မိခင်ကောင်းတစ်ယောက်ဖြစ်လာစေဖို့ အရေးကြီးသော တာဝန်ဝတ္တရား၆ခု
chitmaymay.com
|
2020-01-20



မိခင်ကောင်းတစ်ယောက်ဖြစ်ခြင်းနှင့် အတူ မျှော်လင့်ချက်များနှင့် တာဝန်ဝတ္တရားတွေကို သင့်အနေနဲ့ စဉ်းစားဖူးပါသလား။ မိခင်တစ်ယောက်ရဲ့ အဓိကအခန်းကဏ္ဍကတော့ သူမရဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် မေမေတို့မှာ ဒီ့အရာတွေထက် ပိုများသော တာဝန်ဝတ္တရားတွေ ရှိနေပါတယ်။ မိခင်အဖြစ်ကိုရွေးချယ်ခြင်းက မေမေတို့ရဲ့ ကလေး ရောက်ရှိလာခြင်းကို တာဝန်ယူခြင်းအတွက် သီးသန့်မဟုတ်ပါဘူး၊ ကလေးရဲ့ ဘဝတစ်လျှောက်လုံးမှာ စောင့်ကြည့်ခြင်းနှင့် စောင့်ရှောက်ခြင်း အခွင့်အရေးတွေ ရရှိခြင်းကို ဆိုလိုပါတယ်။ ဒီနေရာမှာ မိခင်ကောင်းတစ်ယောက်ဖြစ်လာစေဖို့ လိုအပ်သော တာဝန်ဝတ္တရား၆ခုကို မျှဝေပေးချင်ပါတယ်။




ထောက်ပံ့မှု၊ ယုံကြည်မှုနှင့် ချစ်ခြင်းမေတ္တာတွေပေးပါ

သင်ဟာ သူတို့ရဲ့ အနီးကပ်ဆုံးသော တစ်စုံတစ်ဦးပါ။ သင့်အနေနဲ့ သင့်ကလေးကို အထူးဆက်သွယ်မှုတစ်ခုဖန်တီးပြီးတော့ ယုံကြည်မှုကို ကမ်းလှမ်းရမှာ ဖြစ်ပါတယ်။ သူဟာ သူ့အတွေးတွေနဲ့ ခံစားချက်တွေကို သင့်အားလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်အောင် ကူညီပေးသင့်ပါတယ်။ သူဟာ သင့်ဆီက ရသင့်တဲ့ ထောက်ပံ့မှုနှင့် ချစ်ခြင်းမေတ္တာကို မရတာမျိုး ဘယ်တော့မှ မဖြစ်သင့်ပါဘူး။




ကလေးရဲ့ ဘဝမှာ တက်ကြွစွာ နေထိုင်ပါ

ဒါဟာ ရိုးရှင်းပါတယ်။ သူတို့နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ဘယ်လိုအခမ်းအနားမျိုးမှာမဆို သင်ရှိနေပေးပါ။ သူတို့ရဲ့ မွေးနေ့ (သို့) သူတို့ကျောင်းမှာ ကျင်းပတဲ့ အခမ်းအနားပွဲ စတဲ့ အထူးနေ့မျိုးတွေမှာ သင့်အနေနဲ့ မရှိမဖြစ် ရှိနေသင့်ပါတယ်။ ကလေးတွေရဲ့ ဘဝတစ်သက်တာမှာ အရင်းနှီးဆုံးလူများဟာ သူတို့ရဲ့ ဘဝအစိတ်အပိုင်းမှာ အမှတ္တရဆုံးအစိတ်အပိုင်းတွေအဖြစ် သတိရနေတတ်ပါတယ်။ သူတို့ရဲ့ ဘဝတစ်သက်တာမှာ အမှန်တကယ်အရေးကြီးသော အချိန်တွေမှာ သူတို့နဲ့အတူ ရှိနေဖို့အခွင့်အလမ်းများကို လက်လွတ်မခံပါနှင့်။




