Crush က ကိုယ့်အကြောင်းတွေးနေပြီလား
weddingguide.com.mm
|
2019-10-31

တစ်ယောက်ယောက်ကို ချစ်မိလို့ တစ်ချိန်လုံးသူ့အကြောင်းပဲ တွေးနေမိတယ်ဆိုတဲ့အဖြစ်က သိပ်ကိုရိုမန့်တစ်ဆန်လွန်းပါတယ်။

ဒါပေမယ့် ကိုယ့်ဘက်ကပဲ သူ့အကြောင်းတွေ တွေးနေပြီး သူ့ဘက်ကတော့ ဘာမှတုံ့ပြန်မှုမရှိတဲ့အခါမှာတော့ ခံစားချက်တွေက

အချစ်ကနေ အမုန်းကိုတောင် ပြောင်းသွားနိုင်ပါတယ်နော်။ ဒီတော့ ကိုယ့်အတွေးထဲမှာ အမြဲနေရာယူထားတဲ့သူလေးကရော

ကိုယ့်ကို သတိရနေလားဆိုတာ ပြေးကြည့်စရာမလိုဘဲ သိနိုင်မယ့် နိမိတ်ပုံလေးတွေကတော့ ဒီလိုပါနော်

(၁) ခံစားချက်ရုတ်တရက်ပြောင်းသွားရင်

ကိုယ်ကပျော်ရွှင်စရာတွေကြုံနေလို့ ရယ်မောနေရာက ရုတ်တရက်ဝမ်းနည်းသွားတာမျိုး ဖြစ်တယ်ဆိုရင် သူက သင့်ကိုမတွေ့ရတဲ့အချိန်

သတိရပြီး ဝမ်းနည်းမိတာကြောင့် သင်ပါလိုက်ပြီး အဲ့လိုဖြစ်သွားရတာပါတဲ့။

တခါတလေ အထီးကျန်ပြီး စိတ်ဓာတ်တွေ ကျနေပေမယ့် ရုတ်တရက်နွေးထွေးတဲ့ ခံစားချက်မျိုးဖြစ်သွားတယ်ဆိုရင်လည်း

သူက ချစ်တဲ့စိတ်တွေနဲ့သင့်အကြောင်းတွေးမိလို့ပါတဲ့။

(၂) မျက်လုံးတစ်ဖက်က ယားလာရင်

မိန်းကလေးတွေမှာ ဘယ်ဘက်မျက်လုံးက ယားလာရင် သူချစ်ရတဲ့သူက လွမ်းနေတာဖြစ်ပြီး၊

ညာဘက်မျက်လုံးကယားလာရင်တော့ သူ့ဘက်က မိန်းကလေးအကြောင်း တွေးပြီးပျော်နေလို့ပါတဲ့။

ယောကျာ်းလေးတွေကတော့ အဲ့ဒါနဲ့ပြောင်းပြန်ပါ။ မျက်လုံးအလာ့ဂျစ်ဖြစ်လို့ ယားတာကို ပြောတာမဟုတ်ဘူးနော်။

ခဏတဖြုတ်ယားပြီး ပျောက်သွားတာမျိုးကို ပြောတာပါတဲ့။

(၃) ပါးပြင် ဒါမှမဟုတ် နားရွက်က ပူလာရင်

ပါးပြင် ဒါမှမဟုတ် နားရွက်တွေ ပူလာရင်တော့ သူက သင့်အကြောင်း တွေးရုံမက တစ်ယောက်ယောက်ကို သင့်အကြောင်းပြောပြနေလို့ပါတဲ့။

(၄) ကြက်သီးထလာရင်

သင်က ရုတ်တရက် သူ့အကြောင်း တွေးမိလိုက်တဲ့အချိန်မှာ ကြက်သီးထလာတယ်ဆိုရင် သူကလည်းသင့်အကြောင်းတွေးနေတဲ့အချိန်နဲ့တိုက်ဆိုင်သွားလို့ပါတဲ့။

(၅) ကြို့ထိုးရင်

ကြို့ထိုးတာကတော့ သူက သင့်ကိုအကောင်းနဲ့ သတိရနေတာတော့မဟုတ်ပါဘူး။ သင့်အပေါ်မှာ မကျေနပ်တာတစ်ခုခုကို နက်နက်နဲနဲကို တွေးမိနေလို့ပါ။

(၆) သူ့အကြောင်း အိပ်မက်မက်ရင်

သင့်အနေနဲ့ လူတစ်ယောက်အကြောင်း ရှင်းရှင်းလင်းလင်း အိပ်မက်မက်တယ်ဆိုတာ သူက သင့်အကြောင်း အချိန်တော်တော်များများတွေးနေလို့ပါ။

သင်လည်း သူ့အကြောင်း အများကြီးတွေးတယ်ဆိုရင် သူက သင့်ကို အိပ်မက်မက်နေမှာပါတဲ့။

Source: auntymay

(Unicode)

Myanmar Wedding Guide

Some text some message..