ဆွဲဆောင်မှုဆိုတာဟာ တစ်ကယ်တော့ကျယ်ပြန့်ရှုပ်ထွေးပါတယ်။ ဆွဲဆောင်မှုဆိုရာမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တွေအပြင် တစ်ဖက်လူက မြင်တာနဲ့ ရင်းနှီးသွားတာမျိုးတွေ စတာတွေကအစပါပါတယ်။ ကျွန်တော်တို့ထဲက အချို့က နောက်ဆုံးမှာ ကျွန်တော်တို့ကို နာကျင်စေအောင် လုပ်မဲ့သူတွေကို ဆွဲဆောင်တတ်ကြပါတယ်။ ကျွန်တော်တို့ထဲမှအချို့ကတော့ ကျွန်တ်ောတို့ရဲစံနှုန်းများ၊ မျှော်မှန်းချက်များနှင့်ရည်ရွယ်ချက်များကို တုပလာစေဖို့ လူတွေကိုဆွဲဆောင်ကြပါတယ်။
ဘယ်အရာတွေကဆွဲဆောင်မှုရှိစေလဲ၊မရှိစေဘူးလဲဆိုတာနဲ့ပက်သက်ပြီး ကျွန်တော်တို့ အတွေးအခေါ်တွေဟာ တိုးတက်ပြောင်းလဲလာပါတယ်။ တစ်ဦးချင်းတစ်ဦးချင်းသဘောထားများဘေးဖယ်ထားပြီး လူတွေကိုဆွဲဆောင်လေ့ရှိတဲ့ အပြုအမူအချို့အကြောင်းကိုပြောပြချင်ပါတယ်။ အပျက်သဘောနဲ့ အဆိုးမြင်သူတစ်ဦးနဲ့ အချိန်ဖြုန်းခြင်းဟာ ပျော်မွေ့စရာ မဟုတ်ကြောင်းကျွန်တော်တို့အများစုကသဘောတူပါလိမ့်မယ်။
အနည်းဆုံးပြောရရင် ဆွဲဆောင်မှုမရှိတဲ့ဒီအပြုအမူတွေက ကျွန်တို့ကိုတခြားလူတွေတွန်းလှန်စေပါတယ်။ တစ်ဖက်က ပြောရရင် အပြုသဘောဆောင်ပြီး စစ်မှန်တဲ့ စိတ်နေစိတ်ထားရှိတဲ့သူတွေကိုတော့ လူတွေဟာ တန်ဖိုးထားကြပါတယ်။ ဘယ်လိုအရာတွေက တစ်ကိုယ်ရေဆွဲဆောင်မှုရှိတဲ့ အရာတွေကိုလုပ်ပေးနိုင်မလဲကြည့်ရအောင်။
ဟာသဉာဏ်
ဘဝဟာ တစ်ခါတစ်ရံခက်ခဲနိုင်ပါတယ်။ ကျွန်တော်တို့တွေဟာ အမျိုးမျိုးသော ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲ့ဒီလို အခြေအနေတွေမှာ ရယ်မောခြင်းဆိုတာ ဘဝအမောတွေထဲက ခနတာထွက်ပေါက်ဖြစ်ဖို့ ဒါဟာ အရေးကြီးတဲ့ အရည်အချင်းတစ်ခုလို့ဆိုရမှာပါ။
ဟာသဉာဏ်ဟာ သူငယ်ချင်းများနှင့်အလားအလာရှိသောအိမ်ထောင်ဖက်နှစ် ဦး စလုံးအတွက်အလွန်ဆွဲဆောင်မှုရှိစေပါတယ်။ အမြဲတမ်းဘဝအမောတွေထဲ ဘယ်သူနေချင်မလဲ။ ဒါကြောင့်သင့်ကိုသင်နဲ့ပတ်ဝန်းကျင်ကို ရယ်အောင်လုပ်ပေးပါ။
စိတ်အားထက်သန်မှု
ကျွန်တော်တို့အများစုဟာ အခြားသူများပါဝင်သောစိတ်အားထက်သန်မှုကို တန်ဖိုးထားကြပါတယ်။ စိတ်ဓာတ်ပြင်းပြမှုဟာ ရည်ရွယ်ချက်ကိုဖြစ်ပေါ်စေပါတယ်။
ဘဝဆိုတာ စိတ်အားထက်သန်မှု မရှိပဲနဲ ဘာမှမရှိလို့ပြောခြင်းဟာ အပိုပြောခြင်းမဟုတ်ပါဘူး။ကျွန်တော်တို့တွေ အသက်ရှင်သန်ဖို့အတွက် အားလုံးရုန်းကန်နေရတာပဲမလား။
စိတ်ဓါတ်ပြင်းပြတဲ့သူတွေဟာ သူတို့အတွက်သာမက မိသားစုပတ်ဝန်းကျင်အတွက်ပါ အလုပ်လုပ်တဲ့သူတွေ ဖြစ်လို့ သူတို့ဟာ အခြားလူတွေကို ဆွဲဆောင်နိုင်ကြပါတယ်။
မိတ်ဆွေတွေ၊ မိသားစုဝင်တွေ၊ ချစ်ခြင်းမေတ္တာ၊ အလုပ်အကိုင်သို့မဟုတ်အခြားအရာတစ်ခုကိုကို ကျွန်တော်တို့ နက်နက်နဲနဲယုံကြည်မိတဲ့အခါ ဘဝရဲ့လှိုင်းလေထန်မှုကို ကျွန်တော်တို့ သွားနိုင်ပါတယ်။
ဆုံးဖြတ်ချက်ချနိုင်စွမ်း
ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိတဲ့သူတွေဟာလည်း ဆွဲဆောင်မှုရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဦးတည်ချက်ကိုပြသနိုင်လို့ပေါ့။ ခက်ခဲတဲ့ အခြေအနေမှာ ဆုံးဖြတ်ချက်ချကိုချနိုင်တဲ့စွမ်းရည်ဟာ အလားအလာရှိတဲ့ အိမ်ထောင်ဖက်တွေအတွက် ဆွဲဆောင်မှုအရှိဆုံးဖြစ်နိုင်ပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိင်ရင် ဆွဲဆောင်မှုမရှိပါ။ ဆင်ခြင်တုံတရားနှင့်ဆိုင်သောအဆုံးအဖြတ်ပေးခြင်းဟာ ဆွဲဆောင်မှုရှိတဲ့ အရည်အချင်းတစ်ရပ်ပါ။
အခြားသူများနှင့်ကိုယ့်ကိုယ်ကိုကြင်နာမှု
ကျွန်ုပ်တို့သည်အခြားသူများအပေါ် ကြင်နာမှုကို ပြခြင်းဟာ အရည်အချင်းတစ်ခုသာမက လိုအပ်ချက်တစ်ခုလည်းဖြစ်ပါတယ်။ ဆိုလိုသည်မှာသူစိမ်းများနှင့်မိတ်ဆွေများကိုပါကြင်နာမှုပြခြင်းဖြစ်ပါတယ်။ စာနာမှုပြခြင်းနှင့်ကြင်နာသောလုပ်ရပ်များကိုပြခြင်းသည်လူကောင်းတစ် ဦး ဖြစ်ခြင်းကိုဆိုလိုပါတယ်။
ပွင့်လင်းသောစိတ်၊ပြည့်ဝသောသဘောထား
မပွင့်မလင်းနဲ့စိတ်သဘာထားသေးသိမ်တဲ့သူတွေဆို အများစုက မုန်းတတ်ကြပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေးတွေလို စိတ်လှုပ်ရှားမှုပြင်းထန်စေတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့အတွက် ပြည့်ဝတဲ့သဘောထား၊ပွင့်လင်းတဲ့စိတ်နဲ့ အမြင်ကျယ်မှရမှာပါ။ ဒါဟာလူတွေကို ဆွဲဆောင်တဲ့နေရာမှာ အရေးကြီးတဲ့ အရည်အချင်းတစ်ရပ်လည်းဖြစ်ပါတယ်။ ဒီလိုစိတ်ထားရှိရင် ကွဲပြားမှုများစွာကို ကျွန်တော်တို့ ဖြေရှင်းနိုင်ကြမှာပါ။
ယုံကြည်စိတ်ချမှုကိုဖော်ပြခြင်း
ဒီအရာက လက်တွေ့အတွက် ခက်ခဲသောအရာတစ်ခုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အများစု (အားလုံး) တွင်မလုံခြုံမှုများရှိသော်လည်းအချို့က ၎င်းတို့အားလူကောင်းတစ်ဦး ဖြစ်စေမည့်အရာများကိုအာရုံစိုက်နိုင်ကြပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိသူများ ဝိုင်းရံထားတာကိုလိုချင်တတ်ကြပါတယ်။
သူတို့အတွက် လုံခြုံမှုအရှိဆုံးသူကပဲ အများအားဖြင့်အဆင်ပြေစေနိုင်သောကြောင့်ဖြစ်ပါတယ်။ ယုံကြည်မှုရှိခြင်းကဆွဲဆောင်ရုံသာမကကူးစက်တတ်တဲ့ အရာတစ်ခုလို့ဆိုရမှာပေါ့။
အခြားသူများကိုလက်ခံခြင်း
ယနေ့ကမ္ဘာ့ပြဿနာများစွာကိုကြည့်လိုက်ရင် လူတစ်ဦးနဲ့တစ်ဦးလက်မခံနိုင်ကြတဲ့ ပြဿနာတွေနဲ့ဆက်စပ်နေတယ်လို့ဆိုနိုင်ပါတယ်။ လူအုပ်စုတစ်စုသည် အခြားအုပ်စုတစ်စုကိုလက်ခံရန်ဆန္ဒမရှိခြင်းကြောင့်ယခုအချိန်တွင်မည်မျှပဋိပက္ခများဖြစ်ပွားနေသနည်း။
ပြောစရာမလိုတော့ပါဘူး၊ သူတစ်ပါးကိုလက်ခံသူများသည်တူညီသောအတွေးများကိုဆွဲဆောင်လေ့ရှိသည်။ တစ်စုံတစ်ဦး ကအခြားသူများကိုလက်ခံသောအခါသူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို အခြားသူတွေကို ပြပီးသားဖြစ်သွားတာပေါ့။
#Lifestyle_Myanmar
#Mg_Htet
REF_Power Of possitivity