ယောက်ျားလေးတစ်ယောက် ချစ်သူမိန်းကလေးအပေါ် ငြီးငွေ့လာရင် ပြုမူတတ်တဲ့အပြုအမူများ
weddingguide.com.mm
|
2019-11-30

ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ငြီးငွေ့လာပြီ၊ ထားသွားချင်ပြီဆိုရင် အပြုအမူ၊ အပြောအဆိုတွေကအစ တဖြည်းဖြည်း ပြောင်းလဲလာမှာဖြစ်ပြီး သင့်ကို စိတ်ညစ်အောင် အမျိုးမျိုးလုပ်လာကြတော့မှာ ဖြစ်ပါတယ်။


တကယ်လို့ သင့်ချစ်သူဟာ ဒီလိုအချိုးတွေ ချိုးနေပြီဆိုရင်တော့ သင့်ချစ်သူကို ဖက်တွယ်မထားသင့်တော့ပါဘူး။ သူ့ကို လမ်းခွဲလိုက်ခြင်းဖြင့် သူ့ထက်ပိုကောင်းတဲ့သူနဲ့ တွေ့မှာဖြစ်ပါတယ်နော်။


(၁) ဝှက်ထားတဲ့ခံစားချက်တွေ ထွက်ထွက်လာတတ်တယ်။တခါတလေ စတာနောက်တာဆိုပေမယ့် အရှိုက်ကို ထိသွားတဲ့အချိန်မျိုးတွေ ကြုံဖူးကြမှာပါ။ ခုလည်း ဒီလိုပါပဲ။


သင့်ချစ်သူဟာ သင့်ကို စတာလိုလို နောက်တာလိုလိုနဲ့ သူ့ရင်ထဲမှာ ဝှက်ထားတဲ့ ခံစားချက်အစစ်တွေ ထွက်ထွက်လာတတ်ပါတယ်။


ဘာလုပ်နေလဲလို့ မေးလိုက်တဲ့အခါ ကောင်မလေးတွေကို ြကည့်နေတာဆိုတာမျိုးဟာ စတာလို့ ထင်ရပေမယ့် တကယ်တမ်းက သူ့ရင်ထဲက ခံစားချက်အစစ်တွေ ဖြစ်နေနိုင်ပါတယ်။


သူ့ရဲ့ စနောက်ခြင်းတွေမှာ သင့်စိတ်ကို နာကျင်စေတဲ့ စနိုးစနောင့်ဖြစ်စရာတွေ စကားတွေ မကြာခဏပါနေတယ်ဆိုရင် အဲဒါသင့်ကို ထားသွားချင်နေပြီမို့လို့ လမ်းစရှာနေတာဖြစ်ပါတယ်။


(၂) ကြမ်းတမ်းခက်ထန်လာမယ်


သင့်ချစ်သူဟာ သင့်ကို ငြီးငွေ့လာပြီဆိုရင် သင်လုပ်သမျှအရာရာတိုင်းကို အကောင်းမြင်တော့မှာ မဟုတ်ပါဘူး။ သင့်အပေါ်ကို စိတ်ရှည်သည်းခံမှုတွေ နည်းသွားမှာဖြစ်ပြီး ကြမ်းတမ်းခက်ထန်တဲ့စကားတွေ၊ အပြုအမူတွေ လုပ်လာတော့မှာဖြစ်ပါတယ်။


သင့်ချစ်သူက သင့်အပေါ် အရင်ကလောက် စိတ်မရှည်တော့လို့၊ အံ့သြမနေပါနဲ့။ သင့်ကို ငြီးငွေ့ပြီး ထားသွားချင်နေတာဖြစ်လို့ သူမထားခင် သင်အရင် ထားခဲ့လိုက်တာ အကောင်းဆုံးပါပဲ။


(၃) စိတ်က တခြားရောက်နေတယ်


သင့်ကို ငြီးငွေ့နေတဲ့သူတစ်ယောက်ဟာ သင်အနားမှာ မနေချင်သလို၊ သင်နဲ့လည်းအတူတူမပျော်ချင်ပါဘူး။ ဒါကြောင့် လူက သင့်ဘေးနားရောက်နေရင်တောင် စိတ်ကတော့ သင့်ဆီမှာ ရှိနေမှာ မဟုတ်ပါဘူး။


သင့်ဘေးနား ရောက်နေပေမယ့် တစ်ချိန်လုံး ဂိမ်းပဲ ဆော့နေတာမျိုး၊ အင်တာနက်ပဲ ကြည့်နေတာမျိုး၊ တခြားသူတွေနဲ့ပဲ ဖုန်းပြောနေတာမျိုးတွေက သင့်ဆီ သူ့စိတ်တွေ ရှိမနေကြောင်းပြနေတဲ့ အချက်တွေဖြစ်ပါတယ်။