စံပြကောင်းတစ်ယောက်ဖြစ်နေပါစေ

သင့်ဟာ သင့်ရဲ့ ကလေးဘဝမှာ စံပြတစ်ယောက်ဖြစ်လာမှာတော့ မလွဲမသွေပါပဲ။ သို့သော် စံပြကောင်းတစ်ယောက်ဖြစ်လာအောင် သင့်အနေနဲ့ အလေးထားသင့်ပါတယ်။ သူဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူအားလုံးဟာ ကမ္ဘာကြီးဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သာဓကတစ်ခုအဖြစ်စောင့်ကြည့်နေပါလိမ့်မယ်။ သူဟာ ကမ္ဘာကြီးမှာ ဘယ်လိုနေထိုင်ရမယ်ဆို လေ့လာနေပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ရဲ့ အခန်းကဏ္ဍတွေထဲမှာ သင်ရဲ့ ကိုယ်ပိုင်၊ ကလေးရဲ့ အကျိုးအတွက်နှင့် သင့်ရဲ့ အကျိုးအတွက် အမှန်တကယ်ပြုလုပ်ရမယ့်အရာဖြစ်ပါတယ်။




သူ့ရဲ့ ဘဝအရင်းအမြစ်ကို ကမ်းလှမ်းပါ

သင့်ရဲ့ မစ်ရှင်များထဲက တစ်ခုက သင့်ကလေးရဲ့ ဘဝမှာ အရင်းအမြစ်များကို ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။ ဒါမှသာ သူရဲ့ နေ့စဉ်ဘဝမှာ ပေါ်ပေါက်လာမယ့်အခြေအနေပြဿနာတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ခံနိုင်ရည်၊ စာနာမှု (သို့) စိတ်ခံစားမှုတွေကို စီမံခန့်ခွဲနိုင်သော ကျွမ်းကျင်မှုကို သင့်သားသမီးရဲ့ ဘဝတစ်သက်တာမှာ မရှိမဖြစ်လိုအပ်ပါတယ်။




ပညာရေးကိုစိတ်ဝင်စားကြောင်းပြသခြင်း

ပညာရေးဆိုတဲ့ ဝေါဟာရမှာ သင့်ဘဝတစ်လျှောက်လုံးမှာ ရရှိနိုင်သော ပေါင်းစပ်ညွှန်ကြားချက်များအဖြစ် နားလည်ဖို့လိုပါတယ်။ ပညာရေးမှာ ကိုယ်ကျင့်တရား၊ ဘာသာရေးပိုင်းလည်းဖြစ်နိုင်ပါတယ်။ ကလေးရဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ ပညာရေးကို ဘယ်လိုလမ်းကြောင်းကို ပို့ဆောင်ချင်တယ်ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ သူတို့ကလေးကို ဘယ်လိုသင်ကြားရမယ် ပြီးတော့ ဘယ်လိုတန်ဖိုးတွေကို သင်ပေးရမယ်ဆိုတာ ရှာဖွေပါ။




ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာ

သင်ဟာ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရပါမယ်၊ သူ့ကို ချစ်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူလုပ်တဲ့အရာအတွက် သူဟာ ဘယ်သူ့ကို ချစ်တယ်ဆိုတာ သူနားလည်လာအောင်ချစ်ပါ။ အထက်ပါနည်းဖြင့် ချစ်ခြင်းမေတ္တာကို ခံစားရသော ကလေးငယ်တစ်ဦးက မိမိကိုယ်ကို ယုံကြည်မှုမြင့်မားလာစေပါတယ်။ ဒါ့အပြင် အပြုသဘောဆောင်သော စွမ်းရည်များဖြင့် ကြီးပြင်းလာပါလိမ့်မယ်။ သင်တို့ရဲ့ နှောင်ကြိုးဟာ ခိုင်မြဲလာပြီး နှစ်ဦးနှစ်ဖက်စလုံး အပြန်အလှန်နှင့် ခြွင်းချက်မရှိသော မေတ္တာကို ရရှိလာပါလိမ့်မယ်။

Chit_May_May

Nyein_Thu

sources-Youaremom




Some text some message..