သင့်ဘဝအတွက်အဆိပ်အတောက်ဖြစ်စေမယ့်သူငယ်ချင်းတွေဆိုတာပြနေတဲ့အနီရောင်သတိပေးချက် ၉ ချက်
lifestylemyanmar.com
|
2020-01-20



ခင်မင်ရင်းနှီးမှုအများစုက အချိန်နဲ့အမျှ အနည်းငယ် မုန်တိုင်းထန်စေနိုင်တာမှန်ပေမယ့် သင့်စိတ်ခံစားမှုကို အမြဲတမ်းလိုလိုအဆင်မပြေမှုတွေဖြစ်နေသလိုခံစားနေစေရရင် သင့်အနီးအနားမှာ အဆိပ်အတောက်ဖြစ်စေမယ့် သူငယ်ချင်းတွေရောက်နေကောင်းရောက်နေပါလိမ့်မယ်။ အဆိပ်အတောက်လို မိတ်ဆွေတွေကိုရှောင်ရှားနိုင်ဖို့နဲ့ရှုပ်ထွေးမှုတွေမဖြစ်အောင် အခုပြောပြမယ့် အနီရောင်သတိပေးချက်တွေက သင့်ကိုကူညီပေးပါလိမ့်မယ်။


သူတို့ကသင့်ကိုမလုံခြုံမှုတွေခံစားစေလိမ့်မယ်




သူတို့ကများသောအားဖြင့်သူတို့ကိုသူတို့ အလွန်အမင်း ယုံကြည်မှုရှိတယ်ထင်ရပေမယ့် သင့်ကိုအဆိပ်အတောက်ဖြစ်စေမယ့်သူအများစုက သူတို့ကိုသူတို့တန်ဖိုးမထားတတ်ကြပါဘူး။ သူတို့ကသူများတွေကိုလည်း သူတို့လိုဖြစ်စေချင်တာကြောင့် မကြာခန သူများတွေကို ဖြိုချခြင်းဖြင့် သူတို့ကသာလွန်တယ်လို့ ခံစားချင်ကြတဲ့သူတွေပါ။

အဆိပ်အတောက်ရှိတဲ့ အဆွေခင်ပွန်းတွေက သင့်ကို မကြာခနဝေဖန်ခြင်း၊ အမှားသေးသေးလေးကိုကြီးလေးစွာခံစားစေရ အောင်လုပ်ခြင်း၊ မသင့်တော်တဲ့အကြံညဏ်တွေပေးခြင်း၊ သင့်တန်ဖိုးကို သိမ်မွေ့တဲ့ ရယ်စရာပြက်လုံးတွေနဲ့အရှက်တကွဲအကျိုးနည်းစေခြင်း စတာတွေနဲ့ သူ့အဆင့်ကိုရောက်အောင်နှိမ့်ချဖို့ ကြိုးစားပါလိမ့်မယ်။

တကယ်လို့သင်က သူ့ပြုမူပုံကို အပျက်သဘောဆောင်တဲ့တုံပြန်မှုလုပ်ခဲ့ရင်လည်း သူက ဆတ်ဆတ်ထိမခံအလွန်အမင်းခံစားနေတဲ့သူဆိုပြီးစွပ်စွဲပါလိမ့်မယ်။ ဒါမှမဟုတ် သူက ဒီလိုတွေပြောခြင်းဟာ သူ့စိတ်ရင်းနဲ့သင့်အကျိုးစီးပွားအတွက် သာသူ့စိတ်ထဲရှိတယ်လို့ အပြင်းအထန်ရှင်းပြပါလိမ့်မယ်။ သူတို့က သင့်ကိုဆွဲချဖို့ကြိုးစားနေကြတယ်ဆိုတာမမေ့ပါနဲ့။


