သင်ကလက်ထပ်တော့မယ့်သူတစ်ယောက်လား၊ ဂုဏ်ယူပါတယ်၊ သင်နဲ့သင့်အတွက်အရေးကြီးသူတွေအတွက် ဒါကစိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်တစ်ခုပဲမလား? လက်ထက်ခြင်းက လူတွေရဲ့ဘဝအတွက် အကောင်းဆုံး နဲ့ အဆိုးဆုံးသောအရာတွေကို ယူဆောင်လာနိုင်ပါတယ်။
တစ်ခုတော့သင်တွေးကောင်းတွေးနေမှာပါ၊ ဒါက လက်မထပ်ပဲ အတူနေတော့ရောမကောင်းဘူးလားလို့ပေါ့။ ဒါကစုံတွဲတွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါပဲ။ အချို့ကျတော့လည်း လက်မထပ်ခင် အတူမနေထိုင်ဖို့ကို ရွေးချယ်တဲ့အ ကြောင်းရင်းများစွာရှိပါတယ်။ ဒီတော့လက်မထပ်ခင် အတူနေထိုင်ခြင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို လေ့လာကြည့်ကြရအောင်။
လက်မထပ်ခင်အတူတကွနေထိုင်ခြင်းရဲ့အကျိုးကျေးဇူးများ
လက်မထပ်ပဲ အတူနေထိုင်တာက သင့်ရည်းစားရဲ့အကျင့်စရိုက်တွေကို ပိုပြီး ရင်းရင်းနှီးနှီးနားလည်နိုင်ပါတယ်။ Pew Research Center ရဲ့ ၂၀၁၀ စစ်တမ်းအရ အမေရိကန်လူမျိုးသုံးပုံနှစ်ပုံက အတူနေထိုင်ခြင်းဟာ လက်ထပ်ထိမ်းမြားမှုအတွက်ခြေလှမ်းတစ်ခုဖြစ်ကြောင်းရှုမြင်ခဲ့ကြတယ်လို့ဆိုပါတယ်။
သင်တို့ချိန်းတွေ့တဲ့အချိန်လေးအတွင်းမှာ သူ့ဘဝအစိတ်အပိုင်းအားလုံးကို ကြည့်ရှုလို့မရနိုင်ပါဘူး။ ညဘက်လမ်းခွဲပြီးအပြန် သူဘာတွေလုပ်နေ၊ဖြစ်နေတယ်ဆိုတာ သူ့အနားမှာမရှိလို့သင်မသိနိုင်ပါဘူး။
သင်တို့မချိန်းထားတဲ့အချိန်မှာ သင့်ရည်းစားက သူတစ်နေ့တာကို ဘယ်လိုကုန်ဆုံးစေတဲ့လူလဲဆိုတာ သင်လေ့လာနိုင်ပါတယ်။ ဒီကနေမှ လက်ထပ်လိုက်ရင် ဘယ်လိုဖြစ်သွားနိုင်လဲဆိုတာ သင်စိတ်ကူးကြည့်နိုင်ပါတယ်။ အတူနေခြင်းက သင့်မိတ်ဖက်ရဲ့ အကျင့်စရိုက်အပြင် သူ့အလုပ်နဲ့ပက်သက်ပြီးဘယ်လိုသဘောထားရှိတဲ့လူလဲဆိုတာ သင်သိနိုင်ပါတယ်။
နောက်သူ့အိမ်ကိုသူဘယ်လိုထားလဲဆိုတာကအစသင်တွေ့ရမှာပါ။ ညစ်ပတ်ပေရေနေတဲ့ကြမ်းခင်းတွေနဲ့အမှိုက်တွေကိုတွေ့ရင်တော့ သင်တုန်လှုပ်သွားနိုင်တာပေါ့။ အဲ့ဒါက အနုတ်လက္ခဏာဆောင်ပုံရပေမယ့် ကြိုသိထားတော့ပိုကောင်းတာပေါ့။
