(Zawgyi Version)
ဘဝမှာ လူတိုင်းကတော့ အပူအပင်မရှိပဲ အေးအေးဆေးဆေးနေချင်ကြတာပါပဲ။ ဒါပေမယ့် ထင်သလောက်မလွယ်ကူပါဘူး။ မှားပြီးသွားရင် ပြန်ပြင်လို့လည်း မရတော့သလို၊ နောက်ပြန်ဆုတ်လို့လည်း မရတော့ပါဘူး။ ဒါကြောင့် လူငယ်တွေအနေနဲ့ အသက်ငယ်တုန်းမှာ အပူအပင်မရှိပဲ အေးအေးဆေးဆေးနေချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လိုက်နာဖို့လိုပါတယ်။
ပျင်းရိမနေပါနဲ့
ပျင်းရိနေရင် ဘာမှဖြစ်ထွန်းမှာမဟုတ်ပါဘူး။ အသက်ငယ်တုန်းမှာ မပျင်းမရိပဲ ကြိုးစားမှသာ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်ရမယ်၊ အောင်မြင်မယ်။ ဒါမှလည်း စိုးရိမ်ပူပင်စရာမရှိပဲ အေးအေးဆေးဆေးနေနိုင်မှာပါ။
ပိုက်ဆံစုပါ
ပိုက်ဆံကို ရရင်ရသလိုသုံးတာမျိုး မလုပ်ပဲ ရသလောက်ကို သေချာစုဆောင်တတ်အောင် ကြိုးစားရပါမယ်။ ရသမျှပိုက်ဆံကို မသုံးပဲစုထားမှ ပိုက်ဆံနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပင်စရာမလိုပဲ အေးအေးဆေးဆေးနေနိုင်မှာပါ။
ရည်းစားမထားပဲ တစ်ယောက်ထဲနေပါ
ရည်စားထားရင် စိုးရိမ်ပူပင်စရာတွေ၊ ဝမ်းနည်းပူဆွေးရမှာတွေ ရှိနိုင်တဲ့အတွက် တစ်ယောက်ထဲနေတာတော့ အကောင်းဆုံးပါပဲ။ ဘာအပူအပင်မှမရှိချင်ရင်တော့ တစ်ယောက်ထဲပဲနေပါ။
သူများကိစ္စစိတ်မဝင်စားပါနဲ့
သူများကိစ္စတွေလိုက်စိတ်ဝင်စားပြီး နေရာတကာလိုက်ပါနေရင် သူ့အပူကနေ ကိုယ့်အပူဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ်နဲ့မဆိုင်တာမျိုးဆိုရင် စိတ်မဝင်စားပဲ ကိုယ်လုပ်စရာရှိတာပဲလုပ်ပါ။
Photo Source: www.freepik.com
(Unicode Version)

ပိုကျဆံစုပါ

The post
အပူအပင်မရှိပဲ အေးအေးဆေးဆေးနေချင်တဲ့လူငယ်တွေ လိုက်နာသင့်တဲ့အချက်များ
appeared first on
MyStyle Myanmar
.