လမ်းခွဲတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ကျွန်မတို့တွေ ဆက်ဆံရေးကို ရပ်တန့်လိုက်ဖို့ ဆုံးဖြတ်တဲ့အခါ ဒါဟာ အကောင်းဆုံး ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ ကျွန်မတို့ခံစားရတယ်။ ဒါဆို သင့်ချစ်သူကို ချစ်နေတုန်းပဲလား။ သင့်ရဲ့ အကြောင်းပြချက် ဘယ်လိုဘဲဖြစ်နေပါစေ၊ သင့်အနေနဲ့ သူ့ကို ချစ်နေဆဲလား ဒါမှမဟုတ် မချစ်တော့ဘူးလားဆိုတာ ဝေခွဲမရဖြစ်နေတယ်။အဲ့သလိုပဲ သင့်ရဲ့ exက သင့်ကို ချစ်နေတုန်းပဲလား ဆိုတဲ့ အချက်ကို သင့်အနေနဲ့ သိချင်နေမယ်လို့ မျှော်လင့်ပါတယ်။ ဒါက မင်းရဲ့ အတ္တအတွက်ပဲဆိုရင် သင့်တို့ရဲ့ ဆက်ဆံရေးကို နောက်တစ်ခေါက် ထပ်ပြီးတော့ ပြန်လက်တွဲသင့် မတွဲသင့် အောက်မှာ ပေးထားတဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ပါ။ သင့်ရဲ့ exနှင့် ဒီအကြောင်းတွေကို အတူတူပြောဖို့လည်း မလွယ်ကူပါ။ ဒါတွေက လက္ခဏာသက်သက်ပဲဆိုတာ သတိရပါ။ သင်လိုချင်တဲ့ အဖြေရဖို့တော့ သင်ကိုယ်တိုင် ကြိုးစားကြည့်ရမှာပါ။

Woman relaxing in her boyfriends lap
၁။ သင့်ရဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ သိမ်းထားခြင်း
၂။ အဆက်အသွယ်ရှိနေခြင်း
သင့်ရဲ့ exက သင့်ကို ဖုန်းခေါ်ပြီး သင်ဘာလုပ်နေတယ် ၊ သင် ဘယ်လိုရှင်သန်နေတယ်ဆိုတာ မစဉ်းစားရဲဘူး ၊ မမြင်ရဲဘူးလို့ ပြောလာပါလိမ့်မယ်။ ပုံမှန်အားဖြင့် တစ်စုံတစ်ဦးက လမ်းခွဲပြီးသွားတဲ့အခါ ဖုန်းခေါ်တာတွေ၊ စာပို့တာတွေကို သူတို့ လုံးဝလုပ်လေ့မရှိပါဘူး။ ဒါပေမယ့် မင်းရဲ့ ချစ်သူဟောင်းက ဆက်သွယ်နေတယ်ဆိုရင် သေချာပါတယ်။ သူမင်းကို ချစ်နေဆဲပါပဲ။
၃။ လွမ်းတယ်လို့ ပြောခြင်း
သင့်ရဲ့exက သင့်ကို လွမ်းနေတယ်လို့ ပြောလာရင် သင့်အပေါ်မှာ သူတို့ ခံစားချက်တွေရှိနေတုန်းပါပဲ။ တကယ်လို့ သင့်ကို စနောက်ခြင်း (သို့) သင့်ကို အလွဲသုံစားပြုလုပ်ခဲ့မယ်ဆိုရင် ဒီစကားလုံးကို သင့်ဆီက ပြန်လည်ရရှိဖို့ ကြိုးစားလိမ့်မည်။ သူတို့ကတော့ ဟန်ဆောင်ပါလိမ့်မယ်၊ သင့်အနေနဲ့ သူတို့ ဒီအကြောင်းပြောတဲ့အခါ သူတို့ဟာ အစစ်အမှန်ဟုတ်မဟုတ် သင်ကိုယ်တိုင်ကသာ ဆုံးဖြတ်ရပါလိမ့်မည်။
၄။ သင့်မိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေနဲ့ အနီးကပ်ရင်းနှီးနေခြင်း
သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနှင့် အဆက်သွယ်ရှိနေဆဲဖြစ်ပါတယ်။ ဒါက အနည်းငယ်ထူးဆန်းနေလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သူက သင့်မိသားစုနှင့်မိတ်ဆွေတွေနဲ့ အဆက်အသွယ်ရှိနေဆဲ ဆိုရင် သင့်ဆီနောက်တစ်ကြိမ် ခြေဦးလှည့်လာဖို့ ကြိုးစားပါလိမ့်မယ်။ သင့်အတွက် သူ့မှာ ခံစားချက်တွေရှိနေပါသေးတယ်။
၅။ သင့်ရဲ့ exက သင့်ကို ဒေါသထွက်ခြင်း
လူနှစ်ဦးလမ်းခွဲကြတဲ့ အခါ ပတ်ပတ်လည်မှာ မျောနေတဲ့ စိတ်လှုပ်ရှားမှုတွေ ရှိနေပါတယ်။ အမျက်ဒေါသဟာ ချစ်ခြင်းမေတ္တာရဲ့ ဆန့်ကျင်ဘက်ဆိုပေမယ့်လည်း တကယ်က အဲ့သလိုမဟုတ်ပါဘူး။ အချစ်ရဲ့ ဆန့်ကျင်ဘက်က လျစ်လျူရှုခြင်း ဖြစ်ပါတယ်။ အကယ်၍ သင့်exက သင့်ကို အမျက်ဒေါသကဲ့သို့ စိတ်ခံစားမှုတွေကို ပြတယ်ဆိုရင် သင့်အတွက် သူခံစားနေရဆဲဖြစ်ပါတယ်။
၆။ သင့်အကြောင်း သင့်ရဲ့ သူငယ်ချင်းတွေကိုမေးခြင်း
အကယ်၍ သူ့အနေနဲ့ သင့်သူငယ်ချင်းတွေကို သင့်အကြောင်း စာဖြင့် ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုမေးမြန်းတဲ့ အခါမှာလည်း သင့်exက သင့်ကို ချစ်မြတ်နိုးပြီး လွမ်းဆွတ်နေတယ်ဆိုတာ ထင်ရှားသော လက္ခဏာတစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးမှာ နောက်တစ်ကြိမ် သင့်ကို ချစ်တယ်လို့ ပြောလာပါလိမ့်မယ်။
တစ်ချို့ဆက်ဆံရေးတွေဟာ ပြောင်းလဲဖို့ရန် အရမ်းခက်ခဲပါတယ်။ မင်းရဲ့ exက မင်းကို ချစ်နေဆဲဖြစ်သောနိမိတ်လက္ခဏာများကို သိချင်လျှင် သင်ရဲ့ အဖြေကို မျှော်လင့်နိုင်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
sources-.yourtango.