ရက်အနည်းငယ်လောက် ရေမချိုးထားရင်တောင် လတ်ဆတ်တဲ့ မွှေးရနံ့ရနေစေဖို့ နည်းလမ်း (၁၀)ခု
lifestylemyanmar.com
|
2020-01-20



ရေချိုးခြင်းဟာ ကျွန်မတို့ခန္ဓာ သန့်ရှင်းနေစေဖို့နှင့် ရောဂါပိုးမွှားတွေ အန္တရာယ်က ကာကွယ်ပေးဖို့ အရေးပါပါတယ်။ သို့သော် အေးတဲ့ ရာသီဥတုမှာ(သို့) ခရီးသွားစဉ်အချိန်တွေမှာ ရေချိုးဖို့ အဆင်မပြေတဲ့ အခိုက်အတန့်တွေ ရှိနိုင်ပါတယ်။ အဲဒီလိုကြုံရတဲ့အခါ မကောင်းတဲ့အနံ့တွေ မဖြစ်အောင် တားဆီးဖို့ အလေ့အကျင့်တစ်ချို့ကို ထိန်းသိမ်းထားတာ ပိုကောင်းပါတယ်။ ဒါ့ကြောင့် ရေချိုးဖို့ အချိန်မပေးနိုင်သူတွေကော၊ ရေချိုးပျင်းတဲ့သူတွေအတွက်ကော ရေမချိုးဘဲ လတ်ဆတ်တဲ့ရနံ့ကို ရရှိစေဖို့ နည်းလမ်း ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ body oils သုံးပါ

body oil ရေမွှေးဟာ ဖြန်းတဲ့ ရေမွှေးတွေထက် အရေပြားပေါ်မှာ ကြာရှည်ခံတာကြောင့် သုံးလို့ပိုကောင်းပါတယ်။ ဒါ့အပြင် သဘာဝအနံ့ရှိတဲ့ နူးညံ့သောအနံ့ကို ရွေးချယ်ပြီး အသားအရေထဲသို့ စိမ့်ဝင်အောင် ပွတ်သပ်ပေးနိုင်ပါတယ်။




၂။ baby wipes သုံးပါ

baby wipes ဟာ အနံ့ဆိုးတွေကို ဖြစ်စေတဲ့ ဗက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တာကြောင့် သင့်အား အတိုင်းအတာတစ်ခုအထိ သန့်ရှင်းမှုကို ခံစားရစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။




၃။ deodorant ပိုသုံးပါ

deodorant အသုံးပြုခြင်းက သင့်ချွေးနံ့ကို ပျောက်စေနိုင်ပါတယ်။ ၂ထပ်၊ ၃ထပ်လောက် သုံးပေးခြင်းဖြင့် အကျိုးသက်ရောက်မှုများစေပြီး ဘက်တီးရီးယားများကိုပါ သေစေနိုင်ပါတယ်။




၄။ အတွင်းခံအဝတ်အစားကို လဲပါ

သင့်ရဲ့ အတွင်းကျကျ အစိတ်အပိုင်းတွေမှာ ချွေးတွေရှိနိုင်ပါတယ်။ သူတို့က ပူနွေးစေပြီး အနံ့ဆိုးတွေဖြစ်စေပါတယ်။ သင့်အတွင်းခံအဝတ်အစားတွေကို ပြောင်းလိုက်ရင် ချွေးကလာတဲ့ အနံ့ဆိုးတွေကို လျော့နည်းစေနိုင်ပါတယ်။




၅။ ခြေအိတ်တွေကိုလဲပါ

ခြေထောက်တွေဟာ ချွေးအများဆုံးထွက်ပြီး မနှစ်မြို့ဖွယ် အနံ့ကိုဖြစ်စေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများအနက်မှ တစ်ခုဖြစ်ပါတယ်။ ခြေအိတ်ကို ပုံမှန်လဲပေးခြင်းက အနံ့ဆိုးတွေကို လျော့နည်းစေပါတယ်။ talcum အမှုန့်ကို ဖိနပ်ထဲမှာ ထည့်တာက ပိုကောင်းပါတယ်။




၆။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းခက်အမွှေးအကြိုင်ပါတဲ့ အစားအစာတွေရှောင်ပါ

ကျွန်မတို့စားတဲ့ အစားအစာတွေက ကျွန်မတို့ရဲ့ အနံ့ကို ပိုဆိုးစေပါတယ်။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးတွေကို များများစားတာက ပိုကောင်းပါတယ်။




၇။ တင်းကျပ်တဲ့ အဝတ်တွေကို ရှောင်ပါ

အဝတ်အစားကျပ်ကျပ်တွေက သင့်ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ပူနွေးစေပြီး ချွေးထွက်ကာ အနံ့ဆိုးဖြစ်စေပါတယ်။ ချောင်ချောင်ချိချိအဝတ်အစားတွေက သင့်ကို လတ်ဆတ်နေစေဖို့ ကူညီပေးပါလိမ့်မယ်။




၈။ dry shampoo သုံးပါ

dry shampoo ဟာ ဆံပင်တွေကို သက်ဝင်လှုပ်ရှားစေပြီး အဆီပြန်တာတွေကို မဖြစ်စေပါဘူး။ ဆံပင်ကို ပိုမိုလတ်ဆတ်တဲ့ အသွင်အပြင်နှင့် ရနံ့ကို ပေးပြီး ဆံပင်ကို ပိုထူထဲစေဖို့ ကူညီပေးနိုင်ပါတယ်။




၉။ ခေါင်းစည်းနှင့် ခေါင်းပတ်လေးတွေ ဝတ်ဆင်ပါ

ခေါင်းစည်းနှင့် ခေါင်းပတ် ထူထူလေးတွေ သုံးနိုင်ပါတယ်။ ဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းကို ရွေးချယ်ခြင်းဟာ ဆံပင်ရဲ့ အနံ့ဆိုးနှင့် အညစ်အကြေးများကို ဖုံးကွယ်ပါလိမ့်မယ်။




၁၀။ အသားအရေကို ရေဓါတ်ဖြည့်တင်းပါ

ရေဓါတ်ပြန်လည်ဖြည့်တင်းခြင်းက ပိုမိုလတ်ဆတ်တဲ့ အနံ့ကိုရစေနိုင်ပါတယ်။ ရေများများသောက်သင့်ပြီး အသားအရေ စိုပြည်နေစေဖို့ အနံ့ကောင်းတဲ့ ဘော်ဒီလိုးရှင်းများကို သုံးနိုင်ပါတယ်။


Lifestyle_Myanmar
LM_Nandar


Source-brightside




Some text some message..