နဖူးကျယ်တဲ့သူတွေမှာတွေ့ရတဲ့ ထူးခြားတဲ့အားသာချက်များ
weddingguide.com.mm
|
2019-11-23

နဖူးကျယ်တဲ့သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့ ခေါ်ပြီး စနောက်တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေနဲ့ နဖူးကျယ်ကျယ်တွေကို ဖုံးအုပ်ထားတတ်ကြပါတယ်။

တကယ်တော့ နဖူးကျယ်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး နောက်ထပ် ဒီလိုထူးခြားချက်မျိုးတွေကိုလည်း ပိုင်ဆိုင်ထားတာပါနော်

(၁) ကိုယ်ကျင့်တရားကောင်းမွန်တယ်

ဉာဏ်ကောင်းပြီး စဉ်းစားဆင်ခြင်ဉာဏ်လည်းကောင်းတဲ့သူတွေဖြစ်တာကြောင့် ကိုယ့်ရဲ့သိက္ခာကျဆင်းမယ့် လုပ်ရပ်တွေကို မလုပ်မိအောင် စောင့်ထိန်းနိုင်သူတွေဖြစ်ကြပါတယ်။ ကိုယ်ကျင့်တရားကောင်းတဲ့သူတွေလို့ ပြောရမှာပါ။

(၂) ကိုယ့်အားကိုယ်ကိုးတတ်တယ်

သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့သူလေးတွေဖြစ်ပါတယ်။ အခက်အခဲနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကိုယ်တိုင်ကြိတ်ဖြေရှင်းနေတတ်ပြီး တခြားလူတွေကိုအကူအညီတောင်းဖို့ ဝန်လေးတတ်တဲ့သူတွေပါ။

(၃) တော်တဲ့သူတွေ

နဖူးကျယ်တဲ့သူတွေရဲ့ cranial cavity ပိုကြီးတာကြောင့် ဦးနှောက်လုပ်ဆောင်မှု ပိုကောင်းပါတယ်။ အဲ့ဒါကြောင့် ဖြတ်ထိုးဉာဏ်ကောင်းတယ်၊ ပြဿနာဖြေရှင်းရာမှာတော်ကြတဲ့သူတွေဖြစ်ပါတယ်။

(၄) ကံကောင်းတတ်သူတွေ

နဖူးမြင့်ပြီးကျယ်တဲ့သူတွေက ဘာပဲလုပ်လုပ် ကံကောင်းတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ အခက်အခဲတစ်ခုခုဖြစ်ရင်လည်း ဖြေရှင်းလို့မရလောက်အောင် ခက်ခဲနေတာမျိုးမဟုတ်ဘဲ၊ ပြေလည်သွားတတ်ကြပါတယ်။

(၅) လွယ်လွယ်နဲ့မပြိုလဲတတ်ဘူး

တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင်လုပ်တတ်တယ်၊ ဘယ်လိုအတိုက်အခိုက်မျိုးတွေနဲ့ပဲကြုံရပါစေ လွယ်လွယ်နဲ့ပြိုလဲမသွားဘဲ ကြံ့ကြံ့ခံနိုင်တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့သူလေးတွေလည်းဖြစ်ကြပါတယ်။

(၆) ကန့်သတ်ချုပ်ချယ်တာကိုမု န်းတယ်

လွတ်လပ်တာကိုကြိုက်တယ်၊ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တတ်တယ်၊ ကိုယ့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးကို လုံးဝလက်ခံမှာမဟုတ်တဲ့သူတွေပေါ့။

MAY THAZINHTOO

(Unicode ဖြင့်ဖတ်ရန်)

Myanmar Wedding Guide

Some text some message..