တချို့သုတေသနတွေနဲ့စိတ်ပညာရှင်တွေကတော့ လက်ထပ်ထိမ်းမြားခြင်းရဲ့အကောင်းဆုံး ဆိုတာက ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် သူ့ဘဝတစ်လျောက်တစ်ခါမှ living togetherမနေခဲဖူးဘူးဆိုတာပဲဖြစ်တယ်လို့ဆိုပါတယ်။
Living Togetherနေထိုင်ခြင်းကရမယ့်နောက်ထပ်အကျိုးကျေးဇူးတွေကိုသီအိုရီအရလေ့လာကြည့်ခြင်း
ဥပမာအားဖြင့် ကုန်ကျစရိတ်တွေကို ငွေတောင်းခံလွှာနဲ့စနစ်တကျလုပ်နိုင်သလို ပိုက်ဆံလည်းနှစ်ယောက်အတူစုမယ်ဆိုစုနိုင်ပါတယ်။ ဒါက လက်မထပ်ပဲအတူနေထိုင်ဖို့ ဆုံးဖြတ်ရတဲ့အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ တကယ် လို့သင်တို့မယူဖြစ်ခဲ့ဘူးဆိုရင်တောင် အိမ်ထောင်ဘက်အသစ်နဲ့ စိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းတစ်ပုဒ်ကိုကဖို့ အတွေ့ အကြုံရှိသွားမှာပါ။
နောက်ဆုံးအနေနဲ့ပြောရရင် လက်မထပ်ပဲ အတူနေခြင်းရဲ့ကြီးမားတဲ့အကျိုးတရားက သင်သူ့ကိုတစ်ကယ်ရောလက်ထပ်ချင်ရဲ့လားဆိုတာကို ဆုံးဖြတ်ချက်ချနိုင်တာပါပဲ။ သင်ချိန်းတွေ့တဲ့လူဟာ သင်နဲ့အတူနေမယ့်လူမဟုတ်လိမ့်ဘူးလို့ဆိုကြပါတယ်။
လက်မထပ်ပဲအတူနေထိုင်ခြင်းက သင်တို့တစ်ဦးနဲ့တစ်ဦးပိုမိုရင်းနှီးလာစေနိုင်ပြီး သင့်ရဲ့ကျန်ရှိတဲ့သက်တမ်းမှာ သင်လိုချင်တဲ့သူနဲ့ ဘယ်လိုနေရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ အခွင့်အရေးပေးပါတယ်။
လိမ်လည်လှည့်ဖျားခံရမှုနည်းမယ်
လက်မထပ်ခင်အတူတကွနေထိုင်ခြင်းက သင့်အတွက် အကျိုးကျေးဇူးများစွာရှိပေမယ့် သင့်နေအိမ်တိုက်ခန်းမှာနေချင်တဲ့ လူလိမ်တွေလည်း အများကြီးရှိတတ်ပါတယ်။ သူတို့တွေက သင်တွေးချင်သလိုတွေးချင်မှတွေးမှာပေါ့။
သေချာတာက အတူတူနေနေလိုက်ခြင်းက သင့်မိတ်ဖက်ရဲ့ သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့လုပ်ရပ်တွေကို သင်သိသွားရမှာပေါ့။ living togetherနေထိုင်ခြင်းက ကောင်းတာမှန်ပေမယ့် အိမ်ထောင်ပြုဖို့ရည်ရွယ်ချက်ကြီးတစ်ခုလုံးကိုလည်း ပျက်ပြားသွားစေနိုင်ပါတယ်။
