သင့်ချစ်သူက သူ့ရဲ့ရည်းစားဟောင်းကို မမေ့နိုင်ဘူးဆိုရင် သင်ဘာလုပ်သင့်လဲ
shwemom.com
|
2019-11-13

ကိုယ့်ချစ်သူက သူ့ရဲ့ ရည်းစားဟောင်း ကို မမေ့နိုင်ဘူးတဲ့။ ဘယ်လောက်တောင် နာကျင်စရာကြီးလဲနော်။ ကိုယ်က သူ့ကိုဘယ်လောက်ပဲဂရုစိုက်စိုက်၊ ဘယ်လောက်ပဲ ပျော်အောင်ထားထား၊ သူကတော့ သူ့ရဲ့ အရင်တုန်းက ချစ်သူကို သတိရနေဆဲပဲတဲ့။ ဘယ်သူပဲဖြစ်ဖြစ်လေ၊ ကိုယ့်ချစ်သူက အဲဒီလိုဖြစ်နေတယ်ဆိုတာ သိရင် ဘယ်လိုလုပ်ပြီး ပျော်တော့မှာလဲ။ ဘယ်လိုလုပ်ပြီး ဆက်ချစ်ဖို့ ကြိုးစားရဲတော့မှာလဲ။

သင်ရော အဲဒီအချိန်ဆိုရင် ဘာလုပ်မလဲ…။

Admin ကတော့ အောက်မှာပါတဲ့အချက်လေးတွေအတိုင်း လုပ်မယ်။

(၁)။ သူ့ကိုမေ့သွားစေလောက်တဲ့အထိ ဂရုစိုက်ပေးပါ

ကိုယ့်ဖက်က ပြီးပြည့်စုံတဲ့ ဂရုစိုက်မှုတွေ လုပ်မယ်၊ သူ့ကိုပျော်အောင်ထားမယ်၊ ကြင်ကြင်နာနာဆက်ဆံမယ် ဆိုရင် သူ့အနေနဲ့ ရည်းစားဟောင်းကို တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ မေ့သွားမှာပါပဲ။ ကိုယ်က သူ့အပေါ် ကောင်းတာတွေကို သူ့အနေနဲ့ ခံစားမိလာမယ်၊ ကိုယ့်ရဲ့အချစ်ကို နားလည်လာမယ်ဆိုရင် ကျန်တာတွေမေ့ပြီး ကိုယ်က သူ့အတွက်ပဲ ဖြစ်လာမှာပါ။


Evgeny Atamanenko/Shutterstock

(၂)။ အချိန်ပေးပါ

သူ့အနေနဲ့ သူ့ချစ်သူကို ဘယ်လောက်ကြာကြာ သတိရနေနိုင်မှာတဲ့လဲ။ တစ်နှစ်လား၊ နှစ်နှစ်လား၊ သုံးနှစ်လား။ ဒီတော့ အချိန်တစ်ခုလောက်ပေးလိုက်ပါ။ သူ သတိရနေတဲ့အချိန်တွေဆိုရင် ကောင်းကောင်းမွန်မွန် သတိရပါစေ။ ရည်းစားဟောင်းကို သတိရနေတယ်ဆိုပြီး သဝန်တိုတာမျိုး ၊ ပြဿနာရှာတာမျိုးတွေ မလုပ်ပဲ သူ့ကို နားလည်ပေးနိုင်ဖို့ကိုသာ ကြိုးစားပါ။


Antonio Guillem/Shutterstock

(၃)။ သင့်စိတ်ထဲမှာ အဆင်မပြေဘူးဆိုတာကို ကြိုပြီးအသိပေးပါ

သူ့ဘာသာသူ သူ့ရဲ့ရည်းစားဟောင်းကို လွမ်းတာ ဘာမှမဖြစ်ပေမယ့် အဲဒီအကြောင်း ကိုယ့်ကိုလာပြောပြနေတယ်ဆိုရင်တော့ အဆင်တွေ မပြေတော့ဘူးလေ။ ဒီလိုမှမဟုတ်ရင်လည်း သူ့ရဲ့ဆိုရှယ်မီဒီယာ စာမျက်နှာတွေပေါ်မှာ ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ ကဗျာတွေ၊ စာတွေ ရေးနေတာကလည်း ကိုယ်ဖတ်မိတဲ့အခါ အဆင်ပြေမှာမဟုတ်ဘူး။ အကောင်းဆုံးကတော့ သူ့အနေနဲ့ ရည်းစားဟောင်းကို လွမ်းခွင့်ရှိကြောင်းနဲ့ ကိုယ်မသိအောင် တိတ်တိတ်ကျိတ်ပြီး လွမ်းနေတာက ပိုပြီး အဆင်ပြေကြောင်း အသိပေးထားတာပါပဲ။

(၄)။ သင့်ဖက်က ဘာလုပ်ပေးနိုင်လဲဆိုတာ ကြိုပြီး စဉ်းစားထားတာ

သူ့ရဲ့စိတ်အခြေအနေကိုလည်း သင်သိပြီးပြီ။ သင်က အပြင်မှာ သူနဲ့တွဲနေတယ်ဆိုပေမယ့် သူ့စိတ်ထဲမှာ တကယ်ရှိတဲ့သူက ဘယ်သူလဲဆိုတာကို သင် သိပြီးပြီ။ အဲဒီတော့ သင့်ဖက်က ဘာတွေလုပ်ပေးနိုင်လဲဆိုတာ ကြိုပြီး စဉ်းစားထားဖို့ လိုပါပြီ။ သူ့ရဲ့ရည်းစားဟောင်းနဲ့ ပြန်အဆင်ပြေသွားတဲ့အခါ သင် နောက်ဆုတ်ပေးနိုင်ပါ့မလား၊ ဒါမှမဟုတ် လက်ရှိအခြေအနေမှာပဲ နောက်ဆုတ်လိုက်ပြီး သူ့အနေနဲ့ သူ့ရဲ့ရည်းစားဟောင်းဆီ ပြန်သွားဖို့ အခွင့်အရေးပေးသင့်လား…စတာတွေကို တွေးထားဖို့ လိုပါပြီ။


Africa Studio/Shutterstock

Linn




Some text some message..