အဲလိုပုံစံအတိုင်းသာဆိုရင် မကြာခင် သင့်ကို ထားသွားတော့မယ့် လက္ခဏာဖြစ်ပါတယ်။


(၄) ဖုန်းနဲ့စာတွေကို မပြန်ဘူး


သင့်ချစ်သူဟာ သင့်ကို ငြီးငွေ့လာပြီဆိုရင် သင်နဲ့စကားပြောရတာ၊ သင်နဲ့ဆက်သွယ်နေရတာကို ဝန်ထုပ်တစ်ခုလို ခံစားနေရမှာဖြစ်ပါတယ်။


သင်ဖုန်းဆက်တဲ့အခါ မကိုင်တာ၊ ဒါမှမဟုတ် စက်ပိတ်ထားတာ၊ သင်စာပို့တဲ့အခါ မပြန်တာ၊ ဘယ်နေရာရောက်နေမှန်းလည်း မသိအောင် သင့်ကို သူအဆက်အသွယ်ဖြတ်တာမျိုး၊ ရှောင်ပြေးနေတာမျိုးတွေဟာ သင့်ကို ငြီးငွေ့ပြီး ထားသွားချင်ပြီဆိုတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။


(၅) အရင်ကနဲ့မတူတော့ဘူး


သင့်ကို ငြီးငွေ့နေတဲ့ ယောက်ျားတစ်ယောက်ဟာ သင့်အပေါ်မှာ အရင်ကနဲ့ မတူတော့ဘဲ သင့်အပေါ်မှာ ပြောင်းလဲလာတော့မှာဖြစ်ပါတယ်။


 တွဲခါစကလို သင့်ကို ချစ်ခင်တာတွေ၊ ယုယတာတွေ၊ ဂရုစိုက်မှုတွေ လျော့နည်းသွားတာ၊ သင့်ကို အလေးမထားတော့တာတွေ၊ လေးလေးနက်နက် မရှိတော့တာတွေ အားလုံးက သင့်ကို ငြီးငွေ့နေပြီဆိုတာကို ပြနေတဲ့ လက္ခဏာတွေဖြစ်ပါတယ်။


(Unicode ဖြင့်ဖတ်ရန်)


ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ငြီးငွေ့လာပြီ၊ ထားသွားချင်ပြီဆိုရင် အပြုအမူ၊ အပြောအဆိုတွေကအစ တဖြည်းဖြည်း ပြောင်းလဲလာမှာဖြစ်ပြီး သင့်ကို စိတ်ညစ်အောင် အမျိုးမျိုးလုပ်လာကြတော့မှာ ဖြစ်ပါတယ်။


တကယ်လို့ သင့်ချစ်သူဟာ ဒီလိုအချိုးတွေ ချိုးနေပြီဆိုရင်တော့ သင့်ချစ်သူကို ဖက်တွယ်မထားသင့်တော့ပါဘူး။ သူ့ကို လမ်းခွဲလိုက်ခြင်းဖြင့် သူ့ထက်ပိုကောင်းတဲ့သူနဲ့ တွေ့မှာဖြစ်ပါတယ်နော်။


(၁) ဝှက်ထားတဲ့ခံစားချက်တွေ ထွက်ထွက်လာတတ်တယ်


တခါတလေ စတာနောက်တာဆိုပေမယ့် အရှိုက်ကို ထိသွားတဲ့အချိန်မျိုးတွေ ကြုံဖူးကြမှာပါ။ ခုလည်း ဒီလိုပါပဲ။ သင့်ချစ်သူဟာ သင့်ကို စတာလိုလို နောက်တာလိုလိုနဲ့ သူ့ရင်ထဲမှာ ဝှက်ထားတဲ့ ခံစားချက်အစစ်တွေ ထွက်ထွက်လာတတ်ပါတယ်။


ဘာလုပ်နေလဲလို့ မေးလိုက်တဲ့အခါ ကောင်မလေးတွေကို ကြည့်နေတာဆိုတာမျိုးဟာ စတာလို့ ထင်ရပေမယ့် တကယ်တမ်းက သူ့ရင်ထဲက ခံစားချက်အစစ်တွေ ဖြစ်နေနိုင်ပါတယ်။