အချို့စုံတွဲတွေက သူတို့စိတ်ကြိုက်နေချင်သလိုနေ နေရတဲ့အတွက် လက်ထပ်ဖို့မလိုဘူးလို့ ခံစားကြပါ့တယ်။ လိင်ပိုင်းဆိုင်ရာဆက်ဆံတာနဲ့လက်ထပ်ထိမ်းမြားတာက အတော်လေးကွာခြားတာကို နားမလည်ကြတာပေါ့။
တစ်ကယ်က လက်မထပ်ပဲအတူနေထိုက်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ သင်တို့ရဲ့အမှတ်တရနေ့စွဲတစ်ခုတော့ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်နှစ်ပတ်လည်တွေအတွက်ဘယ်သူ့ကိုမှလည်းဖိတ်ကြားဖို့မလိုဘူးလို့ သင်ဆုံးဖြတ်ချက်ချနိုင်ပီပေါ့။ ဒါကလက်ထပ်တာနဲ့ အတူနေတာ ရဲ့ကြားကွာဟချက်ပါပဲ။
လက်မထပ်ခင်အတူနေတာက လက်ထပ်ဖို့အတွက်လက်တွေ့လေ့ကျင့်ပီးသားဖြစ်သွားပါတယ်။ တချို့နိုင်ငံခြားတိုင်း ပြည်တွေမှာ ၆လလောက်အတူနေထိုင်ကြည့် အစမ်းလက်ထပ်ကြည့်လို့ရတဲ့ယဉ်ကျေးမှုရှိပါတယ်။ ဒါကဘာကိုဆိုလိုတာလဲဆိုတော့မျက်လုံးဥပဒေလို့ခေါ်ရမလား၊ သူတို့ကစောင့်ကြည့်အကဲခတ်ရင်းအတူနေကြတာပါ။
တကယ်လို့ အဆင်မပြေပဲကွဲရင်လည်း ကွဲကွာတဲ့အတွက်လျော်ကြေးပေးရသလို သင့်ဘက်ကနိုင်ခဲ့ရင် သူ့ပိုင်ဆိုင်မှုတစ်ဝက်ကိုလည်း ရရှိနိုင်ပါတယ်။ လေ့လာမှုတချို့အရ လက် မထပ်ခင်အတူတူတကွနေတဲ့သူတွေက ဘယ်တော့မှ လက်မထပ်လိုကြဘူးလို့ဆိုပါတယ်။
ဒါနဲ့ပက်သက်လို့သင်စိုးရိမ်တယ်ဆိုရင် သင့်ပါတနာနဲ့ စကားပြောကြည့်၊ဆွေးနွေးကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ အတူတကွနေထိုင်ခြင်းက သင်အိမ်ထောင်ရေးအတွက်စမ်းသပ်မှုတစ်ခုလိုခံစားရစေတာမှန်ပေမယ့် အစမပြုမှီအဆုံးသတ်သွားစေနိုင်တဲ့အရာပါပဲ။
သင်အဲ့ဒီလူနဲ့နေရတာကိုမကြိုက်ဘူးဆိုရင်လည်း သင်ကြိုက်တဲ့နောက်တစ်ယောက်နဲ့နေကြည့်လို့ရတာပါပဲ၊ ပွင့်ပွင့်လင်းလင်း ပြတ်သားလို့ရတဲ့အခြေအနေပေါ့။ ဒါပေမယ့် ဒီကိစ္စတွေက သင်ထင်ထားတာထက်ပိုပါတယ်။ အိမ်ထောင်သည်စုံတွဲတွေက လက်မထပ်ထားတဲ့လူတွေထက် အိမ်ထောင်ရေးဖောက်ပြန်မှုပိုများကြပါတယ်။
