ဒီအကြောင်းအရာကတော့ လူသားအားလုံးအတွက် သိလို့အကျိုးမယုတ်စေတဲ့အရာမျိုးပေါ့။အမွှေးအမျှင်တွေရိတ်တဲ့ကိစ္စကလည်း လူတိုင်းလုပ်နေကြအရာဆိုပေမယ့် နည်းလမ်းမှန်ဖို့ကတော့အရေးကြီးပါတယ်။
ဒါကြောင့်အမှန်ကန်ဆုံးအမွှေးရိတ်တဲ့ နည်းလမ်းလေးကို တစ်ချက်ချင်းစီ ဖော်ပြပေးလိုက်ပါတယ်။
၁။ ပထမဦးစွာ မရိတ်ခင်မှာအမွှေးတွေအရမ်းရှည်နေခဲ့လျှင် ကပ်ကြေးဖြင့်အရင်ညှပ်ပေးလိုက်ပါ။
၂။ ရိတ်မယ်ဆိုလျှင်တော့ ကိုယ်တစ်ယောက်တည်း သီးသန့်သုံးတဲ့ ဓါး (razor) ကိုသာအသုံးပြုပေးပါ။ မျှဝေသုံးစွဲခြင်း လုံးဝမလုပ်ပါနှင့်။
၃။ ရိတ်မယ့်နေရာကို စိုစွတ်သွားအောင်အရင်ပြုလုပ်ပါ။ (shaving creamအသုံးပြုလေ့ရှိလျှင် လိမ်းပေးပါ)
၄။ ထို့နောက်တွင်တော့ ဖြေးညှင်းစွာဖြင့် ရိတ်ပေးပါ။ ရိတ်တဲ့အခါအမွှေးပေါက်တဲ့လားရာရဲ့ ဆန့်ကျင်ဘက်အတိုင်း ရိတ်ပေးလျှင် ပိုပြီးပြောင်စင်စေပါတယ်။
၅။အားလုံးရိတ်ပြီးသွားလျှင်တော့အမွှေးရိတ်တဲ့အသုံးပြုပစ္စည်းများနှင့်ပတ်ဝန်းကျင်တဝိုက်ကို သေချာရှင်းလင်းပါ။ တစ်စုံတစ်ဦးမြင်သွားလျှင် ရှက်စရာကောင်းလှပါတယ်။
၆။ နောက်ဆုံးတွင်အရေပြား ယားယံခြင်းမရှိဘဲ နူးညံ့နေစေဖို့ Baby Oil (သို့) သံလွင်ဆီကို လိမ်းပေးထားလိုက်ပါ။
ဒါဆိုရင်တော့ လူမမြင်တဲ့နေရာကအမွှေးအမျှင်များကို မှန်မှန်ကန်ကန် ရိတ်သင်နည်း ပြီးဆုံးပါပြီ။
CHAN (ရွှေအင်းလေး)