Lotayamm

လိင်စိတ်သာယာမှုအတွက် ဖိနပ်အရံများစွာ ခိုးခဲ့တဲ့အမျိုးသား ဖမ်းဆီးခံခဲ့ရ
shweinnlay.com
|
2019-09-10

သက်လတ်ပိုင်း အမျိုးသားတစ်ဦးဟာ နမ်းရှုံ့ပြီး လိင်ပိုင်းဆိုင်ရာသာယာမှု ရယူဖို့အတွက် ဖိနပ်အရံပေါင်း ၇၀ ကျော် ခိုးယူခဲ့တာကြောင့် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။




အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ မာကိုတိုအန်ဒိုဟာ ဝတ်ဆင်ပြီးသား ဖိနပ်တွေဆီက အနံ့ကို နမ်းရှုံ့ရတာ စိတ်ပျော်ရွှင်တာကြောင့် တိုချိဂိနဲ့ ဆိုင်တမမြို့တွေမှာ ဖိနပ်တွေ အလစ်သုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အန်ဒိုက ၎င်းခိုးယူခဲ့တဲ့ဖိနပ်ပိုင်ရှင်ဟာ ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ကိစ္စမရှိကြောင်း ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာတော့ အန်ဒိုဟာ ခိုးမှုများစွာအတွက် တရားရင်ဆိုင်နေရတယ်လို့ သိရပါတယ်။




အန်ဒိုရဲ့ အိမ်ကို ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေခဲ့ရာမှာ ဖိနပ်အရံပေါင်းများစွာကို တွေ့ရှိခဲ့ရပြီး အန်ဒိုဟာ ဖိနပ်တွေကို နှစ်သက်သူဖြစ်ပြီး ဖိနပ်ကရတဲ့ အနံ့နဲ့ လိင်စိတ်သာယာမှုကို ရှာဖွေခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ဝတ်ပြီးသားဖိနပ်က အနံ့ကို ရှူရှိုက်ပြီး ကျွန်တော် လိင်စိတ်သာယာမှုရရှိပါတယ်။ ပိုင်ရှင်က အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ်ပါ”လို့ ပြောကြားခဲ့ပါတယ်။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..