တချို့လူတွေက လက်မထပ်မီအတူနေခြင်းရဲ့အကျိူးသက်ရောက်မှုကိုယုံကြည်ကြပါတယ်။ လက်မထပ်ပဲအတူနေကြတဲ့စုံတွဲတွေဟာ အတူမနေကြတဲ့စုံတွဲတွေထက် အိမ်ထောင်ပြုမှုကို စိတ်ကျေနပ်မှုနည်းပါးကြသလို ကွဲကွာမှုတွေလည်း အများစုဖြစ်တတ်ကြပါတယ်။
လက်မထပ်မီအတူနေထိုင်တာက ကွဲကွာကြဖို့အခွင့်အလမ်းပိုများတယ်လို့လေ့လာမှုတွေကဖော်ပြထားပါတယ်။ နိဂုံးချုပ်ကတော့ အသက်၂၀အရွယ်လောက်မှာလက်မထပ်ခင်အတူနေထိုင်ခြင်းထက် လက်ထပ်ပီးမှအတူနေကြခြင်းက အန္တရယ်ပိုများတယ်လို့ဆိုပါတယ်။
တစ်ကယ်လို့သင်ဟာ လက်မထပ်မီအချိန်ကြာမြင့်စွာအတူတကွနေထိုင်ခဲ့ရင် သင်တစ်ကယ်လက်ထပ်တဲ့အခါ အိမ် ထောင်ရေးကတိကဝတ်တွေကို စောင့်ထိန်းနိုင်ခြင်း ရှိ မရှိ ကိုတော့သင်ပြောရပါလိမ့်မယ်။ လက်ထပ်ခြင်းရဲ့အဓိပ္ပါယ်က တခြားလူတွေအတွက်တစ်မျိုး သင့်အတွက် တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်သွားပါလိမ့်မယ်။
လက်မထပ်ခင်အတူတကွနေထိုင်သင့်တဲ့အကြောင်းရင်းများ
နေ့တွေသာကုန်သွားတယ်၊ လူတွေအတူတူနေကြဖို့ လက်ထပ်မယ့်ရက်ကရောက်မလာဘူးလို့ဆိုကြပါတယ်။ ဒါကတစ်ဦးတည်းအသက်ရှင်ဖို့တောင်အရမ်းခက်နေတဲ့ ကာလကြီးကြောင့်လည်းပါတာပေါ့။ ဒါကြောင့်လည်း စုံတွဲတွေက လက်မထ ပ်ပဲ အတူတူနေထိုင်ကြဖို့ဆုံးဖြတ်လိုက်ကြတာများပါတယ်။
သင်ကစေ့စပ်ထားပီးသားဆိုအတူတကွနေထိုင်ခြင်းက ပိုကောင်းတဲ့အရာတွေကိုဖြစ်စေနိုင်ပါတယ်။ အောက်ကအချက်တွေကတော့ သင်လက်မထပ်ခင်အတူတကွဘာကြောင့်နေထိုင်သင့်သလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။
Living Togetherကိုကြိုက်ရင်ရှာဖွေပါ
ပထမအရေးကြီးဆုံးက သင်နဲ့အတူနေလိုတဲ့သဘောရှိမရှိပဲဖြစ်ပါတယ်။ သင့်ချစ်သူနဲ့တနင်္ဂနွေနေ့တိုင်းချစ်ခြင်း၊ ခဏတာအိပ်ခြင်းတွေလောက်က သင်သိသင့်တဲ့အရာအားလုံးကိုမပြောပြနိုင်ပါဘူး။
သင်တို့ဆက်ဆံရေးအခြေအနေကိုစောင့်ကြည့်ဖို့ သင့်မှာ ဟိုတယ်လိုက်ချောင်း၊ အိမ်လိုက်ချောင်း နဲ့အလုပ်ရှုပ်နေရမှာပါ။ သူတို့တွေလည်းနေရခက်စေပါတယ်။ တစ်စုံ တစ်ဦးနဲ့အတူနေထိုင်လိုက်မယ်ဆို မြန်မြန်အခြေလည်းကျသွားစေနိုင်သလို ၂၄နာရီလောက်နေမှသိရမယ့်အရာတွေကို တစ်ကြိမ်တည်းနဲ့သိနိုင်ပါတယ်။
