Zodiac Sign တွေအလိုက် အသဲကွဲတာကို ဘယ်လိုဖြတ်ကျော်ကြမလဲ
moda.com.mm
|
2019-10-29



Relationship တစ်ခုမှာ အကြောင်းအရာတစ်တခုခုကြောင့် လမ်းခွဲခဲ့တဲ့နောက်မှာတော့ စိတ်ဓာတ်ကျပြီး အသဲကွဲတတ်ကြပါတယ်။ ဒီလိုမျိုး အသဲကွဲနေမယ့်အစား မိမိတို့ ရာသီခွင်အလိုက် ဘယ်လိုအပန်းဖြေမှုတွေက ကိုယ့်အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသဲကွဲမှုတွေကို ကုစားပေးမလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။


Aquarius
ခရီးထွက်ပါ။ သင်သွားချင်တဲ့နေရာကို တစ်ယောက်တည်းခရီးထွက်လိုက်ပါ။ Relationship ရှိခဲ့တဲ့အချိန်မှာ သင်ရှင်သန်ခဲ့တဲ့အချိန်တွေကို မေ့ပစ်နိုင်တဲ့အထိ ခရီးထွက်ပါ။ ခရီးထွက်ခြင်းက Aquarius တို့အတွက် အကောင်းဆုံးသော စိတ်အပန်းဖြေနည်းလေးပါ။


Pisces
ကဗျာတွေရေးပြီး Blog တစ်ခုကို စတင်လိုက်ပါ။ ခံစားနေရတဲ့ ခံစားချက်တွေကို ဖွင့်ထုတ်လိုက်ပြီး ကဗျာတွေအဖြစ်နဲ့ ပြောင်းလဲလိုက်ပါ။


Aries
သင့်ရဲ့ အသဲကွဲမှုတွေကြောင့် ပြိုလဲနေရတာတွေကို ၂၄ နာရီအတွင်းမေ့ပျောက်လိုက်ပါ။ တစ်စုံတစ်ယောက်နဲ့ blind date လိုက်ပါ။ ကဲ ဘာတွေကို စောင့်နေဖို့ လိုနေသေးလဲ။


Taurus
ဗီရိုအသစ်တစ်ခုဝယ်ယူခြင်း ဒါမှမဟုတ်ရင် သင့်အိပ်ခန်းရဲ့ ပရိဘောဂတွေကို လဲလှယ်တာပဲ ဖြစ်ဖြစ်၊ အခန်း Decoration ကို ပြောင်းလဲလိုက်တာပဲ ဖြစ်ဖြစ် သင့်စိတ်ကို အပြောင်းအလဲဖြစ်စေမှာပါ။


Gemini
သင့်ရဲ့ ခင်မင်ရဆုံးသူတွေနဲ့ စကားတွေပြောပါ။ ရင်ဖွင့်ပါ။ အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာတွေကို တွေ့ရှိလာတဲ့အခါ အသဲကွဲခြင်းကို သင်မေ့ပျောက်သွားပါလိမ့်မယ်။


Cancer
Instagram , Facebook အစရှိတဲ့ Social Media ပေါ်မှာတင်ထားတဲ့ ပုံတွေကို အကုန်ဖျက်ပစ်လိုက်ပြီး Ex နဲ့ ပတ်သက်တဲ့ သူတွေအားလုံးကိုလည်း Block လိုက်ပါ။ ပြီးရင်တော့ အားလုံးအသစ်ကပြန်စပြီး သင့်ကိုယ်သင်အလှဆုံးနေထိုင်လိုက်ပါ။


Leo
ဒီဇာတ်လမ်းဟာ သင့်ဘဝအတွက် ဇာတ်လမ်းတစ်ခုရတယ်လို့သဘောထားပြီး အရာရာအားလုံးကို မေ့ပစ်လိုက်ပါတော့နော်။ ဒီထက်လှပတဲ့ ဇာတ်လမ်းလေးတွေလည်း ရောက်ရှိလာဦးမှာပါ။


Virgo
စစချင်းမှာတော့ အသဲကွဲတဲ့ဒဏ်ကို သင် ၂ရက်လောက်အလူးအလဲခံစားရမှာပါ။ ဒါပေမယ့်မပူပါနဲ့ သင့်ရဲ့ သူငယ်ချင်းတွေ အရင်းနှီးဆုံးလူတွေနဲ့ တွေ့တဲ့အခါမှာတော့ ဒါဟာ သင့်အတွက်ဘာမှမဟုတ်တော့ပါဘူး။ သင့်လုပ်ရမယ့်အလုပ်တွေကို အစီအစဉ်အတိုင်းဆက်လုပ်နိုင်သွားမှာပါ။


Libra
စိတ်ထွက်ပေါက်အနေနဲ့ အားကစားတစ်ခုခုကို ပြင်းပြင်းထန်ထန်လုပ်ပါ။ သီချင်းနားထောင်ပါ။ ဂီတကို နစ်မျောရင်းနဲ့ သင့်စိတ်တွေလည်းနူးညံ့လာပါလိမ့်မယ်။


Scorpio
သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေကို သင်တို့ရဲ့ ဇာတ်လမ်အကြောင်းကို အားရပါးရပြောပြပြီး ရင်ဖွင့်လိုက်ခြင်းက သင့်စိတ်သက်သာရာ ရစေမှာပါ။


Sagittarius
သင်ဟာ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ သင့် Ex ကို သိစေဖို့အတွက် အသဲကွဲမယ့်အစား အလှပဆုံးပြင်ဆင်နေထိုင်လိုက်ပါနော်။


Capricorn
သင့်ရဲ့ Ex နဲ့ အစစအရာရာ ဆန့်ကျင်တဲ့ လူတစ်ယေက်နဲ့ Date လိုက်ပါ။

ကဲ ဒီတော့ မိမိတို့ရာသီခွင်အလိုက် အသဲကွဲရင် ဘယ်လိုလေးတွေ လုပ်ဆောင်သင့်တယ်ဆိုတာ အကြံပေးထားပြီဆိုတော့ အသဲကွဲလို့ဆိုပြီး အိမ်တွင်းပုန်းမနေနဲ့ အကြံပြုချက်လေးတွေကို လိုက်လုပ်ကြည့်ကြရအောင်နော်။

Editor : Lin Lin




Some text some message..