ရည်းစားဟောင်းနဲ့ ပြန်တွဲဖို့ လုံးဝမစဉ်းစားသင့်တဲ့ အချိန် (၅) ချိန်
mystylemyanmar.com
|
2020-01-12

[Zawgyi]

သင့်ရည်းစားဟောင်းနဲ့ လုံးဝပြန်မတွဲသင့်ဘူးလို့ စဉ်းစားရမယ့် အချိန်တွေရှိပါတယ်။ ပြန်တွဲပြီးမှ နောင်တရစရာတွေ ရှိနိုင်တာကြောင့် ဒီအချိန် ၅ ခုနဲ့ ကြုံနေရချိန်ဆိုရင်တော့ ပြန်တွဲဖို့ မစဉ်းစားပါနဲ့ဦး။

၁။ ချစ်ခဲ့တဲ့အချိန်ကို သတိရမိတဲ့အခါ

သင့်ရည်းစားဟောင်းနဲ့ပျော်ခဲ့ရတဲ့ အမှတ်တရတွေ၊ အတိတ်တွေကတော့ရှိမှာပါ။ နွေးထွေးခဲ့တဲ့ အခိုက်အတန့်၊ ရင်ခုန်ခဲ့တဲ့ အတိတ်ကတော့ ရှိမှာပါပဲ။ ဒါက သူနဲ့ရှိခဲ့တဲ့ ပျော်စရာအချိန်ကို သတိရရုံပါပဲ။ သူ့ကို သတိရတာမဟုတ်ပါဘူး။ ရည်းစားနဲ့ ပြတ်တာ အချိန်ကြာတဲ့အခါ အတိတ်အချစ်ရေးကို ပြန်သတိရတဲ့သဘောပါပဲ။ သူ့ကိုလွမ်းတာလား၊ ချစ်ခဲ့တဲ့အချိန်ကို လွမ်းတာလား ခွဲခြားတတ်ပါစေ။

၂။ အထိအတွေ့

ရည်းစားဟောင်းရဲ့ ယုယမှုတွေ၊ အထိအတွေ့တွေ၊ အကြင်နာတွေကို တမ်းတမိရုံနဲ့ သူနဲ့ပြန်မတွဲသင့်ပါဘူး။ လမ်းခွဲခဲ့တယ်ဆိုမှတော့ နှစ်ယောက်လုံးမှာ လိုအပ်ချက်တွေ၊ အမှားတွေရှိလို့ပါ။ ဒါကို အရင်ဆန်းစစ်ပေးပါ။

၃။ သင့်ရည်းစားဟောင်းက သင့်ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုရှိတယ်

သင့်မိဘတွေကော၊ သင့်သူငယ်ချင်းတွေကော သင်သူနဲ့တွဲခဲ့တဲ့အချိန်ကို သဘောမကျပါဘူး။ လမ်းခွဲလိုက်တော့လည်း အပြည့်အဝထောက်ခံကြပါတယ်။ ဒီလိုဆိုရင် သင့်ရည်းစားဟောင်းက တခုခုလွဲနေပါပြီ။ လူအများနဲ့ တစ်ယောက်အမြင်နဲ့ မတူနိုင်ပါဘူး။ သင့်မိဘ၊ သူငယ်ချင်းတွေကပါ မကြိုက်ရင်တော့ ပြန်တွဲဖို့ဆိုတာ အဆင်မပြေလောက်ပါဘူး။

၄။ အတိတ်ဆိုးတွေကို ကောင်းတာနဲ့အစားထိုးမိတဲ့အချိန်

တစ်ယောက်တည်းဖြစ်တာကြာတဲ့အချိန် လမ်းခွဲခဲ့တာ မှန်ရဲ့လားဆိုတဲ့ ခံစားချက်မျိုးဖြစ်တတ်ပါတယ်။ အဲ့အချိန်ဆိုရင် သူနဲ့ပြဿနာဖြစ်ခဲ့တာတွေ မတွေးမိတော့ဘဲ ကြည်နူးခဲ့ရတာတွေပဲ စတွေးလာပါတယ်။ ပြဿနာတွေကိုလည်း ပြန်တွေးကြည့်ပါဦး။

၅။ အဆင်မပြေခဲ့လို့ကို လမ်းခွဲခဲ့ရတာပါ

အချစ်ရေးက အဆင်မပြေခဲ့တာ အကြောင်းအရင်းတစ်ခုတော့ရှိစမြဲပါပဲ။ ကွဲသွားတဲ့အိုးကို ပြန်ဆက်ဖို့ ကြိုးစားတာထက် ဒီအတိုင်းလွှတ်ထားလိုက်တာ ပိုကောင်းပါတယ်။

ဒါကြောင့်ရည်းစားဟောင်းနဲ့ ပြန်တွဲဖို့ စဉ်းစားမိတိုင်း အပေါ်က ပြောခဲ့တဲ့အချက်တွေနဲ့ ချိန်ထိုးကြည့်ပါနော်။

[Unicode]

Photo Source: Pinterest

By MyStyle Myanmar

The post

ရည်းစားဟောင်းနဲ့ ပြန်တွဲဖို့ လုံးဝမစဉ်းစားသင့်တဲ့ အချိန် (၅) ချိန် appeared first on

MyStyle Myanmar .

ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..