(Zawgyi Version)
မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကို သဝန်တိုတာက မဆန်းပေမယ့် ချုပ်ချယ်တာမျိုးကျတော့ နေရာတကာလိုက်ချုပ်ချယ်လို့ မရပါဘူး။ ဘယ်လောက်ပဲ ကိုယ်ပိုင်တယ်ပြောပြော၊ သူက ကိုယ့်အပေါ် ဘယ်လောက်ပဲ သည်းခံပြီးချစ်နေပါစေ မပြောသင့်တဲ့စကားတွေနဲ့ မချုပ်ချယ်သင့်တဲ့ အရာတွေက သပ်သပ်စီရှိပါသေးတယ်။
မိသားစုကိစ္စ
သူ့မိသားစုကို ကိုယ့်ထက်အရေးမပေးနဲ့၊ ကိုယ့်ထက်ပိုမချစ်နဲ့ဆိုပြီး ဘယ်တော့မှ မပြောမိပါစေနဲ့။ တစ်ခုခုဆို မိသားစုနဲ့ ယှဉ်ပြောတာမျိုးတွေ မလုပ်သင့်ပါဘူး။ မိသားစုနဲ့ သွားတာလာတာကိုတောင် လိုက်ချုပ်ချယ်တာမျိုးတွေလည်း မလုပ်ပါနဲ့။
အလုပ်ကိစ္စ
သူ့အလုပ်ကိစ္စနဲ့ပတ်သက်ပြီး သူ့ဘက်ကတိုင်ပင်ပြီး အကြံတောင်းတာမျိုးမဟုတ်ပဲ ဝင်စွက်ဖက်တာမျိုးမလုပ်ပါနဲ့။ အလုပ်ကိစ္စနဲ့ သွားလာတာတွေကိုတော့ မချုပ်ချယ်ပါနဲ့။ ကိုယ်နဲ့ချိန်းထားတာကို အလုပ်ရှိလို့ဖျက်ရတဲ့အခါမျိုးဆိုလည်း နားလည်ပေးဖို့လိုပါတယ်။ နောက်တစ်ခုကတော့ အလုပ်ကိစ္စနဲ့ ပြောဆိုဆက်ဆံနေရတဲ့၊ ပေါင်းသင်းနေရတဲ့လူတွေကို သူတို့နဲ့မပေါင်းနဲ့ ရောရောနှောနှောမနေနဲ့ဆိုပြီး မပြောသင့်ပါဘူး။ အလုပ်လုပ်နေရတဲ့အခါ အားလုံးနဲ့ ကင်းလို့မရပါဘူး။
အပေါင်းအသင်းကိစ္စ
အပေါင်းအသင်း၊ သူငယ်ချင်းတွေကိုလည်း မကောင်းတဲ့သူဆိုရင်တော့ မပေါင်းသင်းဖို့အတွက် ချစ်သူတစ်ယောက်အနေနဲ့ သတိပေးသင့်ပါတယ်။ ဒါပေမယ့် ငယ်ငယ်ထဲကပေါင်းသင်းလာတဲ့သူမျိုးကိုတော့ ဟိုလူနဲ့ပေါင်းတာမကြိုက်ဘူး၊ မပေါင်းနဲ့ ဆိုပြီး ချုပ်ချယ်လို့မရပါဘူး။
ခန္ဓာကိုယ်၊ အလှအပနဲ့ဝေဖန်တာ
သူ့ပုံစံကို လက်ခံနိုင်လို့ ကြိုက်လို့တွဲပြီးကာမှ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာမျိုး လုံးဝမလုပ်ပါနဲ့။ အလှအပရေးရာနဲ့ပတ်သက်လို့လည်း ဝေဖန်အပြစ်တင်တာမျိုး မလုပ်သင့်ပါဘူး။
Photo Source: www.freepik.com
(Unicode Version)
မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကို သဝန်တိုတာက မဆန်းပေမယ့် ချုပ်ချယ်တာမျိုးကျတော့ နေရာတကာလိုက်ချုပ်ချယ်လို့ မရပါဘူး။ ဘယ်လောက်ပဲ ကိုယ်ပိုင်တယ်ပြောပြော၊ သူက ကိုယ့်အပေါ် ဘယ်လောက်ပဲ သည်းခံပြီးချစ်နေပါစေ မပြောသင့်တဲ့စကားတွေနဲ့ မချုပ်ချယ်သင့်တဲ့ အရာတွေက သပ်သပ်စီရှိပါသေးတယ်။
မိသားစုကိစ်စ
သူ့မိသားစုကို ကိုယ့်ထက်အရေးမပေးနဲ့၊ ကိုယ့်ထက်ပိုမချစ်နဲ့ဆိုပြီး ဘယ်တော့မှ မပြောမိပါစေနဲ့။ တစ်ခုခုဆို မိသားစုနဲ့ ယှဉ်ပြောတာမျိုးတွေ မလုပ်သင့်ပါဘူး။ မိသားစုနဲ့ သွားတာလာတာကိုတောင် လိုက်ချုပ်ချယ်တာမျိုးတွေလည်း မလုပ်ပါနဲ့။
အလုပျကိစ်စ
သူ့အလုပ်ကိစ္စနဲ့ပတ်သက်ပြီး သူ့ဘက်ကတိုင်ပင်ပြီး အကြံတောင်းတာမျိုးမဟုတ်ပဲ ဝင်စွက်ဖက်တာမျိုးမလုပ်ပါနဲ့။ အလုပ်ကိစ္စနဲ့ သွားလာတာတွေကိုတော့ မချုပ်ချယ်ပါနဲ့။ ကိုယ်နဲ့ချိန်းထားတာကို အလုပ်ရှိလို့ဖျက်ရတဲ့အခါမျိုးဆိုလည်း နားလည်ပေးဖို့လိုပါတယ်။ နောက်တစ်ခုကတော့ အလုပ်ကိစ္စနဲ့ ပြောဆိုဆက်ဆံနေရတဲ့၊ ပေါင်းသင်းနေရတဲ့လူတွေကို သူတို့နဲ့မပေါင်းနဲ့ ရောရောနှောနှောမနေနဲ့ဆိုပြီး မပြောသင့်ပါဘူး။ အလုပ်လုပ်နေရတဲ့အခါ အားလုံးနဲ့ ကင်းလို့မရပါဘူး။
အပေါင်းအသင်းကိစ္စ
အပေါင်းအသင်း၊ သူငယ်ချင်းတွေကိုလည်း မကောင်းတဲ့သူဆိုရင်တော့ မပေါင်းသင်းဖို့အတွက် ချစ်သူတစ်ယောက်အနေနဲ့ သတိပေးသင့်ပါတယ်။ ဒါပေမယ့် ငယ်ငယ်ထဲကပေါင်းသင်းလာတဲ့သူမျိုးကိုတော့ ဟိုလူနဲ့ပေါင်းတာမကြိုက်ဘူး၊ မပေါင်းနဲ့ ဆိုပြီး ချုပ်ချယ်လို့မရပါဘူး။
ခန္ဓာကိုယ်၊ အလှအပနဲ့ဝေဖန်တာ
သူ့ပုံစံကို လက်ခံနိုင်လို့ ကြိုက်လို့တွဲပြီးကာမှ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာမျိုး လုံးဝမလုပ်ပါနဲ့။ အလှအပရေးရာနဲ့ပတ်သက်လို့လည်း ဝေဖန်အပြစ်တင်တာမျိုး မလုပ်သင့်ပါဘူး။
Photo Source: www.freepik.com
The post
ကိုယ့်ချစ်သူကို မချုပ်ချယ်သင့်တဲ့အရာနဲ့ မပြောသင့်တဲ့အရာ (၄) မျိုး
appeared first on
MyStyle Myanmar
.