ယောက်ျားလေးတွေ မှာလည်း ကလေးဆန်တဲ့ အမူအကျင့်နဲ့၊ သဘာဝလေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် လူတိုင်းရှေ့တော့ ချမပြတတ်ပါဘူး။
ကျွန်တော်တို့ ဆိုးချင်တဲ့သူ ၊ ချစ်တဲ့သူသာ သိနိုင်၊ မြင်နိုင်မယ့် အမူအကျင့်လေးတွေပါ။ဒါပေမယ့် လူတိုင်းရှေ့တော့ ချမပြတတ်ပါဘူး။
ကျွန်တော်တို့ ဆိုးချင်တဲ့သူ ၊ ချစ်တဲ့ သူ သာ သိနိုင်၊ မြင်နိုင်မယ့် အမူအကျင့်လေးတွေပါ။
သင့်ချစ်သူကောင် လေးက ဒီအပြုအမူလေးတွေ သင့်ဆီမှာပြုလုပ်ခဲ့ရင် မညိုညင်သွားစေဖို့ ပြောပြပေးလိုက်ပါတယ်။
၁. စိတ်ကောက်ခြင်း
သင့်ကောင်လေးက သင့်ထက်ပိုပြီးစိတ်ကောက်တတ်နေတာမျိုး သင်ကြုံဖူးပါသလား။
သူတို့မကြိုက်တာ တစ်ခုခုလုပ်မိလို့ သင့်ကိုစိတ်ကောက်တတ်တဲ့ကောင် လေးကို သင်ပိုင်ဆိုင်ထားရပြီဆိုရင် သင့်ချစ်သူဟာ တစ်ကယ်ကို ကလေးဆန် လွန်းလို့ပါ။
စိတ်ပြေလည်းလွယ်တတ်ပြီး ၊ စိတ်ကောက်လည်းမြန်တတ်ပါတယ်။ အနမ်းလေးပေးပြီး ခပ်သွက်သွက် ချော့တတ်မှဖြစ်မယ်နော်။
၂. သဝန်တိုလွယ်ခြင်း
ကလေးဆန်တဲ့ကောင်လေးတွေက ချစ်သူကောင်မလေးကို တစ်အားချစ်ပြီဆိုရင် အရမ်းလည်း သဝန်တိုတတ်ပါသေးတယ်။
ယောက်ျားလေး တော်တော်များများက သဝန်တိုတာကိုပြောမပြ၊ ဖော်မပြတတ်ပါဘူး။
ဒါပေမယ့်လို့ ကလေးဆန်တဲ့သင့်ချစ် သူကောင်လေးက သူသဝန်တိုနေကြောင်း စကားတွေနဲ့ထေ့ပြောနေပြီဆို သင်သ ဘောပေါက်သင့်ပါပြီ။
၃. ဂရုစိုက်ခံလိုခြင်း
သင့်ကောင်လေးက သင့်ဆီက ဂရုစိုက်မှုကိုလိုတာထက်ပိုမက်မောနေပြီဆိုရင် သူရဲ့မသိစိတ်က ကလေးဆန်လွန်းလို့ပါ။
“တစ်ခုခုစားတဲ့အခါ ခွန့်ကျွေးမှ သဘောကျတတ်တာမျိုး၊ သူ့ရဲ့လက်သည်း၊ ခြေသည်းတွေ ညှပ်ပေးတာမျိုး၊ အပြင်သွားတဲ့အခါ
သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားတာမျိုး ကြိုက်တဲ့ ချစ်သူမျိုး သင်ရထားပြီလား။ အပီအပြင်သာ ဂရုစိုက်ဖို့ပြင်ထားတော့နော်။
တစ်ကယ်တော့ အချစ်နဲ့တွေ့တဲ့အခါ ကျွန်တော်တို့လူသားတွေ အားလုံးပြောင်းလဲ သွားတတ်ပါတယ်။
ယောက်ျားရင့်မာကြီးတွေက ချစ်ရတဲ့သူကြောင့် မျက်ရည်ကြရ တာလည်း ရှိသလို ၊ ချစ်သူဆီက ဂရုစိုက်မှုကိုရဖို့
ကလေးတစ်ယောက်လို တွယ် ကပ်နေရတာတွေလည်းရှိပါတယ်။မိန်းကလေးတွေရဲ့စိတ်က နားလည်ရခက်သလိုမျိုး၊ တစ်ကယ်ချစ်တတ်သွားတဲ့အ ခါ
ကျွန်တော်တို့ယောက်ျားလေးတွေ ရဲ့စိတ်ကလည်း နားလည်ရခက်ပါတယ်။ ချစ်သူချင်း နားလည်နိုင်ဖို့ကြိုးစားရင်း သာယာလှပတဲ့ဘဝလေး ပိုင်ဆိုင်နိုင်ကြပါစေ။
Unicode

Myanmar Wedding Guide