နက္ခတ်အလိုက် ရှိတတ်တဲ့ စရိုက်အမူအကျင့်များ
weddingguide.com.mm
|
2019-09-17

နက္ခတ်အလိုက်ရှိတတ်တဲ့စိတ်နေစိတ်ထား၊စရိုက်တွေကို Myanmar Wedding guide ပရိတ်သတ်အတွက်ဝေမျှပေးလိုက်ပါတယ်။


နက္ခတ်တွက်ချက်ရာမှာ မြန်မာမွေးသက္ကရာဇ်နဲ့သာ တွက်ချက်လို့ရတာမို့ မြန်မာမွေးသက္ကရာဇ်


မသိသူများပါ ကြည့်နိုင်ရန် နှစ်(၁၀၀)ပြက္ခဒိန် ပါထည့်ပေးထားပါတယ်။

http://www.mmcalendar.com/index.php?typeMonth=e&&setDay=17-5-1995
နက္ခတ်

သင့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

(၁) ကြွင်းရင်- နတ်နက္ခတ်။

(၂) ကြွင်းရင်-လူနက္ခတ်။

(ဝ) ကြွင်းရင်- ဘီလူးနက္ခတ်။

စရိုက်

နတ်နက္ခတ်။


နတ်နက္ခတ်မွေးဖွားတဲ့ လူတွေဟာ နှလုံးသား နူးညံ့ပျောပျောင်းတယ်။ သူတို့ကအချော့ကြိုက်တယ်။


အလှအပအနုအရွလေးတွေကို မြတ်နိုးတတ်တယ်။ ညင်ညင်သာသာ ပြောဆိုဆက်ဆံတာကို ကြိုက်တယ်။


သူတို့ကို သွားပြီး ကြမ်းလို့ မရဘူး။ တိုးတိတ်ညင်သာစွာ ဆက်ဆံတာကို လိုချင်တယ်ဆိုတော့


သင်စဉ်းစားရမှာက သင်ဆက်ဆံရမယ့်လူက ဘာနက္ခတ်လဲပေ့ါ။ နတ်နက္ခတ်ဖြစ်နေပြီ ဆိုရင်တော့


ပထမဆုံး သင့်ရဲ့အသံကို (၃)ပေါက်လောက်အထိ လျှော့ချပစ်ရမယ်။လုံး၀အသံလေးက နူးနူးညံ့ညံ့လေး။


သင်ပြောတဲ့ စကားသံလေးတွေ စကားလုံးလေးတွေက စပြီး သတိထားရတော့မယ်။


စကားလုံးလေးတွေကလည်း တကယ့်ကိုအနုအရွလေးတွေနဲ့ပြောရမယ်။


အရေးကြီးတာက နတ်နက္ခတ်သမားကို သွားပြီး မအော်မိပါစေနဲ့။


လူနက္ခတ်။




လူနက္ခတ်က တကယ့် ဆရာကြီးတွေ။ လူဆိုတော့ စဉ်းစား ဆင်ခြင်ဉာဏ် များတယ်ပေါ့။


သူက ဘလိုင်းကြီး လက်မခံဘူး။အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမှ သူက လက်ခံတာ။


အသံအနေအထား ကတော့ပုံမှန်ဆိုရပြီ။ တိုးဖို့လဲ မလိုဘူး။ ကျယ်ဖို့လဲ မလိုဘူး။




အနေအထားကတော့ မတိုးမကျယ်ပေါ့။ ဒါပေမယ့်အရေးကြီးတာက ကိုယ် ဆက်ဆံနေရတဲ့ လူက


လူနက္ခတ်ဆိုတာကို မမေ့နဲ့။အဲဒီတော့ ကိုယ်ပြောရမှာက ဘလိုင်းကြီး သွားပြောလို့ သူက လက်မခံဘူး။


အကျိုးအကြောင်း ပြချက်တွေ ခိုင်လုံမှ သူက လက်ခံမှာ။



ဥပမာ ဆိုကြပါစို့။ ၂၀၁၂-ခုနှစ်မှာ ကမ္ဘာကြီးပျက်မယ်လို့ လုံး၀ သွားမပြောနဲ့။


သူကသင့်စကားကို လုံးဝလက်ခံမှာ မဟုတ်ဘူး။အခုအနေအထားက ဘယ်လိုဖြစ်နေတဲ့အတွက်ကြောင့်



အဲ.. ၂၀၁၂ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက ပျက်မယ်လို့ ပြောကြတယ်။ ဘာညာပေါ့။



အဲဒီလိုအကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမယ်ဆိုရင်တော့ သူက နားထောင်လိမ့်မယ်။




ဘီလူးနက္ခတ်



ဘီလူးဆိုတဲ့အတိုင်း ခပ်ကြမ်းကြမ်းနဲ့ စရမယ်။ ကြားဖူးတယ် မဟုတ်လား။



ဘီလူးဆိုင်းတီးပြီး ဝင်လာတယ် ဆိုတာ။ ဘီလူးနက္ခတ်သမားတွေက


သူတို့က ပြတ်သားမှကြိုက်တယ်။ သူတို့ကို သွားပြီး ဖွဲ့နွဲ့နေလို့ လုံး၀ မကြိုက်ဘူး။



နောက်အသံအနေအထား။ သူကတော့ ထုံးစံအတိုင်း (၇)သံချီပေါ့။အသံကလည်း ကျယ်မှ


စကားကလည်း တိုတိုတောင်းတောင်း ပြတ်ပြတ်သားသားမှ ကြိုက်တာ။


ပျော့စိစိတော့သွားမလုပ်ပါနဲ့သူကသင့်ကိုအခြောက်ထင်သွားလိမ့်မယ်။




Some text some message..