အဝတ်အစားတွေထည့်သိမ်းတဲ့ အဝတ်ဗီဒိုကို မွှေးရနံ့သင်းသင်းလေး ဖြစ်နေစေဖို့အတွက်
mystylemyanmar.com
|
2019-11-29

[Zawgyi]

အဝတ်အစားတွေမှာ အနံ့အသက်ကောင်းနေဖို့က အဝတ်ဗီရိုကြောင့်နဲ့ အများကြီးသက်ဆိုင်လို့နေပါတယ်။ အဝတ်လျှော်တဲ့အခါတွေမှာ မှားနေတဲ့နည်းလမ်းတွေနဲ့၊ တခြားသောအကြောင်းအရာတွေကြောင့် အဝတ်တွေမှာ မကောင်းတဲ့အနံ့အသက်တွေဖြစ်ပြီး လူကြားထဲကိုရောက်သွားတဲ့အခါမှာလည်း မျက်နှာပူစရာတွေဖြစ်လာစေနိုင်ပါတယ်။

အဝတ်အစားတွေကိုဝတ်ပြီးတာနဲ့လျှော်ပါ

အဝတ်အစားတွေက ဝတ်ပြီးတာနဲ့ ပြန်သိမ်းမထားပဲ လျှော်လိုက်တာက အကောင်းဆုံးပါပဲ။ ဒါမှလည်း အမြဲတမ်းသန့်ရှင်းပြီး ဝတ်ရတာလည်းအဆင်ပြေနေမှာပေါ့။ ဒါပေမယ့် တစ်ခုသိထားရမှာက ဂျင်းဘောင်းဘီတွေ၊ ဂျင်းအင်္ကျီတွေကိုတော့ တစ်ခါဝတ်ပြီးတိုင်းတစ်ခါ လျှော်နေစရာမလိုပါဘူး။ ဒီလိုမျိုး ဂျင်းအဝတ်အစားတွေကို ခဏခဏလျှော်နေမယ်ဆိုရင် ဂျင်းသားတွေကိုပျက်စီးစေမှာပဲဖြစ်ပါတယ်။

မွှေးကြိုင်တဲ့ဆပ်ပြာအမျိုးအစားကိုရွေးချယ်ပါ

အဝတ်တွေမှာအနံ့အသက်ကောင်းနေစေဖို့က ဆပ်ပြာအမျိုးအစားနဲ့လည်း သက်ဆိုင်နေပါတယ်နော်။ တစ်ချို့ အရည်အသွေးကောင်းတဲ့ ဆပ်ပြာတွေကျတော့လည်း အဝတ်တွေလျှော်ပြီးလို့ ခြောက်သွားတဲ့အချိန်ထိအောင် မွှေးကြိုင်နေတုန်းပဲဆိုတော့ အဝတ်တွေမှာအနံ့အသက်မကောင်းတာမျိုးတွေလည်း မဖြစ်စေတော့ဘူးပေါ့။

အဝတ်ဗီရိုထဲမှာ အမွှေးခဲလေးတွေထည့်ထားပေးပါ

ဗီရိုထဲမှာအမွှေးခဲလေးတွေကို ထည့်ထားပေးမယ်ဆိုရင် အဝတ်ဗီရိုမှာအနံ့အသက် မကောင်းတာတွေလည်း မဖြစ်စေတော့ပဲ အမြဲတမ်းမွှေးကြိုင်နေမှာပဲဖြစ်ပါတယ်နော်။

အဝတ်ဗီရိုကိုတစ်ခါတစ်လေဖွင့်ထားပေးပါ

အဝတ်အစားမှာ မကောင်းတဲ့အနံ့တွေဖြစ်နေတာက အဝတ်ဗီရိုနဲ့လည်း သက်ဆိုင်မှုရှိပါတယ် အဝတ်ဗီရိုကလေဝင်လေထွက်မကောင်းနေတဲ့အခါမှာ အထဲကအဝတ်အစားတွေကို မကောင်းတဲ့အနံ့အသက်တွေ ဖြစ်စေပါတယ်။ ဒါကြောင့် အဝတ်ဗီရိုတံခါးကိုလည်း တစ်ခါတစ်လေ ဖွင့်ထားပေးသင့်ပါတယ်။

ဒီအချက်တွေကတော့ သင့်အဝတ်အစားလေးတွေကို လှပနေစေဖို့အတွက်ပဲ မဟုတ်ပဲ မွှေးကြိုင်တဲ့ရနံ့လေးတွေနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေမယ့် အရာတွေပဲဖြစ်ပါတယ်။ ဒါကြောင့်သင်လည်း သင့်အိမ်မှာရှိနေတဲ့ အဝတ်ဗီရိုလေးကိုမွှေးကြိုင်နေအောင် ဖန်တီးလိုက်ပြီး နေ့ရက်တိုင်းကို မွှေးပျံ့တဲ့ရနံ့လေးတွေနဲ့ ဖြတ်သန်းလိုက်ပါနော်။

Photo Source: Pinterest

[Unicode]

The post

အဝတ်အစားတွေထည့်သိမ်းတဲ့ အဝတ်ဗီဒိုကို မွှေးရနံ့သင်းသင်းလေး ဖြစ်နေစေဖို့အတွက် appeared first on

MyStyle Myanmar .

Some text some message..