တစ်အိမ်တည်းနေ၊ အချိန်ဇယားနစ်ခုထား၊ စာရင်းတွေတွက်ဆ
တစ်ယောက်ယောက်နဲ့ အတူနေထိုင်ခြင်းက သင့်ကို သူတို့ပင်ကိုယ်စရိုက်နဲ့အပြုအမူတွေကိုထိုးထွင်းသိမြင်စေပါတယ်။ နောက်ဆုံးသင့်ကိုလမ်းပေါ်မှာ မင်္ဂလာဆောင်ခိုင်းချင်တဲ့ လူလား၊ ဘယ်လိုလူလဲဆိုတာ သင်သိနိုင်မှာဖြစ်တဲ့အတွက် အဲ့ဒီလိုလူမျိုးနဲ့တစ်ဘဝလုံးဘယ်လိုစခန်းသွားမလဲဆိုတာ သင်စဉ်းစားသင့်ပါတယ်။
ဒီနေ့ခေတ်စုံတွဲတွေက ကိစ္စတော်တော်များများမှာ အလုပ်နှစ်ခုထက်ပိုလုပ်နေကြတာကိုတွေ့ရပါတယ်။ လူနေမှုကုန် ကျစရိတ်ပြဿနာကထပ်မံပေါ်ပေါက်လာပါတယ်။ ဒီလိုတွေဖြစ်လေ့ရှိနေသူတွေဆိုရင် သင်တို့အတူနေတဲ့အခါ သင်ကသူတို့မရှိပဲ အိမ်မှာကျန်ခဲ့၊ သူတို့ကသင်မှရှိပဲ အိမ်မှာကျန်ခဲ့ တစ်အိမ်တည်းနေပေမယ့်မတွေ့ရတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။
အတူတူနေထိုင်တယ်ဆိုတာ တစ်ကယ်တော့ သက်တန့်ရောင်ကောင်းကင်ကြီးအောက် နစ်ယောက်ဝင်အိပ်နေကြတာမျိုးမဟုတ်ပါဘူး။ တစ်ကယ့်လူနေမှုဘဝအတွက်ကုန်ကျမယ့် စာရင်းဇယားတွေ ကြိုတင်တွက်ဆထားဖို့တော့လိုပါလိမ့်မယ်။
ချိန်းတွေ့တဲ့အဆင့်မှာလိင်မှုဆိုင်ရာကိစ္စတွေကသင့်ကိုစိတ်လှုပ်ရှားအောင်လုပ်နိုင်ပေမယ့် အတူတူနေကြတဲ့အခါ အလုပ်ပီးလို့ အိမ်ကိုပြန်လာရင်တောင် ပြဿနာအချို့ဖြစ်ပွားနိုင်ပါသေးတယ်။
ဒါပေမယ့်တစ်ဖက်မှာလည်း ညလယ်ခေါင်ရောက်လောက်မှ အိပ်ရာပေါ်က စိတ်ဆိုးနေတဲ့ သင့်ချစ်သူကို ဖြည်းဖြည်းချင်းရင်ခွင်ထဲဆွဲလှည့်၊ အနမ်းကြမ်းကြမ်းပေးပြီး ကမ္ဘာသစ်တစ်ခုဆီရောက်အောင် လုပ်ဖို့အခွင့်အရေးတော့ သင့်မှာရှိပါသေးတယ်။
LIVING TOGETHERနေထိုင်တာဟာ အစပိုင်းမှာ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ပိုမိုလုပ်နိုင်အောင်နေကြတာလို့ဆိုကြပေမယ့် နောက်ပိုင်းမှာတော့လိင်ပိုင်းဆိုင်ရာကိစ္စတွေကိုထိခိုက်စေနိုင်ပါတယ်။ တစ်နေ့တစ်နေ့ အိမ်မှုကိစ္စ၊ ငွေ၊ ဘေ နဲ့ဒီလူကိုပဲတွေ့တွေ့နေရတော့ နဲနဲတော့ပျင်းဖို့ကောင်းပါလိမ့်မယ်။
