ဖေဖော်ဝါရီလလယ်ပိုင်းကတစ်ရက်မှာ ကမ္ဘာကြီးတစ်ခုလုံးက အချစ်ဇာတ်လမ်းတွေနဲ့ပျော်မြူးကြတော့မှာပါ။ ဒါကသင်ချစ်သူ ရှိ၊ မရှိ နဲ့မဆိုင်ပါဘူး၊ ပျော်ပျော်နေတတ်တဲ့FAတွေလည်း ချောကလက်စားလို့ရပါတယ်။
Valentine Day အတွက်ချစ်ခြင်းမေတ္တာကိုရှာဖွေဖို့ သင်စဉ်းစားနေရင် အားလပ်ရက်တစ်ရက်ရက်ကစတင်လိုက်တာအကောင်းဆုံးပါ။ သင့်ရဲ့ ချစ်သူရရေးအခွင့်အလမ်းတွေကိုမြှင့်တင်ဖို့ ကျွန်တော်တို့ရဲ့ကျွမ်းကျင်သူတွေက အကြံပြုချက် ၁၂ ချက်ကို မျှဝေပေးလိုက်ပါတယ်။
အချစ်ကိုရှာပါ၊လာရှာတဲ့အချစ်ကိုလည်းမြင်အောင်ကြည့်ပါ
“မင်းအလုပ်တွေလိုက်ရှာကြည့်ပါ၊ အနည်းဆုံးတစ်ခုတော့တွေ့မှာပါ”လို့ဝါရှင်တန်တက္ကသိုလ်က ဆက်ဆံရေးကျွမ်းကျင်သူနှင့်လူမှုဗေဒပါမောက္ခ Pepper Schwartz ကပြောခဲ့ပါတယ်။ သူ ဆိုလိုတာကသင့်အတွက်ချစ်သူတစ်ယောက်တော့ ကျိန်းသေရှိနေမှာပါ။ ရှာတော့ရှာရမှာပေါ့..
သင်ကလိုက်ရှာဖို့တော့လိုပါလိမ့်မယ်။ ဒါမှမဟုတ် သင့်ကိုလာရှာတဲ့၊ ချဉ်းကပ်လာတဲ့ အချစ်တွေကိုလည်းမြင်အောင်ကြည့်ဖို့တော့လိုပါလိမ့်မယ်။ ဒီတော့တစ်စုံတစ်ဦးကို ရှာဖို့အားစိုက်လိုက်ပါ။ ဒါပေမယ့် မရရင်ပဲလေဖြတ်တော့မလို အပူတစ်ပြင်းမလုပ်နဲ့သက်တောင့်သက်သာသွားပါ။
သင်ကြိုက်သလိုလူတွေလည်းကြိုက်တတ်တဲ့နေရာတွေကိုသွားပါ
သင်က Singleတစ်ယောက်မို့ လူတွေရှုပ်ရှုပ်ဖြစ်တာ ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်၊ ဒါပေမယ့် လူတွေနဲ့အများဆုံးတွေ့နိုင်မယ့်နေရာတွေကိုတော့သွားဖို့လိုအပ်ပါလိမ့်မယ်။
ပန်းလေးတစ်ပွင့်ကိုဝိုင်းဝိုင်းလည်နေမယ့် ပျားထီးတွေရှိနိုင်တဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ချိတ်ဆက်တာတို့၊တွေ့ဆုံတာတို့လုပ်နိုင်သလိုနိုင်ငံရေးပါတီတွေ၊NGOအဖွဲ့တွေပန်းခြံတွေဆီသင်သွားနိုင်ပါတယ်။
သင်ကြိုက်တဲ့၊ ယုံကြည်တဲ့အလုပ်တစ်ခုခုကို ဝင်လုပ်နေရင်းနဲ့ သင်နဲ့စိတ်ချင်းတူတဲ့လူတစ်ယောက်ကိုတော့တွေ့ပါလိမ့်မယ်။ အချစ်ကပေါပါတယ်၊စိတ်တူကိုယ်တူချစ်သူပဲရှားတာမလား?
