သင့်ရည်းစား Gay ဟုတ်၊ မဟုတ် သိနိုင်မယ့် လက္ခဏာများ
shweinnlay.com
|
2018-11-08



ခုတလော ပွထနေတဲ့ ကိစ္စတွေကြောင့် ကိုယ့်မှာရှိတဲ့ ရည်းစားက Gay ဖြစ်နေမလား၊ ကိုယ် Crush နေတဲ့ ကောင်လေးကရော Gay ဖြစ်နေမလားဆိုကာ ဇဝေဇဝါတွေ ဖြစ်လာရပါတယ်။ Gym ဆော့တဲ့ ဗလကောင်းကောင်း၊ ရုပ်ဖြောင့်ဖြောင့်အမျိုးသား ၊ ဗိုက်ပူတဲ့အမျိုးသား စသည်တို့ကိုကြည့်ပြီး Gay ဟု တထစ်ချ ကောက်ချက်ချလို့ မရပါဘူး။ Gay တစ်ယောက် (အပုန်းတစ်ယောက်) ရဲ့အသိသာဆုံးအချက်ကတော့ သာမန်ယောကျာ်းများထက် နွဲ့နှောင်းခြင်းပါပဲ။ နောက်ပြီး ဒီအချက်တွေကိုလည်း သတိထားကြည့်ပါ။

၁။ ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စား၊ လိုက်မကြည့်တာ။ ကိုယ့်ကောင်လေးက ဘယ်အမျိုးသမီးကိုမှ မကြည့်ဘူး၊ စိတ်မဝင်စားဘူးဆိုတိုင်း ငါ့ကိုအရမ်းချစ်လို့ဆိုပြီအရမ်းမပျော်ပါနဲ့။ သူက မိန်းကလေးတွေကို စိတ်မဝင်စားလို့ မကြည့်တာ ဖြစ်နိုင်တာပဲလေ (ဆေးထိုးပြီ)။

၂။အပေါ်ကအချက်နဲ့ ဆန့်ကျင်ဘက်ပြောရရင်တော့ ယောက်ျားလေးတွေကို စိတ်ဝင်တစား လိုက်ကြည့်တတ်တာပါ။ ဟုတ်ပါတယ်။ မိန်းကလေးကိုကျ စိတ်မဝင်စား၊ မကြည့်ဘူး။ ယောကျာ်းလေး ခပ်တောင့်တောင့်၊ ခပ်ဖြောင့်ဖြောင့်ကိုကျ မသိမသာရော၊ သိသိသာသာရော လိုက်ကြည့်နေတယ်ဆိုရင်တော့ ညီအစ်မတွေ မဖြစ်ခင် မြန်မြန်လက်ရှောင်လိုက်ပါ။

၃။ ယောက်ျားလေးတွေနဲ့ ထိတွေ့ရတာကို သာယာတယ်။ သေချာတာပေါ့။ ယောက်ျားလေးနဲ့ ထိတွေ့နေရခြင်းအပေါ် ကျေနပ်သာယာနေမယ်၊ ပျော်ရွှင်နေတဲ့အရိပ်အယောင်တွေ တွေ့ရင်လည်း သတိထားပါ။

၄။ တခြား Gay တစ်ယောက်ယောက်နှင့်အတူရှိနေရရင်အဆင်မပြေ ဖြစ်လာတယ်။ သူတို့အနားမှာ တခြားသော Gay တစ်ယောက်ယောက် ရှိနေလျှင် စိတ်အဆင်မပြေမှုများ၊အလိုမကျမှုများ ဖြစ်လာပါတယ်တဲ့။

၅။ လိင်ပိုင်းဆိုင်ရာကိုအရမ်းစွဲလမ်းတတ်တဲ့ သဘောရှိတယ်။ Gayအများစုဟာ လိင်ကိစ္စများကို မကြာခဏ ပြောဆိုနေတတ်သလိုအခြားသူများရဲ့ လိင်မှုရေးရာများကို စိတ်ဝင်တစားရှိတတ်တယ်လို့ ဆိုပါတယ်။

၆။ လိင်ကိစ္စကိုတော့ စိတ်ဝင်စားတယ်။ ဒါပေမယ့် သင်နဲ့တော့မဟုတ်ဘူး။ Gay တစ်ယောက်ဖြစ်နေတဲ့အတွက် မိန်းကလေးနဲ့တော့အတူအိပ်နိုင်မှာ မဟုတ်ပါဘူး။ ယောကျာ်းဆိုရင်တော့ တစ်မျိုးပေါ့။

ကဲ..ကိုယ်ချစ်သူရည်းစား ပုန်းနေလား၊ ပုန်းမနေဘူးလား၊ ပွင့်တော့မှာလား ဆိုတာ ဒါလေးတွေကြည့်ပြီးတော့လည်း သိနိုင်မှာပါ။ Gym ဆော့တာ၊ ဗလတောင့်တာ၊ ပသိုင်းမွှေးရှိတာ၊ ဗိုက်ပူတာတွေနဲ့ လျှောက်ရမ်းမနေပါနဲ့။ Gay ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်းကအဲ့ဒိလူရဲ့အတွင်းစိတ်နဲ့ပဲ ဆိုင်ပါတယ်ဆိုတာ ပြောကြားရင်း…….

CHAN (ရွှေအင်းလေး)




Some text some message..