လက်ချောင်းနဲ့လက်ဖဝါးပုံစံအလိုက် ရှိတတ်သော စိတ်နေစိတ်ထားများ
weddingguide.com.mm
|
2019-09-19

လက်ဖဝါးနဲ့လက်ချောင်းပုံစံတွေအလိုက် ရှိတတ်သော စိတ်နေစိတ်ထားတွေကို ဖော်ပြပေးချင်ပါတယ်။


မြေလက်။ ။အေးအေးဆေးဆေး ဘဝကိုရင်ဆိုင်နေသောသူ


လက်ကြီးပြီး လက်ဖဝါးလည်း ထူသောသူဟာ မြေလက်ပိုင်ရှင်ဖြစ်ပါလိမ့်မယ်။ စာဖတ်၊လေ့လာရတာကို


သဘောကျသူဖြစ်ပါတယ်။စနစ်တကျ စဉ်းစားလေ့လာသူဖြစ်တဲ့အတွက် ကိုယ့်ရဲ့ဘဝအတွက် ဘာကို ဆက်ပြီး


ဆောင်ရွက်ရမယ်ဆိုတာကို သိနေပြီး ရည်မှန်းချက်အတွက် ဦးတည်ပြီး လျှောက်လှမ်းနေသူပါ။


မီးလက်။ ။ခေါင်းမာပေမယ့်လည်းအသစ်အဆန်းကို ဖန်တီးနိုင်သောသူ


သူ့လက်ကတော့ ကြီးပေမယ့်လည်း လက်ချောင်းလေးတွေက တိုပါလိမ့်မယ်။အခြားသူတွေထက် ခေါင်းမာပြီး


လက်အဆစ်က ကြီးရင် ကြီးသလို ပိုပြီးခေါင်းမာလာမှာပါ။သူရဲ့အားသာချက်ကတော့ ဆုံးဖြတ်ချက်ချတဲ့အခါ


တွေဝေမှု မရှိပါ။ ပင်ကိုယ်အနုပညာအတွေးတွေရှိပြီး တီထွင်ကြံဆနိုင်တဲ့သူ ဖြစ်ပါတယ်။



လေလက်။ ။ယဉ်ကျေးသိမ်မွေ့ပြီး ဉာဏ်ရည်ထက်မြက်သူ


လက်ချောင်းလေးတွေက ရှည်ပြီး လက်ဖဝါးကတော့ ပုံမှန်အတိုင်းရှိသူဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့ပြီး


ဉာဏ်ကောင်းတဲ့အတွက် လူအများရဲ့ ချစ်ခင်လေးစားခြင်းကို ခံရပါလိမ့်မယ်။


 ရေလက်။ ။သဘောကောင်းပြီး ခံစားချက်တွေနဲ့အသက်ရှင်နေသူ


ရေလက်ပိုင်ရှင်ဟာ လေလက်ပိုင်ရှင်နှင့်လည်း တူညီချက်တွေရှိပါတယ်။ ဒါဖပမယ့် သူကတော့ လက်ဖဝါးက ဝိုင်းနေပြီး


ရင်ထဲက ခံစားချက်တွေနဲ့အသက်ရှင်နေသူပါ။သူရဲ့အားသာချက်ကတော့ သူငယ်ချင်းဒုက္ခရောက်နေချိန်မှာ


ကူညီရန်အသင့် ရှိနေသူပါ။




Some text some message..