သင့်ဖုန်းကနေမျက်လုံးလွှဲပါ
ယောက်ျားကောင်းတွေနဲ့မိန်းမကောင်းတွေနေရာတိုင်းမှာရှိပါတယ်။ ဖုန်းပဲတစ်ချိန်လုံးမသုံးနေပါနဲ့။ ချစ်ခြင်းနဲ့အိမ်ထောင် ရေးပြဿနာတွေကိုဝန်ဆောင်မှုပေးနေတဲ့ကျွမ်းကျင်သူတွေရဲ့အကြံပြုချက်အရဆို တစ်ယောက်တည်းသမားတွေက ဘယ်သူနဲ့မှ မျက်နှာချင်းဆိုင်မတွေ့ချင်ကြဘူးလို့ဆိုပါတယ်။
နောက်သူတို့ကအပြင်သွားရင်လည်း သူစိမ်းယောက်ျားလေးတွေနဲ့တွေ့ရင်ရှက်သလိုကြောက်သလိုနဲ့ခေါင်းကိုတစ်ချိန်လုံးငုံထားပီးဖုန်းသုံးနေတတ်ကြပါတယ်။ ဒီတော့ မင်းဘယ်နေရာကိုပဲရောက်နေနေ မင်းပတ်ပတ်လည်မှာမင်းကိုကြည့်နေတဲ့၊ စိတ်ဝင်စားမှုကိုပြနေတဲ့ သူရှိမရှိ မျက်လုံးဝှေ့ကြည့်ပါ။ နောက်ကိုယ့်ကိုကြည့်နေတဲ့သူတွေ့ပီဆို ၃စကန့်လောက်မျက်လုံးချင်းစကားပြောပေးပါ။ ဒါက “ကိုယ့်ဆီလာ၊ကိုယ်မင်းနဲ့စကားပြောချင်တယ်လို့” ပြောလိုက်တာပါပဲ။
စိတ်ကူးယဉ်အချစ်ကိုမရှာနဲ့လက်တွဲဖော်ကိုရှာ
စိတ်ကူးယဉ်ဖွယ်အချစ်ဆိုတာ ဇာတ်လမ်းတွေထဲမှာပဲကောင်းပါတယ်။ သင့်အိမ်ထောင်ရေးမှာ စိတ်ကူးယဉ်အချစ်ကြောင့် တခါတလေပျော်ှရွှင်ကြည်နူးဖွယ်လေးတွေရရှိမှာဖြစ်ပေမယ့် သင့်ဘဝအတွက် ခက်ခဲတဲ့အချိန်တွေမှာ သင့်ကိုအကျိုးပြုနိုင်မယ့်သူကိုပဲရှာပါ။
ပ်ျောရွှင်ဖွယ်ဘဝလက်တွဲဖော်ဆိုတာ အတူတူမျှဝေခံစားနိုင်မှဖြစ်တာပါ။ သင့်ကိုမှီခိုလွန်းမယ့်ပုံရတဲ့ လက်ကြောမတင်းတဲ့ လူကပ်လူစေးတွေကိုမရှာပါနဲ့။ ဒါကနောက်ပိုင်းမှာ သင့်ကိုစိတ်ပျက်စေမှာပါ။ သင့်ရဲ့အတွေးအမြင်တွေကို နားလည်နိုင်မယ့် အပေးအယူမျှတဲ့ စဉ်းစားသုံးသပ်တတ်သူ၊ သင်ဘာလိုချင်တယ်ဆိုတာကို ဂရုစိုက်နေတတ်တဲ့သူကိုပဲ ရှာပါ။
ပျော်ရွှင်နေတတ်သူကလူတွေကိုဆွဲဆောင်နိုင်တယ်
ချစ်ခြင်းမေတ္တာကိုရှာမတွေ့နိုင်တဲ့အကြီးမားဆုံးပြဿနာက သင်ကသင့်ကိုသင် ကောင်းမွန်တယ်လို့ မခံစားရလို့ပါပဲ။ ဆိုလိုတာက သင့်ကိုသင်မကြိုက်မနှစ်သက်ဖြစ်နေတာမျိုးပေါ့။ “သင်တွေ့ချင်တဲ့လူတစ်ယောက်ယောက်တော့ရှိလိမ့်မယ်၊ အဲ့ဒီလူကိုတွေ့ဖြစ်အောင်တွေ့လိုက်ပါလို့”Schwartz ကအကြံပေးထားပါတယ်။