သင်နဲ့ပြိုင်ဆိုင်ပါလိမ့်မယ်




မိတ်ဆွေသူငယ်ချင်းတွေကြားထဲမှာ ပြိုင်ဆိုင်မှုဆိုတာ ဘာမှတော့မမှားပါဘူး။ ဆိုလိုတာက ဘောလုံးပွဲ တို့ဂိမ်းဆော့တာတို့စတာတွေမှာ တော်တော်များများ အပြိုင်အဆိုင် လုပ်တတ်ကြတာပါပဲ။ ဒါပေမယ့်အဆိပ်အတောက်ရှိတဲ့ သူငယ်ချင်းတွေကတော့ အရာရာတိုင်းမှာ သင်နဲ့ ယှဉ်ပြိုင်လိုနေကြတာပါ။

သူတို့က အလုပ်၊ အချစ်၊ လိင်ပိုင်းဆိုင်ရာကိစ္စ၊ ခင်မင်ရင်းနှီးမှု၊ ရုပ်ပစ္စည်းအောင်မြင်မှု စသဖြင့်အများကြီးမှာ ပြိုင်ဆိုင်လိုကြပြီး သင်ရှုံးနိမ့်တဲ့အခါမှ သူတို့ ကျေနပ်ကြတာမျိုးပါ။

တစ်ခါတစ်ရံမှာ သူတို့ သင်စိတ်ဝင်စားနေတဲ့ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးကို သူတို့ကိုစိတ်ဝင်စားအောင်၊သင့်ရည်း စားဟောင်းကို သူတို့နဲ့တွဲအောင် ဒါမှမဟုတ် သင်ရဖို့မျှော်လင့်နေတဲ့အလုပ်ရာထူးကိုရအောင် စတဲ့အရာတွေကအစ သူတို့က သင့်ကိုလိုက်ယှဉ်ပြိုင်ကြပါလိမ့်မယ်။အချိန်တော်တော်များများမှာ သူတို့က လျို့ဝှက်နေတတ်ပြီး သင်က သင့်အတွက်သတင်းကောင်းတစ်ခုကို မျှဝေရင်သူက သင့်ထက်ကောင်းတာကို ဆတ်ခနဲပြန်ပြောပြပါလိမ့်မယ်။

သင့်ရဲ့မကြာသေးမီက အောင်မြင်မှုတစ်ခုခုကိုသင်ကပြောပြရင်နေရင် သူတို့ရဲ့အောင်မြင်မှုတွေနဲ့ပက်သက်ပြီး ကြွားဝါဖို့ သင့်စကားလမ်းကြောင်းကိုလွှဲပါလိမ့်မယ်။ အမြဲလိုလိုလိုက်ယှဉ်ပြိုင်နေတတ်တဲ့ အဆိပ်အတောက်သူငယ်ချင်းတွေက သင့်အောင်ပွဲအတွက် ဂုဏ်ပြုစကားပြောဖို့ခဲယဉ်းသလို စိတ်ရင်းနဲ့ပျော်ရွှင်တယ်ဆိုတာလည်း တော်တော်ရှားပါတယ်။ ဒါကိုသတိထားမိရင် သူဟာ သင့်ကိုအဆိပ်အတောက်ဖြစ်စေမယ်ဆိုတာ သင်သတိမမေ့ပါနဲ့။


စကားဝိုင်းမှာလည်း သူတို့ပဲ ဆရာကြီးလုပ်မယ်




မကောင်းတဲ့မိတ်ဆွေအပေါင်းအသင်းတစ်ယောက်နဲ့စကားပြောရတာ ဘယ်တော့မှ နစ်လမ်းသွားမဖြစ်နိုင်ပါဘူး။ မင်းအ ကြောင်းမင်းတစ်မိနစ်ပြောရဖို့တောင်ခက်ခဲပါတယ်။ မင်းစကားပြောလိုက်လို့ အခွင့်အရေးကြုံလာတိုင်းသူတို့ရဲ့ဂုဏ်ယူစ ရာတွေကို သွယ်ဝိုက်ပြီး မီးမောင်းထိုးပြပါလိမ့်မယ်။

