ဘယ်လိုမှထိန်းမရအောင် ငိုကြွေးနေတဲ့ကလေးငယ်ကို ငြိမ်အောင်ဘယ်လိုချော့ရမလဲ
chitmaymay.com
|
2019-12-16



မွေးကင်းစကလေးငယ်လေးရဲ့ မိခင်ဖခင်ပဲဖြစ်ဖြစ် ကလေးထိန်းပဲဖြစ်ဖြစ် ငိုကြွေးနေတဲ့ကလေးငယ်ကို ငြိမ်အောင်ချော့ရတာလောက် ခက်ခဲတဲ့အရာမရှိဘူးထင်ပါတယ်။ ကလေးတိုင်းကတော့ ဘာကြောင့်ငိုတယ်ဆိုပြီး အကြောင်းအရင်းမရှိကြသလို သူတို့အတွက် လူကြီးသူမတွေနဲ့ အဆက်အသွယ်လုပ်ဖို့ဆိုတာ ဒီလိုငိုကြွေးခြင်းအပြင်မရှိလို့လည်းဖြစ်ပါတယ်။ သူတို့ရဲ့ဒိုက်ပါကို အချိန်မှီမလဲပေးတာ သို့မဟုတ် အိပ်ချင်လို့ဆိုပြီးပြောပြချင်လို့ ငိုကြွေးတာဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကလေးကငိုနေတဲ့အခါ ဘာလို့ငိုမှန်းမသိလို့ ချော့ရခက်နေတယ်ဆိုရင် အခုပြောတဲ့နည်းလမ်းလေးတွေကို အသုံးပြုကြည့်လိုက်ပါ။

သီချင်းဆိုချော့ပါ




အင်မတန်ငိုကြွေးနေတဲ့ ကလေးငယ်ကို ချော့တဲ့အခါမှာ မိဘတွေက သူတို့ရဲ့အသံဟာ ဘယ်လောက်ထိအရေးကြီးလဲဆိုတာကို မေ့နေတတ်ကြပါတယ်။ သီချင်းဆိုတာဖြစ်ဖြစ် သီချင်းညည်းတာဖြစ်ဖြစ် ချော့ပေးခြင်းဖြင့် ကလေးငယ်ကိုနှစ်သိမ့်နိုင်မှာဖြစ်ပါတယ်။

လှုပ်လှုပ်ရှားရှားလုပ်ပေးပါ




ကလေးငယ်ကိုအသာအယာခေါ်လိုက်ပြီး ပေါင်ပေါ် သို့မဟုတ် ပုခုံးပေါ်တင်ပြီးတော့ ဘယ်ညာလွှဲကာ ညင်ညင်သာသာလှုပ်ရှားပေးလိုက်ပါ။ အခုလိုပြုလုပ်ပေးခြင်းက မိခင်ဖခင်ရဲ့ ရင်ခွင်ထဲမှာ လုံလုံခြုံခြုံရောက်နေပြီဆိုတာကို သတိပေးရာရောက်နိုင်ပါတယ်။

ငြိမ်သက်တဲ့တေးသွားကိုဖွင့်ပေးပါ




စည်းဝါးကျပြီး ငြိမ်သက်တဲ့အသံလေးတွေကို ဖွင့်ပေးခြင်းက မိခင်ဝမ်းဗိုက်အတွင်းမှာရှိတုန်းက အချိန်ကို ပြန်လည်သတိရစေပြီးတော့ စိတ်ပြေလက်ပျောက်ဖြစ်စေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကလေးငယ်ကို လက်မှာပိုက်ထားပြီးတော့ ဟိုဖက်ဒီဖက်ကို ညှင်ညှင်သာသာလွှဲပေးရင်း လေသံတိုးတိုးလေးလုပ်ပေးလိုက်ပါ။

လမ်းလျှောက်ထွက်ပါ




ကလေးကို လက်တွန်းလှည်းထဲထည့်ပြီးတော့ စိတ်ခံစားချက်ပြောင်းစေဖို့အတွက် လမ်းလျှောက်ထွက်လိုက်ပါ။ ကလေးတွေဆိုပေမယ့်လည်း အလွယ်တကူပျင်းရိတတ်သည့်အတွက်ကြောင့် ကစားစရာအရုပ်လေးတွေနဲ့ အသံလေးတွေပေးကာ သူတို့ကိုမြှူပေးပါ။

အနှီးနဲ့ထုပ်ပိုးထားပါ




ကလေးကိုအနှီးလေးနဲ့ ထုပ်ပိုးထားခြင်းက မိခင်ဝမ်းဗိုက်ထဲမှာရှိနေစဉ်တုန်းကလို ငြိမ်သက်ပြီး သက်သောင့်သက်သာရှိစေတဲ့အချိန်တွေကို ပြန်ပြီးတွေးမိစေနိုင်ပါတယ်။ ဒါကြောင့် အနှီးဖြစ်ဖြစ် စောင်လေးနဲ့ဖြစ်ဖြစ် လုံလုံခြုံခြုံထုပ်ပိုးထားပေးလိုက်ပါ။ ငိုတာလည်းတိတ်စေနိုင်သလို အိပ်ပျော်ဖို့အတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

#Chit_May_May

#Thinzar

Ref- timesofindia




Some text some message..