ဘာကိုကြောက်နေမှာလဲ? သင်ဟာပျော်ရွှင်မှုကင်းမဲ့နေမယ်၊ အကောင်းမြင်မှုအားနည်းမယ်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုကင်းမဲ့သူတစ်ယောက် မဟုတ်ဘူးဆိုရင် သင့်အတွက် မှန်ကန်တဲ့လူတစ်ယောက်နဲ့မှန်ကန်တဲ့နေရာမှာတွေ့ဆုံဖို့အခွင့်အရေးအ များကြီးရှိနေပါတယ်။
အဲံဒီလိုမှမဟုတ်ဘူးဆိုရင်တော့ သင်စိတ်ဓါတ်ကျရတဲ့ အကြောင်းအရင်းကိုသိဖို့ စိတ်ကုထုံးဆရာဝန်တစ်ယောက်ဆီသွားပါ။ လေ့ကျင့်ခန်းတွေလုပ်ပါ၊ အစားအချိန်မှန်စားပါ၊ သင်ရှက်တတ်တယ်ဆို ရှက်တတ်တဲ့စိတ်ကိုအနဲဆုံးဖြစ်အောင်လေ့ကျင့်ပါ။
Schwartz က“ အကြံညဏ်ကတော့ အရာအားလုံးအတွက်မင်းလေ့ကျင့်ရမယ်၊ ပြီးတော့ချစ်ခြင်းမေတ္တာအတွက်လည်းလေ့ကျင့်ရမယ်။ “ မင်းကိုယ်တိုင်လုပ်နိုင်တယ်။ မင်းမသေမချင်းမင်းဟာစက်ရုံကထုတ်လိုက်တဲ့ ကုန်ချောပစ္စည်းတစ်ခုမဟုတ်ပါဘူး”ဆိုပါတယ်။
အကောင်းဆုံးရှင်သန်ပါ
ကွာရှင်းပြတ်စဲမှုတစ်ခု ဒါမှမဟုတ် ကာလကြာမြင့်စွြာဖစ်တည်ခဲ့တဲ့Relationshipတစ်ခုအဆုံးသတ်သွားပြီးနောက်တစ် ယောက်တည်းနေဖို့အရေးကြီးတယ်လို့ကွာရှင်းပြတ်စဲမှုဆိုင်ရာကျွမ်းကျင်နည်းပြ နီကိုးလ်ဘားရတ်စ်ဖူယာက ပြောကြားထားပါတယ်။
“သင်အချိန်အတိုင်းအတာတစ်ခုထိကုစားပီးပီဆိုရင် မှန်ကန်တဲ့လူတစ်ယောက်နဲ့ထပ်တွေ့ဖို့လုပ်သင့်ပါပြီ၊ အချိန်မဖြုန်းနေပ၊ မှားပီးသားအမှားတွေထပ်ခါတလဲလဲ မမှားပါစေနဲ့”လို့ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။
လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု
“ကောင်းမွန်တဲ့ချစ်ခြင်းမေတ္တာဟာဖြည်းဖြည်းချင်းပဲလောင်ကျွမ်းတယ်၊ ရှင်သန်ကြီးထွားလာအောင်အချိန်ယူရတယ်လို့”ဂန္ဒီကပြောဖူးပါတယ်။ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုက အရေးကြီးတယ်လို့သင်ယုံကြည်နိုင်ပါတယ်၊ ဒါပေမယ့် စစ်မှန်တဲ့RSတစ်ခုမှာ တပ်မက်မှုနဲ့လိင်ပိုင်းဆိုင်ရာခံစားမှုကို ချက်ချင်းကြီးခံစားပေးလိုက်ဖို့မလိုပါဘူး။ စိတ်ခံစားမှုကအချိန်မရွေးပြောင်းလဲနေတာဖြစ်လို့လူတွေကို သင့်တော်တဲ့အရာတွေပဲပေးပါ၊ ဒါမှသင့်အပေါ်သူတို့ပိုနက်ရှိုင်းလာကြမှာပါ။
