ဒီကမ္ဘာပေါ်မှာ အားလုံးထက်ပိုပြီးတော့ သင့်ကိုအချစ်နိုင်ဆုံးလူသားဟာ ဘယ်သူပါလိမ့်
lifestylemyanmar.com
|
2020-01-20



သမီးရည်းစားဆက်ဆံရေး၊ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေး၊ မိဘနဲ့သားသမီးဆက်ဆံရေး စတဲ့ လူမှုဆက်ဆံရေးတွေက အချိန်ကိုရင်းနှီး မြှုပ်နှံပြီး ယုံကြည်မှုကိုတည်ဆောက်ရတာပါ။ အဲ့ဒီလိုပဲ မိမိကိုယ်ကိုတန်ဖိုးထားဆက်ဆံဖို့ကလည်း အချိန်ပေးရပါတယ်။ လူသားတွေရဲ့ သဘာဝက မိမိချစ်တဲ့သူကို ကာကွယ်ပေးချင်တယ်၊ ဂရုစိုက်ပေးချင်တယ်၊ ပျော်ရွှင်အောင်လုပ်ပေးချင်တယ်၊ ပြီးတော့ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူအချိန်ကုန်ဆုံးချင်ကြတာ သဘာဝကျပါတယ်။ သူတစ်ပါးကိုပဲ ဦးစားပေးရင်းနဲ့ပဲ ကိုယ့်ကိုယ်ကိုတန်ဖိုးထားဖို့ မေ့လာကြပါတယ်။ မိမိကိုယ်ကို ဂရုစိုက်တန်ဖိုးထားမှ အခြားသူတွေကလည်း တန်ဖိုးထားလာမှာနော်။ မိမိကိုယ်ကို ဘယ်လိုတန်ဖိုးထားဆက်ဆံမလဲဆိုတဲ့ အချက် (၅) ချက်ကို ဆက်ဖတ်ကြည့်ရအောင်နော်။

၁။ မိမိကိုယ်ကိုယ်ယုံကြည်ပါ။




မိမိကိုယ်ကို ယုံကြည်ဖို့က အရမ်းအရေးကြီးပါတယ်။ တစ်ခါတစ်လေ ဆုံးဖြတ်ချက်အမှားချမိလိုက်တဲ့ အချိန်မျိုးတွေ ကြုံဖူးပါလိမ့်မယ်။ အဲ့ဒီအချိန်မျိုးမှာ မိမိကိုယ်ကိုအပြစ်မတင်လိုက်ပါနဲ့။ အမှားကနေ သင်ခန်းစာယူမယ်၊ ပြီးရင် အမှန်ပြင်လိုက်မယ်၊ ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေကို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်လိုက်ခြင်းကနေ ယုံကြည်မှုတွေရှိလာပါလိမ့်မယ်။ မိမိရဲ့ အလိုလိုသိတဲ့စိတ်ကို ယုံကြည်လိုက်ပါ။ အဖြေက သင့်မသိစိတ်ထဲမှာ ရှိပါတယ်။

၂။ မိမိကိုယ်ကိုချစ်ပါ။




မိမိကိုယ်ကိုချစ်ပါဆိုတာ ဘာကိုဆိုလိုချင်တာလဲ။ ယနေ့ခေတ်မှာ လူတော်တော်များများက မိမိကိုယ်ကိုချစ်ပါလို့ ပြောတာ နားရည်ဝနေလောက်ပြီနော်၊ ဒါပေမဲ့ ဘယ်လိုချစ်ရမလဲဆိုတာမသိကြဘူး။ မိမိကိုယ်ကိုချစ်ခြင်းဆိုတာက ကိုယ့်အပြစ်အနာအဆာကို လက်ခံပြီး မိမိဖြစ်တည်မှုကိုတန်ဖိုးထားတတ်ဖို့ပါပဲ။ လူသားတိုင်းက ခြောက်ပစ်ကင်း သဲလဲစင်တွေမဟုတ်ဘူးဆိုတာ မမေ့ကြပါနဲ့နော်။

၃။ မိမိကိုယ်ကို ကောင်းမွန်စွာဆက်ဆံပါ။




သင့်ကိုသူတစ်ပါးက ဘယ်လိုဆက်ဆံစေချင်သလဲ စက္ကန့်အနည်းငယ် အရင်စဉ်းစားလိုက်ဦးနော်၊ ပြီးမှ ဆက်ဖတ်မယ်။ သင့်ကိုယ်ကို ဘယ်လိုမျိုး လေးလေးစားစား၊ ကြင်ကြင်နာနာနဲ့ ဘယ်လောက်ချစ်လဲဆိုတာကို ကြည့်ပြီး အခြားသူက အဲ့လိုပြန်ဆက်ဆံမှာမို့လို့ပါ။ ဒီနည်းလမ်းလေးက ကိုယ့်ကိုဘယ်လိုဆက်ဆံပေးစေချင်လဲဆိုတာ တခြားသူကို မသိမသာသင်ပေးခြင်းနည်းတစ်မျိုးပါပဲ။

၄။ မိမိကိုယ်ကိုစိန်ခေါ်ပါ။




အနာဂတ်မှာ ကိုယ့်ပုံရိပ်ကို မြင်ယောင်ကြည့်ပါ။ ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို ရရှိဖို့ သင်ယူနေတာကို ဘယ်တော့မှ မရပ်လိုက်ပါနဲ့။ မိမိကိုယ်ကိုတွန်းအားပေးပြီး ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို စိန်ခေါ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက ကိုယ့်ကိုယ်ကိုဘယ်သူလဲဆိုတာ သိနိုင်ပါတယ်။

၅။ အခြားသူတွေရဲ့ ရှုထောင့်ကနေ မိမိကိုယ်ကို ရှုမြင်ကြည့်ပါ။




ဘဝမှာ အနိမ့်အမြင့်အတက်အကျဆိုတာ ရှိစမြဲပါ။ အမှားဆိုတာလည်း မကြာခဏပြုလုပ်မိတတ်ကြတာပါပဲ။ ပထမဆုံးတော့ မိမိက နှစ်လိုဖွယ်ကောင်းတာ၊ ချစ်ဖွယ်ကောင်းတာတွေကို ကိုယ်တိုင်မြင်ဖို့ ခဲယဉ်းပါတယ်။ အဲ့ဒီအချိန်မျိုးဆို တခြားသူရဲ့ ရှုထောင့်ကနေ ပြန်မြင်ကြည့်ခြင်းက အလုပ်ဖြစ်ပါလိမ့်မယ်။ တခြားသူတွေ ကိုယ့်အပေါ်ဘယ်လိုထင်မြင်ယူဆလဲဆိုတာကို ရံဖန်ရံခါမေးကြည့်ပါ။

ကောင်းတဲ့လူတွေကို သင့်အနားမှာထားခြင်းက ဒီအချက်အတွက်အသုံးဝင်ပါတယ်။ တခြားသူတွေ သင့်ကို ဂရုမစိုက်ရင်ပဲဖြစ်ဖြစ်၊ မချစ်ရင်ပဲဖြစ်ဖြစ်ကိစ္စမရှိပါဘူး။ ဒီကမ္ဘာမှာ သင့်ကိုအချစ်ဆုံးလူသားတစ်ယောက်ကတော့ ရှိပါတယ်။ သင်ကိုယ်တိုင်ပါပဲ။

#Lifestyle_Myanmar

#Thinzar

Ref- thriveglobal




Some text some message..