိုယ်သိထားတာတွေပြောဖို့ကိုတောင် မဝံ့မရဲ ဖြစ်လာပါလိမ့်မယ်။

(၃)။ တခြားတစ်ယောက်နဲ့မကြာခဏနှိုင်းယှဉ်တယ်

သူသိထားတဲ့ တခြားတစ်ယောက်နဲ့ သင့်ကို နှိုင်းယှဉ်တာမျိုး မကြာခဏ လုပ်လိမ့်မယ်။ “တခြားသူတွေဆိုရင် ဘယ်လိုလုပ်နေတာ” “ဟိုတစ်ယောက်ဆိုရင် ဘယ်လိုဖြစ်နေပြီ” စသဖြင့် သင့်ရဲ့လက်ရှိအနေအထားကိုအားမလိုအားမရတွေဖြစ်ပြီး တခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ဖို့အမြဲကြိုးစားနေမှာပါ။အချိန်ကြာလာတာနဲ့အမျှ သင့်ကိုယ်သင် လူညံ့တစ်ယောက်လို့ ထင်လာတဲ့အထိ ဖြစ်လာစေမှာဖြစ်ပြီး သူ့ရဲ့လွှမ်းမိုးမှုအောက်ကို ရောက်သွားပါလိမ့်မယ်။


Cookie Studio/Shutterstock

(၄)။ သင့်ရဲ့ထင်မြင်ချက်ကိုအလေးမထားဘူး

သူက သင့်ကို ဘာလုပ်ရင်ကောင်းမလဲ၊ ဘယ်သွားရင်ကောင်းမလဲ စသဖြင့် မေးကောင်းမေးလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းဆုံးဖြတ်တဲ့အချိန်ကျရင်တော့ သင့်ရဲ့ထင်မြင်ချက်၊ ဆန္ဒထက် သူသွားချင်တဲ့နေရာ၊ သူလုပ်ချင်တာတွေကိုပဲ လုပ်မှာပါ။ သင်ထင်တာက မှားနေပြီး သူရွေးချယ်လိုက်တာက မှန်တယ်၊ ပိုကောင်းတယ်ဆိုတာအမြဲ သက်သေပြဖို့ ကြိုးစားနေလိမ့်မယ်။အချိန်ကြာလာလေလေအဲဒီလို ထင်မြင်ချက်ပေးဖို့၊ ရွေးချယ်ဖို့ကို သင် စိတ်ပျက်လာလေလေ ဖြစ်လာမှာဖြစ်ပြီး သူ ဦးဆောင်တဲ့နောက်ကိုပဲ လိုက်သွားမိတော့မှာပါ။


GaudiLab/Shutterstock

Linn




Some text some message..