ကွဲပြားခြားနားမှုသီအိုရီကိုမမေ့ပါနဲ့
တခြားသူတွေနဲ့မတူလုံးဝကွဲပြားခြားနေတဲ့သူတွေဟာ ပထဆုံးဆွဲဆောင်မှုအားကောင်းကြပေမယ့် နောက်ပိုင်းမှာ သင်စိတ် ပျက်စရာတွေကြုံလာရနိုင်ပါတယ်။ နယူးယောက်စိတ်ပညာရှင် Dr. Gail Saltz က “စိတ်သဘောထားတူသူတွေကချစ် သူဖြစ်ဖို့ပိုမိုလွယ်ကူကြပီး ကောင်းမွန်တဲ့ရေရှည်ဆက်ဆံရေးကိုဖန်တီးပေးတယ်လို့ဆိုပါတယ်။ သင်နဲ့လုံးဝကွဲပြားနေတဲ့သူကို မရှာပါနဲ့။
အကောင်းမြင်စိတ်၊ယုံကြည်စိတ်
“အဲ့ဒီချစ်ခြင်းမေတ္တာကသင့်အတွက်အဓိပ္ပါယ်ရှိတယ်၊ သူကလည်းသင့်ဆီဦးတည်လာနေပီလို့သင်ယုံကြည်သွားရင် အဲ့ဒီအ ချစ်ကိုရှာတွေ့နိုင်မယ့်ကုန်ကျစရိတ်မှန်သမျှကိုကျခံပြီး ငရဲမှာချိန်းရင်တောင် သူ့ဆီသင်သွားမှာပါ”လို့ဂန္ဒီကပြောခဲ့ပါတယ်
သင်ရှက်နေရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် မယုံကြည်ရင်ပဲဖြစ်ဖြစ် ချိန်းတွေ့ခြင်းလုပ်ငန်းစဉ်ကိုတော့လက်ခံရပါမယ်။ ဒါကြောင့်စိတ်ကိုအကောင်းမြင်တတ်အောင်နဲ့ယုံကြည်မှုရှိအောင် လေ့ကျင့်ခြင်းက သင့်ကိုပိုပျော်ရွှင်လာစေပီးတစ်ကယ့်အချစ်စစ်ဆိုတာ အပြင်မှာသင့်အတွက် တစ်ကယ်ရှိနေတယ်လို့ သင့်ကိုယုံကြည်လာစေမှာပါ။
ဂန္ဒီက သင့်အတွက် အထူးသီးသန့်လူကိုမရွေးချယ်ရသေးရင် လူသုံးယောက်ကနေ ၅ယောက်ကိုတစ်ချိန်တည်းမှာ ချိန်းကြည့်နိုင်တယ်လို့ဆိုပါတယ်။
Datingလုပ်တယ်ဆိုတာ တစ်ကယ်တော့ တစ်ယောက်ယောက်နဲ့မအိပ်ရပဲ သူ့အကြောင်းကိုလေ့လာကြည့်တာပါပဲ.။ နောက်တစ်ခုက သင့်အတွက်သေချာတဲ့ ကတိကဝတ်တွေဘာမှမရသေးရင် လိင်မဆက်ဆံကြဖို့ အကြံပေးထားတာပါ။ RSတွေတောင်တစ်ကယ်က အဲ့ဒီလိုလုပ်သင့်တယ်။
သင့်ရဲ့ကိုယ်ပိုင်လိုအပ်ချက်များကိုနားလည်ပါ။
နေရာအများကြီးလိုအပ်ပါသလား? ချစ်ခြင်းမေတ္တာအများကြီးလိုပါသလား? တစ်နေ့နေ့ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာသိတယ်မလား?
