၂၅ နှစ်တုန်းကထက် အသက် ၃၅ နှစ်အရွယ်မှာ ပိုပြီးကြည့်လို့ကောင်းစေမယ့် နည်းလမ်းကောင်း (၇) မျိုး
mystylemyanmar.com
|
2019-12-16

[Zawgyi]

မည်သည့်အသက်အရွယ်ရောက်ရောက် စတိုင်ကျပြီး လှပချင်ကြတာဟာ မိန်းကလေးတိုင်းရဲ့စိတ်ကူးအိပ်မက်တစ်ခုပါ။ ဒါကြောင့် ဒီလိုမျိုးစိတ်ကူးလေးတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အမှားတွေရှောင်ကြဉ်ကာ ဆွဲဆောင်မှုရှိတဲ့ အသွင်အလှအပကို ပိုင်ဆိုင်နိုင်ဖို့ လွယ်ကူအသုံးဝင်တဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Pencil စကပ်တွေ

ဒီလိုမျိုး စကပ်ဒီဇိုင်းလေးတွေက မိန်းမသားတစ်ဦးရဲ့ ခန္ဓာကိုယ်အလှကို သိသိသာသာပေါ်လွင်စေတာကြောင့် ရွေးချယ်ဖို့အကောင်းဆုံးပါပဲ။ ခါးမြင့်မြင့်နဲ့ ဒူးအတိစကပ်လေးတွေကို ရွေးချယ်ပေးပါ။

၂။ ဘောင်းဘီရှည်များ

ရိုးရိုးရှင်းရှင်းဒီဇိုင်းလေးတွေနဲ့ ပြိုးပြိုးပြောင်ပြောင်ဒီဇိုင်းဆင်တာတွေမရှိသည့် ဘောင်းဘီရှည်လေးတွေကို ဝတ်ဆင်စေလိုပါတယ်။ ထိုဘောင်းဘီရှည်လေးတွေအပြင် လှပတဲ့ခါးပတ်လေးတွေ၊ ကြိုးလေးတွေနဲ့ တွဲဖက်ကာ ဝတ်ဆင်ပေးနိုင်ပါတယ်။

၃။ မတူညီတဲ့ ပေါင်းစပ်မှုတွေ

အသွင်ဒီဇိုင်းတွေမတူညီတဲ့ ဖက်ရှင်ကိုဝတ်ဆင်နိုင်ပေမယ့်လည်း တခါဝတ်လျှင်တော့ သုံးရောင်ထက်ပိုပြီးတော့ မဝတ်ဆင်ပါနဲ့။

၄။ အရောင်နုနုလေးတွေ

အဝတ်အစားတစ်ခုကို ဝတ်ဆင်တော့မယ်ဆိုရင် အရောင်ကိုရွေးချယ်ဖို့က အရေးကြီးဆုံးပါပဲ။ ဥပမာအနေနဲ့ အပြာနုနုအရောင်လေးက သင့်ကိုပိုပြီး နုပျိုစေပေမယ့် အဝါရောင်ကတော့ လုံးဝမသင့်တော်ပါဘူး။ ဒါကြောင့် အသားရောင်၊ ဆင်စွယ်ရောင်၊ အညိုရောင်၊ အဖြူရောင်၊ ခဲရောင်တို့လို အရောင်နုလေးတွေကို ရွေးချယ်ပေးပါ။

၅။ သက်သောင့်သက်သာရှိမယ့် ဒေါက်ဖိနပ်တွေ

စီးလိုက်တဲ့အချိန် သက်သောင့်သက်သာလည်းရှိပြီး ကိုယ်နေဟန်ထားကို တည်တည်ငြိမ်ငြိမ်ရှိစေမယ့် ဒေါက်ဖိနပ်လေးတွေကိုသာ ရွေးချယ်ပြီးစီးပေးပါ။ အလွန်မြင့်မားတဲ့ ဒေါက်ဖိနပ်တွေက ကိုယ့်ရဲ့ဟန်ကို ပုံပျက်သွားစေပြီး လူအများအမြင်မှာ ကြည့်မကောင်းဖြစ်သွားစေနိုင်ပါတယ်။

၆။ Accessories လေးတွေ

ကိုယ်ရွေးချယ်လိုက်တဲ့ ဖက်ရှင်နဲ့လိုက်ဖက်မယ့် Accessories လေးတွေကိုလည်း ရွေးချယ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ ဖန်စီရင်ထိုးလေးတွေ၊ လက်စွပ်၊ လက်ကောက်အသေးစားလေးတွေ၊ ဖိနပ်အရောင်တောက်တောက်လေးတွေက ဝတ်စုံတစ်စုံကို ပြောင်းလဲပေးစေနိုင်ပါတယ်။

၇။ ရှောင်ကြဉ်ရမည့်အရာများ

စကပ်တိုများ

လည်ပင်းအဟိုက်များ

လီနင်

ကလေးဆန်သည့်စာတန်းများနှင့် တီရှပ်တွေ

အလွန်ပွသည့် အဝတ်အစားများ

Credit: BrightSide

[Unicode]

The post

၂၅ နှစ်တုန်းကထက် အသက် ၃၅ နှစ်အရွယ်မှာ ပိုပြီးကြည့်လို့ကောင်းစေမယ့် နည်းလမ်းကောင်း (၇) မျိုး appeared first on

MyStyle Myanmar .

Some text some message..