ယောက္ခမကြီး ကြည်ဖြူဖို့
trend.com.mm
|
2020-01-13

ကိုယ်တော်ရမယ့် ယောက္ခမဆိုတာကို မမြင်ခင်ကတည်းက ကြိုပြီး အဆင်မပြေလောက်ဘူးလို့ တွေးမိဖူးမှာပေါ့ Trend ပရိသတ်ကြီးရေ။ သာယာအေးချမ်းတဲ့ မိသားစုတစ်ခုပိုင်ဆိုင်ဖို့ဆိုရင် အဲဒီအိမ်မှာ ရှိတဲ့အမေ တွေကို ချစ်ခင်တတ်ဖို့လိုပါတယ်တဲ့။ ဒါကြောင့် တစ်ချိန်မှာ မိသားစုဝင်ဖြစ်လာမယ့် ယောက္ခမနဲ့အဆင်ပြေစေမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်တယ်နော်။

၁။ အဝတ်အစား
ယောက္ခမနဲ့ တွေ့ရင် ယဉ်ယဉ်ကျေးကျေးလေး ဝတ်ပါ။ သူ့မျက်စိထဲမှာ ကိုယ်က ယဉ်ကျေးတဲ့သူလေး ဖြစ်နေဖို့ လိုပါတယ်နော်။

၂။ ဂရုစိုက်ပါ
ယောက္ခမလောင်းကို ကိုယ်တိုင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ချစ်သူကနေ တဆင့် ဂရုစိုက်ပေးတာမျိုးပေါ့။ ဥပမာ မေမေ ကြိုက်တတ်တဲ့ မုန့်လေးဝယ်ထည့်ပေးလိုက်တယ် ဆိုတာမျိုးလေး။

၃။ သွယ်ဝိုက်ပြောပြပါ
ကိုယ့်ချစ်သူ ယောက္ခမရဲ့ သား ဒါမှမဟုတ် သမီးကို မေမေ့ရင်ခွင်ထဲက ဆွဲထုတ်တာမျိုး လုပ်မှာ မဟုတ်ကြောင်း သွယ်ဝိုက်ပြောပြပါ။

၄။ အတူတူသွားပါ
ယောက္ခမနဲ့ ဈေးဝယ်ထွက်တာပဲ ဖြစ်ဖြစ်၊ ဆေးခန်းလိုက်ပို့တာပဲ ဖြစ်ဖြစ် ကိုယ့်ချစ်သူမပါဘဲ ပို ရင်းနှီးမှုရအောင် နှစ်ယောက်တည်း အတူတူ သွားကြည့်ပါ။

၅။ အိမ်အလုပ်တွေ ကူလုပ်ပါ
တအိမ်တည်း အတူတူ နေရပြီဆိုရင် အိမ်မှုကိစ္စတွေ ကူလုပ်တာကို ယောက္ခမတိုင်း ကြိုက်ပါတယ်။
ဒါကြောင့် အိမ်မှုကိစ္စ လုပ်ပေးတာမျိုး မဟုတ်ရင်တောင် ကိုယ့်ရဲ့ တစ်ကိုယ်ရည်စာ တွေကိုတော့ ကိုယ်တိုင်လုပ်ကြည့်ပေးပါ။
ဒီအချက်တွေကို လုပ်ပေးမယ်ဆိုရင်တော့ ယောက္ခမကြီးဆီက အမှတ်ပြည့် ရပြီပေါ့နော်။

Ref; rsskills

[ Unicode ]

၂။ ဂရုစိုကျပါ

ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..