စိတ်ဓါတ်မကောင်းတဲ့ မိတ်ဆွေတွေဟာ သင့်ဘဝအကြောင်းသင့်ကို မေးမြန်းဖို့ ခဲယဉ်းပါတယ်။ သင်စကားပြောတိုင်းလည်း သင့်စကားကို သေသေချာချာနားမထောင်တတ်ကြဘဲ သူတို့နောက်တစ်ခုဘာပြောရမလဲဆိုတာပဲ စဉ်းစားနေတတ်ကြပါတယ်။

သင့်အတွက် အရေးကြီးတဲ့အကြောင်းအရာတစ်ခုကို သင်ကပြောပြဖို့ ကြိုးစားနေရင်တောင် သူတို့ကသူတို့ဖုန်းသူတို့ထုတ်ကြည့်နေပါလိမ့်မယ်။ ကျန်းမာကောင်းမွန်တဲ့ မိတ်ဖွဲ့မှုမှာ သင့်သူငယ်ချင်းက သင်ပြောတာကိုနားထောင်သလို သူကလည်း တူညီတဲ့အတိုင်းအတာနဲ့ပြန်ပြောပါလိမ့်မယ်။

သင်ပြောတဲ့အရာအပေါ်စိတ်ဝင်တစားနားထောင်တတ်ကြပြီး သင်လိုအပ်တဲ့အခါ သူတို့ကထောက်ခံပါလိမ့်မယ်။ ဒါကအဆိပ်အတောက်ဖြစ်စေတဲ့လူတွေ မကောင်းတဲ့သူငယ်ချင်းတွေနဲ့ မတူတဲ့အချက်ပါပဲ။


တစ်ခုခုလိုအပ်လာမှသင့်ကိုခေါ်မယ်



မကောင်းတဲ့အဆိပ်အတောက်လို သူငယ်ချင်းတွေက သင့်ဖုန်းခေါ်ဆိုမှုကို ပြန်ခေါ်ဆိုလိမ့်မှာမဟုတ်ပေမယ့် ပိုက်ဆံချေးဖို့လိုအပ်လာရင်တော့ သင့်ဖုန်းကိုပြန်ဆက်ပါလိမ့်မယ်။ သူတို့က သင့်ကို ပါတီတစ်ခုခု ပျော်စရာတစ်ခုခုရှိရင်တောင် ဖိတ် ကြားဖို့ သတိရမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အလုပ်အသစ်တစ်ခုခု နေရာအသစ်တစ်ခုခုကို ရွှေ့ပြောင်းလို့ တစ်စုံတစ် ယောက်ရဲ့ အကူအညီလိုလာရင်တော့ သင့်ကို သတိရလာပါလိမ့်မယ်။


သင့်ရဲ့ကော်ဖီဆိုင်ထိုင်ပြီး စကားပြောဖို့ ဖိတ်ကြားချက်ကို သူတို့ကငြင်းပယ်တတ်ပေမယ့် စိတ်ဓါတ်ကျလာပြီးသူတို့စကားကိုတစ်ယောက်ယောက်က နားထောင်ဖို့လိုအပ်လာတဲ့အခါမှာတော့ သူတို့က သင့်ဆီပေါက်ချလာမှာပါ။ ဒါကမိတ်ဆွေတွေကြားထဲမှြာဖစ်လေ့ဖြစ်ထရှိတတ်တာမှန်ပေမယ့် မကောင်းတဲ့မိတ်ဆွေတွေကတော့ သူတို့လိုအပ်ချက်ကို သင်ဖြည့်ဆည်းပေးနိုင်တဲ့အခါမျိုးမှာ အသုံးချကြပြီး မဟုတ်ရင်တော့ သင့်ကိုမေ့နေပါလိမ့်မယ်။

သင့်မိတ်ဆွေက သူတို့ပေးတာထက် သင့်ထံက ပိုပြီးရယူနေတယ် ရယူချင်နေတဲ့လူစားတွေလို့ သင်စိတ်ထဲခံစားမိနေရင် သင်ဟာ မကောင်းတဲ့အဆိပ်အတေက်သူငယ်ချင်းနဲ့ပက်သက်မိနေပြီဆိုတာ မမေ့ပါနဲ့။