သူ့ရဲ့ စနောက်ခြင်းတွေမှာ သင့်စိတ်ကို နာကျင်စေတဲ့ စနိုးစနောင့်ဖြစ်စရာတွေ စကားတွေ မကြာခဏပါနေတယ်ဆိုရင် အဲဒါသင့်ကို ထားသွားချင်နေပြီမို့လို့ လမ်းစရှာနေတာဖြစ်ပါတယ်။


(၂) ကြမ်းတမ်းခက်ထန်လာမယ်


သင့်ချစ်သူဟာ သင့်ကို ငြီးငွေ့လာပြီဆိုရင် သင်လုပ်သမျှအရာရာတိုင်းကို အကောင်းမြင်တော့မှာ မဟုတ်ပါဘူး။ သင့်အပေါ်ကို စိတ်ရှည်သည်းခံမှုတွေ နည်းသွားမှာဖြစ်ပြီး ကြမ်းတမ်းခက်ထန်တဲ့စကားတွေ၊ အပြုအမူတွေ လုပ်လာတော့မှာဖြစ်ပါတယ်။


သင့်ချစ်သူက သင့်အပေါ် အရင်ကလောက် စိတ်မရှည်တော့လို့၊ အံ့သြမနေပါနဲ့။ သင့်ကို ငြီးငွေ့ပြီး ထားသွားချင်နေတာဖြစ်လို့ သူမထားခင် သင်အရင် ထားခဲ့လိုက်တာ အကောင်းဆုံးပါပဲ။


(၃) စိတ်က တခြားရောက်နေတယ်


သင့်ကို ငြီးငွေ့နေတဲ့သူတစ်ယောက်ဟာ သင်အနားမှာ မနေချင်သလို၊ သင်နဲ့လည်းအတူတူမပျော်ချင်ပါဘူး။ ဒါကြောင့် လူက သင့်ဘေးနားရောက်နေရင်တောင် စိတ်ကတော့ သင့်ဆီမှာ ရှိနေမှာ မဟုတ်ပါဘူး။


သင့်ဘေးနား ရောက်နေပေမယ့် တစ်ချိန်လုံး ဂိမ်းပဲ ဆော့နေတာမျိုး၊ အင်တာနက်ပဲ ကြည့်နေတာမျိုး၊ တခြားသူတွေနဲ့ပဲ ဖုန်းပြောနေတာမျိုးတွေက သင့်ဆီ သူ့စိတ်တွေ ရှိမနေကြောင်းပြနေတဲ့ အချက်တွေဖြစ်ပါတယ်။


အဲလိုပုံစံအတိုင်းသာဆိုရင် မကြာခင် သင့်ကို ထားသွားတော့မယ့် လက္ခဏာဖြစ်ပါတယ်။


(၄) ဖုန်းနဲ့စာတွေကို မပြန်ဘူး


သင့်ချစ်သူဟာ သင့်ကို ငြီးငွေ့လာပြီဆိုရင် သင်နဲ့စကားပြောရတာ၊ သင်နဲ့ဆက်သွယ်နေရတာကို ဝန်ထုပ်တစ်ခုလို ခံစားနေရမှာဖြစ်ပါတယ်။


သင်ဖုန်းဆက်တဲ့အခါ မကိုင်တာ၊ ဒါမှမဟုတ် စက်ပိတ်ထားတာ၊ သင်စာပို့တဲ့အခါ မပြန်တာ၊ ဘယ်နေရာရောက်နေမှန်းလည်း မသိအောင် သင့်ကို သူအဆက်အသွယ်ဖြတ်တာမျိုး၊ ရှောင်ပြေးနေတာမျိုးတွေဟာ သင့်ကို ငြီးငွေ့ပြီး ထားသွားချင်ပြီဆိုတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။


(၅) အရင်ကနဲ့မတူတော့ဘူး


သင့်ကို ငြီးငွေ့နေတဲ့ ယောက်ျားတစ်ယောက်ဟာ သင့်အပေါ်မှာ အရင်ကနဲ့ မတူတော့ဘဲ သင့်အပေါ်မှာ ပြောင်းလဲလာတော့မှာဖြစ်ပါတယ်။


တွဲခါစကလို သင့်ကို ချစ်ခင်တာတွေ၊ ယုယတာတွေ၊ ဂရုစိုက်မှုတွေ လျော့နည်းသွားတာ၊ သင့်ကို အလေးမထားတော့တာတွေ၊ လေးလေးနက်နက် မရှိတော့တာတွေ အားလုံးက သင့်ကို ငြီးငွေ့နေပြီဆိုတာကို ပြနေတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

Myanmar Wedding Guid e






ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..