အသစ်အဆန်းတွေ စူးစမ်းချင်တဲ့ကလေးကို ဘယ်လိုအားပေးကူညီမလဲ
hellosayarwon.com
|
2018-11-19

ကိုယ့်ကိုယ်ကိုယ်

ရှိဖို့ဆိုတာ လူကြီးတွေအတွက်မှ မဟုတ်ပါဘူး။ ကလေးတွေလည်း ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ကြောက်ရွံ့စိတ်၊စိုးရိမ်စိတ်ဆိုတာအတွေ့အကြုံသစ်တွေ၊ စိန်ခေါ်မှုတွေနဲ့ကြုံရင် ဖြစ်လာနေကျ တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဒီစိတ်က ကလေးတွေရဲ့

နဲ့

အတွက်ကအဟန့်အတားတစ်ခုပါပဲ။ ဒါ့ကြောင့် ယုံကြည်မှုရှိရှိစူးစမ်းလေ့လာနိုင်ဖို့ဖန်တီးပေးတာက  မိဘတွေအနေနဲ့ ကလေးအတွက်ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်။ ဥပမာအစားအစာအသစ်တွေ စားတတ်လာဖို့၊အမူအကျင့်အသစ်တွေမွေးမြူပေးဖို့ စတဲ့ လေ့လာစူးစမ်းမှုတွေမှာ လုပ်ရဲကိုင်ရဲ ရှေ့တိုးနိိုင်ဖို့ မိဘကပံ့ပိုးပေးသင့်ပါတယ်။အရာရာတိုင်းကို စူးစမ်းလေ့လာချင်နေတဲ့ ကလေးအတွက် -

သေးသေးလေးက စတင်ပါ
ကလေးတွေကို

သိသလောက်အဆင့်အထိ တန်းတူမသင်ပြပါနဲ့။ ကလေးမို့ ကလေးလို တစ်ဆင့်ချင်း သင်ပေးပါ။ သိပ်မလောပါနဲ့။ ကလေးရဲ့နားလည်နိုင်စွမ်းကို မူတည်ပြီး စိတ်ရှည်ရှည်နဲ့ သင်ပြပေးပါ။

အသစ်အဆန်းလေ့လာချင်လာအောင်လုပ်ဖို့အချိန်ပေးပြင်ဆင်ပါ
သူတို့စိတ်ဝင်စားတဲ့အရာတွေကို သေချာဂရုစိုက်မှတ်သားပြီး သူတို့စိတ်ဝင်စားလောက်မယ့်ကစားနည်းတွေကိုပြင်ဆင်ပါ၊အသစ်အဆန်းတွေလုပ်ကြည့်ဖို့အားပေးပါ။ ဥပမာ ကလေးကို ဝလုံးရေးခိုင်းမယ်ဆိုပါစို့၊ သူချစ်တတ်တဲ့တိရစ္ဆာန်လေးပုံကို ဝလုံးနဲ့ဆွဲပြဖို့ စီစဉ်လိုက်ပေါ့။ ဒါဆို စာရေးကြည့်ဖို့ သူစိတ်ဝင်စားလာနိုင်တယ်။ ဒီလိုမျိုးဉာဏ်ကစား ပြင်ဆင်ပြီး ကလေးကိုဆွဲဆောင်ပါ။

အတူတူလုပ်ကြည့်ပါ
ဒါလေး ဒီလိုလုပ်ကြည့်ပါလားဆိုတာထက်အတူတူလုပ်ကြည့်မယ်၊ဒီမှာကြည့်၊ ဒီလိုလေးလုပ် ဆိုတာမျိုးက ကလေးကို စူးစမ်းချင်စိတ်ဖြစ်လာစေပါတယ်။ တယောက်တည်းလုပ်ရလို့ မလုပ်ရဲတာတွေမရှိတော့ဘဲ မိဘနဲ့အတူလုပ်ကြည့်ရတဲ့အခါ ယုံကြည်မှုရှိလာပါတယ်။ ဥပမာ သူမစားဖူးတဲ့

တစ်မျိုးကို ကျွေးတဲ့အခါ ကိုယ်ပါစားပြပြီး စားလို့ ကောင်းလိုက်တာ၊ စားကြည့်ပါဦးဆိုတာမျိုးက ပိုဆွဲဆောင်နိုင်ပါတယ်။

တစ်ခါတလေ ပြဿနာကို ကိုယ်တိုင်ဖြေရှင်းခိုင်းပါ
ကလေးက ဇွဲနဲ့ကြိုးစားနေပါလျက်နဲ့ ကြာနေတဲ့အခါ မိဘက ဝင်သင်ပြလိုက်တာမျိုးက ကလေးရဲ့

းနဲ့ ဖြေရှင်းနိုင်စွမ်းကို ဖွံ့ဖြိုးလာစေတော့မှာမဟုတ်ပါဘူး။အရွယ်ရောက်လာလည်းအရာရာမိဘကိုအားကိုးနေတော့မှာကို သတိရပါ။ မိဘက ဘေးကကြပ်မတ်အကြံပြုတာလောက်ပဲလုပ်ပြီးအလုပ်တစ်ခုပြီးမြောက်တဲ့အထိ သူ့ဘာသာဖြေရှင်းပါစေ။

စူးစမ်းချင်စိတ်ကိုအားပေးပါ
တစ်ခါတလေ ကလေးတွေရဲ့တရစပ်မေးခွန်းတွေက လူကိုစိတ်ပင်ပန်းစေပေမယ့် တတ်နိုင်သလောက်စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါ။အသစ်အဆန်းတွေ စူးစမ်းကြည့်၊လုပ်ကြည့်တဲ့အခါအန္တရာယ်ဖြစ်မယ့်ကိစ္စမျိုးကလွဲရင် ပေးလုပ်လိုက်ပါ။ မဟန့်ပါနဲ့။ ကိုယ်တိုင်စူးစမ်းသိရှိလာတာက သူတို့ရဲ့ဖွံ့ဖြိုးမှုမှာအရေးပါတဲ့အချက်ပါ။

သူတို့ရဲ့လုပ်ဆောင်သမျှကို ဘယ်တော့မှအပြစ်မတင်ပါနဲ့
သူတို့လုပ်တဲ့အလုပ်ကို ဟိုလိုမဖြစ်လို့၊ ဒီလိုမဖြစ်လို့ ဆိုုပြီးအပြစ်မတင်ပါနဲ့။ တိုးတက်လာသမျှတိုင်းကို ချီးကျူးပေးပါ။ ကလေးတွေက မိဘတွေငြိုငြင်မှာ၊ ကိုယ် မှားလုပ်မိလို့ မိဘတွေစိတ်ဆိုးမှာကို သိပ်စိုးရိမ်တတ်ကြပါတယ်။ မိဘတွေရဲ့အသိအမှတ်ပြုမှုက သူတို့ရဲ့ဖွံ့ဖြိုးမှုအတွက်အကောင်းဆုံးအားဆေးဖြစ်နေလို့ပါ။ နောက်တစ်ကြိမ်မှာ ဒီထက်ကောင်းအောင်ကြိုးစားချင်လာစေမယ့် ပံ့ပိုးမှုအားလည်းဖြစ်ပါတယ်။

သည် ဆေးပညာ အကြံပေးချက်များး ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..