သူတို့ဘဝရဲ့ ဒရမ်မာဇာတ်လမ်းတွေကမပြီးဆုံးတော့ဘူး




လူတိုင်းလိုလိုဟာ သူတို့ဘဝမှာ လမ်းပျောက်တာ အလုပ်လက်မဲ့ဖြစ်တာ အသဲကွဲတာ စိတ်ကျန်းမာရေးပြဿနာတက်တာ မိသားစုပြဿနာတွေနဲ့ ကြုံနေကြရတာပါ။ ဒါပေမယ့် အဆိပ်အတောက်ဖြစ်စေတဲ့လူတွေကတော့ သူတို့ရဲ့ ဒရမ်မာဇာတ် လမ်းထဲပဲ ဝဲလည်ပြနေပါလိမ့်မယ်။

သူတို့ဘယ်သွားသွား ပြဿနာတွေကသူတို့နောက်လိုက်နေပြီး အဲ့ဒါကလည်း တခြားသူတွေအမှားကြောင့် သူတို့ပြဿနာဖြစ်ရတယ်လို့ပြောတတ်ကြပါတယ်။ မကောင်းတဲ့သူငယ်ချင်းတွေဟာ လအနည်းငယ်ထက်ပိုပြီး အလုပ်မလုပ်နိုင်ကြပါ။

သူတို့ရဲ့ အချစ်ဇာတ်လမ်းတွေဟာ မီးတောက်လောင်နေပုံရပြီး သူ့ရည်းစားဟောင်းတွေအားလုံးက ရူးသွပ်နေကြသူတွေလို့ ပြောပြပါလိမ့်မယ်။ သူတို့ဟာ သူတို့နေတဲ့ တိုက်ခန်းတွေက မောင်းထုတ်ခံရခြင်း၊ ဆက်ဆံရေးပျက်ပြားခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းနဲ့အတင်းအကျပ်အသုံးချခြင်း ဒါမှမဟုတ် အခြားအကျင့်ဆိုးတွေကြောင့် မကြာခနရုန်းကန်နေရတတ်ပါတယ်။ မကြာခန သင့်ဆီက ငွေရဖို့ သူတို့က မျှော်လင့်နေတတ်ကြပါတယ်။


သူတို့ကို ယုံကြည်စိတ်ချလို့မရဘူး




သင်ပြောသမျှအရာတိုင်းဟာ လူမှုကွန်ရက်မှာ ချပြသလိုဖြစ်သွားပါလိမ့်မယ်။ အတင်းအဖျင်းဆိုတာသူတို့အကြိုက်ဆုံး အ ပန်းဖြေမှုတစ်ခုဖြစ်ပြီး သင့်ကိုလည်း အခြားသူတွေအကြောင်းကို ပြန်လည်ပြောပြလိမ့်ဦးမယ်။

သင့်ရဲ့အသေးစိတ်အချက်အလက်တွေကို မကောင်းတဲ့မိတ်ဆွေတွေကို မပြောပြမိပါစေနဲ့။ သူတို့က သူတို့ရဲ့အောင်မြင်မှုတွေကိုပဲ အခြားသူတွေအထင်ကြီးအောင်ပုံဖော်တတ်ကြပီး တခြားသူတွေအားနည်းချက်ကိုတော့ ပုံကြီးချဲ့ပြပါလိမ့်မယ်။


သူတို့ကိုသင်တောင်းပန်ရလိမ့်မယ်




သင့်ဘဝကိုအဆိပ်အတောက်ဖြစ်စေသူတစ်ဦးက သင့်ခံစားချက်များကို နာကျင်စေပြီး သူတိုနဲ့ပက်သက်လို့သင်ကန့်ကွက်ဖို့ကြိုးစားလည်း စကားပြောဆိုမှုအဆုံးမှာ သင်ကပဲတောင်းပန်ရပါလိမ့်မယ်။ အဆိပ်အတောက်ဖြစ်စေတဲ့လူတွေကြားထဲမှာ မကျေနပ်မိတဲ့သင့်ခံစားမှုတွေကို သင်ချပြမိရင် သင်ဘာကြောင့်မှားနေလဲဆိုတဲ့အကြောင်းပြချက်တွေကို သူတို့က ထပ်ပြောပါလိမ့်မယ်။