ဒီစကားက တစ်ယောက်တည်းနေတဲ့သူတွေအတွက်တော့ကျေနပ်နေစေမှာပါ၊ သူတို့ကတစ်ယောက်တည်းနေလိုပေမယ့် အံသြစရာကောင်းလောက်တဲ့လိင်ဆက်ဆံမှုတွေလည်းလုပ်လို့ရသေးပါတယ်။
ငွေ၊ဘေနဲ့ သမာရိုးကျမဟုတ်တဲ့လိင်ကိစ္စတွေလုပ်လို့ရမယ်
Living Togetherရဲ့ အားသာချက်က ငွေပေးချေတာနဲ့ငွေရေးကြေးရေးစာရင်းဇယားတွေအတွက် သင်တို့အတူကိုင် တွယ်နိုင်ပါလိမ့်မယ်။ သင့်ကုန်ကျစရိတ်ကို မျှဝေပေးမလား ဒါမှမဟုတ် တစ်ပိုင်းလောက်ကိုပဲပေးမလား။ သင့်ဖုန်းဘေတွေအရမ်းကျနေတာကိုသတိထားမလား ဒါမှမဟုတ် နှစ်ယောက်ပေါင်းပြီး ပိုက်ဆံစုမလား။
သင့်ချစ်သူနဲ့လိင်ဆက်ဆံတဲ့အခါ သင်ကြိုက်တဲ့ပုံစံ၊ သင့်စိတ်ထဲမှာရှိသမျှနေချင်တဲ့အတိုင်းနေလို့ရတယ်၊ သမာရိုးကျမ ဟုတ်တဲ့ဆက်ဆံမှုမျိုးတွေလည်းမျှဝေလို့ရတာပေါ့။ မှားယွင်းတဲ့ ဆက်ဆံမှုတွေပါလာရင်လည်း သင့်ပါတနာကိုပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်..
သင်တစ်ကယ်လက်ထပ်ချင်တာလား
သင့်လက်တွဲဖော်နဲ့အတူနေထိုင်တယ်ဆိုတာက သင်သူ့ကိုတစ်ကယ်လက်ထပ် လို၊ မလို ကိုသိဖို့အတွက်လည်းဖြစ်ပါတယ်။ သူနဲ့လိင်ဆက်ဆံလိုက်တာလေးတစ်ခုနလောက်နဲ့ အရာအားလုံးကိုသင်မလုပ်ချင်ပဲလိုက်လုပ်ဖို့မလိုပါဘူး။ တစ်နေ့နေ့မှာ တစ်ယောက်နားတစ်ယောက်မရှိချင်ကြ တစ်ယောက်နဲ့တစ်ယောက်မုန်းသွားကြတာမျိုးတွေလည်းဖြစ်နိင်ပါတယ်။
အချိန်ကြာမြင့်စွာ တစ်ကိုယ်ရေဘဝနေထိုင်ခဲ့သူများသို့မဟုတ် သူတို့နဲ့ ပတ်သက်ပြီး လွတ်လပ်ရေးရထားသူများအတွက်ကတော့ တစ်စုံတစ်ဦးနဲ့အတူနေထိုင်ခြင်းဟာ အကြီးအကျယ် ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။
အချိန်ကြာမြင့်စွာတစ် ယောက်တည်းနေထိုင်ခဲ့သူတွေကတော့ ပြောင်းလဲဖို့ကိုခက်ခက်ခဲခဲကြိုးစားရမယ့်အခြေအနေမှာရှိတယ်။ လက်မထပ်ခင် အတူနေထိုင်ခြင်းက ဒီလိုအခက်အခဲတွေကို အဖြေရှာဖို့၊ မျှဝေဖို့နဲ့ ပြောင်းလဲခြင်းတွေကို အတူ တကွပြောင်းလဲကြဖို့သင့်ကို ကူညီပေးပါလိမ့်မယ်။
#lifestyle_Myanmar
#Mg_Htet
REF_hackspirit.com