ရည်းစားဟောင်းနဲ့ ပြန်တွဲဖို့စိတ်ကူးရင် အရင်ဆုံးစဉ်းစားရမယ့် အချက် (၅) ချက်
mystylemyanmar.com
|
2019-12-01

[Zawgyi]

ရည်းစားဟောင်းဆိုတာ ကိုယ်တက်ဖူးတဲ့ ကျောင်းနဲ့ကိုယ်အလုပ်ဝင်ခဲ့ဖူးတဲ့ ရုံးတစ်ရုံးလိုပါပဲ။ ရင်းနှီးခဲ့ပြီးသား အမှတ်တရတွေနဲ့ပြန်ပြောမယ်ဆိုရင်တောင် ပြောစရာတွေက ဟိုတစ်စ ဒီတစ်စ ရှိတတ်ကြပါတယ်။ Ex နဲ့ဘယ်လိုပဲ လမ်းခွဲခဲ့ လမ်းခွဲခဲ့ အရင်လို ပြန်ဖြစ်ချင်ခဲ့တဲ့ ဆန္ဒကတော့ ချစ်သူတိုင်းမှာ ရှိကြမယ် ထင်ပါတယ်။တကယ်လို့ကိုယ့်ရဲ့ အဆက်ဟောင်းနဲ့ပြန်တွဲမယ်ဆိုရင်တော့ ဒီအချက် ၅ ချက်ကို စဉ်းစားသင့်ပါတယ်။

(၁) ဘာကြောင့်ကွဲသွားတာလဲ

Source : Elite Daily

တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲမှုမှာ တစ်ယောက်ကို တစ်ယောက် အပြစ်ပုံချ လက်ညှိုးထိုးဖို့ထက် တကယ့်ကွဲကွာစေတဲ့ အကြောင်းရင်းက ဘာလဲဆိုတာ ပြန်စဉ်းစားဖို့လိုပါတယ်။ တကယ်လို့ သူ့ဘက်က ကိုယ့်ကို အကြောင်းမဲ့ ဖြတ်သွားခဲ့တယ်ဆိုရင် ကိုယ့်ဘက်က ပြန်တမ်းတနေတာက သိပ်အဆင်မပြေပါဘူး။ အဲ့လို Ex နဲ့ ပြန်တွဲခွင့်ရရင်တောင် ပျော်စရာကောင်းတဲ့ အချစ်ရေး ဖြစ်ပါ့မလားဆိုတာ မသေချာပါဘူး။

(၂) ဘယ်လောက်ကြာကြာ ကွဲသွားတာလဲ

Source : istockphoto

အရင်တစ်လ နှစ်လကမှ ပြတ်စဲသွားတာလား။ ကွဲသွားတာက ၂ နှစ် ၃ နှစ်လား။ ဒီအချက်က ထည့်စဉ်းစားဖို့လိုပါတယ်။ တကယ်လို့ ပြတ်သွားတာ မကြာသေးဘူးဆိုရင် တကယ်ကွဲတာရော ဟုတ်ရဲ့လား။ ခဏတာ Break Up ဖြစ်သွားတာလား။ ကိုယ့်အသက်ရဲ့ ၁၀ ပုံ ၁ ပုံ ကြာအောင် ကွဲခဲ့တာဆိုရင် ပြန်တွဲဖို့ အချိန်ပေး စဉ်းစားသင့်ပါတယ်။

(၃) ဘာကြောင့် ပြန်တွဲချင်တာလဲ

Source : iStock

ဒီမေးခွန်းကို ဖြေတဲ့အခါ ကိုယ့်ကိုယ်ကို ရိုးသားဖို့ လိုပါတယ်။ အရင်တုန်းက ချစ်ခြင်းနဲ့ အကြင်နာတွေကို လိုချင်လို့ ပြန်တွဲတယ်ဆိုရင် သိထားသင့်တာက အတိတ်တွေက ပြီးဆုံးသွားခဲ့ပြီဆိုတာပါပဲ။ အတိတ်ရဲ့ ပျော်စရာတွေက စိတ်ကူးယဉ်ဖို့ပဲ ကောင်းတော့တာပါ။ တစ်ချို့ကိစ္စတွေမှာ စိတ်ကူးတာဟာ တကယ်ဖြစ်ရတာထက် သာယာပါတယ်။ တကယ်ဖြစ်လာချိန်မှာသာ ပေါ့ပျက်ပျက် ဟာတာတာ ဖြစ်သွားတတ်တာကို မမေ့ဖို့လိုပါတယ်။

(၄) ဘယ်လောက် ကွာခြားသွားပြီလဲ

Source : Daily Active

အခြေအနေတွေက အမျိုးမျိုးပါ။ အချိန်တွေ ကြာလာလေလေ ပိုရှုပ်ထွေးပြီး နားလည်ရခက်တဲ့ အဖြစ်ဟာ ရည်စားဟောင်းတွေ အကြားမှာ ရှိကြပါတယ်။ အခုချိန်ဟာ အဆက်ဟောင်းနဲ့ ပြန်ပေါင်းထုပ်သင့်တဲ့ အချိန်ရော ဟုတ်ရဲ့လား။ ဝေးသွားတဲ့ အချိန်တွေမှာ သူ ဘယ်လောက် ပြောင်းလဲခဲ့ပြီလဲ။ နောက်ပြီး ကိုယ်နဲ့ ပြတ်သွားတဲ့အချိန်က သူ့ ပြဿနာတွေရော ကိုယ်က လက်ခံနိုင်ပါ့မလား။ ကိုယ့်ရဲ့ ပြဿနာတွေကိုရော သူက လက်ခံပါ့မလား။

(၅) ဘယ်လို ပြင်ဆင်ထားလဲ

Source : Bustle

နောက်တစ်ကြိမ် အသည်းကွဲနိုင်တယ်။ မျက်ရည်ကျနိုင်တယ်။ ဒါတွေအတွက်ရော ပြင်ဆင်ထားသလား။ Ex နဲ့ ပြန်ချစ်ခွင့်ရတာနဲ့ပဲ အရင်လို ပျော်ရွှင်နိုင်မယ်လို့ တရားသေ မှတ်မထားသင့်ပါဘူး။ ကိုယ့်ဘဝထဲက သူ နောက်တစ်ကြိမ် ထွက်သွားမယ်ဆိုရင် ကိုယ်ဘာတွေ ဆက်လုပ်မှာလဲ။ ဒါတွေဟာ မရေရာပေမယ့် ပြင်ဆင်ထားသင့်တဲ့ အထဲမှာ ပါပါတယ်။

[Unicode]

The post

ရည်းစားဟောင်းနဲ့ ပြန်တွဲဖို့စိတ်ကူးရင် အရင်ဆုံးစဉ်းစားရမယ့် အချက် (၅) ချက် appeared first on

MyStyle Myanmar .

Some text some message..