မင်းရဲ့စတိုင်ဘယ်လိုပဲဖြစ်ပါစေအဆင်ပြေပါတယ်။ ဒါပေမယ့်မင်းရဲ့အနာဂတ်အိမ်ထောင်ဖက်ကိုသိအောင်လုပ်ဖို့လိုတယ်။
သင်လိုအပ်တာကိုသိလျှင် သင်တို့နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက်လေ့ကျင့်ပေးနိုင်ပါတယ်။
လှည့်စားခြင်းနှင့်စစ်မှန်သောဆက်ဆံရေးတည်ဆောက်ခြင်းအကြားခြားနားချက်ကိုသိထားပါ။
မင်းကိုမင်းဂရုစိုက်ပီးလိင်ပိုင်းဆိုရာလုံခြုံမှုရှိရှိထားနိုင်မယ်ဆို ဘယ်လိုလူမျိုးနဲ့မဆိုမင်းရှုပ်လို့ရပါတယ်။ ဒါပေမယ့် မင်းဘ ဝထဲကို တစ်စုံတစ်ယောက်ကို မထည့်သေးခင် ဒါမှမဟုတ် သင့်ရဲ့ငွေကြေးနဲ့ပိုင်ဆိုင်မှုတွေကိုမျှဝေဖို့လုပ်တော့မယ်ဆိုရင် သူတို့တွေမှာ ဘာဝှက်ဖဲတွေရှိနေလဲ?အိတ်တွေယူလာတဲ့ အချောင်သမားတွေလားဆိုတာ သတိရပါ။
သင်ချိန်းတွေ့တဲ့လူက အစပိုင်းမှာတော့ သူရဲ့အကောင်းဆုံးအပြုအမူတွေကိုပဲပြမှာပါ။ နောက်ပိုင်းမှာတော့တဖြည်းဖြည်းဆိုးဆိုးလာနိုင်ပါတယ်၊ ဒါကြောင့်အဝေးကြီးမဝေးခင်တည်းကဖုံးကွယ်ထားတာတွေကိုသိအောင်လုပ်ပါ။
အသုံးမဝင်တော့တဲ့လူကိုရူးသွပ်မနေနဲ့
မင်းကိုမင်းနားလည်အောင်အရင်လုပ်ပါ၊ မင်းကိုစိတ်မဝင်စားတဲ့သူ ဒါမှမဟုတ် မင်းကိုအန္တရယ်ဖြစ်စေတဲ့သူကိုဆုပ်ကိုင်ထားတာကိုရပ်တန့်လိုက်ပါ။ “နက်နဲ မှောင်မိုက်တဲ့တွင်းနက်ကြီးတစ်ခုထဲက သင်ရုန်းထွက်မလား အဲ့ဒီထဲမှာအနစ်မြှပ်ခံပြီးသေဆုံးခံလိုက်တော့မလားဆိုတာ သင်စဉ်းစားရမှာပါ”ကဲဒီအချက်လေးတွေက အချစ်ကိုဘယ်လိုရှာရမလဲဆိုတာလမ်းညွှန်ပေးနိုင်မှာပါနော်….
#Lifestyle_Myanmar
#Mg_Htet
REF_Today.com