
(Zawgyi Version)
ကိုယ့်ဆီမှာ အစ်မဖြစ်ဖြစ်၊ ညီမဖြစ်ဖြစ်ရှိတယ်ဆိုရင် ကံကောင်းတယ်လို့သာ မှတ်ယူလိုက်ပါ။ ဘယ်တော့မှအထီးမကျန်ပါဘူး။ ဒီတစ်ခါမှာကျတာ့ မိန်းကလေးတွေဆီမှာ အစ်မတစ်ယောက်ရှိနေခြင်းရဲ့ကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။
ပွင့်ပွင့်လင်းလင်းနဲ့တိုင်ပင်လို့ရမယ်
တစ်ခုခုဆိုရင် သူငယ်ချင်းတစ်ယောက်လိုမျိုး ပွင့်ပွင့်လင်းလင်းပြောလို့ရမယ်။ အမေကိုမပြောရဲတာတွေ အစ်မကိုပြောပြပြီး တိုင်ပင်လို့ရမယ်။ အကြံတောင်းလို့လည်းရမယ်။
ရှေ့ကနေဦးဆောင်လမ်းပြပေးမယ်
ကိုယ့်ကိုဘာလုပ်သင့်တယ်၊ ဘယ်အရာကကောင်းတယ် မကောင်းဘူးဆိုတာကို အစ်မတွေက ရှေ့ကနေ ဦးဆောင်လမ်းပြပေးကြတယ်။ တစ်ခုခုဆို အမြဲဆုံးမပေးကြတယ်။
အမေတစ်ယောက်လို စောက်ရှောက်ပေးမယ်
ဘယ်လောက်ပဲမတည့်တဲ့ညီအစ်မတွေဖြစ်နေပါစေ ကိုယ့်ညီမကိုယ်တော့ စောက်ရှောက်ပေးကြတယ်။ အမေတစ်ယောက်လို ဂရုစိုက်ပေးကြတယ်။ တစ်ခုခုဆိုလည်း ရှေ့ကနေကာကွယ်ပြောဆိုပေးကြတယ်။
စိတ်တူကိုယ်တူနဲ့သွားလို့ရမယ်
တစ်နေနေရာကိုသွားချင်တယ်ဆိုလည်း ညီအစ်မနှစ်ယောက် စိတ်တူကိုယ်တူနဲ့ သွားလို့ရမယ်။ သူငယ်ချင်းအဖော်မရှိရင်တောင် အစ်မရှိတော့ အထီးမကျန်ဘူးပေါ့။ တစ်ခုခုလုပ်မယ်ဆိုလည်း တူတူလုပ်လို့ရမယ်။
ပစ္စည်းတွေမျှသုံးမယ်
တစ်ခုခုဝယ်မယ်ဆိုရင်လည်း ညီအစ်မနှစ်ယောက် တစ်ယောက်တစ်ဝက်စိုက်ဝယ်ပြီး တူတူသုံးလို့ရမယ်။ တစ်ခုခုဆို ကိုယ်တစ်ယောက်ထဲ အကုန်အကျခံစရာမလိုတော့ဘူး။ မိတ်ကပ်တူတူပြင်ပြီးလည်း အလှပြင်ပစ္စည်းတွေ တူတူသုံးလို့ရမယ်။
ဓာတ်ပုံလည်းရိုက်ပေးမယ်
ရည်းစားမရှိလည်း တစ်နေနေရာသွားရင် ညီအစ်မတွေ တစ်ယောက်တစ်လှည့် ဓာတ်ပုံရိုက်ပေးလို့ရတာပေါ့။
Photo Source: www.freepik.com
ကိုယ့်ဆီမှာ အစ်မဖြစ်ဖြစ်၊ ညီမဖြစ်ဖြစ်ရှိတယ်ဆိုရင် ကံကောင်းတယ်လို့သာ မှတ်ယူလိုက်ပါ။ ဘယ်တော့မှအထီးမကျန်ပါဘူး။ ဒီတစ်ခါမှာကျတော့ မိန်းကလေးတွေဆီမှာ အစ်မတစ်ယောက်ရှိနေခြင်းရဲ့ကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။
ပွင့်ပွင့်လင်းလင်းနဲ့တိုင်ပင်လို့ရမယ်
တစ်ခုခုဆိုရင် သူငယ်ချင်းတစ်ယောက်လိုမျိုး ပွင့်ပွင့်လင်းလင်းပြောလို့ရမယ်။ အမေကိုမပြောရဲတာတွေ အစ်မကိုပြောပြပြီး တိုင်ပင်လို့ရမယ်။ အကြံတောင်းလို့လည်းရမယ်။
ရှေ့ကနေဦးဆောင်လမ်းပြပေးမယ်
ကိုယ့်ကိုဘာလုပ်သင့်တယ်၊ ဘယ်အရာကကောင်းတယ် မကောင်းဘူးဆိုတာကို အစ်မတွေက ရှေ့ကနေ ဦးဆောင်လမ်းပြပေးကြတယ်။ တစ်ခုခုဆို အမြဲဆုံးမပေးကြတယ်။
အမေတစ်ယောက်လို စောက်ရှောက်ပေးမယ်
ဘယ်လောက်ပဲမတည့်တဲ့ညီအစ်မတွေဖြစ်နေပါစေ ကိုယ့်ညီမကိုယ်တော့ စောက်ရှောက်ပေးကြတယ်။ အမေတစ်ယောက်လို ဂရုစိုက်ပေးကြတယ်။ တစ်ခုခုဆိုလည်း ရှေ့ကနေကာကွယ်ပြောဆိုပေးကြတယ်။
စိတ်တူကိုယ်တူနဲ့သွားလို့ရမယ်
တစ်နေနေရာကိုသွားချင်တယ်ဆိုလည်း ညီအစ်မနှစ်ယောက် စိတ်တူကိုယ်တူနဲ့ သွားလို့ရမယ်။ သူငယ်ချင်းအဖော်မရှိရင်တောင် အစ်မရှိတော့ အထီးမကျန်ဘူးပေါ့။ တစ်ခုခုလုပ်မယ်ဆိုလည်း တူတူလုပ်လို့ရမယ်။
ပစ္စည်းတွေမျှသုံးမယ်
တစ်ခုခုဝယ်မယ်ဆိုရင်လည်း ညီအစ်မနှစ်ယောက် တစ်ယောက်တစ်ဝက်စိုက်ဝယ်ပြီး တူတူသုံးလို့ရမယ်။ တစ်ခုခုဆို ကိုယ်တစ်ယောက်ထဲ အကုန်အကျခံစရာမလိုတော့ဘူး။ မိတ်ကပ်တူတူပြင်ပြီးလည်း အလှပြင်ပစ္စည်းတွေ တူတူသုံးလို့ရမယ်။
ဓာတ်ပုံလည်းရိုက်ပေးမယ်
ရည်းစားမရှိလည်း တစ်နေနေရာသွားရင် ညီအစ်မတွေ တစ်ယောက်တစ်လှည့် ဓာတ်ပုံရိုက်ပေးလို့ရတာပေါ့။
Photo Source: www.freepik.com
The post
မိန်းကလေးတွေဆီမှာ အစ်မတစ်ယောက်ရှိနေခြင်းရဲ့ကောင်းကျိုးများ
appeared first on
MyStyle Myanmar
.