ဘာဖြစ်လို့ ရည်းစားမထားဘဲ တစ်ကိုယ်တည်းနေကြသလဲဆိုတဲ့ အကြောင်းရင်းတွေက.....
weddingguide.com.mm
|
2019-11-28

အသက်အရွယ်အတိုင်းအတာ တစ်ခုထိရောက်အောင် ရည်းစားမထားသေးဘဲ တစ်ကိုယ်တည်း ခပ်အေးအေးနေကြတဲ့ မိန်းကလေးတွေကို တွေ့ဖူးကြမှာပါ။ ဒီလိုလူမျိုးတွေကို တွေ့တဲ့အခါ “တစ်သက်လုံး တစ်ယောက်တည်းပဲ နေသွားတော့မှာလား၊

ဒီအရွယ်ထိ ဘာလို့ ရည်းစားမရှာသေးတာလဲ” ဆိုတဲ့ မေးခွန်းမျိုးတွေကလည်း မေးတတ်ကြပါတယ်။ ဘာဖြစ်လို့ ရည်းစားမထားဘဲ တစ်ကိုယ်တည်းနေကြသလဲဆိုတဲ့ အကြောင်းရင်းတွေကတော့ အရမ်းကို ရိုးရှင်းလွန်းလှပါတယ်။

(၁) အချိန်မပေးနိုင်လို့ပါ။

နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ လူမှုရေးကိစ္စတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ပိုင်အချိန်တွေကို တခြားသူတယောက် ဖဲ့ပေးဖို့ အချိန်မပေးနိုင်လို့ ရည်းစားမထားကြတာပါ။

ကိုယ်က အိမ်မှာ အေးအေးဆေးဆေး နားချင်နေတဲ့အခါ ရည်းစားကအပြင်မှာတွေ့ဖို့ချိန်းတာကို စိတ်မပါဘဲထွက်ရတဲ့ ဒုက္ခတွေလည်း မရှိတော့ပါဘူး။

(၂) လွတ်လွတ်လပ်လပ်နေချင်လို့ပါ

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ကြတဲ့အခါ အနည်းနဲ့အများဆိုသလိုတော့ ချုပ်ချယ်မှုလေးတွေ ရှိကြပါတယ်။

ကိုယ့်သဘောနဲ့ကိုယ် စားချင်တာစား၊ သွားချင်တဲ့နေရာသွားပြီး ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေချင်ကြတာကြောင့်လည်း ရည်းစားထားဖို့ကို စိတ်မကူးကြတာပါ။

(၃) ကိုယ့်ပတ်ဝန်းကျင်က အဆင်မပြေကြတဲ့ အတွဲတွေကို ကြည့်ပြီးစိတ်ကုန်လို့ပါ

တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်ရှိကြတာဟာ ပျော်စရာကောင်းတဲ့ ကိစ္စဆိုပေမယ့် အမြဲလိုလို ရန်ဖြစ်စကားများနေကြတဲ့ အတွဲတွေကို မြင်နေရရင်တော့ ရည်းစားထားဖို့ကို အလိုလိုနေရင်း တွန့်ဆုတ်နေကြတာပါ။

(၄) ကိုယ့်မှာသူငယ်ချင်းကောင်းတွေ ရှိလို့ပါ

ကိုယ်နဲ့အမြဲတမ်း စိတ်တူကိုယ်တူ သူငယ်ချင်းအပေါင်းအသင်းကောင်းတွေရှိနေမယ်၊ တီးတိုးဖော် တိုင်ပင်ဖက်ကောင်းတွေ ရှိနေမယ်ဆိုရင်တော့ ရည်းစားဆိုတာကို အလုပ်ရှုပ်ခံပြီး ထားနေစရာမလိုတော့ပါဘူး။

(၅) အတိတ်က သင်ခန်းစာတွေကြောင့်ပါ

အတိတ်မှာ စိတ်ပျက်နာကျင်စရာ relationship တစ်ခုရှိခဲ့မယ်ဆိုရင်လည်း နောက်ထပ် လက်တွဲဖော်ရည်းစားရှာဖို့ကို စိတ်ကူးမရှိကြတော့ပါဘူး။

(Unicode ဖြင့်ဖတ်ရန်)

Myanmar Wedding Guid e

Some text some message..