သင် စိတ်ဆိုးသွားတယ်ဆိုရင်လည်း မင်းက အလွယ်စိတ်ဆိုးတတ်သူပဲ၊ ငါတို့ကနောက်ပြောင်တာပဲ၊ ဒါကိုမင်းက အလေးအနက်ထားနေတယ် စသဖြင့် သူတို့က ပြောကြပါလိမ့်မယ်။ အဆိပ်အတောက်ရှိတဲ့လူတွေက အမှားတွေကို လက်မခံတတ်ကြပါဘူး။ သူတို့က သူတို့ချိတ်ကသူတို့လွတ်မြောက်ဖို့ သူတို့ကိုရပ်တန့်စေတဲ့အရာအားလုံးကိုဆွဲထုတ်သွားမှာပါပဲ။ ဒီတော့ သင်မှားမှားမှန်မှန် သူတို့ကို တောင်းပန်ရပါလိမ့်မယ်။


သင့်ရဲ့အခြားသူငယ်ချင်းတွေကသူတို့ကို မကြိုက်ပါ




အကောင်းဆုံးအရာအားလုံးက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တချို့ပင်ကိုယ်ဗီဇတွေကြောင့် တခြားလူတွေနဲ့ ဘယ်လိုမှ အလုပ်တွဲလုပ်လို့ မရလောက်အောင် စည်းချက်မကိုက်တဲ့လူတွေရှိပါတယ်။ သင့်ရဲ့သူငယ်ချင်းအများစုတစ် ယောက်ယောက်ကို ရှောင်ကြည်နေတယ်ဆိုရင် သူတို့မှာ အကြောင်းပြချက်ကောင်းကောင်းတစ်ခုရှိနိုင်ပါတယ်။ အဲ့ဒီလူမှာဘာအဆိပ်အတောက်တွေရှိနေလဲမှမသိနိုင်တာ။


အနားမှာသူတို့မရှိတဲ့အခါသင်ပျော်ရွှင်နေလိမ့်မယ်




အဆိပ်အတောက်ဖြစ်စေတဲ့ သူငယ်ချင်းတွေနဲ့ဝေးနေတဲ့ဘယ်လိုအချိန်မျိုးမှာမဆို သင်ဟာအကောင်းမြင်သဘောနဲ့ပြောင်း လဲမှုတွေကို သတိပြုမိ ခံစားမိပါလိမ့်မယ်။ သင့်ရဲ့ စိတ်ဓါတ်တွေမြင့်တက်လာတယ်၊ ဘဝဟာ အဓိပ္ပါယ်ရှိလာတယ်၊ကောင်းမွန်တယ်လို့ သင်ခံစားလာရမယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပဲ သင်ဟာ အဆိပ်အတောက်တွေကနေကင်း ဝေးသွားလို့ပါပဲ။


အဆိပ်အတောက်ဖြစ်စေသောမိတ်ဆွေများကိုခွဲခြားသတ်မှတ်ခြင်းဆိုင်ရာနောက်ဆုံးတွေးတောမှုများ




အကယ်၍ သင်၏မိတ်ဆွေတစ်ဦးက ဤ လက္ခဏာများအများစု သို့မဟုတ်အားလုံးပြသခဲ့လျှင် သူငယ်ချင်းတစ်ယောက်ကိုချက်ချင်းစွန့်ပစ်ခြင်းမပြုသင့်သော်လည်းသင်၏သာယာဝပြောမှုအတွက်ဆက်ဆံရေးကိုစွန့်လွှတ်ရန်စဉ်းစားပါ။ သင်ရော ဒီလိုအဆိပ်အတောက်ဖြစ်စေတဲ့ သူငယ်ချင်းတွေနဲ့ကြုံတွေ့ဖူးသလား။

#Lifestyle_Myanmar

#Mg_Htet

REF_Power OF Possitivity




Some text some message..