“ဘာကြောင့် ကျမကိုချစ်လဲ” လို့ သင့်ချစ်သူကောင်မလေး မေးလာရင် ဒီ (၅) ချက်ဖြင့် တုံ့ပြန်ဖြေကြားနိုင်
trend.com.mm
|
2019-10-10

သင့်ချစ်သူကောင်မလေးက “ဘာကြောင့်ကျမကိုချစ်လဲ” လို့ မေးလာတာ မကြာဏဖြစ်တဲ့ ကိစ္စဖြစ်ပါတယ်။ သင့်အနေနဲ့ သူမကြားချင်တာလေးတွေ ပြောဆိုရမှာ ဖြစ်တယ်။ ဘာကြောင့် ကိုယ့်ကို ချစ်တာလဲလို့ အမေးခံရတဲ့အခါ ဒီအချက် (၅) ချက်နဲ့ ပြန်လည်တုံ့ပြန်ဖြေကြားနိုင်ပါတယ်။


၁။ မင်းအပြုံးက ကိုယ့်ကို ရင်ခုန်လှုပ်ရှားစေတာကြောင့်

သူမအပြုံးက မိမိပတ်ဝန်းကျင်က လွှဲချော်မှုတွေကို ဘယ်လိုပြုပြင်ပေးကြောင်း သူမကို ပြောပြပါ။ မင်းပြုံးလိုက်တိုင်း မိမိသီးခြားကမ္ဘာလေးဟာ မျှော်လင့်ချက်ရှိပြီး အစစအရာရာ အဆင်ပြေသလို ခံစားရကြောင်း ပြောပြပါ။ သူမဝမ်းသာဂုဏ်ယူပါလိမ့်မယ်။


၂။ အချိန်တိုင်းချစ်စရာကောင်းအောင် စီမံနိုင်ပုံ

မင်းမျက်နှာမြင်တိုင်း ကိုယ့်နှလုံးသားကနေ ပြောဆိုတာ တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက မင်းဘယ်လောက်ချစ်စရာကောင်းလိုက်လဲ ဆိုတာပါပဲ။ မင်းအလှကို တစ်ဝက်လောက်တောင် မီနိုင်တဲ့သူ တစ်ယောက်မှ မတွေ့မိဘူး။ ဒါ့ကြောင့် မင်းနဲ့စတွေ့ခဲ့ချိန်ကစလို့ တစ်ချက်မှာ စိတ်မပျက်ခဲ့တာပဲ။


၃။ မင်းမျက်လုံးက ကိုယ့်နှလုံးသားကို စကားပြောနေလို့

ပထမဆုံးတွေ့တဲ့အချိန်မှာ ကိုယ် မင်းမျက်လုံးတွေ စူးစိုက်ကြည့်နေခဲ့ပြီး ကြည်နူးမှုတစ်မျိုး ရရှိခဲ့တယ်။ ကိုယ့်နှလုံးကို ဖူးစာရှင်ဟာ သူမပဲလို့ ပြောပြနေတဲ့ ကြည်နူးမှုမျိုး။ မင်းယုံတာ၊ မယုံတာ ကိုယ်မသိဘူး။ ဒါပေမယ့် အဲဒီမျက်လုံးအစုံက ကိုယ့်အတွက် ဆွဲဆောင်ကြည်နူးစေနိုင်တာတော့ အမှန်ပဲ။


၄။ မင်းရယ်မောနေပုံကြောင့်

ပျော်မြူးရယ်မောနေတဲ့ လူတွေကို မြင်ဖူးတွေ့ဖူးပေမယ့် မင်းရယ်မောနေပုံက ကိုယ့်ကို အားရကျေနပ်မှုရစေပါတယ်။ မင်းရဲ့ အပူအပင်ကင်းမဲ့ပြီး တက်တက်ကြွကြွရှိနေပုံက ကိုယ့်ကို ပိုမိုကောင်းမွန်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့ မိမိစိတ်ကို လှုံ့ဆော်ပေးပါတယ်။


၅။ မင်းရဲ့ စာနာတတ်တဲ့စိတ်ထားရှိမှုကြောင့်

မင်းရဲ့နှလုံးသားဟာ ရွှေနဲ့ထုဆစ်ထားတာပါ။ ဒ့ါကြောင့် မင်း လူတိုင်းအပေါ် သနားတတ်တယ်။ ဒါဟာ လူတိုင်းမှာ မရှိတဲ့အရာပါ။ ဒါ့ကြောင့် ကိုယ် မင်းကို နတ်သမီးလို့ တင်စားခေါ်ဝေါ်လိုက်တာပါ။

Ref: Youngisthan




Some text some message..